Data Structures and Algorithms ဆိုတာဘာကြောင့် အရေးကြီးလဲ 🤔
Viewers များအားလုံးဘဲ မင်္ဂလာပါ 🌟
ဒီ video မှာတော့ IT လောကမှာ DSA က ဘာကြောင့် အရမ်း အရေးကြီးနေရတာလဲဆိုတာကို ဆွေးနွေးမှာဘဲဖြစ်ပါတယ် 📊💻
ဒီ video မှာ အဓိက ဆွေးနွေးမှာကတော့ DSA ရဲ့ အရေးကြီးဆုံး အပိုင်းထဲက တစိခုဖြစ်တဲ့ time complexity ကိုဘဲ ဆွေးနွေးမှာ ဖြစ်ပါတယ် ⏳
Key takeaways:
What are data structures 📚
What are algorithms 🧩
Two key aspects of algorithms (time complexity and space complexity) ⚖️
Understanding time complexity with examples 📈
Computer Science နဲ့ ပတ်သက်ပြီး ဒီလိုမျိုးဘဲ စိတ်ဝင်စားဖွယ် content လေးတွေ အတွက် MM Logic Gallery YouTube channel ကိုလည်း subscribe လုပ်ဖို့ တိုက်တွန်းချင်ပါတယ် 🎥✨
YouTube link: https://youtube.com/?si=PVaoyW4Fwz-vkS1o
MM Logic Gallery
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MM Logic Gallery, Education Website, Pyin Oo Lwin, Maymyo.
coding လေ့လာနေသူတွေအတွက် code ထည့်ပြောတာထက် logic ကို ပိုမိုရှင်းလင်းစွာ နားလည်စေချင်တယ့် ရည်ရွယ်ချက်နဲ့ MM Logic Gallery ကို ထူထောင်ရခြင်းဖြစ်တယ်။ အဓိကကတော့ IT နယ်ပယ်ကလူတစ်ယောက်အနေနဲ့ တတ်သိသလောက်လေး Knowledge Share လုပ်ပြီး အတွေ့အကြုံလည်း ရယူချင်တာပါ။
06/04/2025
"Earthquake recovery အတွက် donate လုပ်ရင်း programming ကို ကျွမ်းကျင် အောင် လုပ်ကြစို့" 🌍💪
ကျွန်ဝောာ်တို့ "MM Logic Gallery" 🖥️📚 အနေနဲ့ ငလျင်ဒဏ်သင့် ဒေသတွေရဲ့ recovery အတွက် fundraising campaign 🎉 လေးတစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်ဗျ
ဒီ fundraising campaign မှာကတော့
✅C++ basic to intermediate course 🖥️📖 နဲ့
✅Python for data science course 🐍📊
ထဲက ကြိုက်တဲ့ course တစ်ခုကို စေတနာ အလျောက် donation money 💵 ပေးပြီး enroll လုပ်နိုင်မှာ ဖြစ်ပါတယ်
ဒါ့အပြင် ငလျင်ဒဏ်သင့်နေတဲ့ ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျ volunteer လုပ်ထားတာ ဖြစ်ဖြစ်၊ တခြား medium မှ တစ်ဆင့် ငလျင်ဒဏ်အတွက် (50000) အထက် donation 💰 လုပ်ထား သော အထောက်အထား ရှိရင် ဘဲ ဖြစ်ဖြစ် ဒီ course တွေကို free enroll လုပ်နိုင်ပါတယ် 🎓
Course ကတော့ video class 🎥 ဖြစ်လို့ တစ်ခါ enroll လုပ်ပြီးရင် တစ်သက်တာ ကြိုက်တဲ့အချိန်ဝင်ပြီးတော့ လေ့လာလို့ရပါတယ် 📅
Doubt clearance အတွက်လည်း group တွေ ဖွဲ့ထားမှာဖြစ်ပြီး ကြိုက်တဲ့အချိန် လာမေးလို့ရပါတယ် 💬
ဒီ fundraising ကို April 10 ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး ရလာတဲ့ fundraising amount 💸 ကိုဝောာ့
earthquake affected zone တွေမှာ spam donation မဖြစ်မယ့်ပုံစံမျိုးနဲ့ စည်းစနစ်ကျကျ လှူဒါန်းသွားမှာဘဲ ဖြစ်ပါတယ်
လက်ခံရရှိထားတဲ့ အလှူငွေကို စာရင်းနဲ့တကွ ပွင့်လင်းမြင်သာစွာ လှူဒါန်းသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ လှူဒါန်းတက်ရောက်နိုင်ပါတယ် 🙏
တက်ရောက်သူတိုင်းကိုလည်း Donation လုပ်တဲ့အတွက် Appreciation Certificate 🎖️ လေး ပေးအပ်သွားမှာဖြစ်ပါတယ်ဗျ
ဒီ campaign အတွက် payment details 💳 နဲ့ course details 📋 တွေကို အတိအကျသိလိုရင်တော့ telegram မှာ နဲ့ တို့မှာဖြစ်ဖြစ်၊ Page Messenger မှာဖြစ်ဖြစ် လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
Notice:
Class enroll လုပ်သူတိုင်း Video class ကို April 12 ကနေ access လုပ်လို့ရပါပြီဗျ
မေတ္တာများဖြင့် ❤️
MM Logic Gallery
Software developer နဲ့ Computer Scientist ကဘာကွာတာလဲ?🤔🤔⁉️
-------------------------------------------
🙏🙏အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့ကတော့ ကျွန်တော် လူတိုင်းနီးပါး အထင်မှားတတ်ကြတဲ့ Software developer နဲ့ Computer Scientist ကြား ဘာကွာခြားချက်တွေ ရှိလဲဆိုတာကို sharing လုပ်ပေးသွားမာဘဲ ဖြစ်ပါတယ်။
Information Technology ဆိုတဲ့ ပညာရပ် ကအရမ်းကိုကျယ်ပြန့်တယ့် field တစ်ခုဖြစ်ပါတယ်။ နည်းပညာ ခေတ်မှီတိုးတက်လာတာနဲ့အမျှ သူ့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ "Computer Scientist" နဲ့ "Software Developer" ဆိုတဲ့ term နှစ်ခုဟာ အဓိကအခန်းကဏ္ဍတွေအဖြစ် ပါဝင်ေနပါတယ်။ ဒါပေမယ့် လူအများစုဟာ ဒီအခေါ်အဝါ်နှစ်ခုကို တစ်ခုတည်းလို့ အယူအဆ မှားနေကြပါတယ်။ တကယ်တော့ ဒီအလုပ်နှစ်မျိူးဟာ ဆက်စပ်နေပေမယ့် သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ၊ ရည်ရွယ်ချက်တွေနဲ့ ကျွမ်းကျင်မှုတွေမှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။
-----------------------------------------------
✅Software Developer ဆိုတာဘာလဲ❓
Software Developer ဆိုတာကတော့ လက်တွေ့အသုံးချနိုင်တဲ့ softwareတေ၊ application တွေနဲ့ system တွေကို designဆွဲပြီး တည်ဆောက်ပေးတယ့်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က programming language တွေ၊ frameworks တွေ၊ tools တွေကို အသုံးပြုပြီး လူတွေရဲ့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူချောမွေ့စေဖို့အတွက် software တွေကို ရေးသားဖန်းတီးပေးဖို့ဘဲဖြစ်ပါတယ်။
📌ဘယ်သူတွေက Software Developer တေလဲ?
