Bumble Bee International Pre-School, Pyin Oo Lwin

Bumble Bee International Pre-School, Pyin Oo Lwin

Share

A learning hive for the tiny souls . .

22/06/2026

ရာသီဥတု အပြောင်းအလဲမြန်တဲ့ ကာလတွေက ကလေးတွေရဲ့ ခုခံအားကို စိန်ခေါ်နေသလို၊ ဖေဖေမေမေတို့ရဲ့ စိတ်ကိုလည်း အစိုးရိမ်ရဆုံး ဖြစ်စေတဲ့ အချိန်ပါပဲ🛡️❤️

အပြင်မှာ ရာသီဥတု ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ... ကျောင်းရောက်ရင်တော့ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက် လုံးဝ စိတ်အေးထားနိုင်ဖို့ Bumble Bee က မိဘတစ်ဦးရဲ့ မေတ္တာအတိုင်း အသေးစိတ်ကအစ စနစ်တကျ ကြိုတင်ကာကွယ်ပေးထားပါတယ်ရှင် 🤗

👩‍⚕️ Full-Time On-Site Nurse ထားရှိပေးခြင်း
ကျောင်းမှာ ကလေးတို့ရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးဖို့အတွက် Professional သူနာပြုဆရာမကို အမြဲတမ်း ထားရှိပေးထားပါတယ်။ ဒါ့အပြင် နေ့စဉ်ကျောင်းတက်တာနဲ့ ကလေးတို့ရဲ့ ကိုယ်အပူချိန်နဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးပေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။

📞 မိဘများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်း
ကျောင်းမှာ ကလေးငယ် တစ်စုံတစ်ရာ ဖျားနာတာ၊ သာမန်ထက် ကိုယ်ပူလာတာမျိုး ရှိခဲ့ရင်လည်း မိဘများ စိတ်ပူပင်မှုမရှိစေရအောင် ဖေဖေမေမေတို့ဆီကို ချက်ချင်းအကြောင်းကြားပေးပါတယ်။

ရာသီဥတု ဘယ်လိုပဲ ပြောင်းလဲနေပါစေ...

Bumble Bee က သားသားမီးမီးတို့ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ သင်ယူလေ့လာစေနိုင်ဖို့ ကျန်းမာရေးအတွက် လိုလေသေးမရှိအောင် အသေးအမွှားလေးကအစ ဂရုစိုက်ပြင်ဆင်ပေးထားပါတယ် 🐝

ဒါကြောင့် ဆော့ကစားရင်း သင်ယူနိုင်မယ့် သားသားမီးမီးတို့ရဲ့ ကျန်းမာပျော်ရွှင်ဖွယ်နေ့ရက်တွေကို Bumble Bee မှာ အတူတူ ပုံဖော်လိုက်ရအောင်နော် 🥰

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




19/06/2026

ရာသီအကူးအပြောင်းကာလကို ရောက်ရှိလာတဲ့အခါ အေးစိမ့်တဲ့ မိုးရေစက်လေးတွေနဲ့အတူ "ရာသီတုပ်ကွေး (Seasonal Flu)" အန္တရာယ်ကလည်း ကပ်ပါလာတတ်ပါတယ်⚠️

ကလေးငယ်လေးတွေက လူကြီးတွေလို ကိုယ်ခံအားစနစ် မပြည့်စုံသေးတာကြောင့်
ရာသီဥတုအပြောင်းအလဲမှာ တုပ်ကွေး အလွယ်တကူ ကူးစက်ခံရတတ်ပါတယ် 🤧

ဒါကြောင့် သားသားမီးမီးတို့ နေမကောင်းမဖြစ်စေဖို့ အိမ်မှာ ကြိုတင်ဂရုစိုက်ပေးလို့ရမယ့် နည်းလမ်းကောင်းလေးတွေကို Bumble Bee က မျှဝေပေးလိုက်ပါတယ် 💁🏾‍♀️

၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ 🧼
၂။ အာဟာရပြည့်ဝပြီး ကိုယ်ခံအားကောင်းမယ့် အစားအစာတွေကို ချက်ပြုတ်ကျွေးမွေးပေးပါ 🍎
၃။ မိုးရေစိုသွားရင် ချက်ချင်း ရေချိုးခေါင်းလျှော်ပေးပြီး နွေးနွေး ထွေးထွေး ဝတ်ဆင်ပေးပါ 🚿
၄။ တုပ်ကွေးကာကွယ်ဆေး (Flu Shot) ကြိုထိုးထားပါ 💉
၅။ လူထူထပ်တဲ့ နေရာတွေကို ခဏရှောင်ပါ 😷

Bumble Bee International Preschool မှာဆိုရင် သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ဖို့အတွက် Full Time Onsite Nurse ထားရှိပေးထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို နေ့စဥ် အထူးဂရုစိုက်ကာ ဆောင်ရွက်ပေးနေပါတယ် 🥰

ဒါ့အပြင် ကလေးငယ်တွေမှာ ဖျားနာတာ၊ နှာစေးချောင်းဆိုးတာမျိုးတွေ ဖြစ်လာရင်လည်း အခြားကလေးငယ်တွေကို ကူးစက်မှုမရှိစေဖို့နဲ့ ကလေးအနားယူနိုင်ဖို့အတွက် မိဘကို ချက်ချင်းအကြောင်းကြားပေးပါတယ် 📲

အခုလို တုတ်ကွေးရာသီကာလမှာ ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးတွေ ကျန်းမာကြံ့ခိုင်စေဖို့ Bumble Bee မှာလည်း ကိုယ့်ရဲ့သားသမီးလို ဂရုစိုက်ပြီး စောင့်ရှောက်ပေးနေပါတယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်ရှင် 💛

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို ။

☎️ 09 897 070 803 , 09 897 070 804




15/06/2026

ရင်သွေးငယ်လေးကို ကျောင်းထားပြီးမှ အဆင်မပြေမှာ စိုးရိမ်နေတဲ့ ဖေဖေ၊ မေမေတို့အတွက်...

Bumble Bee က Free Trial Class ကို ထပ်မံဖွင့်လှစ်‌ ပေးလိုက်ပါပြီ 💕

Bumble Bee ရဲ့ အခု Free Trial Class မှာဆိုရင် ...

👶 Pre Nursery (၂ နှစ်မှ ၃ နှစ်) အပြင်
🧒 Pre KG (၄ နှစ်မှ ၅ နှစ်) အရွယ် သားသား၊ မီးမီး‌လေးတွေကိုပါ တစ်ပတ်တိတိ စမ်းထားနိုင်မှာဖြစ်ပါတယ် 🗓️

👩🏻‍🏫 Free Trial Class ကာလအတွင်းမှာလည်း ပုံမှန်အတန်းတွေလို စနစ်တကျ သင်ကြားပေးမှာဖြစ်တဲ့အပြင် ကလေးရဲ့ သင်ယူမှု၊ ပျော်ရွှင်မှုနဲ့ ကျန်းမာရေးကို အပြည့်အဝ ဂရုစိုက်ပေးသွားမှာ ဖြစ်ပါတယ်နော် 🌱

🚨 ဒါ‌ပေမယ့် တက်ရောက်နိုင်မယ့် ကျောင်းသားဦး‌ရေကိုတော့ ကန့်သတ်ထားတာကြောင့်...

စာရင်းပိတ်သိမ်းမယ့် အချိန်မတိုင်မီ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ တိုက်တွန်းအပ်ပါတယ် ရှင်💛

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




Photos from Bumble Bee International Pre-School, Pyin Oo Lwin's post 12/06/2026

နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အဆင့်မြင့် ပညာရေးကို သင်ယူစေချင်တဲ့ မိဘတိုင်း ရွေးချယ်ကြတဲ့...🧑‍🧒

🐝 𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ပြင်ဦးလွင်ကျောင်းခွဲမှာ ကျောင်းသားဦးရေလေးပြည့်တော့မှာဖြစ်ကြောင်း အသိပေးပါရစေရှင့်။

𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှာ သားသားမီးမီးတွေကို…

🗺️ နိုင်ငံတကာသင်ရိုးတွေ အသုံးပြုပြီး သင်ကြားပေးနေရုံသာမကဘဲ

🌟𝐋𝐢𝐟𝐞 𝐒𝐤𝐢𝐥𝐥 တွေကိုပါ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကိုပါ ပြင်ဆင်ပေးထားပါတယ်။

👩🏻‍🏫 ဒါ့အပြင် သားသား၊ မီးမီးလေးတွေကို အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ ကလေး ၅ ယောက်ကို ဆရာမ ၁ ယောက်နှုန်း (၅:၁) နဲ့ ထားရှိပေးထားပါတယ်။

ဖေဖေ၊ မေမေတို့အနေနဲ့ သားသား မီးမီးတို့ရဲ့ ပညာရေးခရီးလမ်းအတွက် စိတ်ချယုံကြည်ရတဲ့ ရပ်ဝန်းလေးကနေ အစပြုချင်တယ်ဆိုရင်...✌🏼😊

🐝 𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ပြင်ဦးလွင်ကျောင်းခွဲလေးမှာ သတ်မှတ် ကျောင်းသားဦးရေ မပြည့်ခင် အမြန်ဆုံးအပ်နှံဖို့အတွက် အကြောင်းကြားအပ်ပါတယ်ရှင်...☎️

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




Photos from Bumble Bee International Pre-School, Pyin Oo Lwin's post 04/06/2026

ဒီနေ့ (ဇွန်လ၊ ၄ ရက်)ကတော့ 2026-2027 စာသင်နှစ်ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်လေးပဲ ဖြစ်ပါတယ် 🏫

ဖေဖေမေမေတို့ရဲ့ လက်ကိုတွဲပြီး အပြုံးကိုယ်စီနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းကိုလာနေကြတဲ့ Little Bee လေးတွေက တကယ့်ကို ချစ်စရာကောင်းလွန်းပါတယ် 🥰

သားသားမီးမီးတို့ရဲ့ ပညာရေးခြေလှမ်းသစ်ကို စတင်လိုက်တဲ့ ဒီလိုကြည်နူးစရာ အမှတ်တရနေ့ရက်လေးမှာ...🌱

Bumble Bee International Preschool, Pyin Oo Lwin ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 💛

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804



03/06/2026

သားသား၊ မီးမီးလေးတွေ နိုင်ငံတကာသင်ရိုးတွေကို ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်စေဖို့ Bumble Bee မှာ Activity မျိုးစုံနဲ့ ချိတ်ဆက်သင်ကြားပေးနေပါတယ် 👩‍🏫

ဒါကြောင့် Bumble Bee ဟာ မုံရွာနဲ့ မန္တလေးမြို့မှာရှိတဲ့ မိဘတွေကြားမှာ ယုံကြည်နှစ်သက်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ International Preschool တစ်ခုဖြစ်ပါတယ် ✅

အခုဆိုရင် Bumble Bee International Preschool ကို ပြင်ဦးလွင်မြို့မှာပါ ဖွင့်လှစ်ထားပြီဖြစ်လို့ ဖေဖေ၊ မေမေတို့အနေနဲ့ သားသား၊ မီးမီးတို့ရဲ့ အနာဂတ်အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံး လာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 👩🏻‍🏫

✅ မုံရွာနဲ့ မန္တလေးကျောင်းလေးတွေမှာ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ ပြည့်သွားပေမယ့် ပြင်ဦးလွင်ကျောင်းလေးမှာတော့ ကျောင်းသားလက်ခံနေပါသေးတယ်နော် 👋🏻

👧🏼 ဒါပေမယ့် ကျောင်းမဖွင့်ခင် အချိန်အတွင်း ကျောင်းသားအမြန်ပြည့်တတ်တာဖြစ်လို့ အခုပဲ အမြန်ဆုံး လာရောက်အပ်နှံမှ စိတ်ချရပါမယ်ရှင် 💛

