12/01/2026
ကျောင်းတော်ကြီးအနေဖြင့် (၁၀.၁.၂၀၂၆)တွင် Peace Education နှင့်ပတ်သက်သော "ယနေ့ခေတ်ဓမ္မအမှုတော်ဆောင်များနှင့် ငြိမ်းချမ်းမှုတည်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် တစ်ရက်တာ သင်တန်းပြုလုပ်ခွင့်ရခဲ့ပါသည်။
အချိန်ပေး၍ လာရောက်သင်ကြားပို့ချပေးသော ဆရာမဒေါ်သန်းသန်းအေးအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထို့နည်းတူ လာရောက်ပါဝင်အားဖြည့်ကြသော သာသနာနယ်ရုံးမှ ဆရာ/မများ၊ အင်းတော်များမှ ဓမ္မအမှုတော်ဆောင်များ၊ ကျောင်းသားဟောင်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
အဘက်ဘက်မှ ပါဝင်အားဖြည့်ပေးကြသော ကျောင်းတော်ကြီးမှ ကျောင်းအုပ်ဆရာမကြီးမှစ၍ ဆရာ/မ အယောက်စီတိုင်းကိုသော်လည်းကောင်း၊ ကျောင်းသူ/သားများကိုသော်လည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။
မိမိတို့လေ့လာ သင်ယူရရှိခဲ့သော အသိပညာများ၊ ဗဟုသုတများ၊ အတွေးသစ်အမြင်သစ်များဖြင့် မိမိတို့ရဲ့ မိသားစု၊ဝန်းကျင်၊ အသင်းတော်၊ သနာသနာ့လုပ်ငန်းများ၌ ပြန်လည်၍ အသုံချလျက် ဘုရားသခင်၏အမှုတော်မြတ်၌ သာ၍ဆက်ကပ်အသုံးတော်ခံနိုင်ပါစေ။
ငြိမ်ချမ်းရေးကိုလိုလားသော၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသောသူများဖြစ်လျက် ကိုယ်တိုင်ရဲ့အတွင်းနှလုံးသား၌လည်း ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်ပြည့်ဝပါစေ။
05/01/2026
နှစ်သစ် လသစ်မှာ မွေးနေ့ကျရောက်သော မွေးနေ့ရှင် (၄)ဦးအတွက် မွေးနေ့ဆုတောင်းစကား
🎉ပျော်ရွှင်ပြီး ကျန်းမာသော မွေးနေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ🎉
၄ရက်နေ့မှာ မွေးနေ့ကျရောက်သော တီးခလစ်ဖော့ရွှေ
၄ရက်နေ့မှာမွေးနေ့ကျရောက်သော နော်ကော်သဘလေးဖော
၅ရက်နေ့မှာ မွေးနေ့ကျရောက်သော သရာမူသောသောဒို
၃၀ရက်နေ့မှာ မွေးနေ့ကျရောက်သော သရာဒါးထူး
🥳🥳 မွေးနေ့ရှင် (၄) ဦးအပေါ် ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီးဆုကျေးဇူးများ သက်ရောက်ပါစေကြောင်း၊ ဘုရားသခင်ရဲ့အမှုတော်မြတ်ထဲ၌ တိုး၍သာ၍ ဝမ်းမြောက်ရွှင်လန်းစွာ၊ ကျန်းမာစွာဖြင့် ဆက်ကပ်အစေခံနိုင်ပါစေကြောင်း၊ မွေးနေ့မှ စ၍ ရှေ့ဆက်ရမယ့်နေ့ရက်များမှာ ဘုရားသခင်၏ လမ်းပြပို့ဆောင်ခြင်း၊ ကွယ်ကာစောင်မခြင်းအားဖြင့် ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေကြောင်း မေတ္တာပို့ဆုတောင်းပေးပါတယ်
😊 မွေးနေ့ရှင် ကျောင်းသူ/သား နှစ်ဦးသည်လည်း ဘုရားသခင်ထံမှလာသော ဉာဏ်ပညာအလင်းများဖြင့် ဓမ္ပညာရပ်များကို စာတွေ့ လက်တွေ့ အကောင်းဆုံးဆည်းပူးလေ့လာ၊ သင်ယူနိုင်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်
28/12/2025
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ သူနှစ်ဦးရှိပါတယ်။
ပထမတစ်ဦးကတော့ ကျမတို့ချစ်ခင်လေးစားရပါသော ဆရာတော်အောင်နိုင်ဦး ဖြစ်ပါတယ်။ ဘုရားသခင်ထံမှ လုံလောက်တဲ့ကျန်းမာခြင်း ဆုကျေးဇူးကို ပိုင်ဆိုင်ရရှိပြီး ဘုရားသခင်၏ အမှုတော်မြတ်၌ တိုး၍ ဆက်ကပ်အသုံးတော်ခံနိုင်ပါစေ။ မွေးနေ့မှစ၍ နောင်လာမည့်နေ့ရက်များမှာလည်း ဘုရားသခင်ထံမှ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျန်းမာခြင်း ဆုကျေးဇူးများ ခံစားရရှိပါစေ။