1️⃣ Mobile app and Web developer
2️⃣ Game developer
3️⃣ DevOps Engineer
4️⃣ Programmer
5️⃣ UI/UX developer
6️⃣Database administrator
📌Software developer တစ်ယောက်ဖြစ်ဖို့ ဘာတေ လေ့လာသင်ယူရမာလဲ?
↗️ Programming languages (Java, Python, C++, Python etc,.)
↗️ Data structures and algorithms
↗️ Basic Maths
↗️ Software architecture and design
↗️ Software Lifecycle Methodology
↗️ Software testing
↗️ Web technologies
↗️ Team management and communication
----------------------------------------------
✅ Computer Scientist ဆိုတာဘာလဲ❓
Computer scientist ဆိုတာကတော့ ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ သီအိုရီေတွ၊ algorithm တွေ၊ data structure တွေ၊ machine learning စတဲ့ နည်းပညာဆိုင်ရာ အခြေခံသဘောတရားတွေကို လေ့လာပြီး နည်းပညာအသစ်တွေကို တီထွင်ဖန်တီးသူတွေဖြစ်တယ်..
သူတို့ဟာ လက်တွေ့အသုံးချနိုင်တဲ့ software တစ်ခုဖန်တီးဖို့ လိုအပ်တယ့် အခြေခံ theory တွေ၊ basic architectures တွေ၊ space and time complexity တွေကို လေ့လာတွက်ချက်ပြီးေတာ့ system တစ်ခုကို ဘယ်လိုတည်ဆောက်မာလဲ၊ ဘယ် programming language ကိုသုံးမာလဲ စတဲ့ theory based architecture တွေကိုဆောက်ပေးတဲ့ မဏ္ဍိုင်ကြီးဖြစ်ပါတယ်..
အယ့်လို architecture တစ်ခုတည်ဆောက်ပြီးပြီဆိုရင် အယ့်တာတေကို လက်တွေ့အသုံးချလို့ရအောင် implement လုပ်တယ့်သူတွေက Software developer တွေဘဲဖြစ်ပါတယ်။
💢 ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ပေါင်မုန့်တစ်လုံး လုပ်ဖို့ လိုအပ်တယ့် ဂျူံမှုန့်ေတွ၊ သကြားတွေ စတဲ့ ingredients တေနဲ့ ဘယ်ဟာကို ဘယ်လောက်ထည့်ရမယ် ဆိုတာကို theoretically တွက်ချက်ပီးတော့ အဆင်သင့်ပြင်ပေးတယ့်သူက Computer Scientist ဖြစ်ပြီး ready လုပ်ပေးတယ့် ingredients တေကို user လိုချင်တယ့် ပုံစံ၊ အရသာ နဲ့ အရောင်အလိုက် ရောစပ်ပြီး bake လုပ်ပေးတယ့်သူက Software Developer ဘဲဖြစ်ပါတယ်။
📌 Computer Scientist ဆိုတာ ဘယ်သူတွေလဲ?
1️⃣ Data Engineer
2️⃣ System Engineer
3️⃣ System Architect
4️⃣ AI/Machine Learning engineer
5️⃣ Data Scientist
6️⃣ Research Scientist
7️⃣ Technical Support Engineer
8️⃣ AR/VR developer
9️⃣ Robotics Software Engineer
🔟 Performance Engineer
📌 Computer Scientist တစ်ယောက်ဖြစ်ဖို့ ဘာတွေ လေ့လာသင်ယူရမာလဲ?
↗️ Data structure and algorithms
↗️ Programming
↗️ Advanced Maths (linear algebra, calculus, probability, statistics)
↗️ Advanced algorithms
↗️ Concurrent programming
↗️ Operating system and computer architecture
↗️ Computer graphics
↗️ Machine Learning
↗️ Deep Learning
ကိုယ်လိုက်ချင်တယ့် field ပေါ်မူတည်ပြီးဝောာ့ သူ့ဟာနဲ့သူ ဒီပညာရပ်တေကို လေ့လာကျွမ်းကျင်ရပါမယ်။
Summary အနေနဲ့ ပြောရမယ်ဆိုရင် Computer Scientist တွေဟာ theory based ဖြစ်ပြီးတော့ Software Developer တွေဟာ process based developer တေဘဲဖြစ်ပါတယ်။ နှစ်ခုလုံးဟာ ဆက်စပ်နေပေမယ့် သူတို့ရဲ့ လုပ်ငန်းတာဝန်တွေမှာတော့ ကွာခြားချက်တွေ ရှိနေပါတယ်......
ဒီနှစ်ခုရဲ့ ကွာခြားချက်ကို နားလည်သဘောပေါက်ထားမယ်ဆိုရင် IT field ထဲ ဝင်ရောက်လိုသူတွေအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်..
ကိုယ်ကဘယ်လိုအလုပ်မျိူးကို ပိုစိတ်ဝင်စားလဲ၊ ဘယ်လိုနယ်ပယ်မှာ အာရုံစိုက်ချင်လဲဆိုတာကို သိထားမယ်ဆိုရင် အနာဂတ်မှာ ပိုမိုတိကျတဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်မာဘဲ ဖြစ်ပါတယ်......
ဆိုတော့ ဒီစာကို ဖတ်ခြင်းအားဖြင့် နည်းပညာကို စိတ်ဝင်စားသူတိုင်း ကိုယ်နှစ်သက်ရာ နယ်ပယ်ကို သေချာရွေးချယ်ပြီး ဆုံးဖြတ်ချက်မှန်မှန် ချနိုင်မယ်လို့ မျော်လင့်ပါတယ်.....
