BEHS,Nyaung Gaing-Meikhtila အ.ထ.က ညောင်ကိုင်း

  • Home
  • Myanmar
  • Meiktila
  • BEHS,Nyaung Gaing-Meikhtila အ.ထ.က ညောင်ကိုင်း

BEHS,Nyaung Gaing-Meikhtila အ.ထ.က ညောင်ကိုင်း To collect 1990-2004 friends

01/08/2025

▪️ကမ္ဘာ့ဧရိယာအကျယ်ဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ တရုတ်
၄။ အမေရိကန်
၅။ ဘရာဇီး

▪️ကမ္ဘာ့ဧရိယာအသေးဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ဗာတီကန္စီးတီး
၂။ မိုနာကို
၃။ နအူရူး
၄။ တူ‌ဗားလူ
၅။ ဆန္မာရီနို

▪️ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒိယ
၃။ အမေရိကန်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ နိုင်ဂျီရီးယား
၇။ ဘရာဇီး
၈။ ဘင်္ဂလားဒေ့ရှ်
၉။ ရုရှား
၁၀။ မက်ကစီကို

▪️ကမ္ဘာ့လူဦးရေ အနည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗာတီကန္စီးတီး
၂။ နအူရူး
၃။ တူဗားလူ
၄။ ပလောင်း
၅။ ဆန္မာရီနို
၆။ လက်ချင်စတိန်း
၇။ မိုနာကို
၈။ Saint Kitts and Nevis
၉။ မာရှယ်ကျွန်းများ
၁၀။ ဒိုမီနီကာ

▪️ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ လူဇင်ဘတ်
၂။ စင်ကာပူ
၃။ အိုင်ယာလန်
၄။ ကာတာ
၅။ မကာအို ( တရုတ် )
၆။ ဆွတ်ဇာလန်
၇။ ယူအအေီး ( UAE )
၈။ နော်ဝေး
၉။ အမေရိကန်
၁၀။ ဘရူနိုင်း
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️ကမ္ဘာ့အဆင်းရဲဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ ဘူရွန်ဒီ
၂။ တောင်ဆူဒန်
၃။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၄။ ကြန္ဂို
၅။ ဆိုမာလီယာ
၆။ နိုင်ဂျာ
၇။ မိုဇမ်ဘစ်
၈။ မာလာဝီ
၉။ ချဒ်သမ္မတနိုင်ငံ
၁၀။ မဒါဂတ်စကား
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️နိုင်ငံအလိုက် ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ဂျပန်
၄။ ဂျာမဏီ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပြင်သစ်
၈။ အီတလီ
၉။ ကနေဒါ
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ငွေကြေးအမြင့်ဆုံး ( ၅ ) နိုင်ငံ
၁။ ကူဝိတ်
၂။ ဘာရိန်း
၃။ အိုမန်
၄။ ဂျော်ဒန်
၅။ ကေမန်ကျွန်းစု

▪️ကမ္ဘာ့ငွေကြေးအနိမ့်ဆုံး ( ၅ ) နိုင်ငံ
၁။ အီရန်
၂။ ဗီယက်နမ်
၃။ လာအို
၄။ အင်ဒိုနီးရှား
၅။ ဆီရာလီယွန်

▪️ကမ္ဘာ့စစ်အင်အားအကြီးဆုံး ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ အိန္ဒိယ
၅။ ဂျပန်

▪️ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ( ၁၀ ) ခု
၁။ Harvard University
၂။ Massachusetts Institute of Technology
၃။ Stanford University
၄။ University of California Berkeley
၅။ University of Oxford
၆။ University of Washington Seattle
၇။ Columbia University
၈။ University of Cambridge
၉။ California Institute of Technology
၁၀။ John's Hopkins University
( ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ဆယ်ခုစာရင်းတွင် အမေရိကန်နိုင်ငံမှ တက္ကသိုလ်ရှစ်ခု ပါဝင်ပြီး ယူနိုက်တက်ကင်းဒမ်းမှ တက္ကသိုလ် နှစ်စ်ခုသာ ပါဝင်ပါတယ် )

▪️ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ( ၅ ) စင်း
၁။ နိုင်းလ်မြစ် ( အာဖရိကတိုက် )
၂။ အမေဇုံမြစ် ( တောင်အမေရိကတိုက် )
၃။ ယန်ဇီမြစ် ( တရုတ် )
၄။ မစ္စစ္စပီမြစ် ( မြောက်အမေရိကတိုက် )
၅။ ယင်နစ်ဆီမြစ် ( ရုရှား )

▪️ကမ္ဘာ့အကြီးဆုံးရေကန်ကြီး ( ၅ ) ခု
၁။ ကက်စပီယန် ( အာရှတိုက် )
၂။ စူပီးရီးယား ( မြောက်အမေရိကတိုက် )
၃။ ဗစ်တိုးရီးယား ( အာဖရိကတိုက် )
၄။ ဟူရွန် ( မြောက်အမေရိကတိုက် )
၅။ မီချီဂန် ( အမေရိကန် )

▪️ကမ္ဘာ့အပူဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ မာလီ
၂။ ဗာကီနာဖာဆို
၃။ ဆီနီဂေါ
၄။ တူဗားလူ
၅။ ဂျီဘူတီ

▪️ကမ္ဘာ့အအေးဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ မြန္ဂိုလီးယား
၄။ ဖင်လန်
၅။ အိုက်စလန်

▪️ကမ္ဘာ့အမြင့်ဆုံးတောင် ( ၅ ) လုံး
၁။ ဧဝရတ်တောင် ( နီပေါ၊ တရုတ် )
၂။ K2 ( တရုတ်၊ ပါကစ္စတန် )
၃။ Kangchenjunga ( နီပေါ၊ အိန္ဒိယ )
၄။ Lhotse ( နီပေါ၊ တရုတ် )
၅။ Makalu ( နီပေါ၊ တရုတ် )

▪️ကမ္ဘာ့လူပြောအများဆုံး ဘာသာစကား ( ၅ ) မျိုး
၁။ အင်္ဂလိပ်
၂။ တရုတ် ( မန်ဒရင်း )
၃။ ဟင်ဒီ
၄။ စပိန်
၅။ ပြင်သစ်

▪️ကမ္ဘာ့လူကြိုက်အများဆုံး အားကစား ( ၅ ) မျိုး
၁။ ဘောလုံး
၂။ ခရစ်ကက်
၃။ ဘတ်စကက်ဘော
၄။ ဟော်ကီ
၅။ တင်းနစ်

▪️ကမ္ဘာ့အကြီးဆုံးရုပ်ရှင်လုပ်ငန်းကြီး ( ၅ ) ခု
၁။ Hollywood ( အမေရိကန် )
၂။ Bollywood ( အိန္ဒိယ )
၃။ Chinese Cinema ( တရုတ် )
၄။ United Kingdom of Great Britain ( ဂရိတ်ဗြိတိန် )
၅။ Japanese Cinema ( ဂျပန် )

▪️ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အာဖဂန်နစ္စတန်
၂။ ယီမင်
၃။ ဆီးရီးယား
၄။ ရုရှား
၅။ တောင်ဆူဒန်
၆။ ကြန္ဂို
၇။ အီရတ်
၈။ ဆိုမာလီယာ
၉။ ဗဟိုအာဖရိက
၁၀။ ဆူဒန်
( မြန်မာနိုင်ငံဟာ အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းမှာ ကမ္ဘာ့အဆင့် ( ၂၅ ) ဖြစ်ပြီး အရှေ့တောင်အာရှမှာ နံပါတ် ( ၁ ) ဖြစ်ပါတယ် )

▪️ကမ္ဘာ့ဘေးအကင်းဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိုက်စလန်
၂။ နယူးဇီလန်
၃။ အိုင်ယာလန်
၄။ ဒိန်းမတ်
၅။ ဩစႀတီးယား
၆။ ပေါ်တူဂီ
၇။ ဆလိုဗေးနီးယား
၈။ ချက်သမ္မတနိုင်ငံ
၉။ စင်္ကာပူ
၁၀။ ဂျပန်

▪️ကမ္ဘာ့အကြီးဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ တိုကျို ( ဂျပန် )
၂။ ဒေလီ ( အိန္ဒိယ )
၃။ ရှန်ဟိုင်း ( တရုတ် )
၄။ ဆော်ပေါ်လို ( ဘရားဇီး )
၅။ မက်ကစီကိုစီးတီး ( မက်ကစီကို )
၆။ ကိုင်ရို ( အီဂျစ် )
၇။ ဒါကာ ( ဘင်္ဂလားဒေ့ရှ် )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဘေကျင်း ( တရုတ် )
၁၀။ အိုဆာကာ ( ဂျပန် )

▪️ကမ္ဘာ့အချမ်းသာဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ တိုကျို ( ဂျပန် )
၃။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ စင်္ကာပူ ( စင်္ကာပူ )
၆။ လော့စ်အိန်ဂျယ်လိစ် ( အမေရိကန် )
၇။ ချီကာဂို ( အမေရိကန် )
၈။ ဟူစတန် ( အမေရိကန် )
၉။ ဘေကျင်း ( တရုတ် )
၁၀။ ရှန်ဟိုင်း ( တရုတ် )

▪️ကမ္ဘာ့ဘီလီယံနာအများဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ အိန္ဒိယ
၄။ ဂျာမဏီ
၅။ ရုရှား
၆။ ဟောင်ကောင် ( တရုတ် )
၇။ ဘရာဇီး
၈။ ကနေဒါ
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ အီတလီ

▪️ကမ္ဘာ့ဘီလီယံနာအများဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ ဘေကျင်း ( တရုတ် )
၃။ ဟောင်ကောင် ( တရုတ် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ရှိန်းကျိန့် ( တရုတ် )
၇။ မော်စကို ( ရုရှား )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၁၀။ ဆိုးလ် ( တောင်ကိုရီးယား )

