24/05/2026
Cryptography
🎯🎯🎯🎯🎯🎯
Ebook Download Link ကို Comment မှာ ချထားပေးပါတယ်ဗျာ့။
-
Types of Cryptography
***********************
Symmetric Cryptography
*************************
Symmetric Cryptography ဆိုသည်မှာ encryption နှင့် decryption process နှစ်ခုစလုံးတွင် တူညီသော key တစ်ခုတည်းကိုသာ အသုံးပြုသည်။ Symmetric Cryptography ၏ အားသာချက်သည် မြန်ဆန်သော်လည်း အားနည်းချက် အနေဖြင့် key တစ်ခုတည်းကိုသာ အသုံးပြုထားသောကြောင့် Man in the middle(MITM) မှ attack လုပ်၍ ဝှက်စာဖော်နိုင်ကာ message ပေါက်ကြားသွားနိုင်သည်။ Popular အဖြစ်ဆုံး Symmetric Cryptography system သည် Data Encryption System (DES) ဖြစ်သည်။
Asymmetric Cryptography
Asymmetric Cryptography ဆိုသည်မှာ encryption process တွင် public key ကို အသုံးပြု၍ decryption process တွင် private key ကို အသုံးပြုသည်။ Asymmetric Cryptography ၏ အားသာချက်သည် public key ကို လူအများ က သိသော်လည်း private key ဖြင့်သာ message ကို ဖော်နိုင်သော ကြောင့် ပို၍ secure ဖြစ်ပါသည်။
Hash Function
Hashing သည် cryptography technique တစ်မျိုးဖြစ်သော်လည်း သူသည် မည့်သည့် data ကို မဆိုhashed လုပ်၍ string အဖြစ်သို့ပြောင်းလဲပေးသည်။ Hashing နှင့် encryption တို့ ၏ ခြားနားချက်မှာ encryption သည် key တစ်ခုကို အသုံးပြု၍ reversed or decrypted လုပ်နိုင်သော်လည်း Hashing သည် reversed လုပ်ရန် ခက်ခဲသည်။ အသုံးများသော Hashing function များမှာ MD5,SHA1, SHA256 တို့ဖြစ်သည်။၎င်းfunction မှထွက်လာသော နံပါတ်များသည် Random Password generator မှ ထွက်လာ သော နံပါတ်များနှင့် number format ပုံစံ နှင့် ဆင်တူတတ် ပါသည်။
s
Hybrid Encryption(Symmetric Encryption+Asymmetric Encryption)
Hybrid Encryption ဆိုသည်မှာ Symmetric Encryption ၏ ကောင်းမွန်သော အချက် နှင့် Asymmetric Encryption ၏ ကောင်းမွန်သော အချက်နှစ်ခုကိုသာ ပေါင်းစပ် ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ Symmetric Encryption သည် secure မဖြစ်သော် လည်း encryption လုပ်ရာတွင် မြန်ဆန်ပါသည်။ Asymmetric Encryption သည် secure ဖြစ်သော်လည်း encryption လုပ်ရာတွင် လျင်မြန်မှု သိပ်မရှိပေ။ ထို့ကြောင့် Hybrid Encryption သည် နှစ်ခုစလုံး၏ ကောင်းချက် ကို ယူကာ ပြုလုပ်ထားသော ကြောင့် security မြင့်မားရန်လိုပြီး encryption process ကို လျင်မြန်စွာ ပြုလုပ်ရန်လိုအပ်သော အခါမျိုးတွင်အသုံးပြုရန် အထူး သင့်တော်ပါသည်။
What is Encryption and Decryption?