For more updates from MM Logic Gallery, follow and like our page and enjoy learning interesting things
Don't forget to visit and subscribe our official YouTube channel MM Logic Gallery [https://youtube.com/?feature=shared]
18/02/2025
အခုတလောနာမည်ကြီးနေတဲ့ 𝗠𝗘𝗥𝗡 𝗦𝘁𝗮𝗰𝗸 ဆိုတာဘာလဲ ??? 🌟
MERN Stackမှာ projectလုပ်ထားတယ်ဆိုရင် companyတွေမှာ interview crackလုပ်ဖိုလွယ်တယ် ဆိုတာရော ကြားဖူးကြမယ်ထင်တယ်.... 🤔
ဆိုတော့ ဒီနေ့ကျွန်တော် MERN Stack ဆိုတာဘာလဲ၊ သူကဘယ်မှာအသုံးဝင်တာလဲ၊ ဘာကြောင့်သူကအရေးပါတာလဲ စသဖြင့်အားလုံးကို ခြုံငုံပြီး ပြောပြသွားပါမယ်။ MERN Stack ရဲ့အရှည်ကောက်ကတော့
M - 𝗠𝗼𝗻𝗴𝗼𝗗𝗕
E - 𝗘𝘅𝗽𝗿𝗲𝘀𝘀𝗝𝘀
R - 𝗥𝗲𝗮𝗰𝘁𝗝𝘀
N - 𝗡𝗼𝗱𝗲𝗝𝘀
ဆိုပြီးတော့ ကိုယ်စားပြုထားတာဘဲဖြစ်ပါတယ်..... 💻
M - 𝗠𝗼𝗻𝗴𝗼𝗗𝗕
MongoDB ဆိုတာက No SQL database တစ်ခု ဖြစ်တယ်။ Database မှာ SQL နဲ့ Non SQL ဆိုပြီး နှစ်မျိူးရှိတယ်။ SQL ကကျတော့ data ကို table format နဲ့သိမ်းပြီးတော့ သူက schema oriented ဖြစ်တယ်။ Non SQL ကကျတော့ data ကို ကြိုက်တယ့်ပုံစံနဲ့ သိမ်းလိုရတယ်ဆိုတော့ ပိုပြီးတော့ flexible ဖြစ်တယ်။ Non SQL မှာက data ကို document based format နဲ့သိမ်းတာမို့လို့ ပိုပြီးတော့ dynamic ဖြစ်တယ်။ ပြီးတော့သူက Scalableလည်း ဖြစ်တယ်။ Scalable ဆိုတယ့်သဘောက ရှိပြီးသား data ကို လိုရင်လိုသလို ချုံချဲ့လုပ်လို့ရတယ်။ သူက SQL လိုမျိူး schema oriented မဖြစ်ဘူး။ သူက SQL ထက်ပိုပြီးသွက်တယ်။ ပိုပြီးတော့လည်း flexible ဖြစ်တယ်။ 📊
E - 𝗘𝘅𝗽𝗿𝗲𝘀𝘀𝗝𝘀
ExpressJs က NodeJs ရဲ့ simplified framework တစ်ခုဖြစ်တယ်။ သူကကျတော့ mobile development နဲ့ web development အတွက် လိုအပ်တယ့် features တွေ tools တွေကို provide လုပ်ပေးတဲ့ framework တစ်ခုဖြစ်တယ်။ သူက API တွေနဲ့ server-side အတွက် programming logic တွေရေးတဲ့အချိန်မှာသုံးတယ်... ⚙️
R - 𝗥𝗲𝗮𝗰𝘁𝗝𝘀
React ဆိုတာသည် JavaScript ရဲ့ Frontend library တစ်ခုဖြစ်တယ်။ သူက user interface လေးတွေဖန်တီးတယ့်အချိန်မှာသုံးတယ်။ သူက သာမန် UI architecture လိုမဟုတ်ဘဲ component based architecture နဲ့အလုပ်လုပ်တယ်။ Component based architecture ဆိုတာက web page တစ်ခုကို Html တစ်ခုတည်းနဲ့ရေးတာမဟုတ်ဘဲ components တွေအများကြီးကိုပေါင်းပီးတော့ page တစ်ခုကို ဖန်းတီးတာဘဲဖြစ်တယ်။ အဲ့လို components တွေနဲ့ခွဲပီးတော့ ရေးရတာမလို့ ကိုယ်လိုရင်လိုသလို အလွယ်တကူ ခေါ်သုံးလို့ရတာမို့ reusable ဖြစ်တယ်။ အမြင်သာဆုံး ဥပမာပြောရမယ်ဆိုရင် ReactJs ရဲ့အားသာချက်က web page ကိုအကြိမ်ကြိမ်အခါခါ reload ဖြစ်စရာမလိုဘဲ page တစ်ခုထဲမှာ components တွေပြောင်းတာနဲ့အမျှ content တွေပါသူ့အလိုအလျောက် change သွားအောင် လုပ်ပေးနိုင်တာဘဲ ဖြစ်ပါတယ်။ 🔄
N - 𝗡𝗼𝗱𝗲𝗝𝘀
NodeJs က JavaScript ရဲ့ server side runtime ကိုထိန်းချူပ်ပေးတဲ့ programming language တစ်ခုဖြစ်တယ်။ NodeJs က Asynchronous programming ကို support လုပ်တယ်။ Asynchronous ဆိုတာသည် multiple tasks တေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်တာဘဲ ဖြစ်တယ်။ အယ့်လို multiple tasks တေကို asynchronously ဆောင်ရွက်နိုင်တာမို့ NodeJs က high performance ဖြစ်တယ်။ ဒါက website development မာ NodeJs ရဲ့ အရေးကြီးဆုံး အခန်းကဏ္ဌတစ်ခုဖြစ်တယ်။ အပါ်မှာပြောခဲ့တဲ့ ExpressJs ကလည်း NodeJsရဲ့ framework တစ်ခု ဖြစ်တယ်။ တကယ်တမ်းဆိုရင် ExpressJs ကို မသုံးဘဲနဲ့ NodeJs နဲ့ဘဲ website တစ်ခုလုံးကို ဖန်တီးလို့ရတယ်။ ဒါပေမယ့် development process ကို simplify လုပ်ဖို့ ExpressJs ကို framework တစ်ခုအနေနဲ့သုံးလာရတာဖြစ်တယ်။ 🚀
MERN Stack နဲ့ Web Development လုပ်တဲ့အခါမှာ 3tier Architecture ကို အခြေခံပြီး development လုပ်လေ့ရှိတယ်။
(1) Presentation tier : Html, Css, Boostrap/Tailwind, ReactJs
(2) Application tier : NodeJs, ExpressJs
(3) Data tier : MongoDB
ဒီလို step by step architecture ပေါ်မူတည်ပြီးတော့ MERN Stack က full development ကို efficiently လုပ်ဆောင်တယ်။ 🏗
𝗔𝗱𝘃𝗮𝗻𝘁𝗮𝗴𝗲𝘀 𝗼𝗳 𝗠𝗘𝗥𝗡 𝗦𝘁𝗮𝗰𝗸
✅ Full Stack JavaScript
MERN သည် Full Stack JavaScript ဖြစ်တာကြောင့် Development အပိုင်း တစ်ခုလုံးကို JavaScript တစ်ခုနဲ့ဘဲရေးတယ်။ Frontend ရဲ့ UI/UX ကို ReactJs နဲ့ရေးပီး Backend logic ဆိုရင်လည်း NodeJs, ExpressJs နဲ့ရေးရတယ်။ Database ဆိုရင်လည်း JavaScript Object Notation (JSON) ရေးတဲ့ပုံစံနဲ့ ထပ်တူကျတဲ့ MongoDB ကိုသုံးပြီးရေးရတယ်။ ဒီလို JavaScript language တစ်ခုတည်းနဲ့ ရေးရတာမို့လို့ development လုပ်တဲ့အခါမှာ ပို ပြီးတော့ လွယ်ကူလျှင်မြန်တယ်။ လေ့လာသူအနေနဲ့လဲ JavaScript language တစ်ခုတည်း သင်ယူရတာမို့ ပိုပြီးတော့ လွယ်ကူတယ်။ 📚
