ဒီနှစ်ဖွင့်တဲ့
ဒီပလုမာ၊
IGCSE CS နဲ့
C++ အတန်းတွေကို
မှတ်ကျောက်တင်နိုင်တဲ့အထိ
အစွမ်းကုန် သင်ပေးဖို့ ကြိုးစားခဲ့ပါ့မယ်
..
အခု အစမှာတင်
ကျောင်းသားအများစုက
သင်ရတာ ပျော်ကြလို့
ဝမ်းသာမိပါတယ်
..
တစ်ရက်ကို
သီအိုရီ သုံးလေးခု နှုန်းနဲ့
သေချာ နားလည်သွားရင်
တစ်နှစ်ဆိုတဲ့ အားက
မသေးလှပါဘူးဗျာ
..
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
AWHtut
personal account မှာ add မရတဲ့ မိတ်ဆွေများနဲ့ ဆက်သွယ်အကြောင်းကြားဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ...
05/06/2024
https://youtu.be/JGzC4NWG2ko
CS2025 သင်တန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့
IGCSE CS ဘာသာရပ်ရဲ့အစမှာ
Number System အကြောင်း မိတ်ဆက်ပေးထားတာဖြစ်ပါတယ်
..
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
CS2025 (lecture - 1) IGCSE O level CS 1 - Number System Introduction https://www.facebook.com/AungWinHtutGH/CS2025 သင်တန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ IGCSE CS ဘာသာရပ်ရဲ့အစမှာNumber System အကြောင်း မိတ်ဆက်ပေးထားတာဖြစ်...
Telegram မှာ Channel တစ်ခု ထောင်ထားပါတယ်
ပညာဒါန သင်ခန်းစာတွေ
ဆွေးနွေးချက်လေးတွေ
မျှဝေပေးပါဦးမယ်
အဲဒီကိုလာခဲ့ကြပါဦး ခင်ဗျာ
Green Hackers Online Training Dr. Aung Win Htut (Founder of Green Hackers)
30/05/2024
ကျောင်းတွေ ဖွင့်ကာနီးပြီဆိုတော့
မှတ်စု ထုတ်နည်းလေး တင်ပေးပါရစေ
https://youtu.be/sMBa9ktY-d4
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
မှတ်စုကို စနစ်တကျ ဘယ်လို ထုတ်ကြမလဲ https://www.facebook.com/AungWinHtutGH/Cornell Note Taking System ကို အနည်းငယ် ပြုပြင်ထားတဲ့စနစ်တစ်ခု ဖြစ်ပါတယ်...Green Hackers Online Training မှ ပညာဒါန သင်...
30/05/2024
ကဲ ဒီနှစ်အတွက် နောက်ဆုံး အခွင့်အရေးပါ
ထိုင်းတို့ စလုံးတို့မှာ ကျောင်းတက်ချင်လား
ပြည်ပထွက်ဖို့ IT အခြေခံကောင်းကောင်းလိုနေလား
တက္ကသိုလ်မှာ ကိုယ်သင်ကြားပေး သို့ သင်ယူရမယ့် ဘာသာရပ်ကို အသေးစိတ် လေ့လာချင်လား
အိုင်တီ ကို အသက်မွေးဖို့ ရွေးချယ်ထားပြီး ဘာမှ မသိသေးဘူးလား
ဒီသင်တန်းတွေက မိတ်ဆွေတို့ ဘဝကို
ပြောင်းလဲ ပေးနိုင်ပါလိမ့်မယ်
..
အခြေခံကောင်းတွေရပြီးသွားရင်
ကျန်တဲ့ လမ်းခရီးဟာ မြန်ဆန်ချောမွေ့သွားမှာဖြစ်လို့
အခွင့်အရေးရတုန်း
စာရင်းပေးကြဖို့
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ ခင်ဗျာ
..
