19/10/2024
**IT ပြောပြီးသင်္ချာဘာလို့သင်နေရတာလဲ??**
ဘယ်တက္ကသိုလ် ဘယ် course ကိုဘဲတက်တက် သင်္ချာကတော့ မပါမဖြစ် သင်ရတဲ့ဘာသာဖြစ်တယ်📚။ အဲတော့ သင်ယူနေတဲ့ ကျောင်းသူကျောင်းသားတွေက "ဒီသင်္ချာကို ဘာကိစ္စသင်ပြီး အချိန်ဖြုန်းနေတာလဲ" ဆိုပြီး ငြီးတွားကြတယ်🤔။
အမှန်တကယ်ဆိုရင်တော့ Math ဆိုတာသည် Computer ရဲ့ မိခင်ကြီးဖြစ်တယ်💻🧮။ သင်္ချာသာ မရှိဘူးဆိုရင် Computer ကြီးလည်း ပေါ်လာမှာမဟုတ်ဘူး၊ IT ဆိုတဲ့ ဝေါဟာရတောင် ပေါ်လာမှာမဟုတ်ဘူး။ Computer ထဲမှာ ဖြစ်ပျက်နေတဲ့ operation တိုင်းရဲ့ နောက်ကွယ်မှာ သင်္ချာက နောက်ခံကျောရိုးအဖြစ် ရပ်တည်နေပါတယ်💡။
ဒါကြောင့် သင်္ချာကို IT နယ်ပယ်ထဲမှာ ဘယ်လို အသုံးပြုလဲ၊ ဘယ်လို သင်္ချာပညာရပ်တွေက ဘယ်နေရာမှာလိုအပ်သလဲ ဆိုတာကို ရှင်းပြသွားမှာဖြစ်ပါတယ်✨။ အမှန်တကယ်ဆိုရင်တော့သင်္ချာမှာ ပညာရပ်အခွဲအပေါင်းများစွာရှိပေမယ့်လည်း အခုကတော့ လက်ရှိမှာ IT field မှာ အသုံးများပြီး နာမည်ကြီးတဲ့သင်္ချာဘာသာရပ်တွေအကြောင်းပြောပြမှာဖြစ်ပါတယ်📈📊။
---
1. **Arithmetic**
ဒီသင်္ချာဘာသာရပ်ကဆိုရင် သင်္ချာရဲ့ basic calculation တွေဖြစ်တဲ့အပေါင်း, အနုတ်, အမြောက်, အစားတွေကို specialize လုပ်တဲ့ပညာရပ်ဖြစ်ပါတယ်🧠။ တစ်ချို့သော ဥပမာတွေပြောရမယ်ဆိုရင် Calculating resource allocation, data management (querying, indexing, maintaining data integrity and so on)💾.
---
2. **Discrete Mathematics**
ဒီသင်္ချာဘာသာရပ်ဟာဆိုရင်ဖြင့် calculus လိုမျိုး number တွေကို variables တွေကိုတိုက်ရိုက် handle မလုပ်ဘဲ logic တွေကိုအဓိကထားစဉ်းစားရတဲ့ သင်္ချာဘာသာရပ်ဖြစ်ပါတယ်📐📏။ Discrete Math ကိုမှ နောက်ထပ် Set theory, Graph Theory, combinations and permutations, probability, recurrence relations, mathematical induction, automata theory, modular arithmetic စတဲ့ဘာသာပေါင်းများစွာအဖြစ် ထပ်ခွဲလို့ရသေးတယ်📚✨။ Discrete mathematics ကဆိုရင် data structure and algorithms ရဲ့ အသက် ဖြစ်တယ်🧠💻။ အဲဒါအပြင် ကမ္ဘာ့လူသုံးအများဆုံး Database ဖြစ်တဲ့ Relational Database တွေသည် Discrete Math ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Set theory နဲ့ Logics တွေပေါ်မှီခိုထားတာဖြစ်တဲ့အတွက်ကြောင့် Discrete Math ကဆိုရင် Data Management Systems မှာ essential အစိတ်အပိုင်းတစ်ခုဖြစ်တယ်🔗။ ဒါ့အပြင် Discrete Math ကို Algorithm complexity, cryptography, programming logic, designing and building computer networks, artificial intelligence, machine learning, deep learning, data science စတဲ့ IT နယ်ပယ်မျိုးစုံမှာလည်း အသုံးပြုသေးပါတယ်🧑💻🖥️📡။
---
3. **Probability and Statistics**