✅ Scalability
Scalable ဖြစ်တယ်ဆိုတာက ကိုယ်လိုရင်လိုအပ်သလို webpage ကိုချဲ့လိုရတယ်။ ဥပမာ - UI ဘက်မှာဆိုရင် Reactကို သုံးတာကြောင့် UI components တွေကို ကိုယ်လိုရင်လိုအပ်သလို development လုပ်ရင်းနဲ့ ထပ်ထည့်လို့ရတယ်။ Html ရေးသလို page အသစ်ထပ်ရေးစရာမလိုဘူး။ MogoDB မှာ ဆိုရင်လည်း No SQL ဖြစ်တာကြောင့် data ကို ကြိုက်သလိုမျိုး document အသစ်အနေနဲ့ထပ်တိုးလို့ရတယ်။ 📈
✅ Larger Community Support
MERN Stackက လူသုံးများတာမလို့ သူ့ကိုလေ့လာဖို့ဆိုရင် internet ပေါ်မှာ resources တွေများသလို Development လုပ်ပြီးတော့ deployment လုပ်ဖို့အတွက်လည်း resources တွေပေါများတယ်... 🌐
✅ Good Performance
MERN Stack က performance အပိုင်းမှာလည်းအရမ်းကောင်းတယ်။ MongoDB ဆိုရင် database အပိုင်းမှာ အရမ်းသွက်သလို NodeJs ကိုသုံးခြင်းအားဖြင့် Asynchronous programming လုပ်လို့ရတော့ ပိုပြီးတော့ မြန်ဆန်သွက်လက်တယ်.... ⚡️
MERN Stack ကိုစလေ့လာဖို့ဆိုရင် ဘာတွေသိထားဖို့လိုသလဲ?
MERN ကို မလေ့လာခင် အဓိကအားဖြင့် Html, Css foundation ရယ် pure Javascript ကိုသေသေချာချာ နားလည်သဘောပေါက်ထားဖို့လိုတယ်။ JavaScript ကိုတော့ basic OOP, DOM manipulation, event listeners ထိတော့ ကောင်းကောင်းတက်ထားရင်တော့ MERN Stack ကို သင်ယူဖို့ လွယ်ကူလျှင်မြန်သွားမှာဘဲ ဖြစ်ပါတယ်..... 🎓
For more informative updates about IT from mm logic gallery follow and like our page and don't forget to subscribe our official YouTube channel as well! 📲
Everyone is learning Python
Nobody is learning Logic
Everyone is learning Figma
Nobody is learning Design
Everyone is learning Marketing
Nobody is learning Psychology
Everyone is learning Sales
Nobody is learning Persuasion
Learn the Fundamentals not the hype
crd
26/01/2025
Database Management System ကို Design Phase ရော Implementation Phase ပါ ကျွမ်းကျွမ်းကျင်ကျင် တင်ချင်ရင်တော့ ဒီ course လုံးဝသင့်တော်ပါတယ်။ Normalization ကိုပါ ကျေကျေလည်လည် သင်ပေးသွားမှာဖြစ်တဲ့အတွက်
Course ကို အခုချက်ချင်းဘဲ Join ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်
18/11/2024
Data Structures and Algorithms ဘာကြောင့်အဲ့လောက်အရေးကြီးတာလဲ❓
Web development ဘက်ဘဲသွားသွား, Data Science, Machine Learning, Deep Learning ဘက်ဘဲသွားသွား Tech company တွေအများစုက Data Structures and Algorithms ကို skillset တစ်ခုအနေနဲ့ demand လုပ်ပါတယ်။
Leetcode ရဲ့ question အများစုကိုကြည့်လိုက်ရင်လည်း DSA နဲ့ ပြည့်နေပါတယ်။
ဒါကြောင့် ဘယ် university, ဘယ် college, ဘယ် diploma course ဘဲတက်တက် Data Structures and Algorithms ကို မရှိမဖြစ်သင်ကြပါတယ်။
ဒါဆို ဘာလို့ DSA က အဲ့လောက်အရေးကြီးနေရတာလဲ❓ ဘာကြောင့်လူတိုင်းကဒါကိုသင်ဖို့ပြောနေတာလဲ❓
ဒီမေးခွန်းရဲ့အဖြေကိုရဖို့အရင်ဆုံး ဒေတာ Data Structures and Algorithms (DSA) ကိုအဓိပ္ပာယ်ဖွင့်ရအောင်။
Data Structures ဆိုတာကတော့ data အမျိုးမျိုးကိုစည်းစနစ်ကျကျ efficiently handle လုပ်ဖို့အသုံးပြုတဲ့ programming ရဲ့ aspect တွေဖြစ်တယ်။
Algorithms ဆိုတာသည် Data Structures ကိုအသုံးပြုပြီးတော့ time efficient, space efficient programs တွေရေးတဲ့ ပညာလို့အလွယ်မှတ်လို့ရတယ်။
Data Structures and Algorithms မှာ အရေးကြီးဆုံး aspect နှစ်ခုသည်
(1) Space Complexity နဲ့
(2) Time Complexity ဖြစ်တယ်။
Why is time complexity important? ⏳
အခုခေတ်ကြီးမှာဆိုရင် internet ပေါ်မှာ website ပေါင်းများစွာ၊ application ပေါင်းများစွာ၊ software ပေါင်းများစွာ ရေတွက်လို့တောင်မကုန်လောက်တဲ့ထိရှိပါတယ်။
websites တွေသည် လူတကာနဲ့ရင်းနှီးကျွမ်းဝင်နေတော့ website တွေအကြောင်းပဲပြောကြတာပေါ့။
ကမ္ဘာပေါ်မှာရှိနေတဲ့ သန်းချီ website တွေထဲမှာ တကယ်လူသိများနေတဲ့၊ တကယ်လူတွေနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ websites လို့ပြောလိုက်ရင် Google, Facebook, GitHub, Instagram စတာတွေကို ထိပ်ဆုံးကပြောမယ်လို့ထင်တယ်။
ဒါဆို ဘာလို့ဒီ website တွေက IT market ကိုချိုးဖောက်ပြီးတော့ဟိုးထိပ်ဆုံးကိုရောက်နေရတာလည်း❓
Google ကိုပဲ example ထားရအောင် 🌍
ကမ္ဘာပေါ်မှာ Google လိုမျိုး search engine များစွာရှိတယ်။
တစ်ချို့သောဥပမာတွေပြောရမယ်ဆိုရင်
Yahoo,
Bing,
Baidu စတာတွေပေါ့။
ဒါပေမယ့် Google ကိုတော့
King of search engines 👑
လို့တောင်ပြောလို့ရတယ်။
ဘာကြောင့်လဲ?