ဥပမာ Person A မှ Person B ဆီသို့ “Meet Me Outside”ဆိုသော စာသားတစ်ခုကို ပို့ချင်တယ် ဆိုကြပါစို့။ ထိုသို့ ပို့ရာတွင် တစ်စုံတစ်ဉီးမှ ကြား ကနေ စာကို ဖွင့်ဖောက်၍ ဖတ်နိုင်ပေသည်။ ထိုအခါ စာထဲတွင် အရေးကြီးသော အချက် အလက်များသာပါခဲ့လျှင် များစွာသောနစ်နာမှုများ ဖြစ်ပွားနိုင်ပေသည်။ ထိုသို့ မဖြစ်စေရန် နှင့် ၎င်းတို့ ပေးပို့လိုသော လူထံ ရောက်မှသာ စာကို ဖတ်၍ရနိုင်စေရန် ၎င်းတို့နှစ်ဉီးသာ အသုံးပြုနိုင်သော လျှို့ဝှက်စာပို့နည်းတစ်မျိုးမျိုး ကို ဖန်တီး၍ စာ ပို့နိုင်ပါသည်။ ထိုသို့စာပို့သောအခါ သုံးသော နည်းပညာကို encryption technique (data များကိုဝှက်၍ပို့ခြင်း) ဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် Encryption technique ဆိုသည်မှာ ပေးပို့လိုသော message(စာ)ကို secret key တစ်ခုခုနှင့် ciphertext(ဝှက်စာ) ရရှိအောင် လုပ်ပေးသော technique တစ်ခု ဖြစ်ပေသည်။ Encryption technique တွင် Classical Encryption technique(ရှေးတုန်းက အသုံးပြုခဲ့သောဝှက်ခြင်းနည်းပညာ) နှင့် Modern Encryption technique( ယနေ့ခေတ်တ္ငင် အသုံးပြုလျက်ရှိသော ဝှက်ခြင်းနည်းပညာ) ဟု နှစ်မျိုးရှိပါသည်။
Decryption technique ဆိုသည်မှာ ciphertext(ဝှက်စာ) နှင့် secret key ကို ယူ၍ မူရင်း ပေးပို့ လိုက်သော plain text (or) original text ကိုပြန်လည်ရရှိအောင် ဖော်ပေးသော နည်းပညာဖြစ်ပါသည်။
Fig 1.1: Encryption of a message
Fig 1.2: Decryption of a message
What is Cryptography?
Cryptography ဆိုသည်မှာ sender(ပေးပို့သူ) နှင့် receiver(လက်ခံသူ) အကြား စာများပေးပို့ရာတွင် လုံခြုံစိတ်ချရအောင် အသုံးပြုသော နည်းပညာ ဖြစ်သည်။ မိမိ ပေးပို့လိုသော စာ၏အကြောင်းအရာများကို မိမိပေးပို့သောသူသာ သိရှိ နားလည်နိုင် အောင် ဝှက်ခြင်းနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ပေးပို့နိုင်သော နည်းပညာ ဖြစ် သည်။ စစ်ပွဲဆိုင်ရာ အကြောင်းအရာများ ကို လုံခြုံစိတ်ချစွာ ပို့နိုင်ရန် လွန်ခဲ့သော နှစ်ရာစုများစွာကတည်းက ဤနည်းပညာကိုတီထွင်ကြံဆ၍ ဖန်တီးခဲ့ကြခြင်းဖြစ်သည်။
Cryptography ဆိုသော စကားလုံးသည် Greek စကားလုံးမှဆင်းသက်လာခြင်း ဖြစ်ပြီး
“Crypt” ဆိုသည်မှာ hidden ကိုဆိုလို၍ “graphy” သည် “writing” ကိုဆိုလိုသည်။ ထို့ကြောင့် လျှို့ဝှက်၍ ရေးသားသော နည်းပညာ ဟု မှတ်ယူနိုင်ပါသည်။