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို ။

☎️ 09 897 070 803 , 09 897 070 804




03/06/2026

ကျောင်းကလည်းထားရတော့မယ်၊ ထားမယ့်ကျောင်းက အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေကြတဲ့ ဖေဖေမေမေတို့အတွက် 𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 က 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 လေး စီစဉ်ပေးထားပါတယ် 💕

👩🏻‍🏫 အခုမှကျောင်းစတက်မယ့် 𝐏𝐫𝐞 𝐍𝐮𝐫𝐬𝐞𝐫𝐲 ( 𝟐 နှစ်မှ 𝟑 နှစ်) အရွယ်သားသားမီးမီးလေးတွေ 𝐅𝐫𝐞𝐞 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 ကို တစ်ပတ်တိတိအခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ် 🤗

✅ သားသား၊ မီးမီးတို့လည်း အဆင်ပြေ၊ မိဘတွေကိုယ်တိုင်လည်း သဘောကျတယ်ဆိုမှ ကျောင်းအပ်နှံလို့ ရပါတယ်ရှင့်။

🐝 𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 ရဲ့ 𝐅𝐫𝐞𝐞 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 မှာ ပုံမှန် အတန်းတွေလိုပဲ စနစ်တကျနဲ့ အသေးစိတ်သင်ကြားပေးမှာဖြစ်တဲ့အပြင် ...👩🏻‍🏫

ကလေးရဲ့ ကျန်းမာရေး၊ ပျော်ရွှင်ရေးအတွက်လိုအပ်တာတွေကို အပြည့်အဝ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်👩‍⚕️

𝐉𝐮𝐧𝐞 (𝟏𝟎) ရက်နေ့ မတိုင်ခင်အတွင်း နာမည်စာရင်းပေးတဲ့ သားသား၊ မီးမီး (𝟏𝟎) ယောက်ကိုပဲ လက်ခံပြီး သင်ကြားပေးသွားမှာဖြစ်လို့ ...🚨

လူမပြည့်ခင် အခုကတည်းက 𝟎𝟗 𝟖𝟗𝟕 𝟎𝟕𝟎 𝟖𝟎𝟑 ကို ဆက်သွယ်ပြီး စာရင်းပေးထားလိုက်နော် ....😉

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




03/06/2026

မနက်ဖြန် ဇွန်လ (၄) ရက် (ကြာသာပတေးနေ့) မှစတင်ပြီး Bumble Bee International Preschool ရဲ့ ကျောင်းခွဲများအားလုံး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့…🏫

သားသားမီးမီးတို့အားလုံးကို ဆရာမတို့က အပြုံးလေးတွေနဲ့အတူ စောင့်ကြိုနေပါတယ်ရှင် 🥰

ဒါကြောင့် မနက်ဖြန် ကျောင်းဖွင့်ရက်မှာ ဆရာမတို့၊ သူငယ်ချင်းတို့နဲ့အတူ Bumble Bee မှာ ပြန်ဆုံံကြမယ်နော် 💛

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




01/06/2026

📢Job Announcement📢

Bumble Bee International Pre-School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည် ။

Assistant Teachers - 10 Posts (Female)

🐝 လိုအပ်သည့် အရည်အချင်းများ
✏️ တက္ကသိုလ်တစ်ခုခုမှ ဘွဲရရှိထားသူ ဖြစ်ရပါမည်။
✏️မူကြိုကျောင်းများတွင် Assistant Teacher အဖြစ် အတွေ့အကြုံ အနည်းဆုံး (1) နှစ်ရှိရပါမည်။
✏️ ကလေးများအား အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရပါမည်။
✏️ Basic Computer Skill ရှိရပါမည် ။
✏️ ကလေးများအပေါ် အမှန်တကယ် ချစ်ခင်ကြင်နာ၍ စိတ်ရှည်သည်းခံသောသူဖြစ်ရပါမည် ။
✏️ သွက်လက်ပြီး အမြဲမပြတ် သင်ယူလေ့လာလိုစိတ် ထက်သန်သူ ဖြစ်ရပါမည် ။
✏️ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သူ ဖြစ်ရမည် ။