Search engine တွေထဲမှာ အကောင်းဆုံးသော Performance Timing ကိုပေးတာက Google ဖြစ်နေလို့ပါ။
Google က search တစ်ခုလုပ်ဖို့ တစ်စက္ကန့်ထက် မနည်းတဲ့အချိန်ပိုင်းအခြားလေးဘဲကြာတယ်။
Yahoo, Baidu စတဲ့ search engine တွေထက် ပိုပြီး မြန်ဆန်သွက်လပ်တယ်။
ဒါက ဘာကြောင့်လဲ❓
Google ကိုတည်ထောင်ချိန်ကတည်းက သူ့ရဲ့ time efficiency ကောင်းအောင် time efficient algorithms တွေအများကြီးအသုံးပြုထားတဲ့အတွက်ဖြစ်တယ်။
အဲလို algorithm တစ်ခုကိုပြောရမယ်ဆိုရင် Tech world မှာ လူသိများတဲ့ Page Rank Algorithm ဘဲဖြစ်ပါတယ်।
ဒီလိုမျိုး time efficiency ကို အလေးပေးထားတဲ့အတွက် Google သည် သူ့ရဲ့နယ်ပယ်ရဲ့ထိပ်ဆုံးမှာရောက်နေပြီ။
အခုချိန်အထိ Google ကိုဖန်တီးခဲ့တဲ့နှစ်ပေါင်း ၂၆ နှစ်ကြာမှာတောင် multi-billion dollar company အဖြစ်ရပ်တည်နေပါတယ်။
Time efficiency မရှိခဲ့ရင် Google သည် အခုလိုမျိုးကြီးပွားတိုးတက်တဲ့ company တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။
ဒါကြောင့် time complexity က အရမ်းကို အရေးကြီးကြောင်း ဒီ example နဲ့တင် သိနိုင်ပါတယ်။
Space complexity အကြောင်းကိုတော့ နောက် post တစ်ခုမှာဆက်ပြီးတော့ရှင်းပြသွားဖြစ်ပါတယ်။
📌 MM Logic Gallery မှာ Programming Knowledge တွေတင်ပေးထားတာမလို့, MM Logic Gallery page ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့! 🙌
For more updates about Computer Science, subscribe to our YouTube Channel, MM Logic Gallery https://youtu.be/IFVzEW9AnJ4?si=CVHJp0ytiNjCvhat
19/10/2024
📚 Linguistics ရဲ့ အရေးပါချက် 💡Part IV
🌟 **Pragmatics ဆိုတာဘာလဲ??** 🌟
Syntax 🎨 Semantics တွေကို အသုံးပြုပြီးတော့ functionalities တွေကို ဖန်တီးတဲ့၊ အလွယ်ပြောရရင် syntax and semantics ကို upgrade လုပ်တဲ့ ပညာရပ်ကို pragmatics လို့ခေါ်ပါတယ်။ 🤔
E.g.Java နဲ့ C++ မှာဆိုရင် num=1; ဆိုတဲ့ assignment operation၊ num=1+2; ဆိုတဲ့ arithmetic operations တွေကို သုံးပြီးတော့ num+=1; increment operation ကို အဆင့်မြင့် အသုံးပြုတာသည် အဲဒီ programming language ရဲ့ pragmatics ဖြစ်တယ်။ 💻
Programming language တစ်ခုရဲ့ syntax 📝 and semantic rules တွေကို ဘယ်လောက်ဘဲ တတ်နေပါစေ ကိုယ်တတ်ထားတဲ့ syntax နဲ့ semantic တွေကို ပေါင်းစပ်ပြီးတော့ ကိုယ်လိုချင်တဲ့ functionality ကို မထုတ်တတ်ဘူးဆိုရင်လည်း အဲဒီ programming language ကို ရပြီလို့ ပြောလို့မရဘူး။ 📚
ဒါကြောင့် programming ရဲ့ ဘယ် aspect ကိုမဆို လေ့လာရင် သူ့ရဲ့ logic ကို အရင်နားလည်အောင်လုပ်ပြီး syntax, semantics နဲ့ pragmatics တွေကိုပါ တစ်ပါးတည်း လေ့လာရင် အဲဒီ programming language ကို ပိုင်နိုင်မှာ ဖြစ်ပါတယ်။ 🔍
အဲဒီ logic တွေ linguistics တွေကို သေချာတိကျအောင် လေ့လာနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သက်ဆိုင်ရာ programming language ရဲ့ documentation 📖 ကို internet ကနေသော်လည်းကောင်း၊ စာအုပ်တွေကနေသော်လည်းကောင်း ဖတ်ခြင်းဘဲ ဖြစ်ပါတယ်။ 🌐
Programming ရဲ့ core concepts တွေကို နားလည်သွားပြီဆိုမှသာ အဲဒီ programming language ကို extend လုပ်ထားတဲ့၊ မြှင့်တင်ထားတဲ၊ automated functionality တွေပါဝင်တဲ့ library တွေ framework 🎯 တွေကိုပါ လေ့လာနိုင်ပါတယ်။
ဒါတွေအကုန် နားလည်ပြီဆိုရင်လည်း projects 🎨 တွေများများလုပ်၊ research paper 📰 တွေ များများ ဖတ်ထားမှသာ language နဲ့ ပိုမို ရင်းနှီးကျွမ်းဝင်သွားမှာဖြစ်ပြီး programming language တစ်ခုကို တတ်ထားတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ ✅
------
For more updates about Computer Science, follow and like our page and do not forget to subscribe our YouTube Channel ""MM Logic Gallery"" [ https://youtube.com/?si=zpaXWgRxKryk_rFR ]
19/10/2024
**IT ပြောပြီးသင်္ချာဘာလို့သင်နေရတာလဲ??**
ဘယ်တက္ကသိုလ် ဘယ် course ကိုဘဲတက်တက် သင်္ချာကတော့ မပါမဖြစ် သင်ရတဲ့ဘာသာဖြစ်တယ်📚။ အဲတော့ သင်ယူနေတဲ့ ကျောင်းသူကျောင်းသားတွေက "ဒီသင်္ချာကို ဘာကိစ္စသင်ပြီး အချိန်ဖြုန်းနေတာလဲ" ဆိုပြီး ငြီးတွားကြတယ်🤔။