ဒုတိယတစ်ဦးကတော့ L.Th (1)မှာ ပညာသင်ကြားနေသော နော်အယ်စူမူးပဲဖြစ်ပါတယ်။ အမှုတော်အတွက် ပြင်ဆင်နေသောကာလတလျှောက်လုံးမှာ ဘုရားသခင်ထံမှ ဉာဏ်ပညာအလင်းကိုရရှိပြီး စာတွေ့လက်တွေ့ ဓမ္မပညာများနှင့် အမှုတော်လုပ်ငန်းများကို သင်ယူဆည်းပူးနိုင်ပါစေ။ ဘုရားသခင်၏ ပို့ဆောင်လမ်းပြခြင်းအားဖြင့် ဓမ္မပညာများကို ကျန်းမာ ရွှင်လန်းစွာဖြင့် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ပါစေ။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။
ယနေ့မွေးနေ့ကျရောက်သော မွေးနေ့ရှင်နှစ်ဦးအပေါ် ဘုရားသခင်ထံမှ လူတို့ကြံစည်၍မမှီနိုင်သော ကြွယ်ဝသော ကောင်းချီးဆုကျေးဇူးများ သက်ရောက်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
🥳🎉 Happy Blessed birthday to both of you 🎉🥳
23/12/2025
🥳🥳ယနေ့မှာ ထပ်မံကျရောက်လာတဲ့မွေးနေ့ရှင်ကတော့
ဘက်စုံရ Music Teacher သရာမူခင်လေးဖြူပဲဖြစ်ပါတယ်
သဘာဝကို ချစ်မြတ်နိုးသော၊ တေးဂီတကိုနှစ်သက်သော သူတစ်ဦးဖြစ်သည့်အလျောက် သဘာဝတရားရဲ့လှပမှုတွေနဲ့ ပြည့်စုံပါစေ။
🎉🎉 မွေးနေ့မှာ ခန္ဓာ၊ စိတ်၊ ဝိညာဉ် ပျော်ရွှင်ကျန်းမာပြီး အလှတိုးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။ ပိုမို လှပတဲ့ ဂီတသံစဉ်တွေနားဆင်ခံစားရစေဖို့ ကျောင်းတော်ကြီးမှာ ဆက်လက်၍ သင်ကြားပြသ၊ ပို့ချပေးနိုင်ပါစေ။ အမှုတော်မြတ်ထဲမှာလည်း ဝမ်းမြောက်ရွှင်လန်းစွာဖြင့် တိုး၍သာ၍ ဆက်ကပ်အသုံးတော်ခံနိုင်ပါစေ။
😊😊 ခရစ်တော်ဖွားမြင်တဲ့ လမြတ်မှာ မွေးဖွားသည့်နည်းတူ ခရစ်တော်ယူဆောင်လာသော ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကျန်းမာခြင်း ကောင်းချီးဆုကျေးဇူးများစွာ ပိုင်ဆိုင်ရရှိပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#မှတ်ချက်။ ယနေ့ အက်တမင် အလုပ်နည်းနည်းများသွားလို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်😁
23/12/2025
#အပိုင်း (၂)
ကျွေးမွေးဧည့်ခံခြင်းနှင့် လက်ဆောင်ဖလှယ်ခြင်း
အကြီးမြတ်ဆုံးသော လက်ဆောင်ကို ရရှိသည်သာမက လူသားအချင်းချင်း လက်ဆောင်များကို ပေးဝေခြင်းဖြင့် သခင်ယေရှုရဲ့ မေတ္တာကို ထုတ်ဖော်ကြပါစို့။
22/12/2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်
၂၀၂၅ ခုနှစ် ဖူးအောင်ဒွေးကျမ်းစာသင်ကျောင်း၏ ခရစ္စမတ်
#ဝတ်ပြုကိုးကွယ်ခြင်း (အပိုင်း ၁)
ခရစ်တော်ဖွားမြင်ရာ လမြတ်မှာ လူသားတိုင်း စိတ်ရဲ့ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံပါစေ။
ဧမာနွေလဘုရား သင်တို့နှင့်အတူရှိ၍ မကောင်းသောအမှုအရာများမှ ကွယ်ကာလျက် အစဉ်အမြဲ မစတော်မူပါစေသော်။
18/12/2025
🎉🎉 ယနေ့မွေးနေ့ရှင်ကတော့ ဘက်စုံရ ဆရာမ
Librarian သရာမူဒီးနိုင်ဒိုး ပဲဖြစ်ပါတယ်
🥳🥳 ပျော်ရွှင်၊ ကျန်းမာသော မွေးနေ့လေးဖြစ်ပါစေ🥳🥳