🐝လစာ နှင့် အခြား ခံစားခွင့်များကို interview ဖြေဆိုချိန်တွင် ဆွေးနွေးနိုင်ပါသည် 🐝

📝စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် -
🌻CV Form
🌻ဘွဲလက်မှတ်
🌻 သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်မိတ္တူ
🌻မှတ်ပုံတင် မိတ္တူ
🌻သန်းခေါင်စာရင်း မိတ္တူ
🌻COVID vaccine certificate တိုကို Viber no 09 89 70 70 804 သို ပေးပို လျှောက်ထားနိုင်ပါသည်။

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




29/05/2026

မိဘရင်ခွင်ထဲကနေ စာသင်ကျောင်းဆီ ပထမဆုံးခြေလှမ်းလှမ်းရတော့မယ့်အချိန်ဟာ သားသားမီးမီးတို့အတွက် တကယ့်အပြောင်းအလဲကြီးတစ်ခုပါ🌱

ကျောင်း စတင်တက်ခါစမှာ မိဘနဲ့ခွဲရလို့ဖြစ်တတ်တဲ့ Separation Anxiety (ခွဲခွာရမှာ ကြောက်ရွံ့စိုးရိမ်စိတ်) ကို ကလေးတွေ တော်တော်များများခံစားရတတ်ပါတယ်😨

ဒါကြောင့် သားသားမီးမီးတို့ ဂျီမကျဘဲ ကျောင်းပျော်ကလေးဖြစ်လာစေဖို့ဆိုရင် မိဘတွေအနေနဲ့ အခုလို ပြင်ဆင်ထားသင့်ပါတယ်နော် 💁‍♀️

🐝ကျောင်းအကြောင်းကို ပုံပြင်လိုကြိုပြောပြထားမယ်🏫
ကျောင်းမဖွင့်ခင်ရက်သတ္တပတ်အနည်းငယ်အလိုကတည်းက"ကျောင်းဆိုတာ သူငယ်ချင်းအသစ်တွေနဲ့ ဆော့ရမယ့်နေရာ၊ ဆရာမတွေကလည်း ချစ်ဖို့ကောင်းတယ်" ဆိုပြီး ပေါ့ပေါ့ပါးပါးလေးကြိုပြောပြထားပေးပါ။ ကျောင်းအကြောင်းတွေးလိုက်တာနဲ့ သူတို့စိတ်ထဲမှာ ပျော်စရာကြီးဆိုပြီး မြင်နေအောင်လို့ပါ။

🐝ကျောင်းသုံးပစ္စည်းတွေကိုအတူတူရွေးဝယ်မယ်🎒✏️
ကျောင်းလွယ်အိတ်၊ ရေဘူး၊ ခဲတံဘူးလေးတွေဝယ်ဖို့အတွက် ဆိုင်သွားတဲ့အခါ ကလေးကို တစ်ပါတည်းခေါ်သွားပါ။ သူတို့ကြိုက်တဲ့ အရောင်၊ ကြိုက်တဲ့ကာတွန်းရုပ်လေးတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပါ။ ဒါဟာ ကလေးကို ကျောင်းမြန်မြန်တက်ချင်စိတ် ပိုဖြစ်လာစေပါတယ်။

🐝အိပ်ချိန်၊ ထချိန်ကိုအကျင့်လုပ်ပေးမယ်⏰
ကျောင်းတက်ရင် မနက်စောစောထရတော့မှာမို့ကျောင်းမဖွင့်ခင် (၁) ပတ်၊ (၂) ပတ်အလိုကတည်းက ညဘက်စောစောအိပ်၊ မနက်စောစောထတဲ့ Routine လေးကို အိမ်မှာကြိုကျင့်ပေးထားပါ။ အိပ်ရေးဝဝအိပ်ထားတဲ့ကလေးက မနက်ခင်းမှာစိတ်ကြည်ပြီး ဂျီမကျတော့ပါဘူး။