အမှန်တကယ်ဆိုရင်တော့ Math ဆိုတာသည် Computer ရဲ့ မိခင်ကြီးဖြစ်တယ်💻🧮။ သင်္ချာသာ မရှိဘူးဆိုရင် Computer ကြီးလည်း ပေါ်လာမှာမဟုတ်ဘူး၊ IT ဆိုတဲ့ ဝေါဟာရတောင် ပေါ်လာမှာမဟုတ်ဘူး။ Computer ထဲမှာ ဖြစ်ပျက်နေတဲ့ operation တိုင်းရဲ့ နောက်ကွယ်မှာ သင်္ချာက နောက်ခံကျောရိုးအဖြစ် ရပ်တည်နေပါတယ်💡။
ဒါကြောင့် သင်္ချာကို IT နယ်ပယ်ထဲမှာ ဘယ်လို အသုံးပြုလဲ၊ ဘယ်လို သင်္ချာပညာရပ်တွေက ဘယ်နေရာမှာလိုအပ်သလဲ ဆိုတာကို ရှင်းပြသွားမှာဖြစ်ပါတယ်✨။ အမှန်တကယ်ဆိုရင်တော့သင်္ချာမှာ ပညာရပ်အခွဲအပေါင်းများစွာရှိပေမယ့်လည်း အခုကတော့ လက်ရှိမှာ IT field မှာ အသုံးများပြီး နာမည်ကြီးတဲ့သင်္ချာဘာသာရပ်တွေအကြောင်းပြောပြမှာဖြစ်ပါတယ်📈📊။
---
1. **Arithmetic**
ဒီသင်္ချာဘာသာရပ်ကဆိုရင် သင်္ချာရဲ့ basic calculation တွေဖြစ်တဲ့အပေါင်း, အနုတ်, အမြောက်, အစားတွေကို specialize လုပ်တဲ့ပညာရပ်ဖြစ်ပါတယ်🧠။ တစ်ချို့သော ဥပမာတွေပြောရမယ်ဆိုရင် Calculating resource allocation, data management (querying, indexing, maintaining data integrity and so on)💾.
---
2. **Discrete Mathematics**
ဒီသင်္ချာဘာသာရပ်ဟာဆိုရင်ဖြင့် calculus လိုမျိုး number တွေကို variables တွေကိုတိုက်ရိုက် handle မလုပ်ဘဲ logic တွေကိုအဓိကထားစဉ်းစားရတဲ့ သင်္ချာဘာသာရပ်ဖြစ်ပါတယ်📐📏။ Discrete Math ကိုမှ နောက်ထပ် Set theory, Graph Theory, combinations and permutations, probability, recurrence relations, mathematical induction, automata theory, modular arithmetic စတဲ့ဘာသာပေါင်းများစွာအဖြစ် ထပ်ခွဲလို့ရသေးတယ်📚✨။ Discrete mathematics ကဆိုရင် data structure and algorithms ရဲ့ အသက် ဖြစ်တယ်🧠💻။ အဲဒါအပြင် ကမ္ဘာ့လူသုံးအများဆုံး Database ဖြစ်တဲ့ Relational Database တွေသည် Discrete Math ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Set theory နဲ့ Logics တွေပေါ်မှီခိုထားတာဖြစ်တဲ့အတွက်ကြောင့် Discrete Math ကဆိုရင် Data Management Systems မှာ essential အစိတ်အပိုင်းတစ်ခုဖြစ်တယ်🔗။ ဒါ့အပြင် Discrete Math ကို Algorithm complexity, cryptography, programming logic, designing and building computer networks, artificial intelligence, machine learning, deep learning, data science စတဲ့ IT နယ်ပယ်မျိုးစုံမှာလည်း အသုံးပြုသေးပါတယ်🧑💻🖥️📡။
---
3. **Probability and Statistics**
တကယ်တော့ Probability နဲ့ Statistics ကဆိုရင် မတူကြပါဘူး။ ဒါပေမယ့် သူတို့နှစ်ခုကိုဆိုရင် အိုင်တီနယ်ပယ်မှာ တွဲပြီးတော့သုံးကြတာများတာဖြစ်တဲ့အတွက်ကြောင့် အတူတူရှင်းထားခြင်းဖြစ်တယ်📊. ဒီသင်္ချာဘာသာရပ်နှစ်ခုကိုပေါင်းပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် logical, financial and analytical predictions လုပ်တဲ့အခါမှာ အသုံးပြုတဲ့ သင်္ချာဘာသာရပ်ဖြစ်တယ်🔮💡. ဒီဘာသာရပ်ကိုဆိုရင် data science ရဲ့ field မှာ dataset ကြီးကြီးမားမားတွေ analyze လုပ်တဲ့အခါမှာ အသုံးပြုပါတယ်📉။ Machine Learning နယ်ပယ်မှာလည်း hypothesis testing, regression, clustering algorithms စတဲ့အရာတွေမှာ၊ Bayesian Networks, HMM လို့ခေါ်တဲ့ Hidden Markov Models စတဲ့ AI Models တွေ ဖန်တီးတဲ့အခါမှာသုံးတယ်။🤖. Artificial intelligence, machine learning, deep learning အပြင် IT ပိုင်းဆိုင်ရာ risk assessment and management လုပ်တဲ့အခါ financial analysis အတွက်ရော data visualization လုပ်တဲ့အခါမှာလည်း အသုံးပြုတယ်📈💼။
---
4. **Calculus**
ဒီဘာသာရပ်ကိုအလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် ပြောင်းလဲနှုန်းကို လေ့လာတဲ့သင်္ချာဘာသာရပ်ဖြစ်တယ်📐။ Calculus ပြောလိုက်တာနဲ့ လူအများစုကကြောက်ရွံ့ပြီးတော့ ဝေးဝေးရှောင်ချင်ကြပါတယ်။ ဒီဘာသာကဆိုရင် အရမ်းနက်ရှိုင်းပြီး IT field မှာဆိုရင် အရမ်းကိုအသုံးဝင်ပါတယ်💡. Calculus ကို Machine Learning လုပ်တဲ့အခါ gradient descent algorithms အတွက်သော်လည်းကောင်း၊ computer graphics အပိုင်းမှာသော်လည်းကောင်း၊ bandwidth optimization, network resource allocation စတဲ့ Network optimization field မှာသော်လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်📊📉။