▪️ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာကြီး ( ၅ ) ဘာသာ
၁။ ခရစ်ယာန်ဘာသာ
၂။ အစ္စလာမ်ဘာသာ
၃။ ဟိန္ဒူဘာသာ
၄။ ဗုဒ်ဓဘာသာ
၅။ ဆစ်ဘာသာ

▪️ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ဘရာဇီး
၃။ မက်ကစီကို
၄။ ရုရှား
၅။ ဖိလစ်ပိုင်
၆။ နိုင်ဂျီရီးယား
၇။ တရုတ်
၈။ ကြန္ဂို
၉။ ဂျာမနီ
၁၀။ အီသီယိုးပီးယား

▪️ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ပါကစ္စတန်
၃။ အိန္ဒိယ
၄။ ဘင်္ဂလားဒေ့ရှ်
၅။ နိုင်ဂျီရီးယား
၆။ အီဂျစ်
၇။ အီရန်
၈။ တူရကီ
၉။ အယ်ဂျီရီးယား
၁၀။ ဆူဒန်

▪️ကမ္ဘာ့ဟိန္ဒူဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ နိပေါ
၃။ ဘင်္ဂလားဒေ့ရှ်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ သီရိလင်္ကာ
၇။ အမေရိကန်
၈။ မလေးရှား
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ မြန်မာ

▪️ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ထိုင်း
၃။ မြန်မာ
၄။ ဂျပန်
၅။ ကမ္ဘောဒီးယား
၆။ ဗီယက်နမ်
၇။ သီရိလင်္ကာ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ မလေးရှား

▪️ကမ္ဘာ့ဆစ်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ယူနိုက်တက်ကင်းဒမ်း ( UK )
၃။ အမေရိကန်
၄။ ကနေဒါ
၅။ ဩ‌စတြေးလျ
၆။ မလေးရှား
၇။ အီတလီ
၈။ ထိုင်း
၉။ ပါကစ္စတန်
၁၀။ ဖိလစ်ပိုင်

▪️ကမ္ဘာ့ပေါ်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဂျင်တီးနား
၂။ အာမနေီးယား
၃။ တူဗားလူ
၄။ ကော်စတာရီကာ
၅။ ဒိန်းမတ်
၆။ အင်္ဂလန်
၇။ ဂရိ
၈။ ဂျော်ဂျီယာ
၉။ အိုက်စလန်
၁၀။ အယ်ဆာဗေဒို
၁၁။ အီသီယိုးပီးယား
၁၂။ မိုနာကို
၁၃။ ဗာတီကန္စီးတီး
၁၄။ ဟန်ဂေရီ
၁၅။ နော်ဝေး
၁၆။ ဖရိုးကျွန်းစု
၁၇။ ဆားဘီးယား
၁၈။ တွန်ဂါ
၁၉။ ဆမိုးအား
၂၀။ မော်လတာ
၂၁။ လက်ချင်စတိန်း
၂၂။ ဇမ္ဘီယာ

▪️ကမ္ဘာ့ပေါ်၌ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဖဂန်နစ္စတန်
၂။ အယ်ဂျီရီးယား
၃။ ဘင်္ဂလားဒေ့ရှ်
၄။ ဘာရိန်း
၅။ ဘရူနိုင်း
၆။ ကိုမိုရို
၇။ ဂျီဘူတီ
၈။ အီဂျစ်
၉။ အီရန်
၁၀။ အီရတ်
၁၁။ ဂျော်ဒန်
၁၂။ ကူဝိတ်
၁၃။ လစ်ဗျား
၁၄။ မော်လဒိုက်
၁၅။ မလေးရှား
၁၆။ မော်ရီတေးနီးယား
၁၇။ မော်ရိုကို
၁၈။ အိုမန်
၁၉။ ပါကစ္စတန်
၂၀။ ပါလက်စတိုင်း
၂၁။ ကာတာ
၂၂။ ဆော်ဒီအာရေဗျ
၂၃။ ဆာရာဝီ
၂၄။ ဆိုမာလီယာ
၂၅။ တူနီးရှား
၂၆။ ယူအအေီး ( UAE )
၂၇။ ယီမင်

▪️ကမ္ဘာ့ပေါ်၌ ‌ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ ဘူတန်
၂။ ကမ္ဘောဒီးယား

▪️ကမ္ဘာပေါ်၌ ဟိန္ဒူဘာသာ နှင့် ဆစ်ဘာသာတို့တွင် နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားသော နိုင်ငံမရှိပေ။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ( ၁၉၃ ) နိုင်ငံရှိသည်။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာများ
၁။ အင်္ဂလိပ်
၂။ တရုတ်
၃။ ပြင်သစ်
၄။ စပိန်
၅။ ရုရှား
၆။ အာရပ်

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိသော နိုင်ငံများ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ကုလသမဂ္ဂ၌ အမြဲတမ်းအဖွဲ့နိုင်ငံ ( ၁၅ )
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အယ်ဘေနီးယား
၇။ ဘရာဇီး
၈။ ဂါဘွန်
၉။ ဂါနာ
၁၀။ အိန္ဒိယ
၁၁။ အိုင်ယာလန်
၁၂။ ကင်ညာ
၁၃။ မက်ကစီကို
၁၄။ နော်ဝေး
၁၅။ ယူအအေီး ( UAE )

▪️ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ဗီယက်နမ်
၃။ ထိုင်း
၄။ ပါကစ္စတန်
၅။ အမေရိကန်

▪️ကမ္ဘာ့ဂျုံတင်ပို့မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒယ
၃။ ရုရှား
၄။ အမေရိကန်
၅။ ပြင်သစ်

▪️ကမ္ဘာ့စစ်လက်နက်ရောင်ချမှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ပြင်သစ်
၄။ တရုတ်
၅။ ဂျာမဏီ

▪️ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုအများနိုင်ငံ ( ၅ )
၁။ တရုတ်
၂။ အမေရိကန်
၃။ ဂျပန်
၄။ အိန္ဒိယ
၅။ တောင်ကိုရီးယား

▪️ကမ္ဘာ့မော်တော်ဆိုင်ကယ်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဂျာမနီ
၃။ အိန္ဒိယ
၄။ ထိုင်း
၅။ ဂျပန်

▪️ကမ္ဘာ့လေယာဉ်ပျံထုတ်လုပ်မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ပြင်သစ်
၃။ ဂျာမနီ
၄။ ကနေဒါ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ပြင်သစ်
၂။ စပိန်
၃။ အမေရိကန်
၄။ တရုတ်
၅။ အီတလီ
၆။ တူရကီ
၇။ မက်ကစီကို
၈။ ထိုင်း
၉။ ဂျာမဏီ
၁၀။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ဆော်ဒီအာရေဗျ
၄။ ကနေဒါ
၅။ အီရတ်
၆။ တရုတ်
၇။ ယူအအေီ ( UAE )
၈။ ဘရာဇီး
၉ ။ ကူဝိတ်
၁၀။ အီရန်
#လိုအပ်နေသူများအတွက်
ကြော်ငြာ

#09951177573
#09451040339
#ဆယ်တန်းအောင်လက်မှတ်နှင့်အမှတ်စာရင်းထုတ်ပေးသည်
#နိတြီ_Notaryပြန်ပေးသည်
#ဘွဲ့လက်မှတ်ထုတ်ပေးသည်

▪️ကမ္ဘာ့မိုဘိုင်းဖုန်းတင်ပို့မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ဗီယက်နမ်
၃။ ဟောင်ကောင် ( တရုတ် )
၄။ အမေရိကန်
၅။ ဂျာမနီ
၆။ ချက်သမ္မတနိုင်ငံ
၇။ စင်္ကာပူ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ ‌ဩစႀတီးယား

▪️ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အီတလီ
၂။ တရုတ်
၃။ စပိန်
၄။ ပြင်သစ်
၅။ ဂျာမနီ
၆။ အိန္ဒိယ
၇။ မက်ကစီကို
၈။ ယူနိုက်တက်ကင်းဒမ်း ( UK )
၉။ ရုရှား
၁၀။ အမေရိကန်

▪️ကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ရှိသော နိုင်ငံများ
၁။ ရုရှား
၂။ အမေရိကန်
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပါကစ္စတန်
၈။ အစ္စရေး
၉။ မြောက်ကိုရီးယား

▪️ကမ္ဘာပတ်လမ်းကြောင်းတွင် လည်ပတ်မှုအများဆုံး ဂြိုလ်တုရှိတဲ့ နိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ရုရှား
၄။ ဂျပန်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့အိုင်ကျူ( IQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဂျပန်
၂။ ထိုင်ဝမ်
၃။ စင်္ကာပူ
၄။ ဟောင်ကောင် ( တရုတ် )
၅။ တရုတ်
၆။ တောင်ကိုရီးယား
၇။ ဘီလာရု
၈။ ဖင်လန်
၉။ လက်ချင်စတိန်း
၁၀။ ဂျာမနီ

▪️ကမ္ဘာ့အီးကျူ( EQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဖိလစ်ပိုင်
၂။ အယ်ဆာဗေဒို
၃။ ဘာရိန်း
၄။ အိုမန်
၅။ ကိုလံဘီယာ
၆။ ချီလီ
၇။ ကော်စတာရီကာ
၈။ ကနေဒါ
၉။ ဂွာတီမာလာ
၁၀။ ဘိုလီဗီးယား

▪️ကမ္ဘာ့ပျမ်းမျှအရပ်အရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ နယ်သာလန်
၂။ မြန္တီနီဂရိုး
၃။ ဒိန်းမတ်
၄။ နော်ဝေး
၅။ ဆားဘီးယား
၆။ ဂျာမနီ
၇။ ခရိုအေးရှား
၈။ ချက်သမ္မတနိုင်ငံ
၉။ ဆလိုဗေးနီးယား
၁၀။ လူဇင်ဘတ်

▪️ကမ္ဘာ့ပျမ်းမျှအရပ်အပုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ဘိုလီဗီးယား
၃။ ဖိလစ်ပိုင်
၄။ ဗီယက်နမ်
၅။ ကမ္ဘောဒီးယား
၆။ နီပေါ
၇။ အီကွေဒေါ
၈။ သီရိလင်္ကာ
၉။ နိုင်ဂျင်ရီးယား
၁၀။ ပီရူး