အထက်ပါပုံတွင် ကြည့်ကြည့်မည်ဆိုလျှင် ပထမဉီးစွာ စာရေးသူတို့တွင် encrypt လုပ်ချင်သော plain text data တစ်ခုရှိရပါမည်။ ထို plain text ကို encryption technique များစွာထဲမှ တစ်ခုကိုအသုံးပြုကာ Cipher text(လူအလွယ်တကူဖတ်၍ မရတော့သော ဝှက်စာ စာသား) ဖြစ်အောင်ပြောင်းလဲပါသည်။ ထိုသို့ပြောင်းလဲပြီးမှသာ စာရေးသူတို့ ပို့ချင်သော လက်ခံသူထံသို့ ထို Cipher text ကိုပို့လိုက်ပါသည်။ လက်ခံသူ ထံရောက် သောအခါမှ Cipher text(ဝှက်စာ) ကို plain text တစ်ခု အဖြစ်သို့ ဖြစ်အောင် Decryption technique တစ်ခုကိုသုံးကာ ပြန်ဖော်ပြီးမှသာလျှင် ဖတ်နိုင်မည် ဖြစ်ပါသည်။
Cryptography နှင့်ဆင်သော Steganography လည်းရှိပါသည်။ Steganography စကားလုံးသည်လည်း Greek စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “Stegano” ဆိုသည်မှာ “covered” ကိုဆိုလို၍ “graphy” သည် “writing” ကိုဆိုလိုသည်။ ၎င်းကို ဖုံးကွယ် ရေးသားသော နည်းပညာ ဟု မှတ်ယူနိုင်ပါသည်။ သို့ရာတွင် Steganography ကို များသောအားဖြင့် video,image အစရှိသည်တို့မှာသာ မမြင်ရအောင် ဝှက်၍ ရေးသားလေ့ရှိပြီး Cryptography ထက် လူသိနည်းပါသည်။
1.Hill Cipher
Hill Cipher သည် polygraphic substitution cipher တစ်မျိုးဖြစ်၍ Linear algebra concept တချို့ကို အခြေခံ၍ ဖန်တီးထားခြင်းဖြစ်ပါသည်။ Classical Encryption technique တွင် Substitution နှင့် Transposition ဟု နှစ်မျိုးရှိသည့် အနက်မှ Hill Cipher သည် Substitution အမျိုးအစားဖြစ်သည်။ Hill Cipher သည် Playfair Cipher ထက် ပို၍ secure ပိုဖြစ်ပါသည်။
1929 ခုနှစ်တွင် အမေရိကန်သင်္ချာပညာရှင် Letter Hill မှတီထွင်ခဲ့ပါသည်။Hill Cipher သည် linear algebra ပေါ်တွင် အခြေခံထားသောကြောင့် ၎င်းကိုလေ့လာမည် ဆိုလျှင် mathematical background အနည်းငယ်ရှိထားရန် လိုအပ်ပါသည်။ ၎င်း သည် group of letter(eg.digraph, trigraph ,polygraph) အစရှိသည်တို့ကို encrypt လုပ် နိုင်သည်။ ဆိုလိုသည်မှာ ၎င်း၏ key matrix သည် 2*2 matrix ဖြစ်လျှင် 2 letters ကိုတစ်ကြိမ်တည်းဖြင့် encrypt လုပ်နိုင် သလို 3*3 matrix ဖြစ်လျှင် 3 letters ကို တစ်ကြိမ်တည်းဖြင့် encrypt လုပ်နိုင်၍ key matrix ပေါ်မူတည်ကာ multi letters များကိုလည်း တစ်ကြိမ်တည်းဖြင့် encrypt လုပ်နိုင် သည်။
Math for Hill Cipher
Modulo arithmetic
Square Matrix
Square Matrix ဆိုသည်မှာ No of row နှင့် no of column တူညီနေသော matrix ကိုဆိုလိုခြင်းဖြစ်သည်။
Determinant
Matrix inverse
Matrix Multiplication
Hill Cipher Algorithm
Encryption :
CipherText = (PlainText * Key) Mod 26
Decryption :
PlainText = (CipherText * Key-1) Mod 26
Eg:
If plaintext is 3,key matrix must be 3*3 matrix and resulting ciphertext will be 3.