မိမိတို့ သူငယ်ချင်း၊ မိတ်ဆွေများ၊ ကလေးငယ်များကို
လမ်းညွှန် Share ပေးကြဖို့လဲ မေတ္တာရပ်ခံပါရစေ ခင်ဗျာ
..
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
IT မှာ သင်္ချာက အရေးမကြီးဘူး ပြောနေကြပါတယ်
ရေကူးတာ လက်ပစ်ကူးလဲရပါတယ်
လှေလေးနဲ့ကူးလဲ ရပါတယ်
သင်္ဘောနဲ့ကူးလဲရပါတယ်
ကိုယ်ဘာကိုဖြတ်ကူးချင်တာလဲဆိုတဲ့အပေါ်မူတည်ပြီး
အပန်းသိပ်မကြီးရင်
အစထဲက အချိန်ယူပြီး
လှေကြီးကြီးဆောက်ထားသင့်ပါတယ်ဗျာ
..
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
04/12/2023
!!! Ransomware Alert !!!
===============
မနေ့က တပည့်တွေကို ပြောပြဖြစ်တယ်
Ransomware ပြဿနာအတော်ကြီးလာပြီလို့
ပြင်ဦးလွင်က ဓာတ်ပုံသမားတစ်ယောက်လဲ ထိသွားတယ် ကြားရပါတယ်
..
အလှူ၊ မင်္ဂလာဆောင် ပွဲ ၂၀စာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပါသွားတာ
သူတို့တောင်းသလောက် သိန်း၃၀ နီးပါး ပေးလိုက်ရတယ် ပြောတယ်
..
Ransomware က မိတ်ဆွေတို့ ကွန်ပျူတာထဲကဖိုင်တွေအားလုံးကို
မိနစ်ပိုင်းအတွင်း ဖွင့်မရအောင် လုပ်လိုက်ပါလိမ့်မယ် (ဝှက်စာလုပ်လိုက်တာ)
အဲဒါကို ဘယ်နည်းနဲ့မှ အရင်လို ပြန်သုံးလို့ရအောင် မလုပ်နိုင်တော့ပါဘူး
သုံးချင်ရင် သူတောင်းတဲ့အတိုင်း ပိုက်ဆံလှမ်းလွှဲပေးမှ
ဝှက်စာဖော်တဲ့ software နဲ့ ကီးကို လှမ်းပို့ပေးမှာပါ
..
ဒီတော့
1. Windows ကို Serial Key နဲ့ original version သုံးပါ (Crack သုံးမယ်ဆိုလဲ ပြင်ထားတဲ့ Windows မသုံးဘဲ တရားဝင် ပေးတဲ့ Windows ကို ဒေါင်းပြီးမှ Crack ပါ)
2. Antivirus Software ကို ဝယ်သုံးပါ
3. Crack Software တွေမလိုဘဲ အရေးကြီးတဲ့ ကွန်ပျူတာမှာ မစမ်းပါနဲ့။ စမ်းဖို့ သက်သက် ကွန်ပျူတာ တစ်လုံး သုံးနိုင်ရင်ပိုကောင်းပါတယ်။ သေချာပြီးသား Software ကို၊ သုံးနေကျကိုပဲ သုံးပါ။
4. အင်တာနက်ပေါ်က တွေ့ကရာလင့်တွေကို မနှိပ်မိပါစေနဲ့။ မက်ဆင်ဂျာက ကိုယ်နဲ့သိတဲ့လူပို့လဲ မနှိပ်ပါနဲ့။
.
မိတ်ဆွေများအားလုံး Ransomware အန္တရာယ်က
ကင်းဝေးကြပါစေ
ရန်သူမျိုးငါးပါးဘေးကနေလဲ
လွတ်ကင်း၍ ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ
..
