01/01/2021
YCC ကျောင်းတော်ကြီးမှ ဆရာကြီး ဆရာမကြီးများ ဆရာ ဆရာမများ နှင့် ကျောင်းသားကျောင်းသူများ ဘွဲ့ရကျောင်းသား သူဟောင်းများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေကြောင်း နှစ်သစ်ဆုမွန် တောင်းလိုက်ပါတယ်...
06/11/2020
UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ပထမဆု ဆွတ်ခူး ရရှိခြင်း။
မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ ဒုတိယအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်သင်းပေါင်း ၂၇ သင်းထဲက ရွေးချယ်ခဲ့တာဖြစ်ပြီး ဒုတိယအဆင့်မှာ Pitch Video နဲ့ Presentation၊ My Ooredoo app ရဲ့ Prototype နဲ့ User flow diagram တို့ကို ပြိုင်ပွဲဝင်တွေက ပေးပို့တင်သွင်းခဲ့ကြရတယ်။ အူရီဒူးမှ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးတွေက အကောင်းဆုံးတွေထဲက အကောင်းဆုံးဖြစ်တဲ့ ပြိုင်ပွဲဝင်အသင်းများကိုရွေးချယ်ခဲ့ကြပါတယ်။
ဒိုင်လူကြီးတွေရွေးချယ်လိုက်တဲ့ အလန်းစား Design တွေနဲ့ ဆုတွေကို ဆွတ်ခူးသွားသူတွေကတော့ . . .
- ပထမဆု – Hexa Tech (USD 3,000) UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်
- ဒုတိယဆု – Renovation for Lifestyle (USD 2,000)
- တတိယဆု – NXT (USD 1,000)
- စတုတ္ထဆု – Presto နှင့်
- ပဉ္စမဆု – Duo Design Lab တို့ပဲဖြစ်ပါတယ်
ဒီပြိုင်ပွဲမှာ အနိုင်ရရှိသွားသော UTYCC, IST ဌာန မှ နှောက်ဆုံးနှစ်ကျောင်းသားများ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်အား နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) မှ
အထူးဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေ။
04/11/2020
The following is the Job Application Link for the Internship Program.
https://www.jobnet.com.mm/job/internship-mandalay-kbz-bank/58317
Kindly reminder for Applicants
**Applicants must submit school enrolment confirmation letter and academics report along with their CVs (as One PDF document file)**
19/10/2020
ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်ရရှိရေးအတွက် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)နှင့် KBZ တို့ပူးပေါင်းဆွေးနွေးခြင်း
- မေဂျာအားလုံးမှ နောက်ဆုံးနှစ်ကျောင်းသား သူများ
လျှောက်ထားနိုင်ပါသည်
- နောက်ဆုံးဖြေဆိုခဲ့သည့်စာမေးပွဲတွင် ပျမ်းမျှအမှတ် ၇၅ နှင့် အထက်ရရှိသူများ ဦးစားပေးမည်
- Internship ကာလသည် ၃ လ ဖြစ်ပါသည်
- မန္တလေးKBZ ရုံးခွဲ တွင်internship ဆင်းရမည်ဖြစ်ပါသည်
- တနင်္လာမှ သောကြာနေ့အထိ ရုံးတက်ရမည်ဖြစ်ပြီး Allowence ပေးမည်ဖြစ်ပါသည်
- ရုံးတက်ကာလတွင် uniform ပံ့ပိုးပေးပါမည်
- Interview ဖြေဆိုရမည်ဖြစ်ပါသည်
- KBZ မှ အလုပ်လျှောက်လွှာနှင့် လုပ်ငန်းခွင်နှင့်ဆက်သွယ် ရန် လိပ်စာများထပ်မံကြေငြာပေးပါမည်
- အသေးစိတ်အချက်အလက်များကို Student Affair office page, Student Union page နှင့် တက္ကသိုလ် web တွင် ဆက်လက် ကြေငြာပေးမည်ဖြစ်ပါသည်
17/10/2020
၁၀နှစ်ပြည့် သံဖြူရတုမှာ UT-YCC မိသားစု နှင့် အားလုံးသော မိသားစုများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ။