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့နိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အမေရိကန်
၃။ ယူအအေီး ( UAE )
၄။ တောင်ကိုရီးယား
၅။ ဂျပန်
၆။ မလေးရှား
၇။ ဩသတြေးလျ
၈။ အင်ဒိုနီးရှား
၉။ ကနေဒါ
၁၀။ ထိုင်း

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့မြို့ကြီး ( ၁၀ ) မြို့
၁။ ဟောင်ကောင် ( တရုတ် )
၂။ ရှိန်းကျိန့် ( တရုတ် )
၃။ နယူးယောက် ( အမေရိကန် )
၄။ ဒူဘိုင်း ( ယူအေအီး )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ကွမ်းကျိုး ( တရုတ် )
၇။ တိုကျို ( ဂျပန် )
၈။ ကွာလာလမ်ပူ ( မလေးရှား )
၉။ ချုံချင့် ( တရုတ် )
၁၀။ ချီကာဂို ( အမေရိကန် )

▪️ကမ္ဘာ့ပျမ်းမျှအသက်ရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဟောင်ကောင် ( တရုတ် )
၂။ ဂျပန်
၃။ မကာအို ( တရုတ် )
၄။ ဆွစ်ဇာလန်
၅။ စင်္ကာပူ
၆။ အီတလီ
၇။ စပိန်
၈။ ဩစတြေးလျ
၉။ အိုက်စလန်
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ပျမ်းမျှအသက်တိုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၂။ ချဒ်သမ္မတနိုင်ငံ
၃။ လီဆိုသို
၄။ နိုင်ဂျီရီးယား
၅။ ဆီရာလီယွန်
၆။ ဆိုမာလီယာ
၇။ အိုင်ဗရီကို့စ်
၈။ တောင်ဆူဒန်
၉။ ဂင်းနီဗစ်ဆော
၁၀။ အီကွေတာဂီနီ

▪️ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီး ( ၅ ) ရုပ်
၁။ ညီညွတ်ရေးရုပ်တု ( အိန္ဒိယ )
၂။ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော် ( တရုတ် )
၃။ လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး ( မြန်မာ )
၄။ အုရှိခုဗုဒ္ဓရုပ်ပွားတော်ကြီး ( ဂျပန် )
၅။ ဆန်းဒိုင်းဗောဓိသတ္တ ရုပ်ပွားတော်ကြီး ( ဂျပန် )

▪️ကမ္ဘာ့ရွှေထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဩစတြေးလျ
၃။ ရုရှား
၄။ အမေရိကန်
၅။ ကနေဒါ

▪️ကမ္ဘာ့စိန်ထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ဘော့ဆွာနာ
၃။ ကနေဒါ
၄။ ကြန္ဂို
၅။ တောင်အာဖရိက

▪️ကမ္ဘာ့ပေါ်၌ ပတ္တမြားထွက်ရှိ‌သောနိုင်ငံများ
၁။ မြန်မာ
၂။ ထိုင်း
၃။ မဒါဂတ်စကား
၄။ သီရိလင်္ကာ
၅။ ကင်ညာ
၆။ ကမ္ဘောဒီးယား
၇။ ဗီယက်နမ်
၈။ ဩစတြေးလျ
၉။ ပါကစ္စတန်
၁၀။ အိန္ဒိယ
၁၁။ မာလဝီ
၁၂။ မိုဇမ်ဘစ်
၁၃။ တန်ဇန်နီးယား
၁၄။ အာဖဂန်နစ္စတန်
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ပတ္တမြားများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ( ၉၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

▪️ကမ္ဘာ့အရည်အသွေးအ‌ကောင်း‌ဆုံး ကျောက်စိမ်းထွက်ရှိသော နိုင်ငံ ( ၅ ) နိုင်ငံ
၁။ မြန်မာ
၂။ အမေရိကန်
၃။ ဂွာတီမာလာ
၄။ ကော်စတာရီကာ
၅။ မက်ကစီကို
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး‌ ကျောက်စိမ်းများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ကျောက်စိမ်းထုတ်လုပ်မှု၏ ( ၇၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

#မူရင်းကိုခရက်ဒစ်ပေးပါသည်

26/05/2025

မြန်မာ့စကားပုံများလေ့လာလိုသူများအစဉ်ပြေစေရန်
က နှင့်စသော
၁။ ကြက်ကန်း ဆန်အိုးတိုး။
၂။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ။
၃။ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ။
၄။ ကိုယ်ထင် ကုတင်ရွှေနန်း။
၅။ ကျွဲပါး စောင်းတီး။
၆။ ကတုံးပေါ် ထိပ်ကွက်။
၇။ ကျေးဇူးရှိမှ ကျေးစွပ်။
၈။ ကြမ်းကျွံရင် နှုတ်ရ၊
စကားကျွံရင် နှုတ်မရ။
၉။ ကျန်းမာခြင်းသည် လဘ်တစ်ပါး။
၁၀။ ကြက်တူရွေးကတော်တော်၊
မယ်ဘော်က-ကဲ။
၁၁။ ကျူပင်ခုတ် ကျူငုတ်ပါမကျန်။
၁၂။ ကျားဆရာကြောင်၊ ကြောင်ဆရာကြွက်။
၁၃။ ကြွက်မနိုင် ကျီမီးနဲ့ရှို့။
၁၄။ ကျီစားသန်က ရန်များ၏။
၁၅။ က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။
၁၆။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး.
ကျားထက်ဆိုး။
၁၇။ ကံကိုယုံတော့ စုံလုံးကန်း။
၁၈။ ကျော်တော့ လှေသူကြီး၊ ညားတော့
လှေထိုးသား။
၁၉။ ကံကိုယုံပြီး ဆူးပုံနင်း။
၂၀။ ကျားရှေ့ မှောက်ရက်လဲ။

💛💛
၂၁။ ကြာကြာဝါးမှ ခါးမှန်းသိ။
၂၂။ ကြာကြာဝါးမယ့်သွား
အရိုးကြည့်ရှောင်။
၂၃။ ကျားကြီး ခြေရာကြီး။
၂၄။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။
၂၅။ ကြွေတစ်လှည့် ကြက်တစ်ခုန်။
၂၆။ ကြောင်သူတော် ကြွက်သူခိုး။
၂၇။ ကျောသားကလည်း သား၊ ရင်သား
ကလည်း သား။
၂၈။ ကြွက်သေတစ်ခု အရင်းပြု။
၂၉။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။
၃၀။ ကုလားမနိုင် ရခိုင်မဲ။
၃၁။ ကြောက်ရင်လာဘ်လွဲ ရဲလျှင်မင်းဖြစ်။
၃၂။ ကွန်တစ်ချက် ဟင်းတစ်ခွက်။
၃၃။ ကြောင်အိုတော့ ကြွက်မလေး။
၃၄။ ကြိုက်မရှက် ငိုက်မရှက်။
၃၅။ ကျင်ကြီးစွန့်ရာ ကျင်ငယ်ပါ။
၃၆။ ကြောင်ကဲ့သို့.ကျင့်လေ၊ ညောင်ကဲ့သို့
ကျင့်လေ။
၃၇။ ကောက်သော် စားမလောက်၊
ဖြောင့်သော် စားမနိုင်။
၃၈။ ကိုယ်ကောင်းရင် ခေါင်းမရွေ့။
၃၉။ ကချင်ရက် လက်ကျိုး။
၄၀။ ကံသာလျှင်အမိ ကံသာလျှင်အဖ။

💛💛
၄၁။ ကျည်ပွေ့ကောင်းလို့ ဆန်ဖြူ။
၄၂။ ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍
အသွားမပျက်။
၄၃။ ကျားရဲလည်းသေ တောလည်းကျေ။
၄၄။ ကြက်မတွန်လို့ မိုးမလင်း။
၄၅။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး။
၄၆။ ကွမ်းသီးကြိုက် တောင်ငူပို့။
၄၇။ ကိုယ့်ဒူး ကိုယ်ချွန်။
၄၈။ ကြီးလျှင်မှီ ငယ်လျှင်ချီ။
၄၉။ ကဆုန်-နယုန် စွေ့စွေ့ခုန်။
၅၀။ ကျေးဇူးမတင် ဖင်လှန်ပြ။
၅၁။ ကြပ်ပူထိုးလေ ရောင်လေ။
၅၂။ ကြက်မ တွန်၍ မိုးမလင်း၊
ကြက်ဖတွန်မှ မိုးလင်းသည်။
၅၃။ ကိုယ်ဖြစ် ကိုယ်ခံ။
၅၄။ ကုလားသိုက် ကျား၀င်ကိုက်။
၅၅။ ကျီးကြည့် ကြောင်ကြည့်။
၅၆။ ကြက်ကြော်မကြိုက်တဲ့ လူမိုက်။
၅၇။ ကြောင်မရှိ ကြွက်ထ။
၅၈။ ကလေးကျမှ.လှေခါးထောင်၊
ရန်သူပြန်မှ ဒူးလေးပြင်။
၅၉။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်။
၆၀။ ကြိုးကြာဆို ဘာငှက်လဲမေး။
💛💛
၆၁။ ကံကောင်းရင် တစ်ချက်၊
ကံမကောင်းရင် တစ်သက်။
၆၂။ ကံသည် အလုပ်၊ အလုပ်သည် ကံ။
၆၃။ ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့်။
၆၄။ ကိစ္စများမြောင် လူတို့ဘောင်။