😊ကျောင်းကိုချစ်သော၊ ပန်းလေးတွေကိုချစ်တတ်သော၊ အချက်အပြုတ်ကျွမ်းကျင်သော၊ သီချင်းအဆိုကောင်းသော၊ သူတပါးကို ကူညီတတ်သော၊ အသံချိုချိုလေးနဲ့ဆုံးမတတ်သောဘုရားပေးထားတဲ့အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသောသူမ။ သူမရဲ့ကျွမ်းကျင်မှုများကြောင့် အရသာရှိသော စားစရာများကို ကျောင်းသူ/သားများဟာ မကြာခဏဆိုသလို စားရတဲ့အခါ ပြုံးပျော်နေတတ်ကြတယ်။
😊 မွေးနေ့မှစလို့ နောင်လာမယ့်နေ့ရက်များမှာလည်း ခန္ဓာ၊စိတ်၊ဝိညာဉ် သုံးပါးလုံး ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ကျန်းမာခြင်း ဆုကျေးဇူးများ ခံစားရရှိပါစေ။ အမှုတော်မြတ်ထဲမှာလည်း တိုး၍သာ၍ ဆက်ကပ်အသုံးတော်ခံနိုင်သောသူဖြစ်ပါစေ။ ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီးဆုကျေးဇူးများစွာ သက်ရောက်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
16/12/2025
ဒီဇင်ဘာလရဲ့ နောက်ထပ်မွေးနေ့ရှင်ကတော့ L.Th Third year မှာ ဓမ္မပညာသင်ယူနေသော နော်ဆုမြတ်ရှယ်ပဲဖြစ်ပါတယ်
🥳🥳 ယနေ့ကျရောက်သော မွေးနေ့မှာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ သူငယ်ချင်းများနှင့်လည်း ပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။
😊😊 ရှေ့ဆက်ရမယ့် နေ့ရက်များမှာလည်း ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီး ဆုကျေးဇူး များစွာခံစားရရှိပါစေ။
အမှုတော်မြတ်အတွက် ပြင်ဆင်နေချိန်တလျှောက်လုံးမှာလည်း ဘုရားသခင်ထံမှလာသော ဉာဏ်ပညာအားဖြင့် ဓမ္မပညာရပ်များကို အကောင်းဆုံး သင်ယူလေ့လာနိုင်ပါစေ။ စာတွေ့သာမက လက်တွေ့သင်ယူရတဲ့အရာများကိုလည်း အကောင်းဆုံးသင်ယူပြီး လက်တွေ့ပြန်လည်အသုံးချနိုင်သောသူဖြစ်ပါစေ။
🎉🎉 မွေးနေ့ရှင်အပေါ် ဘုရားသခင် သာ၍ ကောင်းချီးပေး အသုံးပြုပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်
14/12/2025
Be happy and blessed to your special day 🥳
🎉🎉 ယနေ့ရဲ့မွေးနေ့ရှင်က ကျောင်းတော်ကြီးရဲ့ Student Dean သရာမူကစယ်ဖော ဖြစ်ပါတယ်🥳🥳
😊 နောင်လာမယ့်နေ့ရက်များမှာ လူတို့ကြံစည်၍မမီနိုင်သော ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း ဆုကျေးဇူးများ ဘုရားသခင်ထံမှ သက်ရောက်ခံစားရရှိပါစေ။ ဘဝရဲ့ ပျော်ရွှင်ခြင်း၊ ခက်ခဲခြင်း ရသအစုံကိုလည်း ဘုရားသခင်ရဲ့ လမ်းပြခြင်း၊ ခွန်အားပေးခြင်းအားဖြင့် ဖြတ်သန်းနိုင်ပါစေ။
😊 ဘဝတလျှောက် ချစ်သောခင်ပွန်း၊ သား၊ သမီးများနှင့်လည်း ကျန်းမာ၊ ပျော်ရွှင် ဝမ်းမြောက်စွာ ဖြတ်သန်းနိုင်ပါစေ။
❤️ အမှုတော်မြတ်ထဲမှာ တိုး၍သာ၍ ဆက်ကပ်အသုံးတော်ခံနိုင်သောသူဖြစ်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ/မများ၊ ကျောင်းသူ/သားများမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
05/12/2025
ဒီဇင်ဘာလရဲ့မွေးနေ့ရှင်များထဲမှ
ယနေ့မှာ မွေးနေ့ကျရောက်သော သူနှစ်ဦးရှိပါတယ်။
ကျောင်းတော်ကြီးရဲ့ ဘဏ္ဍာထိန်းဖြစ်သော အဖူးသရာဒိုစိုးထူးဘောနှင့် ကျောင်းတော်ကြီးရဲ့ Academic Dean ဖြစ်သော သရာမူ Naw Ebenezer တို့ပဲဖြစ်ပါတယ်...
