မင်္ဂလာရှိသော နှစ်သစ်မှစတင်ကာ
- ကျန်းမာချမ်းသာကြပါစေ။
- စီးပွားဉစ္စာတိုးတက်ကြပါစေ။
- ပညာကြီးမြင့်ကြပါစေ။
- အေးချမ်းပျော်ရွှင်ကြပါစေလို့ People Power Institute PPI မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
People Power Institute - PPI
Human Resources is the Most Valuable!
လူ့စွမ်းအားသည်သာ တန်ဖိုးအရှိဆုံးဖြစ်သည် ••••
12/03/2025
😎“ဒုက္ခကို မွမ်းမံပါ”😎
💭 ဘ၀မှာ အခက်အခဲတစ်ခုနဲ့တွေ့ကြုံရပြီဆိုရင် ကျွန်တော်တို့ရဲ့မူလအခြေအနေတွေအတိုင်း ဆက်နေသင့်လား၊မနေသင့်လားကို ဆုံးဖြတ်ကြရပါလိမ့်မယ်။
💭 အခက်အခဲကြောင့် အရာတစ်ခုခုကို ဆုံးရှုံးခြင်းမှ အရေးနိမ့်ခြင်းကိုမရောက်စေပဲ အသစ်မွမ်းမံပြုပြင်ခြင်းဖြင့် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ဖန်တီးနိုင်ပါသည်။
📸📸ပုံ (လွန်ခဲ့သော ၃နှစ်ခန့်က)
11/03/2025
▫️နယူတန်ကပြောဖူးတယ် “ဘ၀မှာလူတွေ အထီးကျန်ဖြစ်နေကြတာက တံတားတွေဆောက်ရမယ့်အစား နံရံတံတိုင်းတွေဆောက်နေကြလို့ဖြစ်တယ်”။
▫️လူတွေနဲ့ချိတ်ဆက်ဖို့က တံတားထိုးမှရမှာပေါ့ဗျာ။ ကိုယ်တစ်ဦးတည်းအပေါ်ရောက်သွားပြီး ကိုယ့်ပတ်၀န်းကျင်နိမ့်ကျနေခဲ့ရင်လည်း မိတ်ဆွေအနေနဲ့ တံတားတွေတက်နိုင်သလောက်ထိုးပေးဖို့ လိုအပ်ပါလိမ့်မယ်။
▫️မိတ်ဆွေမြင့်မားတိုးတက်လာခြင်းဟာ လူ့ဘောင်လောကကို အကျိုးပြုဖို့ ဖြစ်ပါတယ်။
10/03/2025
🏆“ဘ၀မှာအောင်မြင်ဖို့ အခြေခံလိုအပ်ချက် (၃)ခု”🏆
(၁) နယ်ပယ်တစ်ခုကိုရွေးချယ်ကာ ထိုနယ်ပယ်တွင် အချိန်နဲ့ စွမ်းအားသုံးကာ ကြိုးစားအားထုတ်ခြင်း။
(၂) အကြိမ်ကြိမ်လေ့ကျင့်ခြင်း။
(၃) မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိခြင်း။
💭 ကြိုးစားခြင်းနှင့်လေ့ကျင့်ခြင်းကို လူတော်တော်များများလုပ်နိုင်ကြသော်လည်း ယုံကြည်မှုကိုတည်ဆောက်ရန် အနည်းငယ်အခက်အခဲရှိတတ်ကြပါတယ်။
💭 ယုံကြည်မှုဆိုတာ လက်တွေ့လုပ်ဆောင်ခြင်းကသာ ရရှိနိုင်ပါတယ်။ အကြိမ်ကြိမ်လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မိမိယုံကြည်မှုကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။
08/03/2025
▫️ဘဝမှာ မိမိဖြစ်မြောက်အောင်မြင်ချင်တဲ့ ရည်ရွယ်ချက်ရှိရတယ်။
▫️အဲ့အတွက် စိတ်ပိုင်းဖြတ်မှုလည်းလိုတယ်။
▫️ပြီးရင်တော့ လက်တွေ့အကောင်အထည်ဖော်ရတယ်။
▫️သုံးခုပဓာန ဉပဒေသပေါ့ဗျာ.....