Hill Cipher Encryption Example:
Question : Encrypt “pay more money” using Hill Cipher with key
Sol:
ပေးထားသော key သည် row=3 , col=3 ရှိသောကြောင့် 3*3 matrix ဖြစ်ပါသည်။
Encrypt လုပ်ခိုင်းထားသော plaintext သည် english letter များဖြစ်နေသော ကြောင့် no အဖြစ်ပြောင်းကာ matix ပုံစံပြောင်းလဲပေးရန်လိုအပ်ပါသည်။a to z letter များကို no အဖြစ်ပြောင်းလဲပုံကို caesar cipher တွင်မြင်တွေ့ခဲ့ပြီးဖြစ်ပါ သည်။
(a to z ကို number အဖြစ်ပြောင်းလဲရာတွင် အသုံးပြုသော table)
Key သည် 3*3 matrix ဖြစ်သောကြောင့် message ကိုလည်း ၃လုံးတစ်ခါ split လုပ်၍သာ တစ်ပိုင်းချင်းစီကို encrypt ပြုလုပ်ရမှာပဲဖြစ်ပါသည်။
23/05/2026
🎓Java Programming Online Class -2026🎓
***********************************
-
🎓ယနေ့ထိ လက်လွှတ်လို့ မရသေးတဲ့ Programming Languages တွေထဲမှာဆိုရင် Java လည်း ပါဝင်နေပါသေးတယ်။
Java Programming ကို လုံးဝအခြေခံကနေ စပြီး လက်တွေ့အသုံးချနိုင်တဲ့ အထိ သင်ယူလိုသူများ အတွက် အရမ်းကို အထောက်အကူဖြစ်စေမဲ့ Diploma in Java Programming Online အတန်းကို ဖွင့်လှစ် ပေးလိုက်ပါပြီ။
-
ဘယ်လို လူမျိုးတွေ တက်ရောက်သင့်သလဲ
—----------------------------------------------
🔰 Programming အခြေခံလုံးဝ မရှိသူများ : Programming တစ်ခါမှ မလေ့လာဖူးသူများအတွက် အထူးသင့်တော်ပါတယ်။ Computer အခြေခံ သုံးတတ်ရုံနဲ့ စတင် တက်ရောက်နိင်ပါတယ်။ Software Installation မှ စတင်ကာ step by step တစ်ဆင့်စီ သင်ကြားပေးထားပါတယ်။
-
🔰 ကျောင်းသား/ကျောင်းသူများ နှင့် ဘွဲ့လွန်များ : ကျောင်းတွင် Java Programming နဲ့ပတ်သတ်ပြီး စာ မလိုက်နိုင်လို့ အခြေခံကနေ ပြန်လည် စတင်လေ့လာလိုတဲ့ ကျောင်းသားများ အတွက်လည်း အထူး သင့်လျှော်ပါတယ်။
-
🔰နည်းပညာကို ချစ်မြတ်နိုးသူများ : Java Programming သည် Web, Mobile, Desktop Applications များတွင် တွင်ကျယ်စွာ အသုံးပြုတဲ့ Language ဖြစ်တာကြောင့် နည်းပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားသူများ အတွက်လည်း လေ့လာရန် သင့်တော်ပါတယ်။
-
ဘယ်လို သင်ကြားပေးမှာလဲ
—-----------------------------
🔰 Google Classroom ကနေ Pre Recorded Videos တွေနဲ့ သင်ကြားပေးထားတာမလို့ အချိန်သီးသန့်ပေးစရာ မလိုပါဘူး။ မိမိအားလပ်တဲ့ အချိန်မှာ Classroom တွင် ဝင်ရောက် လေ့လာနိုင်ပါတယ်။
-
🔰 သင်ခန်းစာတွေကလည်း Lifetime Access ပေးထားတဲ့အပြင်၊ သင်တန်း တစ်ကြိမ် အပ်ထားရုံနဲ့ သင်ခန်းစာတွေ Update လုပ်ပေးတဲ့ အချိန်မှာလည်း သင်ခန်းစာ အသစ်တွေကို ဆက်လက် access ရရှိ နေဦးမှာ ဖြစ်ပါတယ်။
