Tr Nge's Online Class

Tr Nge's Online Class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Nge's Online Class, Education Website, Meikhtila, Meiktila.

နိုင်ငံခြားမှာ အခြေချနေထိုင်နေတဲ့ ဖေဖေမေမေတို့ရဲ့ သားငယ်သမီးငယ်များအနေနဲ့ English စာကိုပိုင်နိုင်လှပေမဲ့ မြန်မာဘာသာစကားန...
21/07/2025

နိုင်ငံခြားမှာ အခြေချနေထိုင်နေတဲ့ ဖေဖေမေမေတို့ရဲ့ သားငယ်သမီးငယ်များအနေနဲ့ English စာကိုပိုင်နိုင်လှပေမဲ့ မြန်မာဘာသာစကားနဲ့ အလှမ်းကွာနေလို့ စိတ်ပူနေမိပြီလား။👩‍👧‍👦❓

International school တက်နေလို့ပဲဖြစ်စေ၊ နိုင်ငံခြားမှာနေနေရလို့ပဲဖြစ်စေ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ၊ မြန်မာစကားကို ကောင်းစွာမတတ်မြောက်ထားတဲ့အခါ ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ ဆူးခလုတ်ဖြစ်လာစေနိုင်သလို၊

ကလေးတို့ရဲ့လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း အခက်အခဲတချို့ရှိလာနိုင်ပြီး အများရှေ့ဝယ် မိမိဘာသာစကားကိုမကျွမ်းကျင်သူအဖြစ် စိတ်ညှိုးငယ် လာနိုင်ပါတယ်။🙍🏻‍♂️⚠️

ဒီလိုအချက်တွေကိုထောက်ရှုပြီး ကိုယ့်ရဲ့ အနာဂတ်မျိုးဆက်သစ်လေးများကို မြန်မာဘာသာစကား တိုးတက်လာစေချင်တယ်ဆိုရင်တော့ ကျောင်းသားနဲ့မိဘတို့ရဲ့ လက်တစ်ကမ်းမှာ Tr Nge ရှိနေပါတယ်ရှင်။👩‍🏫

Tr Nge Online Class မှာဆိုရင် နိုင်ငံခြားရောက်မြန်မာလူမျိုးများနဲ့ International School တက်ရောက်နေတဲ့ ကျောင်းသားလူငယ်များအတွက် အခြေခံကနေ ရေးနိုင်ဖတ်နိုင်တဲ့အထိစနစ်တကျသင်ကြားပေးသွားမယ့် မြန်မာစာသီးသန့် အတန်းလေးတွေ ဖွင့်လှစ်နေပါပြီ။🔰

Tr Nge Online Class ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။🔰

📚International School Myanmar Language Teacher အဖြစ် အတွေ့အကြုံရှိဆရာနှင့် သင်ကြားနိုင်ခြင်း၊
📚Online Class ဖြစ်လို့ နေရာဒေသမရွေးမှ တက်ရောက်နိုင်ခြင်း၊
📚အချိန်ညှိနှိုင်းနိုင်ခြင်း၊
📚အသက်အရွယ် မကန့်သတ်ထားခြင်း၊
📚တက်ရောက်သူများအနေဖြင့် မိခင်ဘာသာစကားပေါ် ယခင်ကထက် ပိုမိုတန်ဖိုးထား တတ်မြောက်လာနိုင်ခြင်း

စတဲ့ အားသာချက်များနဲ့အတူ မြေပြင်မှာသာမက နယ်ဝေးကစာသင်သားများအတွက် Online platform တွေပေါ်ကိုပါ စတင်ခြေလှမ်းလာပြီဖြစ်လို့

အပ်နှံတက်ရောက်လိုသူများအနေဖြင့် Page cb မှာ MMOC လို့ရိုက်ပို့ပြီး အတန်းလေးတွေ စုံစမ်းလိုက်ရအောင်နော်။🌱

❝ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများအတွက် Tr Nge Online Class ❞

ဆက်သွယ်ရန် ☎️09-257875228


#မြန်မာစာ



Address

Meikhtila
Meiktila

Website

Alerts

Be the first to know and let us send you an email when Tr Nge's Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share