---
5. **Linear Algebra**
အင်္ဂလိပ်လိုတိုက်ရိုက်အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် study of linear combinations လို့အဓိပ္ပါယ်ဖွင့်ဆိုပါတယ်✏️. မြန်မာလိုလွယ်လွယ်ကူကူအားလုံးနားလည်တဲ့ပုံစံနဲ့အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင် Matrix နဲ့ Vector တွေရဲ့အသွင်အမျိုးမျိုးကို လေ့လာရတဲ့ဘာသာရပ်ဖြစ်တယ်📐📏။ Image and video processing, graphic rendering လုပ်တဲ့အခါ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်🎞️။ Neural networks, support vector machines, principal component analysis (PCA) စတဲ့ machine learning algorithms တွေကို build လုပ်တဲ့အခါမှာဆိုရင် Linear Algebra ကမပါမဖြစ်ပဲဖြစ်ပါတယ်🤖🖥️.
---
ဒါကတော့ ကျွန်တော်သိသလောက်တတ်သလောက်လေး သင်္ချာဘာသာရပ်တွေကို IT field မှာ အသုံးပြုပုံကိုရေးထားဖြစ်ပါတယ်💬. နောက်ထပ်လည်း topology, geometry, trigonometry စတဲ့ သင်္ချာဘာသာရပ်ပေါင်းများစွာရှိသေးပါတယ်📚. ဒီ post မှာပါတဲ့ သင်္ချာဘာသာရပ်တွေအပြင် တစ်ခြား သင်္ချာပညာတွေက IT ရဲ့ ဘယ်နယ်ပယ်မှာ အသုံးဝင်သေးတယ်ဆိုတာ သိထားတာလေးရှိရင် comment မှာ လာရောက်ပြီး knowledge share နိုင်ပါတယ်💬📝.
---
For more updates about Computer Science, follow and like our page 👍 and do not forget to visit our YouTube channel MM Logic Gallery [ https://youtube.com/?si=zpaXWgRxKryk_rFR ]🎥!
17/10/2024
အားလုံးပဲ မင်္ဂလာပါခင်ဗျ... 🌸
သီတင်းကျွတ်ပိတ်ရက်ကာလလေးမှာ အိမ်မှာပဲမိသားစုတွေနဲ့ အတူတူကုန်ဆုံးရင်း ⏳ အချိန်ကိုအကျိုးရှိရှိအသုံးချချင်တဲ့သူတွေအတွက် 👨👩👧👦 ကျွန်တော်တိုရဲ့ MM Logic Gallery 🎥 ကနေပြီးတော့ Core Java လို့ လူတွေသိကြတဲ့ Java SE Course ကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်
ဒီ course လေးမှာဆိုရင် Java SE ကို👇
✅ Basics of OOP with Java
✅ Numerical data handling
✅ Conditions and Loopings
✅ Arrays
✅ Characters and Strings
✅ Defining own classes
✅ Inheritance, Polymorphism, Abstraction and Encapsulation
✅ Exception handling
✅ File IO
✅ GUI and Event Driven Programming
ဆိုပြီးတော့ အပိုင်း(10)ပိုင်း ခွဲပြီးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်
သင်ကြားမယ့်ပုံစံကတော့ 🌐 Google Meet မှာ face to face သင်ကြားရမှာဖြစ်ပြီး 🎥 သင်ထားတဲ့ lecture video recording 🎞 တွေကိုလည်း share ထားပေးမှာဖြစ်တဲ့အတွက် အတန်းပျက်ထားခဲ့သည်ရှိသော်, ဒါမှမဟုတ် နားမလည်လို့ ပြန်ကြည့်ချင်ခဲ့သည်ရှိသော် 👀 ကြိုက်တဲ့အချိန် ဝင်ကြည့်လိုရပါတယ် 👌
📖 သင်ခန်းစာ တစ်ခန်းပြီးတိုင်းလည်း အဲဒီသင်ခန်းစာနဲ့ သက်ဆိုင်တဲ့ exercise တွေ 📋 assignment တွေကိုပါ တစ်ပါးတည်း လုပ်သွားရမှာဖြစ်တဲ့အတွက် Java နဲ့ လုံးဝ ရင်းနှီးကျွမ်းဝင်သွားမှာပါ🔥
ဒီ course ရဲ့ general info လေးကတော့👇
☕️ Course Name : Core Java/Java SE Course
👥 Course Class size : 10 to 15 students
🗓 Start Date: 21/10/2024
⏳ Class Duration: 8 weeks
🕑 Class Time: Monday-Friday (2 hours a day)
💸 Course fee: 75000MMK (50000MMK for early registrations)
Course ပြတ်သွားတဲ့အခါမှာလည်း 💼 လက်တွေ့ကျတဲ့ mini project လေးကို လုပ်ရမှာဖြစ်ပြီး own idea💡 လေးနဲ့ Java GUI app လေးတစ်ခုကို project အနေနဲ့ submit လုပ်ရမှာဖြစ်ပါတယ် 🔧
အဲ့ဒီတော့ စိတ်ပါဝင်စားသူတိုင်း လာရောက် join 💬 နိုင်ပြီး Course နဲ့ပတ်သတ်ပြီးတော့လဲ ကျွန်တော်တိုရဲ့ MM Logic Gallery Page ရဲ့ cb မှာလာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်းပြောကြားရင်း ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ကျန်းမာချမ်းသာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ 🙏🏻🙏🏻🙏🏻
13/10/2024
📚 Linguistics ရဲ့ အရေးပါချက် 💡 Part III
🌟 Semantics ဆိုတာဘာလဲ? 🌟
🌟 Semantics ရဲ့ တိုက်ရိုက် definition 🌟 ကတော့ "Semantics is the meaning conveyed by a set of valid expressions defined by the syntax of a programming language." 📚 မြန်မာလို ဘာသာပြန်ရင် "အဓိပ္ပာယ် သတ်မှတ်ချက်များ" ဆိုရမှာပါ။