-
📝 သင်ခန်းစာတွေထဲမှာ Practical Projects တွေလည်း ထည့်သွင်း သင်ကြားပေးထားသလို သင်ခန်းစာတွေ အားလုံး လေ့လာပြီးရင်လည်း Assignment Projects တွေလည်း ပေးထားတာ ရှိပါသေးတယ်။ Assignment တွေ Pass ဖြစ်ရင်လည်း National Cyber City မှ သင်ယူ တတ်မြောက်ကြောင်း Certificate လက်မှတ်ကို လည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
-
သင်တန်းကာလ ကကော ဘယ်လောက်ကြာ မလဲ
—------------------------------------------------------
📅 ပုံမှန်လေ့လာရင် 2 လမှ ၃ လ အတွင်း ကြာမြင့်နိုင်ပါတယ်။ ဒါကတော့ Record အတန်းဖြစ်တာမလို့ မိမိလေ့လာတဲ့ အပေါ်မှာ ပိုပြီး မူတည်ပါလိမ့်မယ်။
📚 သင်ရိုးညွှန်းတမ်း 📚
—-------------------------
Module 1 : Java Programming Fundamental
Module 2 : Object Oriented Programming
Module 3 : Exception Handling and IO
Module 4 : Collection Framework
Module 5 : Java Database Connectivity
Java Assignments
အသေးစိတ် သိရှိလိုပါက National Cyber City Page Messenger မှသော်လည်းကောင်း ဖုန်း - 09453741976 သို့ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။
21/05/2026
2026-Python Programming (Recorded Online Class 🎓)
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
➡️Python Programming ကို လုံးဝအခြေခံကနေ စတင်ကာ လက်တွေ့အသုံးချပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့ထိ သင်ယူလိုသူများ အတွက် Python Programming Online အတန်းကို ဖွင့်လှစ် ပေးလိုက်ပါပြီ။
-
Software Developer, Data Analyst, AI Engineer စသည့် Python-related အလုပ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ တောင်းဆိုမှု မြင့်မားနေပြီး လုပ်ခလည်း ပုံမှန်ထက် သိသိသာသာ ပိုများတာကြောင့် ကိုယ့်အသက်မွေးဝမ်းကျောင်း တိုးတက်ဖို့ Python က အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။
✴️
☑️Python Programming ဟာ ဘယ်လို အရေးပါသလဲ
*****************************************************
☑️Python က ယနေ့ခေတ် AI လောကမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ Programming Language တစ်ခုပဲ ဖြစ်ပါတယ်။ TensorFlow, PyTorch, OpenCV, NLTK စတဲ့ AI နဲ့ ပတ်သတ်တဲ့ Library အတော်များများကလဲ Python မှာပဲ တွေ့ရမှာပါ (တစ်ခြားသော Programming Language တွေမှာလဲ သုံးလို့ရတဲ့ AI နဲ့ပတ်သတ်တဲ့ Library တွေရှိတယ်ဆိုပေမဲ့၊ Python နဲ့လောက် အဆင်မပြေသလို Documentation လည်း မစုံပါဘူး)။