၁။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း။
၂။ ခွေးလေးရော၀င် ပါးလျက်-နားလျက်။
၃။ ခေါင်းတစ်လုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်။
၄။ ချွေးထွက်များမှ သွေးထွက်နည်းမည်။
၅။ ခလုတ်ထိမှ အမိတ။
၆။ ခုစာကလေးကြော် ခုဆီထမင်း။
၇။ ခွေးမြီးကောက် ကျည်တောက်စွပ်။
၈။ ချစ်ခြင်းအစ မျက်စိက။
၉။ ချက်ဆို နားခွက်က မီးတောက်။
၁၀။ ခဲလေသမျှ သဲရေကျ။
၁၁။ ခရုခါးတောင်းကျိုက်ဖမ်း။
၁၂။ ခါချဉ်ကောင်မာန်ကြီးလို့
တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်။
၁၃။ ချောင်းကိုပစ်၍ မြစ်ကိုရှာ။
၁၄။ ခိုးစားတော့ ခွေးဟောင်၊
လယ်လုပ်တော့မိုးခေါင်။
၁၅။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်။
၁၆။ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ။
၁၇။ ချစ်တိုင်းလည်းမညား၊
ညားတိုင်းလည်းမချစ်။
၁၈။ ချဉ်ချဉ်တူးတူး မူးပြီးရော။
၁၉။ ခြေမ-မကောင်း ခြေမ၊
လက်မ-မကောင်း လက်မ။
၂၀။ ခရမ်းသီးပိန် ဓားတုံး။
၂၁။ ခြောက်ပစ်ကင်း သဲလဲစင်။
၂၂။ ခွေးဟောင်တိုင်း ထကြည့်လျှင်
အိပ်ရေးပျက်။
၂၃။ ခွေးရူးဖက်ကိုက် ခွေးကောင်း
နားရွက်ပြတ်။
၂၄။ ချောင်းကြီးတော့ မြစ်ဖြစ်။
၂၅။ ချည်ပုဆိုးက ပိုးပေါင်းချင်။
၂၆။ ချော့တစ်ခါ ခြောက်တစ်လှည့်။
၂၇။ ခြောက်ပြော မြှောက်ပြော။
၂၈။ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်။
၂၉။ ချော်လဲ ရောထိုင်။
၃၀။ ချေးပါခါနီးမှ ချေးခံတွင်းပေါက်ရှာ။
၃၁။ ခွေးဟောင်၍ တောင်ပို့မပြေး။
၃၂။ ခွေးဟောင်လို့ တောင်မရွေ့။
၃၃။ ခိုးစားမှ လူမိ။
၃၄။ ခွေးရူးကောင်းစား တစ်မွန်းတည့်။
၃၅။ ခုတ်ရာတစ်ခြား ချရာတစ်လွဲ။
၃၆။ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်။
၃၇။ ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်
လည်း မလုံနိုင်။


၁။ ဂိုက်ကောင်း ဆိုက်ကောင်း။

၁။ ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်။
၂။ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်။
၃။ ငိုချင်ရက် လက်တို့။
၄။ ငွေမရှိ စကားမတည်။
💛💛

၁။ စကား စကား ပြောပါများ၊
စကားထဲက ဇာတိပွ။
၂။ စကားနောက် တရားပါ။
၃။ စုပ်လဲဆူး စားလဲရူး။
၄။ စည်းကမ်းသည် လူ့တန်ဖိုး။
၅။ စိန်ကောင်း ကျောက်ကောင်းရောင်း
၀ယ်ရာဆေးရိုးသည်က ကန့်လန့်။
၆။ စားရမှာလဲ သဲနဲ့တရှပ်ရှပ်၊
ပစ်ရမှာလဲ အဆီနဲ့တဝင်းဝင်း။
၇။ စိုင်ကော်လို့ ချုံပေါ်ရောက်။
၈။ စကားနည်း ရန်စဲ။
၉။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်း။
၁၀။ စစ်မရောက်ခင် မြှားကုန်။
၁၁။ စလယ်၀င် ဖင်မမည်းခင် ကွဲ။
၁၂။ စာအုပ်စာပေ လူ့မိတ်ဆွေ။
၁၃။ စားပြီးအိပ်နေ ဘိက္ခဝေ။
၁၄။ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
၁၅။ စကောလောက်မှ စောက်မနက်။
၁၆။ စားတော့ပြုံးပြုံး ယိုတော့ကုန်းကုန်း။
၁၇။ စိုပြီးသောလက် မခြောက်စေနှင့်။
၁၈။ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်။
၁၉။ စစ်ရောက်မှ မြှားချွန်။
💛💛

၁။ ဆရာမပြ နည်းမကျ။
၂။ ဆရာထက် တပည့်လက်စောင်းထက်။
၃။ ဆင်သွားရင် လမ်းဖြစ်တယ်။
၄။ ဆေးမင်ရည်စုတ်ထိုး၊
အိမ်ထောင်မှုဘုရားတည်။
၅။ ဆရာများ သားသေ။
၆။ ဆင်ကျီစားရာ ဆိတ်မခံသာ။
၇။ ဆင့်ပါးစပ် နှမ်းပက်။
၈။ ဆင်ဖိုးထက် ချွန်းဖိုးကကြီး။
၉။ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ။
၁၀။ ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်။
၁၁။ ဆင်ပြောင်ကြီး အမြီးကျမှတစ်။
၁၂။ ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးနဲ့။
၁၃။ ဆုပ်လည်းစူး စားလည်းရူး။
၁၄။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ။
၁၅။ ဆန်မရှိ သောက်စားကြီး။
၁၆။ ဆင်စွယ်မှန် ပိုးမစား။
၁၇။ ဆန်တစ်အိတ်နဲ့ ဆိတ်တစ်ကောင်။
၁၈။ ဆပ်ပြာသည် လင်ပျောက်။
၁၉။ ဆင်ဖြူတော်မှီပြီး ကြံစုပ်။ ယ💛💛


၁။ ညားတိုင်းမချစ် ချစ်တိုင်းမညား။
၂။ ညောင်မြစ်တူး ပုတ်သင်ဥပေါ်။
၃။ ညောင်စေ့လောက်လှူသော်လည်း
ညောင်ပင်ကြီးလောက်ကုသိုလ်ရ။
၄။ ညောင်ဦးကမ်းပါးပြို၊ စမ္မာနဂိုက
နွားမပေါင်ကျိုး။
💛💛

၁။ တောင်ကြီးဖဝါးအောက်
လှိုင်းကြီးလှေအောက်။
၂။ တစ်ရွာမပြောင်း သူကောင်းမဖြစ်။
၃။ တလုတ်စားဖူး သူ့ကျေးဇူး။
၄။ တီးတိုးတီးတိုး သဖန်းပိုး။
၅။ တစ်ရွာ တစ်ကျီဆောက်။
၆။ တပည့်မကောင်း ဆရာ့ခေါင်း။
၇။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ။
၈။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
၉။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား။
၁၀။ တုံးတိုက်တိုက် ကျားကိုက်ကိုက်။
၁၁။ တရားမပျက် ကျောင်းမခက်။
၁၂။ တစ်ယောက်စကား တစ်ယောက်နား။
၁၃။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
၁၄။ တောမီးလောင် တောကြောင်
လက်ခမောင်းခတ်။
၁၅။ တစ်ယောက်ဆိုတစ်ယောက်၊
ပိတောက်ဆိုပိတောက်။
၁၆။ တစ်ပင်လဲမူ တစ်ပင်ထူ။
၁၇။ တစ်နွယ်ငင် တစ်စင်ပါ။
၁၈။ တစ်မိပေါက် တစ်ယောက်ထွန်း။
၁၉။ တောပြော တောင်ပြော။
၂၀။ တပည့်လိမ္မာ ဆရာအာပတ်လွတ်။
၂၁။ တစ်လ ကိုးသီတင်း။
၂၂။ တိတ်တိတ်နေ ထောင်တန်။
၂၃။ တပည့်မကောင်း ဆရာ့ခေါင်း။
၂၄။ တစ်ခြုံကွယ် တစ်မယ်မေ့။
၂၅။ တော်သလင်းနေ ပုစွန်သေ။
၂၆။ တောင်းတစ်လုံးနဲ့ အလုပ်မဖြစ်။
၂၇။ တောင်လဲရာ မြက်ပြတ်။
၂၈။ တစ်တက်စားလည်း ကြက်သွန်၊
နှစ်တက်စားလည်းကြက်သွန်
၂၉။ တတ်သည့်ပညာ မနေသာ။
၃၀။ တောင်မှ လာတဲ့မိုး၊ ဒေါင်ဒေါင်မြည်တဲ့အိုး။
၂၁။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း။
၂၂။ တောင်းဆိုး-ပလုံးဆိုးသာပစ်ရိုးထုံးစံရှိ။
💛💛

၁။ ထိုင်နေအကောင်းသား ထသွားမှ
ကျိုးမှန်းသိ။
၂။ ထောင်မြင်ရင် ရာစွန့်။
၃။ ထမင်းရည်ပူ လျှာလွှဲ။
၄။ ထမင်းကြမ်းက အငွေ့ထွက်ချင်။
၅။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်။
၆။ ထီးဖြူ..ဖိနပ်ပါး။
၇။ ထောင်အပြင် တန်းမရှိ။
၈။ ထိပ်ပေါက်မှ ထိမှန်းသိ။
၉။ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်။
၁၀။ ထောင်တန်တဲ့စကား ရယ်ပေါ့။
၁၁။ ထင်ပေါ်ရင် စင်တော်ကကောက်။
၁၂။ ထင်းခွေမကြုံ ရေခပ်ကြုံမယ်။
၁၃။ ထန်းရေမူး ကျွဲခိုးပေါ်။
၁၄။ ထားရာနေ စေရာသွား။
၁၅။ ထုံးလိုမွှေ ရေလိုနှောက်။
၁၆။ ထုလေ မာလေ၊ ငါးဖယ်တေ။
၁၇။ ထောင်နေတဲ့ဒူး လဲတာထက်ဆိုး။
၁၈။ ထမင်းရည်ချောင်းစီး မောင်းတီးလှူ။
၁၉။ ထွက်ပြီးသားဆင်စွယ် ပြန်၀င်ရိုးထုံးစံမရှိ။
💛💛


