Min Min -eps Korea Class

Min Min -eps Korea Class

Share

သင့်အနာဂတ် အောင်မြင်ရေး စံသုခ (Korea) ကိုဆက်သွယ်ပေး

01/05/2024

EPS-TOPIK စာမေးပွဲအကြောင်းသိကောင်းစရာ (၁)

🚩မဖြေဆိုခင်ပြင်ဆင်ခြင်း❓

၁- မိမိအချက်အလက်ဖြည့်သွင်းခြင်း

✅စာမေးပွဲဖြေဆိုသူနံပါတ် (၅၀......)

✅မွေးသက္ကရာဇ် (နှစ် လ ရက်)

(ခုဂဏန်း ရက်, လ များရှေ့တွင် သုညထည့်ရပါမယ်)

ဥပမာ- (၁၉၉၈၀၃၀၇)ဂဏန်းရှစ်လုံးရှိရမယ်၊

၂- tablet တွင်ပါရှိသော ကင်မရာအနီး

မျက်နှာကို အနည်းငယ်ကပ်ပြီး

ဓာတ်ပုံမှတ်တမ်းတင်ရပါမယ်၊

✅အဲဒီအချိန်မှာloading နံပါတ် 80%

ကျော်သွားပြီဆိုရင် (ဆက်သွားမည်) ကိုနှိပ်ပါ၊

✅80% မရောက်ပဲရပ်သွားလျှင်

(ပြန်ကြိုးစားမည်)ကိုနှိပ်ပါ၊

၃- မိမိလိုသလို အလင်းအမှောင်ကိုချိန်ပါ၊

၄- မိမိလိုသလိုအသံကိုချိန်ပါ၊

၅- tablet မျက်နှာပြင်တွင် ပေါ်လာသော

မိမိဓာတ်ပုံနှင့်အချက်အလက်များကို

စစ်ဆေးပြီး

💯မှန်ကန်ပါက

(ဒေါင်းလုဒ်လုပ်ပါ)ကိုနှိပ်ပါ၊

၆- ဒေါင်းလုဒ်ပြီးသွားလျှင် စာမေးပွဲဖြေဖို့

အဆင်သင့်ဖြစ်သွားပါပြီ၊

အခန်းကြီးကြပ်သူမှ တပြေးညီ ဖြေဆိုခွင့်

ဖွင့်ပေးချိန်တွင် စတင်ဖြေလို့ရပါပြီ။

Photos from POEA - EPS's post 18/04/2024
Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Website

Address

ပြင်ဦးလွင်မြို့၊မိုးကြိုး(တောင်ဂေါ်ရခါးစု)၊ ရွှေလီလမ်း
Maymyo