✴️
☑️Google, Facebook, Tesla တို့လို Tech Giants Company တွေမှာ အသုံးပြုတဲ့ AI Projects တွေမှာလဲ Python ကို အများဆုံး အသုံးပြုထားပါတယ်။
✴️
☑️ရိုးရှင်းလွယ်ကူတဲ့ Syntax တွေနဲ့ မြန်ဆန်တဲ့ Development Speed တွေကြောင့် AI Researchers တွေက Prototype ကနေ Production အထိ Python Programming Language တစ်မျိုးထဲနဲ့ အလုပ်လုပ်နိုင်ကြပါတယ်။
✴️
☑️Data Scientists တွေကလဲ Jupyter Notebook နဲ့တွဲပြီး Interactive Development လုပ်နိုင်တာကြောင့် Python ကို ကြိုက်နှစ်သက်ကြပါတယ်။
✴️
☑️ChatGPT လို Generative AI Model တွေရဲ့ နောက်ကွယ်မှာလဲ Python ကို အသုံးပြုထားပါတယ်။ လွယ်လွယ် ပြောရရင် Python သာမရှိရင် ယနေ့ခေတ်မှာလို AI Revolution ဖြစ်ဖို့ အတော် ခက်ခဲမှာပဲ ဖြစ်ပါတယ်။
✴️
☑️Machine Learning ကနေစပြီး Deep Learning, Computer Vision, Natural Language Processing စတဲ့ နယ်ပယ်တွေအထိ Python က အရမ်းကို အသုံးများပါတယ်။ AI နယ်ပယ်တွေမှာသာမကပဲ Web Development, Automation, Hacking စတဲ့ နယ်ပယ်တွေမှာလဲ Python ကို တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
✴️
ဘယ်လို လူမျိုးတွေ တက်ရောက်သင့်သလဲ
☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️
🔰 Programming အခြေခံလုံးဝ မရှိသူများ -Programming တစ်ခါမှ မလေ့လာဖူးသူများအတွက် အထူးသင့်တော်ပါတယ်။ Computer အခြေခံ သုံးတတ်ရုံနဲ့ စတင် တက်ရောက်နိင်ပါတယ်။ Software Installation မှ စတင်ကာ step by step တစ်ဆင့်စီ သင်ကြားပေးထားပါတယ်။
-
📚 ကျောင်းသား/ကျောင်းသူများ နှင့် ဘွဲ့လွန်များ - ကျောင်းတွင် Programming နဲ့ပတ်သတ်ပြီး စာ မလိုက်နိုင်တဲ့ ကျောင်းသားများ၊ thesis project များတွင် Python Programming ကို အသုံးပြုလိုသည့် ဘွဲ့လွန်များ အတွက်လည်း အထူး သင့်လျှော်ပါတယ်။
-
💼 Freelancers နှင့် စီးပွားရေးလုပ်ငန်းရှင်များ -မိမိလုပ်ငန်းတွင် automation ပြုလုပ်လိုသူများ၊ လုပ်ငန်းအတွက် Web Application ဖန်တီးလိုသူများ၊ လုပ်ငန်းအတွက် Data Handling လုပ်လိုသူများ၊ မိမိလုပ်ငန်းမှာ ကိုယ်တိုင် AI Integration လုပ်လိုသူများ အတွက်လည်း Python ရထားရင် အဆင်ပြေပါတယ်။
-
🌟 နည်းပညာကို ချစ်မြတ်နိုးသူများ - နည်းပညာနဲ့ ဆက်စပ်သော စိတ်ဝင်စားမှုရှိသူများအတွက် Python Programming သည် နည်းပညာနယ်ပယ်တွင်သာမက နယ်ပယ်အစုံတွင် အသုံးချနိုင်သော Programming ဖြစ်တာကြောင့် လေ့လာရန် သင့်တော်ပါတယ်။
-
ဘယ်လို သင်ကြားပေးမှာလဲ?