၁။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး။
၂။ နွားရှေ့ထွန်ကျူး။
၃။ နတ်ကရာ ကျီးမော့။
၄။ နေရိပ်လို နေပူကစောင့်။
၅။ နီးရာပေါင် ပြေးကပ်။
၆။ နှုတ်တစ်ရာ စာတစ်လုံး။
၇။ နွားကွဲရင် ကျားဆွဲ။
၈။ နဂိုရှိမှ နဂိုင်းထွက်။
၉။ နောင်ခါလာ နောင်ခါစျေး။
၁၀။ နတ်တို့ဖန်။ရေကန်အသင့် ကြာအသင့်။
၁၁။ နီးရာဓား ကြောက်ရတယ်။
၁၂။ နေသာသပ လေညာက။
၁၃။ နွားသိုး ကြိုးပြတ်။
၁၄။ နဂါးမှန်းသိအောင် အမောက်ထောင်။
၁၅။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်။
၁၆။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ။
၁၇။ နေတော့ချုံကြား စိတ်နေဘုံဖျား။
၁၈။ နဂါးပြည်။နဂါး၊ ဂဠုန်ပြည် ဂဠုန်။
၁၉။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်။
၂၀။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်း၀န်ထက်ကဲ။
၂၁။ နောင်တဆိုတာ နောင်မှရ။
၂၂။ နူရာဝဲစွဲ..လဲရာသူခိုးထောင်း။
၂၃။ နေပူတုန်း စပါးလှန်း။
၂၄။ နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွေး။
၂၅။ နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်။
၂၆။ နှာရည်စိုရွှဲ တပို့တွဲ။
၂၇။ နီးတကျက်ကျက် ဝေးတသက်သက်။
၂၈။ နှမလင်နေ မောင်ဖင်ကျိန်း။
၂၉။ နဖူးစာ ရွာလည်။
၃၀။ နှာခေါင်း ကျည်ပွေ့တွေ့။
၃၁။ နေသေးသပ ချုံထဲက၊ ချိုသွေးလို့ တမြမြ။
၃၂။ နွားအို မြက်နုကြိုက်။
💛💛


၁။ ပညာရှိသတိဖြစ်ခဲ။
၂။ ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်။
၃။ ပဝါပါးကို ကြက်သားထုပ်တော့
စွန်းရတတ်တယ်၊ တစ်ရွာသားကို
ရည်းစားလုပ်တော့.လွမ်းရတတ်တယ်။
၄။ ပညာရှာ ပမာသူဖုန်းစား။
၅။ ပညာရွှေအိုး လူမခိုး။
၆။ ပွဲပြီး မီးသေ။
၇။ ပိုနေမြဲ ကျားနေမြဲ။
၈။ ပျော်ပျော်နေ သေခဲ။
၉။ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်။
၁၀။ ပြောတော့မိုး ထိုးတော့မြေကြီး။
၁၁။ ပျံလေတဲ့ငှက်ခါး နားကာမှ သိရမယ်
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃။ ပွဲလန့်တုန်း ဖျာခင်း။
၁၄။ ပြောတော့မူး လူးတော့အိုင်”
၁၅။ ပျောက်သောသူရှာရင်တွေ့၊
သေသောသူကြာရင်မေ့
၁၆။ ပျာသလောက်။ဖွဲမထွက်။
၁၇။ ပြဿနာ မီးခွက်ထွန်းရှာ။
၁၈။ ပန်းသတင်း လေညှင်းဆောင်၊
လူသတင်း လူချင်းဆောင်။
၁၉။ ပညာရှိအမျက် အပြင်မထွက်။
၂၀။ ပုလင်းတူ ဘူးဆို့။
၂၁။ ပညာလို အိုသည်မရှိ။
၂၂။ ပလိုင်းပေါက်နဲ့ ဖားကောက်။
၂၃။ ပိုးသာကုန် မောင်ပုံစောင်းမတတ်။
၂၄။ ပုဆိုးခြုံထဲက လက်သီးပြ။
၂၅။ ပါးစပ်က ဘုရား ဘုရား၊
လကျက ကားယား ကားယား။
၂၆။ ပျားအုံကို တုတ်နဲ့ထိုး။
၂၇။ ပုပ်လို့ပေါ် ဟုတ်လို့ကျော်။
၂၈။ ပညာရဲရင့် ပွဲလယ်တင့်။
၂၉။ ပြဒါးတစ်လမ်း သံတစ်လမ်း။
၃၀။ ပန်းပဲသူကြီး မီးပူမကင်းနိုင်။
၃၁။ ပေးတိုင်းလည်း မယူနဲ့၊
ကျွေးတိုင်းလည်း မစားနဲ့။
၃၂။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။
၃၃။ ပဒိုင်းသီးလို ဆုပ်လဲစူး၊ စားလဲရူး။
၃၄။ ပြည်ပန်းညိုချိုပါလျက်
ဆားခတ်မှ အရသာပျက်။
၃၅။ ပါးပုပ်၍ လက်ဝှက်သည်။
၃၆။ ပြဿနာမရှိ ပြဿနာရှာ။
၃၇။ ပန်းထိမ်တတ်မတတ်
ဂဟေစပ်သက်သေ။
၃၈။ ပျားရည်နဲ့ ၀မ်းချ။
၃၉။ ပြုသူအသစ် ဖြစ်သူအဟောင်း။
၄၀။ ပွဲမ၀င်ခင် အပြင်ကကျင်းပ။
၄၁။ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့။
၄၂။ ပလီစိ ချောက်ချက်။
၄၃။ ပါးစပ်ပါ ရွာရောက်။
၄၄။ ပြောမယုံ ကြုံဖူးမှ သိ။
၄၅။ ပလူမွှေး ပလူတောင်။
၄၆။ ပေါက်တဲ့ နဖူး မထူး။
၄၇။ ပိုးဖလံမျိုး မီးကိုတိုး။
၄၈။ ပြောပြောပြီးပြီး၊ တီးတီးမြည်မြည်။
၄၉။ ပြန်မပြော နားမထောင်။
၅၀။ ပုထုဇ္ဇနော ဥမ္မတ္တကော။
💛💛


၁။ ဖောင်စီးရင်း ရေငတ်။
၂။ ဖားတုလို့ ခရုခုန်၊ အိုင်ပျက်ရုံရှိမပေါ့။
၃။ ဖြစ်သမျှအကြောင်း အကောင်း။
၄။ ဖြတ္မရ ဓားမဆုံး။
၅။ ဖက်ပေါ်ဆူးကျလဲ ဖက်ပေါက်၊
ဆူးပေါ်ဖက်ကျလဲ ဖက်ပေါက်။
၆။ ဖားအော်တာ လူသိသော်လဲ
မြွေကိုက်တာ လူမသိ။
၇။ ဖိုးသူတော်မျက်စိလည်လေ ဆန်ရလေ။
၈။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစား။
၉။ ဖွတ်ကျော ပြာစု။
၁၀။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်။
၁၁။ ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်။
၁၂။ ဖောင်လှေစီးစီး လှေကြီးရခိုင်။
၁၃။ ဖာတစ်လုံး ခေါင်းကျား။
💛💛


၁။ဘနဖူး သိုက်တူးမယ့်သူ။
၂။ ဘူးကောင်းမှ စင်ခံ။
၃။ ဘမျိုး ဘိုးတူ။ 💛💛


၁။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။
၂။ မိုးထိအောင် လှေကားထောင်။
၃။ မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရ။
၄။ မေးပါများ စကားရ။
၅။ မအိပ်မနေ အသက်ရှည်။
၆။ မြွေမသေ တုတ်မကျိုး။
၇။ မျက်နှာသာပေး ရွှေရေးပန်းကန်တက်။
၈။ မသိလျှင်မေး မစင်လျှင်ဆေး။
၉။ မဘက်လိုက်တော့ မိုက်ဘက်ပါ။
၁၀။ မောင်တစ်ထမ်း မယ်တစ်ရွက်။
၁၁။ မြင်းကမလှုပ် ခုံကလှုပ်။
၁၂။ မစားရတဲ့အမဲ သဲနဲ့ပက်။
၁၃။ မယားနေစ ကြောင်သေမှ။
၁၄။ မီးများမီးနိုင် ရေများရေနိုင်။
၁၅။ မချစ်သော်လည်း အောင့်ကာနမ်း။
၁၆။ မြေနိမ့်ရာ လှံစိုက်။
၁၇။ မိုးရွာတုန်း ရေခံ။
၁၈။ မျက်နှာကြီးရာ ဟင်းဖတ်ပါ။
၁၉။ မသိသူကျော်သွား သိသူဖော်စား။
၂၀။ မြွေမြွေချင်း ခြေမြင်။
၂၁။ မူးကို မြစ်ထင်
၂၂။ မျက်ကန်း တစ္ဆေမကြောက်။
၂၃။ မယားဆို ပျိုမှ၊ သမားဆို အိုမှ။
၂၄။ မမှားသောရှေ့နေ၊ မသေသော
ဆေးသမား မရှိ။
၂၅။ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ။
၂၆။ မလို ကူးတို့ခတောင်း။
၂၇။ မင်းနားတစ်ထောင်၊ မင်းမြှောင်တစ်သိန်း။
၂၈။ မျောက်ပြ ဆန်တောင်း။
၂၉။ မကတတ်သော် ဖျာကိုအပြစ်တင်။
၃၀။ မြွေပါလည်းဆုံး သားလည်းဆုံး။
၃၁။ မည်းမည်းမြင်ရာ ငါ့ယောက္ခမ
ထန်းတောမလုပ်ချင်နဲ့။
၃၂။ မီးစတစ်မှုတ် ရေတစ်မှုတ်။
၃၃။ မီးဝေး ချိတ်မာ။
၃၄။ မြွေမကြောက် ကင်းမကြောက်။
၃၅။ မောင်မောင်ဆိုလေ ထီးရိုးရှည်။
💛💛


၁။ ယုန်တောင်ပြေး ခွေးမြောက်လိုက်။
၂။ ယုန်ကမတိုး ပိုက်ကတိုး။
၃။ ယင်ကောင်မြင်တိုင်း လေယာဉ်မထင်နဲ့။
💛💛