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
28/04/2020
စက်မှုတော်လှန်ရေး အပိုင်း(၂)
========================
ယခုအခါ ဗြိတိန်တွင် ဈေးနှုန်းချိုသာပြီး မကုန်ခမ်းနိုင်အောင် များပြားလှသည့် ကျောက်မီးသွေး စွမ်းအင်ကို ရရှိနေပြီ ဖြစ်ပါသည်။ သို့ရာတွင် ဗြိတိန်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးမှုသည် ကျောက်မီးသွေးပေါများသည့် ပထဝီ အနေအထားပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပါ။
.
ဗြိတိန်နိုင်ငံ မြေအောက်တွင် ကျောက်မီးသွေးများက လွန်ခဲ့သည့် နှစ်သန်းများစွာကထဲက ရှိနေခဲ့ခြင်း ဖြစ်ပြီး စက်မှုတော်လှန်ရေးကို အစမပြုနိုင်ခဲ့ပါ။ သို့ဖြစ်လျှင် မည်သည့် အချက်က ဗြိတိန်ကို ကြီးစွာ ပြောင်းလဲ စေခဲ့ခြင်းဖြစ်နိုင်ပါသလဲ။
..
Newcomen အနေဖြင့် ရေနွေးငွေ့စက်ကို တီထွင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ ထိုစဉ်က ဗြိတိန်တွင် အသိဉာဏ်ပညာ မြင့်မားလာနေသည့် အချိန်ကာလ ကြောင့်လည်း အပါအဝင် ဖြစ်ပါသည်။
အခြားဥရောပနိုင်ငံများနှင့် မတူညီပဲ ဗြိတိန်တွင် သိပ္ပံနှင့် နည်းပညာရပ်များ ပူးပေါင်း ဖလှယ်နေကြချိန် ဖြစ်ပါသည်။
.
ဗြိတိန်တွင် အခြား ဥရောပနိုင်ငံများတွင် ကြုံတွေ့နေရသည့် ဘုရားကျောင်းနှင့် အာဏာပိုင်များက သိပ္ပံဆိုင်ရာ အယူအဆ နှင့် အတွေးအခေါ်များကို တားမြစ်ပိတ်ပင်ခြင်းမျိုး ကို မခံစားခဲ့ကြရပါ။ ရှေ့နှစ်ပေါင်း ၁၀၀ ခန့်ကပင် ဗြိတိန်နိုင်ငံ အနှံ သိပ္ပံဆိုင်ရာ တီထွင်ဖန်တီးမှုများ ပျံ့နှံ့ လျက် ရှိပါသည်။
.
ဆာ အိုင်းဆက် နယူတန်က မြေဆွဲအားကို ပထမဆုံးအကြိမ် ရှင်းပြနိုင်ခဲ့ပါသည်။ Robert Boyle ကလည်း လေနှင့် ဓာတ်ငွေ့များတွင် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ရှိကြောင်း ပြနိုင်ခဲ့ပါသည်။
.
ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည် ဆိုသည့် ခရစ်ယာန် ဘာသာရေး အယူအဆများကို ကမ္ဘာကြီးနှင့် သဘာဝတရားကြီးကို သိပ္ပံနည်းကျ ရှင်းလင်းပြထားသည့် သက်သေပြချက်များ၊ ဥပဒေသများကို လက်ခံသည့် လူတန်းစားက စိန်ခေါ်နေသည့် အချိန် ဖြစ်ပါသည်။ ထိုခေတ်ကို Age of Reason ဟု ခေါ်ဆိုခဲ့ကြပါသည်။
.
ခရီးလှည့်လည်၍ သင်ကြားပေးနေကြသည့် Lecturers များက သိပ္ပံပညာ ဗဟုသုတ ငတ်မွတ်မှုကို ဖြည့်ဆည်းပေးခဲ့ကြပါသည်။
နက္ခတ္တဗေဒ ပညာရပ်မှာလည်း တိုးတက်ထွန်းကားလာခဲ့ပြီး William Hershal က ယူရေးနပ်စ်ဂြိုလ်ကို စတင်တွေ့ရှိခဲ့ပါသည်။
.