🥳🥳 ယနေ့ကျရောက်သော မွေးနေ့မှာ ပျော်ရွှင်ခြင်း၊ဝမ်းမြောက်ခြင်းများနှင့် ဖြတ်သန်းကြရပါစေ။ လာမည့်နေ့ရက်များမှာလည်း အမှုတော်မြတ်ထဲမှာ တတ်စွမ်းသမျှ ပါဝင်ဆက်ကပ်အသုံးတော်ခံနိုင်သောသူများဖြစ်ကြပါစေ...
🤵🤵 အသက်အရွယ်ကြီးရင့်ပြီဖြစ်သော်လည်း ကျောင်းတော်ကြီး၏ အငန်းအတာများကို အားတက်သရော ပါဝင်ဆက်ကပ် လျှက်ရှိသော အဖူးသရာအပေါ် ဘုရားသခင် သာ၍ကောင်းချီးပေးပါစေ...
😍😍 သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဆုတောင်းခြင်း၏တန်ခိုးဖြင့် ဘေးအန္တရာယ်ကို မကြောက်ရသောအခွင့်နှင့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းဖြင့် ကျောင်းတော်ကြီး၏အငန်းအတာ၊ သင်ကြားရေးများ၌ ပြန်လည်၍ ဆက်ကပ်နိုင်သော၊ ကျန်းမာခြင်းဆုကျေးဇူးများ သရာမူအပေါ် သက်ရောက်ပါစေ...
Happy Blessed birthday to both of you 🥳🎉
🥳🥳 ယနေ့မွေးနေ့ရှင်နှစ်ဦးအပေါ်မှာ ဘုရားသခင်ထံမှာ လူတို့ကြံစည်၍မမီနိုင်သော ကြွယ်ဝသော ကောင်းချီးဆုကျေးဇူးများစွာ သက်ရောက်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာ၊ဆရာမများ၊ ကျောင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...
30/11/2025
နိုဝင်ဘာလရဲ့ မွေးနေ့ရှင်များကတော့ 🎉🥳🎉
🤵ကျောင်းတော်ကြီးရဲ့ ရုံးအုပ်ဖြစ်သော သရာဆာယူစေး
😊ကျောင်းတော်ကြီးရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်သော သရာမူခက် တို့ပဲဖြစ်ပါတယ်။
စစ်မှန်သော ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ပြီးပြည့်စုံသော မွေးနေ့ရက်မြတ်ကို မြင်တွေ့ဖြတ်သန်းပြီးသကာလ ဘုရားသခင်ပြင်ဆင်ထားသော မမြင်ရသေးတဲ့ ကြွယ်ဝသောကောင်းချီးမင်္ဂလာများကို လာမည့်နေ့ရက်တိုင်းမှာ ခံစားရရှိပါစေ။
ကျောင်းတော်ကြီး၏ သင်ကြားရေး၌သော်လည်းကောင်း၊ အမှုတော်မြတ်၌သော်လည်းကောင်း တိုး၍သာ၍ ဆက်ကပ်အသုံးတော်ခံနိုင်သောသူများဖြစ်ကြပါစေ။
ဘဝခရီးလမ်း၌ ကြံစည်မျှော်လင့်ထားသည့်အရာများကိုလည်း အကောင်ထည်ဖော်လုပ်ဆောင်နိုင်ပါစေ။
😊😊 သရာမူခက်နှင့် မိသားစုအပေါ်၌သော်လည်းကောင်း၊
သရာဆာယူစေးနှင့်မိသားစုအပေါ်၌သော်လည်းကောင်း ထာဝရဘုရားထံတော်မှ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျန်းမာခြင်း ကောင်းချီးဆုကျေးဇူးအဖြာဖြာ သက်ရောက်ပါစေကြောင်း ကျောင်းတော်ကြီးမှ ဆရာမများနှင့်တကွ ကျောင်းသူကျောင်းသားများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။