၁။ ရည်းစားလူလု အူနုကျွဲခတ်။
၂။ ရလေလိုလေ အိုတစ္ဆေ။
၃။ ရိုးရိုးကျင့် မြင့်မြင့်ကြံ။
၄။ ရတာမလို လိုတာမရ။
၅။ ရည်းစားတစ်ထောင် လင်ကောင်း
တစ်ယောက်။
၆။ ရာသီမသိ ပန်းနဲ့ညှိ။
၇။ ရရစားစား ဝါးဝါးမြိုမြို။
၈။ ရှိတန်ဆာ မရှိ၀မ်းစာ။
၉။ ရွှေအကြောင်း ဖယောင်းသက်သေ။
၁၀။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ။
၁၁။ ရှာနားကမွကျ ရှာနှားမစား။
၁၂။ ရာဇ၀တ်အိုး တုတ်နဲ့ထိုး။
၁၃။ ရှမ်းကြိုက်ရင် နွားချော။
၁၄။ ရတနာရှိရာ ရတနာလာ။
၁၅။ ရေသာများ၍.ငါးမတွေ့။
၁၆။ ရှေ့နေငှားမှ ထောင်လုံးလုံးကျ။
၁၇။ ရှေးထုံးလည်းမပယ်နဲ့၊
စျေးသုံးလည်းမကြွယ်နဲ့။
၁၈။ ရေကြည်ရာ။မြက်နုရာ။
၁၉။ ရှာဖွေလေ တွေ့ရှိလေ။
၂၀။ ရန်သူပြန်မှ ဒူးလေးပြင်။
၂၁။ ရှားပင်အိုလေ အနှစ်ပြည့်လေ။
၂၂။ ရယ်သောသူ အသက်ရှည်၏။
၂၃။ ရာဇ၀တ်ဘေး ပြေးမလွတ်။
၂၄။ ရေများရေနိုင် မီးများမီးနိုင်။
၂၅။ ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။
၂၆။ ရှင်နည်းရာ အဂ္ဂလူထွက်။
၂၇။ ရှောင်လေဝေးဝေး မူးယစ်ဆေး။
၂၈။ ရေစီးတစ်ခါ ရေသာတစ်လှည့်။
၂၉။ ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်။
၃၀။ ရေမနောက် ကြာမခြောက်
၃၁။ ရွှေပင်နားတော့ ရွှေကျေး။
💛💛


၁။ လူလိမ္မာသား ယဉ်ပါး။
၂။ လသာတုန်း ဗိုင်းငင်။
၃။ လည်လွန်းတဲ့ဘီး ချေးသင့်။
၄။ လူမိုက်သား ရမ်းကား။
၅။ လင်ကိုဘုရား သားကိုသခင်။
၆။ လယ်ထွန်သွား နွားမေ့။
၇။ လူပျို့လက် ၀က်မြီး။
၈။ လိုတာမရ ရတာမလို။
၉။ လွယ်မယောင်နဲ့ခက်၊
တိမ်မယောက်နဲ့နက်။
၁၀။ လမ်းမသိ ခွေးနောက်လိုက်။
၁၁။ လူမလေး။ခွေးမခန့်။
၁၂။ လာဘ်ပေးလာဘ်ယူ တို့ရန်သူ။
၁၃။ လူတူမရှား နာမည်တူမရှား။
၁၄။ လူ့အလို နတ်မလိုက်နိုင်။
၁၅။ လူအကြောင်း ပေါင်းမှသိ”။
၁၆။ လူနေချုံကြား စိတ်နေဘုံဖျား။
၁၇။ လှတာမက်ရင် ညစာခက်တယ်။
၁၈။ လှေအဆင်း ကုန်းအတက်။
၁၉။ လူ့စည်း ဘီလူးစည်း။
၂၀။ လူတစ်ကိုယ် အကြိုက်တစ်မျိုး။
၂၁။ လူအမျိုးမျိုး စိတ်အထွေထွေ။
၂၂။ လူပြောမသန် လူသန်မပြော။
၂၃။ လာမယ့်ဘေး ပြေးတွေ့။
၂၄။ လင်နဲ့မယား လျှာနဲ့သွား။
၂၅။ လွတ်တဲ့ငါး ကြီး။
၂၆။ လင်းနို့ခွန်တောင်း ကြွက်၊
ကြွက်ခွန်တောင်းလင်းနို့။
၂၇။ လူမှာအမျိုး ကြက်မှာအရိုး။
၂၈။ လိုက်လေ ဝေးလေ။
၂၉။ လုံ့လလည်းထူ မိုးလည်းကူ၊
နွားချေးလည်းချ ကံလည်းမ။
၃၀။ လူပျင်းလုံ့လ တစ်ခဏ။
၃၁။ လာချင်ရင် အနီးလေး၊
မလာချင်ရင် ခရီးဝေး။
၃၂။ လင်စံရွေး လင်ခွေးနဲ့ရ။
၃၃။ လျှင်သူ စားစတမ်း။
၃၄။ လှေနံ နှစ်ဖက်နင်း။
၃၅။ လက်ပံပွင့်ချိန် ခွေးရူးထချိန်။
💛💛💛

၁။ ၀မရှိဘဲ ဝိမလုပ်နဲ့။
၂။ ဝါးလုံးခေါင်းထဲ လသာ။
၃။ ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်နဲ့။
၄။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်။
🧡🧡

၁။ သတိပညာ ဥာဏ်မြေကတုတ်
ချွန်းကဲ့သို့အုပ်။
၂။ သူများအကျိုးဆောင် ကိုယ်ကျိုးအောင်။
၃။ သူခိုးပြေးမှ ထိုးကွင်းထ။
၄။ သေချင်တဲ့ကျား တောပြောင်း။
၅။ သေသောသူ ကြာရင်မေ့၊
ပျောက်သောသူ ရှာရင်တွေ့။
၆။ သတိမမူ ဂူမမြင်။
၇။ သခွပ်ပင်က မီးတကျည်ကျည်။
၈။ သူများယောင်လို့.လိုက်ယောင်၊
အမောင် တောင်မှန်းမြောက်မှန်းမသိ။
၉။ သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားနိုင်။
၁၀။ သူ့အိုးနဲ့သူ့ဆန် တန်ရုံကောင်း။
၁၁။ သားသမီးမကောင်း မိဘခေါင်း။
၁၂။ သက်ကြီးစကား သက်ငယ်ကြား။
၁၃။ သူများမကောင်းကြံ ကိုယ်သာခံ။
၁၄။ သေမြေကြီး ရှင်ရွှေထီး။
၁၅။ သံသေ.တစ်ဆွေ၀၊ ပြဒါးသေ တစ်ပြည်၀။
၁၆။ သားကိုသခင် လင်ကိုဘုရား။
၁၇။ သားရေပေါ်အိပ် သားရေနားစား။
၁၈။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်။
၁၉။ သိသာသိစေ မမြင်စေနဲ့။
၂၀။ သဲထဲရေသွန်။
၂၁။ သမီးမွေးမှ ဓားတသွေးသွေး။
၂၂။ သူများတံတွေးခွက် ပက်လက်မျော။
၂၃။ သူခိုးကျင့် သူခိုးကြံ။
၂၄။ သားကောင်လည်း မုဆိုး၊
မုဆိုးလည်းသားကောင်။
၂၅။ သံကိုကြွက်စား သားကိုစွန်ချီ။
၂၆။ သခင်အားရ ကျွန်ပါး၀။
၂၇။ သူတော်ကောင်း နတ်ကောင်းမ။
၂၈။ သူခိုးက လူဟစ်။
၂၉။ သူခိုးရွှေရ တပြပြ။
၃၀။ သမီးတစ်ကောင် နွားတစ်ထောင်။
၃၁။ သမင်မွေးရင်း ကျားစားရင်း။
၃၂။ သူကြီးဘုရား ရွာသားကောင်းမှု။
၃၃။ သားသမီးယုံ စုံလုံးကန်း။
၃၄။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။
၃၅။ သစ်မရှိခင်စပ်ကြား ဝါးဖောင်ကွပ်။
၃၆။ သမင်ဆယ်လှမ်း ကျားတစ်လှမ်း။
၃၇။ သစ်မရခင် ဝါးကူ။
၃၈။ သောင်မတင် ရေမကျ။
၃၉။ သူ့ဆန်စား ရဲရ။
၄၀။ သစ်ပင်မှန်ရင် အမြစ်နဲ့၊
လူမှန်ရင် အချစ်နဲ့။
၄၁။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။
၄၂။ သိကြားမင်း ကျွဲယောင်ဆောင် ချိုကား။
💛💛

၁။ ဟောက်တိုင်းလည်း မကြောက်နဲ့။
၂။ ဟောင်လွန်းတဲ့ခွေး လူမလေး။
💛💛

၁။ ဠင်းတလောက်တော့ ငှက်တိုင်းလှ။
🧡🧡

၁။ အဖေထက် သားတစ်လကြီး။
၂။ အိုးကမပူ စလောင်းကပူ။
၃။ အစကောင်းမှ အနှောင်းသေချာ။
၄။ အိုးချင်းထားတော့ အိုးချင်းထိ။
၅။ အချစ်ကြီးရင် အမျက်ကြီးတယ်။
၆။ အချိန်နှင့်ဒီရေသည် လူကိုမစောင့်။
၇။ အမှိုက်ကစ ပြသဒ်မီးလောင်။
၈။ အချိန်ရှိခိုက် လုံ့လစိုက်။
၉။ အနာပေါ်တုတ်ကျ။
၁၀။ အပေါ်ယံ ရွှေမှုန်ကြဲ၊ အတွင်းက နွားချေးခံ။
၁၁။ အကြံကုန် ဂဠုန်ဆားချက်။
၁၂။ အိုးမလုံ အုံပွင့်။
၁၃။ အမေပြောတော့ တစ်လ၊
မယားပြောတော့ တစ်ည။
၁၄။ အကျိုးဆော့ အကန်းမော့။
၁၅။ အချစ်ကြီးတော့ အမျက်ကြီး။
ထပ်ဖြည့်ပေးပါဦးမည်။ (မှန်တာပြော ရွာအပြင်ရောက်)
(မမြင်ဖူး မူး မြစ်ထင်)
💛💛💛💛