ထို့ကြောင့် ထိုအချိန်က ဗြိတိသျှတို့ အနေဖြင့် နောက်ဆုံးပေါ် နည်းပညာများ တီထွင်ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယုံကြည်ချက်များ ရှိနေခဲ့ပါသည်။
ယခုအခါတွင်မတော့ အဆိုပါ တီထွင်မှုများကို လက်တွေ့ အသုံးချနိုင်ရန် နည်းလမ်းများ ရှာဖွေနေသည့် ပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုများ ကြီးထွားလာပြီ ဖြစ်ပါသည်။
အတွေးအခေါ် သမားနှင့် လက်တွေ့သမားများ အတူတကွ စုစည်းမိကြပြီး ထိုအဖြစ်အပျက်ကို Industrial Enlightenment ဟု ခေါ်ဆိုခဲ့ကြပါသည်။
.
ဆက်ရန်
.
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
28/04/2020
စက်မှုတော်လှန်ရေး အပိုင်း(၁)
========================
ဗြိတိန်နိုင်ငံတွင် စက်မှုတော်လှန်ရေး စတင်ခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ နိုင်ငံ၏ ပထဝီ အနေအထားအရ ကျောက်မီးသွေး ကြွယ်ဝသည့် နေရာဖြစ်သောကြောင့် ဖြစ်ပါသည်။ အဆိုပါ စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံကိုသာမက တစ်ကမ္ဘာလုံးကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့ပါသည်။
..
အဲဒီအချိန်မတိုင်မီက ဗြိတိန်တွင် လောင်စာအဖြစ် ထင်းကို အဓိက သုံးစွဲခဲ့ကြရပါသည်။ ထိုအချိန်က ထင်းများကို သယ်ယူပို့ဆောင်ရန် ခက်ခဲသလို ဈေးနှုန်းလဲ ကြီးမြင့်ပါသည်။ ထို့ကြောင့် ဗြိတိန်အနေဖြင့် လောင်စာ အသစ်တစ်ခု လိုအပ်လာသည်မှာ ထင်ရှားပါသည်။ သစ်သားထက် ကျောက်မီးသွေးက စွမ်းအင် ၃ ဆ ပိုများသောကြောင့် ကျောက်မီးသွေးကို ပြောင်းလဲ သုံးစွဲလာကြပါသည်။
..
လူ့သမိုင်းတစ်လျောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် လောင်စာနှင့် ပါဝါအတွက် ကျောက်မီးသွေးကို အမြောက်အများ တူးဖော်ကြရပါတော့သည်။ အခြား နိုင်ငံများ တွင် ကျောက်မီးသွေးကို သယ်ယူပို့ဆောင်ရန် ကုန်ကျစားရိတ် များပြားသော်လည်း အင်္ဂလန်နိုင်ငံ၏ ကျောက်မီးသွေးတွင်းများသည် ပင်လယ်နှင့် နီးသောကြောင့် ရေလမ်းမှ သင်္ဘောများဖြင့် အဓိက ဈေးကွက်ဖြစ်သော လန်ဒန်မြို့သို့ သက်သာလွယ်ကူစွာ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
..
ကျောက်မီးသွေး လိုအပ်ချက်များ များပြားလာသည်နှင့် အမျှ မိုင်းတွင်းများကို နက်သထက် နက်အောင် တူးလာကြရပါသည်။ မိုင်းတွင်းများ နက်လေလေ ရေစိမ့်ဝင် ရေလျှံလာလေ ဖြစ်ပါသည်။ မိုင်းတွင်းများ မပြိုအောင် ရေများကို နိုင်နိုင် စုပ်ထုတ်နိုင်ဖို့ နည်းလမ်းများ လိုအပ်လာခဲ့ပါသည်။
..