📌 Semantics ကို နမူနာတစ်ခုနဲ့ နားလည်ရအောင်ပြောရရင်
int num = "MM Logic Gallery";
ဒီ piece of code မှာ int, num, =, "MM Logic Gallery" ဆိုတဲ့ expression တစ်ခုချင်းစီက syntax တွေဖြစ်ပြီး Syntax အရကိုယ်စီမှန်ကန်ကြပါတယ်။ ဒါပေမယ့် int ဆိုတာ integer data type ကို ခံစားနိုင်ဖို့ စီမံထားတာဖြစ်လို့ string value ဖြစ်တဲ့ "MM Logic Gallery" ကို ထည့်တဲ့အခါ semantics မှားတာဖြစ်သွားပါတယ်။ ဒါကြောင့် အဲ့ဒီ code မှာ error 🚨 တက်မှာပါ။
🌟 **Semantics** ကို နောက်ထပ် နမူနာတစ်ခုနဲ့ အရှင်းပြမယ်ဆိုရင်...
```
int age = 25;
if (age = 30) {
// do something
}
```
ဒီ code ကိုကြည့်မယ်ဆိုရင် syntax အနေနဲ့ ဘာမှမှားမဟုတ်ပါဘူး။ **int** ဆိုတာ integer type ဖြစ်တဲ့ **age** ကို သတ်မှတ်ထားတယ်။ ဒါပေမယ့် အဲ့မှာ **semantics** မှားနေပါတယ်။ အချက်အလက်များအားဖြင့်၊ **if** condition ထဲမှာ **age = 30** ဆိုပြီးသတ်မှတ်တာက **assignment operator** ကိုသုံးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအစား **==** ဆိုတဲ့ **comparison operator** ကို သုံးသင့်ပါတယ်။
ဒါကြောင့် **if (age == 30)** ဆိုပြီး သတ်မှတ်ရမယ်။ **age** ကို 30 နဲ့ယှဉ်ပြီးသာ တိုက်စစ်နိုင်တာပါ။ ဒီလို **semantics** မှားတာက **error** တက်စေနိုင်ပါတယ်။
➡️ **Semantics error** ကိုဆိုလိုတာကတော့ **syntax** မှန်ပေမယ့် အဓိပ္ပာယ် အရပ်ရာမှာ **မှားယွင်းနေတဲ့ code** ကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ 🌟
➡️ When the structure is correct according to syntax 📚 but meaningfully incorrect 🤔 according to the language’s rules, that’s where semantic error 🛠️ occurs! 😱
➡️ This is the third part. Next part 🔜, we will discuss 🗣️ about *pragmatics*! Stay tuned 🎧 with us!
💥 For more updates 💥 about Computer Science 🖥️, Do not forget to subscribe 🔴 MM Logic Gallery YouTube Channel! 🌟
https://www.youtube.com/
10/10/2024
📚 Linguistics ရဲ့ အရေးပါချက် 💡 Part II
🌟 Syntax ကဘာလဲဆိုတာ ပြောပြမယ်ဆိုရင်တော့ Programming Language သတ်မှတ်ချက်တွေထဲမှာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ Syntax ကနေ အခြေခံပြီး စာရိုက်ခြင်းနဲ့ သတ်မှတ်ချက်တွေက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တာပါ။ Syntax မှန်မှသာ ကွန်ပျူတာက အတိအကျ နားလည်ပြီး စနစ်တကျ လုပ်ဆောင်ပေးနိုင်မှာပါ။ 💻
🌟 **Syntax ရဲ့ တိုက်ရိုက် definition** 🌟 ကတော့ "Syntax is a set of rules that defines arrangement of tokens, which are considered to be valid in a given language." 🧩 ဖြစ်ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်တော့ "အထားအသို" လို့ 📚 အဓိပ္ပာယ်ရပါတယ်။ 👀 အလွယ်ပြောရရင် syntax ဆိုတာက programming language 🖥️ မှာ သတ်မှတ်ထားတဲ့ regular expressions ✨ နဲ့ characters 📝 တွေရဲ့ ထားသိုပုံ ဖြစ်တယ်။
📌 **Programming language** အများစုမှာ @, #,&,* စတဲ့ special characters နဲ့ variable name တွေကို စတင်ရင် မှားပါတယ်။ စတင်လိုမရပါဘူး။ ဒါသည် programming language ရဲ့ product rule 🤖 ဖြစ်တယ်။ ဒီ production rules တွေကိုဘဲ syntax 🖋️ လိုခေါ်ပါတယ်။
🖥️ **code** ကို run တဲ့အခါမှာ compiler က syntax rules ဦးစွာ analyze 🔎 လုပ်ပါတယ် 📋။ Syntax ကို မမှန်ဘူးဆိုရင် error 🚨 တက်လာနိုင်ပါတယ်။ Syntax အတိအကျစစ်ပြီးတဲ့နောက်မှာသာ compiler က semantics အပိုင်းကို ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။
**Program** ကို run တဲ့အခါမှာ syntax မှားလိုတက်လာတဲ့ error ကို syntactic error 🚨 လို့ခေါ်တယ်။
➡️ **ဒါကတော့ second part ဖြစ်ပါတယ်။ နောက်အပိုင်းမှာ 🔜, semantics အကြောင်း ဆွေးနွေးပါမည်။! Stay tuned 🎧 with us!
💥 **For more updates** 💥 about Computer Science 🖥️, **Do not forget** to subscribe 🔴 MM Logic Gallery YouTube Channel!
https://www.youtube.com/
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Maymyo
05085