Credit_To_Original_Writer

22/04/2025

"လိုအပ်ရာအသုံးပြုနိုင်ဖို့ Notes လုပ်ပြီးမှတ်ထားနိုင်ပါတယ်"

Business is business - (စီးပွားရေးက စီးပွားရေးပဲ)
Money talks - ( ပိုက်ဆံ စကားပြောတယ်)
Tall that to the marines - ( တောမှာသွားပြော)
Lead your own way - ( ကိုယ့်သမိုင်းကိုယ်ရေး)
Are you nuts? - ( မင်းရူးနေလား)
You are very talkative - (မင်းအရမ်းစကားများတာပဲ)
Behave yourself - ( ယဉ်ယဉ်ကျေးကျေးပြုမူပါ)
That's the beauty of it - ( အဲဒါလေးတွေချစ်ဖို့ကောင်းတာ )
You stay out it - ( မင်း၀င်မပါနဲ့)
Man matters most in life - (လူသာ ပဓာန ပါ )
Time out - ( ခဏရပ်နားပေးပါ )
There's one born every minute - ( အချဉ်ဖမ်းရတာလွယ်ပါတယ်)
You are shameless - ( မင်းဟာအရှက်မရှိဘူး)
Mind your p's and q's - (အနေအထိုင်ဆင်ခြင်နော်)
Age before beauty - ( အသက်ကြီးသူကိုဦးစားပေးပါ)
Don't do double - dealing - ( နှစ်ဖက်ချွန်မလုပ်နဲ့)
Just as i thought - ( ထင်တဲ့အတိုင်းပဲ)
I'm buying - (ငါဒကာခံမယ်)
He was all ears - ( သူသိပ်သိချင်နေတယ်)
Don't talk rot - ( မဟုတ်တာမပြောနဲ့)
Don't tell a lie - ( လိမ်မပြောနဲ့)
I'm all ears - ( ငါနားထောင်နေပါတယ်)
Don't you see ? - ( မင်းနားလည်မယ်ထင်ပါတယ်)
Dead or alive - (အသေ ရရ အရှင် ရရ)
Let bygones be bygones - ( ပြီးတာတွေလည်းပြီးပါစေတော့ကွာ)
The point is - ( ငါဆိုလိုချင်တာက)
You're too big for your boots - ( မင်းတော်တော်ကြီးကျယ်တဲ့ကောင်ပဲ)
Get to the point - (လိုရင်းကိုပြောပါ)
That calls for celebration - ( မုန့်ကျွေးသင့်တယ်)
Every second counts - ( စက္ကန့်တိုင်းတန်ဖိုးရှိတယ်)
Give me a sec - ( တစ်စက္ကန့်လောက်အချိန်ပေးပါ)
Right away ! - (အခုချက်ခြင်းပဲ)
You heard me - ( ကြားတယ်နော်)
Perish the thought - ( မစဉ်းစားနဲ့တော့ မေ့ပစ်လိုက်တော့ )
Too little too late - ( နည်းနည်းလေးနောက်ကျသွားတယ်)
That's a poser - ( ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ)
Where the hell have you been ? ( မင်းဘယ်လျှောက်သွားနေတာလဲ)
It's all moonshine - ( လုံး၀အဓိပ္ပာယ်မရှိဘူး)
That 's why - ( အဲဒါကြောင့် ၊ ဒါကြောင့်)
The reason is that - ( အကြောင်းကတော့ဗျာ)
That's because - ( ဘာကြောင့်လဲဆိုတော့)
Don't disturb me - (ငါ့ကိုလာမနှောက်ယှက်နဲ့)
Don't put blame upon other - ( သူများကိုလွှဲမချနဲ့)
It's been said -( ပြောကြတာပဲလေ )
May i have a little chat- ( စကားနည်းနည်းလောက်ပြောပါ၇စေ)
Take care of yourself- (ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်)
Won't you enjoy it? - (မင်းဒါကိုသဘောမကျဘူးလားးး)
Anything to please you? - (မင်းစိတ်ကြိုက်တွေ့ရဲ့လားး)
The best of my ability - (ငါ့အစွမ်းအကုန်ပ)ဲ
That's a deal - (ဒါအတည်ပဲ )
Need anything? - (ဘာလိုသေးလဲ)
So far so good - (အခုအချိန်ထိတော့ ဟုတ်နေသေးတယ် )
What a daft idea! (အဓိပ္ပာယ် မရှိလိုက်တဲ့ အတွေး)
Don't talk ill of others - (သူများမကောင်းကြောင်းမပြောနဲ့)
Look here - (ဒီမယ် ငါပြောမယ်)
Think it over - ( ထပ်စဉ်းစားပါအုံး)
It's not that- (ဒီလိုမဟုတ်သေးဘူးလေ)
You have my word - (ကျွန်တော်ကတိပေးပါတယ်)
For your eyes only - (ဘယ်သူကိုမှမပြနဲ့)
Fairly sensible - (အမြော်အမြင် တော်တော်ရှိတယ်)
Don't indulge your child - ( မင်းရဲ့ ကလေးကိုအလိုမလိုက်နဲ့)
Just so - (ဒီလိုပဲဖြစ်ရမယ်လေ )
That's going beyond joke - ( နောက်တာလွန်လာပြီနော်)
Nonsense - (အဓိပ္ပာယ် မရှိဘူးကွာ)
You'd better treat me - (မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်)
What a pity! - (သနားစရာကောင်းလိုက်တာ )
How absent-minded you are ! - (မင်းနှယ်ကွာ မေ့တက်လိုက်တာ)
You can say that again - (သိပ်ဟုတ်တာပေါ့ ၊ ဟုတ်လိုက်လေခြင်း)
What's the use of it? ( အဲဒါဘာအသုံးကျမှာမို့လို့လဲကွာ)
Do it at once - ( ခုချက်ခြင်းလုပ် )
Don't be reluctant - ( စိတ်မပါလက်မပါ ဖြစ်မနေနဲ့)
The same as ever - ( ခါတိုင်းလိုပါပဲ)
What's available? - (ဘာရနိုင်ပါသလဲ ?)
Leave it to me - ( ငါ့တာ၀န် ထားလိုက်စမ်းပါ )
Don't blame me - (ငါ့ကို အပြစ်လာမတင်နဲ့)
It's not my fault - (ငါ့အမှားမဟုတ်ဘူး )
I don't have all day - (ငါတစ်နေကုန်အချိန်မရဘူး)
If you've got time - (မင်းအချိန်ရရင်)
Please make yourself at home - (ကိုယ့်အိမ်လိုပဲသဘောထားနော်)
Please come and join us - ( ငါတို့ဆီကို လာပါ ၊ ဖိတ်ခေါ်ပါတယ်)
Nature calls ! - ( အိမ်သာသွားလိုက်အုံးမယ်)
Duty calls ! - ( ကိစ္စ ရှိလို့သွားလိုက်အုံးမယ် )
Keep your nerve - (က္ကနြေ္ဒ မပျက်စေနဲ့)
Don't take an air - (ဟိတ်ဟန်ထုတ်မနေနဲ့)
့How much - ( ဘယ်လောက်ကျသလဲ)
Don't argue with me - (ငါ့ကိုလာမငြင်းနဲ့)
Any time - (ဘယ်အချိန်မဆို)
Oh ! you dare say so - ( ပြောရဲ လိုက်တာ )
How dare you are ! (မင်းကရဲလှချည်လားးး)
Listen to me - (ငါပြောတာနားထောင်)
Look here -( ဒီမယ်ငါပြောမယ်)
Any thing? - (ဘာကိစ္စရှိလို့လဲ )
Like father , like son - (ဖေအတူသားပဲ )
Don't dig your own grave - (ကိုယ့် သေတွင်း ကိုယ်မတူးနဲ့)
Something wrong - (တစ်ခုခုမှားနေပြီ)
What's wrong? (ဘာများမှားသွားလဲ)
Not good enough - (သိပ်မကောင်းဘူး)
Don't be talkative - ( စကားမများနဲ့)
Here comes - ( လာပါပြီ )
What's happened? ( ဘာဖြစ်ခဲ့တာလဲ )
How come ! ( ဘယ်လိုဖြစ်တာလဲ)
As ever - (အရင်အတိုင်းပဲ)
Don't interfere - (၀င်မပါနဲ့ ၀င်မစွက်နဲ့)
This beats me - ( ဒါငါ့အတွက်သိပ်ခက်တယ်)
That is to say - ( ပြော၇မယ်ဆိုရင်တော့ )
You got a minute - ( အချိန်နည်းနည်းအားလား )
By the way - (စကားမစပ်)
As you see - (မင်းသိမြင်တဲ့အတိုင်းပဲ)
It goes without saying - (အထူးပြောနေစရာမလိုပါဘူးးးး)
Suit yourself - (စိတ်တိုင်းကျသလိုလုပ် )
Don't give me that - ( ငါ့ကို အငြင်းစကားတွေလာမမေးနဲ့)
Do you mind if i butt in ? - ( ၀င်ပြောရင်စိတ်မရှိနဲ့)
What a coincidence ! - ( တိုက်ဆိုင်လိုက်တာ)
What line are you in ? - (မင်းဘာစီးပွားရေးလုပ်လဲ)
That's not the way to do it - (ဒီလိုမလုပ်ရဘူး)
Can it be shown ? (သက်သေပြနိုင်လား)
So what ? (အဲဒီတော့ဘာဖြစ်လဲ)
Walls have ears ! (လူတွေကြားကုန်မယ်)
Let out - (လျှို့ဝှက်ချက်ကိုပြောပြပါ)
A little bird told me - (သိနေတယ်လေ)
Just you wait - (မင်းသိမယ်)
Let's say grace - ( ဆုတောင်းလိုက်ကြစို့)
I don't care for myself - ( ငါ့အတွက်ငါမပူဘူး)
It's nothing to do with you - (မင်းနဲ့ဘာမှမဆိုင်ဘူး)
Don't feel backward - (တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့)
Don't be afraid - ( ရဲရဲပြော ၊ ရဲရဲလုပ် ၊ အားမနာနဲ့)