အစောပိုင်း ကာလများတွင် မြင်းဆွဲအားဖြင့် ရေစုပ်တင်သည့် စနစ်ကို တီထွင်ခဲ့ကြပါသည်။ ပေ ၉၀ အနက် အထိ အဆိုပါ နည်းလမ်းကို အသုံးပြုနိုင်သော်လည်း ထို့ထက် ပိုနက်သည့် နေရာတွင် ကျောက်မီးသွေးကြောများ အမြောက်အများ ကျန်နေပါသေးသည်။ ထို့ကြောင့် ထိုစဉ်အချိန်က မိုင်းတွင်းများမှ ရေကို ထိရောက်စွာ စုပ်ထုတ်ပစ်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်သူသည် ချမ်းသာကြွယ်ဝလာမည်မှာ သေချာပါသည်။
..
အဆိုပါ တွန်းအားကြောင့် Thomas Newcomen သည် မိုင်းတွင်းများ ရေစုပ်ထုတ်ရန် နည်းလမ်းများကို ရှာကြံဖြေရှင်းဖို့ ကြိုးစားခဲ့ပါတော့သည်။ ၁၇၁၂ ခုနှစ်တွင် Newcomen သည် ကျောက်မီးသွေး လောင်စာဖြင့် အသုံးပြုသည့် ရေနွေးငွေ့အင်ဂျင်နှင့် ရေစုပ်စက် တီထွင်နိုင်ခဲ့ပါသည်။ ကမ္ဘာ့ပထမဆုံး လက်တွေ့ စီးပွားဖြစ် အသုံးချနိုင်သည့် ရေနွေးငွေ့အင်ဂျင်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
..
မြင်းကောင်ရေ ၂၀ အားရှိပြီး မြေအောက် အနက်ပေ ရာပေါင်းများစွာက ရေကို စုပ်ထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် မိုင်းတွင်းများကို အနက်ကြီး တူးနိုင်လာပြီ ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ စက်မျိုးသည် ကျောက်မီးသွေး တန်ပေါင်းများစွာ အသုံးပြုလည်ပတ်ရသဖြင့် ကျောက်မီးသွေး အလကားနီးပါးရသည့် မိုင်းတွင်းဝတွင်သာ ထားရန် အဆင်ပြေပါသည်။ ထိုစဉ်က စက်မှာ efficiency မကောင်းသော်လည်း ကျောက်မီးသွေးကို အသုံးချနိုင်သည့် အလားအလာများစွာကို ဖန်တီးပေးခဲ့ဖြင်း ဖြစ်ပါသည်။ Newcomen ရေနွေးငွေ့ အင်ဂျင်၏ နောက်ဆက်တွဲ အကျိုးကျေးဇူးများကား ကြီးကျယ်ခမ်းနားလှပေသည်။
.
ဆက်ရန်
.
မေတ္တာဖြင့်
Dr. Aung Win Htut
Founder of Green Hackers
KOVID-19 ကို တိုက်ဖျက်ဖို့
အိမ်မှာထိုင်ပြီး ဘာမှ လုပ်မပေးနိုင်ရင်တောင်
ကိုယ့်အိမ်က ကွန်ပျူတာလေးတွေရဲ့
တွက်ချက်နိုင်စွမ်းကို ဆော့ဖ်ဝဲလ်လေးတစ်ခု ဒေါင်းပြီး run ပေးထားခြင်းဖြင့် ပါဝင်ကူညီနိုင်ကြပါပြီ ခင်ဗျာ။ ဒီမှာ ဒေါင်းပါ https://foldingathome.org/start-folding/
passkey ကိုဒီနေရာကနေ ယူပါ https://apps.foldingathome.org/getpasskey
..
ဘယ်လိုလုပ်ရမလဲ သိချင်ရင် အောက်က ဗီဒီယိုကိုကြည့်ပါ
သူငယ်ချင်းတွေပါ ပူးပေါင်းပါဝင်နိုင်အောင်
ကူညီ Share ပေးကြပါဦး ခင်ဗျ
.
Dr. အောင်ဝင်းထွဋ်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Maymyo
100201