***************************
🎥 Recorded Videos တွေနဲ့ သင်ကြားပေးထားတာမလို့ အချိန်သီးသန့်ပေးစရာ မလိုပါဘူး။ မိမိအားလပ်တဲ့ အချိန်မှာ Classroom တွင် ဝင်ရောက် လေ့လာနိုင်ပါတယ်။
🆘မိမိတို့ နားမလည်တဲ့ သင်ခန်းစာတွေ Assignment Projects တွေကိုလည်း အချိန်မရွေး Zoom ကနေ တစ်ဉီးချင်းစီ Specialize ပြန်လည် ရှင်းလင်း သင်ကြား ပေးပါတယ်။
🔥 သင်ခန်းစာတွေကလည်း Lifetime Access ပေးထားတဲ့အပြင်၊ သင်တန်း တစ်ကြိမ် အပ်ထားရုံနဲ့ သင်ခန်းစာတွေ Update လုပ်ပေးတဲ့ အချိန်မှာလည်း သင်ခန်းစာ အသစ်တွေကို ဆက်လက် access ရရှိ နေဦးမှာ ဖြစ်ပါတယ်။
📝 သင်ခန်းစာတွေထဲမှာ Practical Projects တွေလည်း ထည့်သွင်း သင်ကြားပေးထားသလို သင်ခန်းစာတွေ အားလုံး လေ့လာပြီးရင်လည်း Assignment Projects တွေလည်း ပေးထားတာ ရှိပါသေးတယ်။
📝Assignment တွေ Pass ဖြစ်ရင်လည်း National Cyber City မှ သင်ယူ တတ်မြောက်ကြောင်း Diploma လက်မှတ်ကို လည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
-
သင်တန်းကာလ ကကော ဘယ်လောက်ကြာ မလဲ?
************************************************
📅 ပုံမှန်လေ့လာရင် 2 လမှ 3 လ အတွင်း ကြာမြင့်နိုင်ပါတယ်။ ဒါကတော့ Video Recorded အတန်းဖြစ်တာမလို့ မိမိလေ့လာတဲ့ အပေါ်မှာ ပိုပြီး မူတည်ပါလိမ့်မယ်။
-
📚 သင်ရိုးညွှန်းတမ်း 📚
—-------------------------
Unit 1 :🗓 Introduction to Programming
Unit 2 :🗓 Operators
Unit 3 :🗓Data types and Functional 1
Unit 4 :🗓 Functional 2.1
Unit 5 :🗓 Functional 2.2
Unit 6 :🗓 Functional Advanced
Unit 7 :🗓 OOP Part 1
Unit 8 :🗓 OOP Part 2
Unit 9 :🗓 File Handling and Exception
Unit 10 :🗓 Data Format JSON
Unit 11 :🗓 MySQL Database
Unit 12 :🗓 MongoDB
Unit 13 :🗓 Django Web Development
Unit 14 :🗓 FastAPI
Unit 15 :🗓 Numpy Part 1
Unit 16 :🗓 Numpy Part 2
Unit 17 :🗓 Introduction to Machine Learning Part 1
Unit 18 :🗓 Introduction to Machine Learning Part 2
Unit 19 : 🗓Matplotlib (Visualisation)
📝Python Assignment Project - 1
📝Python Assignments Project- 2
📝Python Assignments Project- 3
📝Python Assignments Project- 4
📝Python Assignments Project- 5
-
"စာသင်ကြားရေး နယ်ပယ်တွင် အတွေ့အကြုံ ၁၀ နှစ်ပြည့်ကျော် ရှိသည့်အလျောက် ကျောင်းသားများ၏ နားလည်မှုနှင့် တိုးတက်မှုကို အထိရောက်ဆုံး ဦးဆောင်နိုင်သည့် ကျွမ်းကျင်မှုနှင့် လက်တွေ့ အတွေ့အကြုံ များစွာ ပိုင်ဆိုင်ထားသူမှ သင်ကြားထားခြင်းလည်း ဖြစ်သည်။"
-
သင်တန်းကြေး -> 💥70% OFF 70%OFF 70%OFF 💥
-> 300000 Ks -> ကနေ ယခု အပြီးအစီးကိုမှ 95000 Ks ပဲ သွင်းရမှာပါဗျာ့။
-
😲သင်ရိုးညွှန်းတမ်း အသေးစိတ် နှင့် အချိန် အတိအကျ ကြာချိန် ကို Messenger မှာ လာရောက် ကြည့်ရှုလို့ ရပါတယ် ဗျာ့။