17/10/2020
UTYCC ဆယ်နှစ်ပြည့်အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပပုံအား ၉နာရီ ၄၅မိနစ်အချိန်မှ စ၍ တိုက်ရိုက် live ထုတ်လွှင့်သွားပါမည်
17/10/2020
လွန်ခဲ့သော ၁၀နှစ်တိတိ အချိန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၇ရက် ယခုလိုအချိန်တွင် နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီးတီးကို Yatanarpon Teleport Buildingတွင် ဖွင့်ပွဲအခမ်းအနားကျင်းပနေသည့်ပုံရိပ်အား ဖော်ပြပေးလိုက်ပါတယ်
16/10/2020
Happy 10th Anniversary ပါ UTYCC
မဟာဌာနလေးခုကိုအခြေုပြုတည်ထောင်ထားသော ကျောင်းတော်ကြီး ဒီထက်မကအောင်မြင်ပါစေ
နိုင်ငံတကာ တက္ကသိုလ်များနဲ့ရင်ဘောင်တန်းနိုင်တဲ့ မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်ကြီး အဖြစ်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၁၀နှစ်ပြည့် ကိုကြိုဆိုလိုက်ပါတယ်
16/10/2020
𝕌𝕋-𝕐ℂℂ ℕ𝕠𝕤𝕥𝕒𝕝𝕘𝕚𝕒
°°°°°°°°°°°°°°°°°°°°°°
( ၁၀ )နှစ်ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပမည့် Online Event၏ အမှတ်တရ စကားဝိုင်းကိုတော့ နေ့လည် ၁း၀၀နာရီမှာ Page ကနေ Live လွင့်သွားမှာ ဖြစ်ပါတယ်ဗျ. . .
ကြည့်ရှု့အားပေးကြမည့်သူများမှလည်း Live ကြည့်ရှုနေရင်း ဆရာ/ဆရာမများ၊ စီနီယာများကို မေးခွန်းများမေးလိုပါက Commentများတွင် မေးမြန်းနိုင်ပြီး အချိန်ပေါ်မူတည်၍ ဖြေကြားနိုင်ရန် စီစဥ်သွားမှာ ဖြစ်ပါတယ်. . . လုပ်ငန်းခွင်အတွေ့အကြုံများ အခွင့်အလမ်းများကို ပိုမိုမျှဝေလိုကြောင်း ပါဝင်ဆွေးနွေးမည့် ကျောင်းသား/သူဟောင်းများမှ ပြောကြားထားပါတယ်ဗျ. . .
တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နှင့် ဌာနမှူးများတို့နှင့်အတူ စကားဝိုင်းဖွဲ့ သွားမည့် ကျောင်းသား/သူဟောင်းများကတော့. . .
Name - Hsuthiri Soe
Major - IST(Information Science and Technology )
Batch - 1st Batch
Job - Student (Waseda University)
Location- Japan
Position- 1st year Ph.D
Name - Aye Chan Aung
Major - Computer Engineering
Batch - 1st Batch
Company - Apple Inc.
Location- Singapore
Position- Network Engineer
Name - Han Sitt Aung
Major - EcE (Electronic Engineering)
Batch - 1st Batch
Company - Myanma Posts & Telecomunications (MPT)
Location - Myamar
Positioin - Senior Supervisor
Name - Khaing Zar Thwe
Major - PrE ( Mechanical Precision and Automation )
Batch - 1st Batch
Job - NISSAN AUTOMOTIVE TECHNOLOGY
Location- Japan
Job Position- Door Design Engineer
Name - Wanna Htoo
Major - Materials & Metallurgy
Batch - 1st Batch
Company - NSL OilChem Waste Management Pte Ltd.
Location- Singapore
Position- Process Control Technician တို့ဖြစ်ပါတယ်. . .
ဒီစကားဝိုင်းလေးကို Moderator အဖြစ်နဲ့ ဆောင်ရွက်ပေးသွားမည့်သူကတော့ Final Year ကျောင်းသူ မဟေမန်နှင်းခိုင်ပဲ ဖြစ်ပါတယ် ခင်ဗျ. . .
အားလုံးပဲ နက်ဖြန် နေ့လည် ( ၁ )နာရီမှာ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ. . .