Without fail - (မပျက်မကွက်)
Can i make a bargain ? (စျေးဆစ်လို့ရမလား)
Be quiet - (တိတ်တိတ်နေ)
Keep quiet - ( ၊၊ )
Keep silent - ( ၊၊ )
Thank God - (တော်ပါသေးရဲ့)
What a relief ! ( ၊၊ )
Never say never again - ( စကားအကုန်မပြောနဲ့)
To be honest - (ပွင့်ပွင့်လင်းလင်းပြောရရင်)
Home is where the heart is - ( စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ)
You are very curious - ( မင်းအရမ်းစပ်စုတာပဲ)
It'll go down in history - (သမိုင်းတွင်းကျန်ရစ်လိမ့်မည်)
Few and far between - (ရှားမှရှားပါပဲ)
May be - (ဟုတ်ချင်ဟုတ်မယ်)
I don't stand on your tongue - ( ငါသည်းမခံနိုင်တော့ဘူး)
Don't answer back - ( ပြန်မပြောနဲ့)
Mind your own business - (ကိုယ့်အလုပ်ကိုယ်လုပ်ပါ)
It's not your business - ( မင်းအလုပ်မဟုတ်ပါဘူးကွာ)
Don't do like that - ( ဒီလိုမလုပ်နဲ့)
Don't talk like that - ( ဒီလိုမပြောနဲ့)
I'm rather tied up - ( ငါ့မှာ လုပ်စရာတွေတော်တော့်ကိုများနေတယ်)
What a laughing stock ! - ( ရယ်စရာကောင်းလိုက်တဲ့အကောင်)
What a shameless fellow !- (အရှက်မရှိလိုက်တဲ့အကောင်)
What a shameless gue ! - ( ။ )
So far - (ခုချိန်ထိ)
We're not on speaking terms -(ငါတို့မခေါ်ကြဘူး စကားမပြောကြဘူး)
I'm getting tired of it - ( စိတ်ပျက် စိတ်ကုန်လာပြီ )
I'm sick of this - ( ၊၊ )
I'm fed up with it - ( ၊၊ )
Go on - ( ဆက်လုပ် / ဆက်ပြော)
Go ahead - ( ဆက်လုပ် / ဆက်ပြော)
Keep on - ( ဆက်လုပ် / ဆက်ပြော)
Carry on - ( ဆက်လုပ် / ဆက်ပြော)
Surprise ! Surprise ! - ( အံ့ရော အံ့ရော )
Words fail me ! - ( ။ )
That would be better - ( ဒါဆိုရင်ပိုကောင်းမယ်)
You are very childish _ ( မင်းသိပ်ကလေးဆန်တာပဲ)
It wasn't me - ( ကျွန်တော်မဟုတ်ရပါဗျာ)
Who did it ? - ( ဘယ်ကောင်လုပ်တာလဲ )
What a forgetful creature i am ! - (ငါဟာတော်တော်ကိုမေ့တက်တဲ့အကောင်ပဲ )
Oh ! how forgetful i am ! - ( ငါ့နှယ်နော်မေ့တက်လိုက်တာ )
What a fussy fellow ! - ( ပျာယီးပျာယာ နိုင်လိုက်တဲ့ကောင် )
How clumsy you are ! - ( ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ)
Do it before you forget - ( မမေ့ခင်လုပ်လိုက်အုံး)
He's a chip off the old block - (ဘမျိုးဘိုးတူပဲ )
Please , call a spade a spade - ( အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ )
Lest you should forged it - ( မင်းမေ့သွားမှာစိုးလို့ )
It's just that i can't afford - ( ငါမတက်နိုင်လို့ပါကွာ)
I haven't time to do it - ( အဲဒါလုပ်ဖို့ ငါ့မှာ အချိန်မရှိဘူး )
You really were taking liberties - ( မင်းဟာတကယ့်ကို ကဲလွန်းအားကြီးတယ်)
What do you take me for ? - ( မင်းငါ့ကိုဘာအောက်မေ့လို့လဲ )
Knock it off - ( လုပ်မနေစမ်းပါနဲ့)
Don't gossip about other - (သူများအတင်းမပြောနဲ့)
There's nothing to be afraid - ( ဘာမှကြောက်စရာမရှိပါဘူး)
I can't bear to do so - ( ငါဒီလိုမလုပ်ရဲဘူး)
It's the chance of a lifetime - ( ဒါဟာတစ်သက်မှာတစ်ခါ၇တဲ့အခွင့်အရေးပဲ)
Do it any means - (ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ)
Such is life - ( ဘ၀ဆိုတာ ဒီလိုပါပဲကြာ)
I didn't bargain for such trouble - ( ဒီလိုဒုက္ခမျိုး ကြုံ့မယ်လို့ ငါမထင်ခဲ့ဘူး)
Don't bully me - ( ငါ့ကိုဗိုလ်မကျနဲ့ ၊ အနိုင်မကျင့်နဲ့)
Don't be conceited - ( ဘ၀င်မမြင့်နဲ့)
Not as much as you think - ( မင်းထင်သလောက်မဟုတ်ပါဘူး)
I'm all against it - ( အဲဒါကိုငါလုံး၀ ဆန့်ကျင်တယ်)
I don't agree with you - ( မင်းကိုငါသဘောမတူဘူး)
Not like that - (အဲဒီလိုမဟုတ်ဘူး)
More than enough - ( လိုတာထက်တောင်ပိုသေး)
That's enough - ( တော်ပါပြီ )
Not so bad - (သိပ်မဆိုးပါဘူး)
You should - (မင်းလုပ်သင့်တယ်)
His life was in a mess - ( သူ့ဘ၀ကတော့ ညစ်နေပြီ)
Have a heart - ( စာနာပါ ၊ သနားပါ )
Wait and see - ( စောင့်ကြည့်ဦးပေါ့ကွာ)
Not absolutely sure yet - ( လုံး၀မသေချာသေးဘူး)
Oh ! dear me - ( ဖြစ်မှဖြစ်ရလေကွာ)
That's really a pity - ( ဒါဟာတကယ့်ကို သနားစရာပဲ)
It depends - ( အခြေအနေအရပဲ)
It's up to you - (မင်းအပေါ်မူတည်တယ် )
Give me a hug - ( ကဲကဲ ကျေအေးလိုက်ကြစို့)
Not again - ( တော်ပါတော့ ၊ မပြောပါနဲ့တော့)
End of story - ( ။ )
I tell this in confidence - ( မင်းကိုယုံလို့ပြောတာ လျှောက်မပြောနဲ့)
Break it up - (ရန်ဖြစ်တာ တော်ကြတော့)
Not up to much - ( ကျေနပ်ဖွယ်ရာမရှိဘူး)
Do as you do - ( မင်းကြိုက်သလိုလုပ် )
Do as you like - ( ။ )
Thumbs up - ( အောင်ပြီဟေ့ )
All the best - ( အောင်မြင်ပါစေ)
Keep away - (အနားမကပ်နဲ့ ဝေးဝေးေ၇ှာင်)
Keep out - (အနားမကပ်နဲ့ ဝေးဝေးေ၇ှာင်)
Mum's the word - (ဒါကို လျှို့ဝှက်ထား )
Don't be cocky - ( မာန်မတက်နဲ့)
A deal is a deal - ( အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ )
First come , first served ( ဦးရာလူ စနစ်ပဲ )
Everybody his due - ( သူ့နေရာနဲ့သူပဲ)
Keep your mind - (စိတ်ထိန်းပါ )
You shouldn't call people names - (မင်းလူတွေကိုနင်ပဲငဆ မပြောသင့်ဘူး)
Once in a blue moon - (ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှာတစ်ခါဆိုသလို)
He's under a cloud - (သူ့ကို မယုံသင်္ကာ ဖြစ်နေတယ်)
I don't accept it - ( ငါလက်မခံဘူး)
Have a go - (လုပ်ကြည့်)
Shame on you - (မင်းရှက်ဖို့ကောင်းတယ်)
What a shame ! (ရှက်စရာကောင်းလိုက်တာ)
If were in his place - ( ငါသာသူ့နေရာမှာ ဆိုရင် )
If i were in your place - ( ငါသာမင်းနေရာမှာဆိုရင်)
I feel nothing special - (ထွေထွေထူးထူးမခံစားပါဘူး)
If i were you - (ငါသာမင်းဖြစ်ရင်)
Don't do as i do - ( ငါလုပ်သလို လိုက်မလုပ်နဲ့)
Sooner or later - ( အနှေးနဲ့အမြန်ဆိုသလိုပေါ့)
Once a thief , always a thief ( တစ်ခါခြံခုန်ဖူးတဲ့ နွား ၊ ဆက်ခုန်မှာပဲ )
How're things with you? (မင်းကောအားလုံးအဆင်ပြေရဲ့လား)
How's everything? (အစစအရာရာ အဆင်ပြေရဲ့ လား )
Easy now - (စိတ်အေးအေးထားပါ)
Out you go - (ထွက်သွားစမ်း)
Oh ! quite - ( ငါသဘောတူတယ်)
I do - ( ငါသဘောတူတယ်)
I agree with you - ( ငါသဘောတူတယ်)
Don't worry . I've done this before - (မပူပါနဲ့ ၊ ဒါမျိုးအတွေ့အကြုံ ရှိပြီးသား)
Take care - (သတိထား)

ခိုင်မြဲသာ...
..H2

>>>> "မူရင်းရေးသားသူအား Credit ပေးပါသည်။"

Address

Meiktila

Website

Alerts

Be the first to know and let us send you an email when BEHS,Nyaung Gaing-Meikhtila အ.ထ.က ညောင်ကိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BEHS,Nyaung Gaing-Meikhtila အ.ထ.က ညောင်ကိုင်း:

Shortcuts

Share