06/03/2025
😵“ဆုံးရှုံးခြင်း”😵
💭 ရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းများသည် အကြိမ်ကြိမ်ဆုံးရှုံးခြင်းတွေက ထွက်ပေါ်လာတာဖြစ်ပါတယ်။
💭 ဆုံးရှုံးခြင်းဖြစ်တဲ့အခါမှာ သင်ယူနိုင်ခြင်းကို ပိုမို ပြုလုပ်နိုင်ကြတယ်။ ဘာလို့လဲဆိုတော့ လိုအပ်ချက်ရှိလို့သာ ကျရှုံးရတာဖြစ်တယ်။
💭 ဘယ်လိုရည်မှန်းချက်ပဲထားပါစေ ရှေ့သို့တက်လှမ်းနိုင်ရန် တစ်ခုတည်းသောနည်းဟာ ဆုံးရှုံးခြင်းကို အလိုက်သင့်တွန်းလှန်နိုင်ခြင်းဖြစ်တယ်။
💭 အကယ်၍များ မိတ်ဆွေဘ၀မှာ ဆုံးရှုံးခြင်းဆိုတာကို မကြုံခဲ့ရဘူးဆိုရင် ရှေ့သို့တက်လှမ်းနေတာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။
05/03/2025
🏆“ယနေ့တိုးတက်မှုသည် ပိုကောင်းသော မနက်ဖြန်ကို ဖြစ်စေသည်”🏆
💭ယနေ့သင်လုပ်နေတာမှန်သမျှဟာ မနေ့ကသင်လုပ်ခဲ့တဲ့အရာများပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။
💭ဒီနေ့လုပ်ဆောင်ချက်များကို ပေါင်းစည်းလိုက်တဲ့အခါ မနက်ဖြန်သင်ဘာဖြစ်မလဲကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
💭အနာဂတ်ဟာ မနက်ဖြန်မဟုတ်ပါဘူး။
အနာဂတ်ဆိုတာ ဒီနေ့ပါပဲ။
(ပုံ - Meeting)
05/03/2025
▫️ဘ၀ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းကြဖို့လိုတယ်
▫️ရည်ရွယ်ချက်မရှိတဲ့လူက အချိန်အများစုကို အမှားတွေလုပ်ရင်းပဲ ကုန်ဆုံးစေတယ်
▫️အိတ်ပေါက်နဲ့ ဖားကောက်ချင်လို့ မရဘူးနော်...
03/03/2025
🌿“ခေါင်းဆောင်လုပ်သူက မြှင့်တင်ပေးဖို့လိုပါတယ်”🌿
❄️လူတိုင်းလူတိုင်းရဲ့ ကိုယ်ထဲမှာ အောင်မြင်ကျော်ကြားမဲ့ ဗီဇမျိုးစေ့တွေပါတယ်။
❄️ယခုအချိန်မှာ ပုန်းလျှိုးကွယ်လျှိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။
❄️ဒါပေမဲ့ ခေါင်းဆောင်လုပ်သူက အဲ့မျိုးစေ့တွေကို ရေလောင်းပေးနိုင်တဲ့ အရည်အချင်းမျိုးရှိရင်တော့ မျိုးစေ့တွေကနေ အပင်တွေပေါက်လာပါလိမ့်မယ်။
❄️မိတ်ဆွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မိတ်ဆွေရဲ့ Followers တွေရဲ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ရပါလိမ့်မယ်။
PPI ရဲ့ Founder Htet Shine (Master Trainer) ရဲ့ အသိပညာများ မျှဝေတဲ့ Page လေးဖြစ်ပါတယ်ရှင်...
02/03/2025
“တိုးတက်ခြင်းမရှိလျှင် ရှင်သန်ခြင်းဆိုတာ အဓိပ္ပါယ်
ဘယ်ရှ်ိပါ့မလဲ”
▫️ဘ၀ရယ်လို့ဖြစ်လာရင် ပျော်ပျော်နေဖို့ထက် အဓိပ္ပါယ်ရှိရှိနေဖို့က ပိုအရေးကြီးပါတယ်။
▫️ဒါ့ကြောင့် နေမသွားပါနဲ့ ရှင်သန်သွားပါ။
▫️မိမိလုပ်သမျှအရာအားလုံးကို ချစ်မြတ်နိုးစွာလုပ်ပါ။
▫️မိမိအကျိုးသာမက အများကောင်းကျိုးကိုပါ လုပ်ဆောင်ဖို့ မေတ္တာရှေ့ထား ပန်ကြားလိုက်ပါတယ်။
Click here to claim your Sponsored Listing.