🐝ကျောင်းပို့တဲ့အခါ"ခိုးမပြေးပါနဲ့" 🤫❌
အရေးကြီးဆုံးက ကျောင်းဝန်းထဲရောက်လို့ ခွဲရမယ့်အချိန်ပါပဲ။ ကလေးအာရုံလွဲနေတုန်း ခိုးပြီးထွက်ပြေးသွားတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒါဟာ ကလေးကို ပိုပြီးလုံခြုံမှုမရှိသလို ခံစားရစေပါတယ်။
ညနေကျရင် မေမေ၊ ဖေဖေ စောစောလာကြိုမယ်နော်လို့ သေချာမျက်လုံးချင်းဆုံပြီးကတိပေးပါ။ ပြီးရင်တော့ ကလေးငိုနေရင်တောင် အကြာကြီးဖက်ပြီးချော့မနေဘဲ ဆရာမလက်ထဲ စိတ်ချလက်ချအပ်ခဲ့ဖို့လိုပါတယ်။ မိဘကိုယ်တိုင်က စိုးရိမ်ပြီး တွန့်ဆုတ်နေရင် ကလေးကပိုငိုတတ်လို့ပါ။

🐝နှုတ်ဆက်တဲ့ပုံစံလေးတစ်ခု သတ်မှတ်ထားမယ် 👋❤️
ဥပမာ - လက်ဖဝါးချင်းရိုက်မယ်၊ ပါးလေးတစ်ချက်နမ်းမယ်၊ ပြီးရင် တာ့တာပြမယ် စသဖြင့် အမြဲတမ်းလုပ်မယ့် ပျော်စရာနှုတ်ဆက်နည်းလေးတစ်ခု သတ်မှတ်ထားပေးပါ။

🐝အိမ်ပြန်ရောက်ရင် သေချာနားထောင်ပေးမယ် 💬
ကျောင်းဆင်းလို့အိမ်ပြန်ရောက်တဲ့အခါ ကလေးကိုနွေးနွေးထွေးထွေးကြိုဆိုပြီး ကျောင်းမှာဘာတွေလုပ်ခဲ့လဲ၊ ဘယ်သူတွေနဲ့ဆော့ခဲ့လဲဆိုတာကို စိတ်ဝင်တစားမေးမြန်းနားထောင်ပေးပါ။

ကလေးတစ်ယောက်နဲ့တစ်ယောက်က အသစ်အဆန်းကို လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရပုံချင်း မတူပါဘူး။

အချို့ကလေးတွေကရက်ပိုင်းနဲ့တင် အဆင်ပြေသွားတတ်သလို၊ အချို့ကတော့ သီတင်းပတ်အနည်းငယ်အထိအချိန်ယူရတတ်တာမို့ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့အနားမှာ ရှိပေးဖို့က အဓိကသော့ချက်ပါပဲရှင်။ 🥰

မေမေတို့ ဖေဖေတို့ရော သားသားမီးမီးတို့ကို ကျောင်းပထမဆုံးရက်အတွက် ဘယ်လိုမျိုး ပြင်ဆင်ပေးဖြစ်လဲ?

ဒါမှမဟုတ် အရင်နှစ်တွေ ကျောင်းစပြီးပို့တုန်းက ကြုံခဲ့ရတဲ့အမှတ်တရလေးတွေ၊ ကလေးဂျီမကျအောင်ချော့ခဲ့ရတဲ့ လျှို့ဝှက်ချက်လေးတွေရှိရင်လည်း Comment မှာ တခြားမေမေတို့ကို မျှဝေပေးခဲ့ပါဦးနော်...💬🐝

📌 Address : ဘူတာလမ်းခွဲ၊ တောသားကြီးအအေးဆိုင်လမ်းကြား၊ KBZ Bank (1)အနီး၊ ပြင်ဦးလွင်မြို့ ။

☎️ 09 897 070 803 , 09 897 070 804




Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Butar Lane , Taw Thar Gyi Shop Alley , Near KBZ Bank (1) , Pyin Oo Lwin
Maymyo