တကယ်တော့ Probability နဲ့ Statistics ကဆိုရင် မတူကြပါဘူး။ ဒါပေမယ့် သူတို့နှစ်ခုကိုဆိုရင် အိုင်တီနယ်ပယ်မှာ တွဲပြီးတော့သုံးကြတာများတာဖြစ်တဲ့အတွက်ကြောင့် အတူတူရှင်းထားခြင်းဖြစ်တယ်📊. ဒီသင်္ချာဘာသာရပ်နှစ်ခုကိုပေါင်းပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် logical, financial and analytical predictions လုပ်တဲ့အခါမှာ အသုံးပြုတဲ့ သင်္ချာဘာသာရပ်ဖြစ်တယ်🔮💡. ဒီဘာသာရပ်ကိုဆိုရင် data science ရဲ့ field မှာ dataset ကြီးကြီးမားမားတွေ analyze လုပ်တဲ့အခါမှာ အသုံးပြုပါတယ်📉။ Machine Learning နယ်ပယ်မှာလည်း hypothesis testing, regression, clustering algorithms စတဲ့အရာတွေမှာ၊ Bayesian Networks, HMM လို့ခေါ်တဲ့ Hidden Markov Models စတဲ့ AI Models တွေ ဖန်တီးတဲ့အခါမှာသုံးတယ်။🤖. Artificial intelligence, machine learning, deep learning အပြင် IT ပိုင်းဆိုင်ရာ risk assessment and management လုပ်တဲ့အခါ financial analysis အတွက်ရော data visualization လုပ်တဲ့အခါမှာလည်း အသုံးပြုတယ်📈💼။
---
4. **Calculus**
ဒီဘာသာရပ်ကိုအလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် ပြောင်းလဲနှုန်းကို လေ့လာတဲ့သင်္ချာဘာသာရပ်ဖြစ်တယ်📐။ Calculus ပြောလိုက်တာနဲ့ လူအများစုကကြောက်ရွံ့ပြီးတော့ ဝေးဝေးရှောင်ချင်ကြပါတယ်။ ဒီဘာသာကဆိုရင် အရမ်းနက်ရှိုင်းပြီး IT field မှာဆိုရင် အရမ်းကိုအသုံးဝင်ပါတယ်💡. Calculus ကို Machine Learning လုပ်တဲ့အခါ gradient descent algorithms အတွက်သော်လည်းကောင်း၊ computer graphics အပိုင်းမှာသော်လည်းကောင်း၊ bandwidth optimization, network resource allocation စတဲ့ Network optimization field မှာသော်လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်📊📉။
---
5. **Linear Algebra**
အင်္ဂလိပ်လိုတိုက်ရိုက်အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် study of linear combinations လို့အဓိပ္ပါယ်ဖွင့်ဆိုပါတယ်✏️. မြန်မာလိုလွယ်လွယ်ကူကူအားလုံးနားလည်တဲ့ပုံစံနဲ့အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင် Matrix နဲ့ Vector တွေရဲ့အသွင်အမျိုးမျိုးကို လေ့လာရတဲ့ဘာသာရပ်ဖြစ်တယ်📐📏။ Image and video processing, graphic rendering လုပ်တဲ့အခါ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်🎞️။ Neural networks, support vector machines, principal component analysis (PCA) စတဲ့ machine learning algorithms တွေကို build လုပ်တဲ့အခါမှာဆိုရင် Linear Algebra ကမပါမဖြစ်ပဲဖြစ်ပါတယ်🤖🖥️.
---
ဒါကတော့ ကျွန်တော်သိသလောက်တတ်သလောက်လေး သင်္ချာဘာသာရပ်တွေကို IT field မှာ အသုံးပြုပုံကိုရေးထားဖြစ်ပါတယ်💬. နောက်ထပ်လည်း topology, geometry, trigonometry စတဲ့ သင်္ချာဘာသာရပ်ပေါင်းများစွာရှိသေးပါတယ်📚. ဒီ post မှာပါတဲ့ သင်္ချာဘာသာရပ်တွေအပြင် တစ်ခြား သင်္ချာပညာတွေက IT ရဲ့ ဘယ်နယ်ပယ်မှာ အသုံးဝင်သေးတယ်ဆိုတာ သိထားတာလေးရှိရင် comment မှာ လာရောက်ပြီး knowledge share နိုင်ပါတယ်💬📝.
---
For more updates about Computer Science, follow and like our page 👍 and do not forget to visit our YouTube channel MM Logic Gallery [ https://youtube.com/?si=zpaXWgRxKryk_rFR ]🎥!