14/04/2026
Office Holiday Announcement 📣 💦
ကျွန်တော်တို့ Pyin Nyar Lann Co., Ltd. သည်
မြန်မာ့နှစ်ကူးရုံးပိတ်ရက်အဖြစ် April 13 – April 17, 2026 အတွင်း သတ်မှတ်ထားပါခင်ဗျာ။
ယခုကာလအတွင်း Services နှင့် Reply များအနည်းငယ်နှောင့်နှေးမှုများ ဖြစ်နိုင်ပါသဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
မိဘပြည်သူများအနေနဲ့ မြန်မာနှစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဟု
PyinNyar Lann - ပညာလမ်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ✨
06/04/2026
❝ 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝘁𝗼 𝗼𝘂𝗿 𝗜𝗚𝗖𝗦𝗘 𝗦𝘁𝘂𝗱𝗲𝗻𝘁𝘀 𝘄𝗵𝗼 𝗴𝗼𝘁 𝗶𝗻𝘁𝗼 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 𝗶𝗻 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟮𝟲 𝗜𝗻𝘁𝗮𝗸𝗲❗️🌟 ❞
🔸 ယခုကာလမှာဆိုလျှင် Polytechnics များမှ ချပေးတဲ့ Offer များလည်း နည်းလာနေပြီဲဖြစ်ပါတယ်။ 2026 Intake ရဲ့ နောက်ဆုံး Offer ပေးတဲ့အသုတ်မတိုင်မှီအထိ PyinNyar Lann - ပညာလမ်း မှ လျှောက်ပေးခဲ့သူ 48 ယောက်အနက် 35 ယောက်ဟာ အနည်းဆုံး Offer Letter တစ်စောင်ရရှိထားပါတယ်ခင်ဗျာ။ ✨🎉
📍Our Offer Rate (2026 Intake) 🟰 73%
📝 ဒီနှစ်ကတော့ Intake တွေအားလုံးထဲမှာ အကျပ်ဆုံးနှစ်တစ်ခုဖြစ်ပါတယ်။ RP ကပါ Interview တွေစခေါ်လာပြီဖြစ်သလို EFL မပါလျှင် (သို့) EFL အမှတ် ဟာ 4 အောက်နည်းလျှင် ရနိုင်တဲ့ Chance ကတော့ မရှိသလောက်နည်းပါတယ်ခင်ဗျာ။ 😔
📝 ကျွန်တော်တို့ရဲ့မနှစ် Offer Rate အောက် 6% လျော့နည်းသော်လည်း Offer ရသူအရေအတွက် 2.5x နီးပါးတိုးလာခဲ့လို့ ဝမ်းမြောက်ပီတိဖြစ်ရပါတယ်ခင်ဗျာ။ Offer မရတဲ့သူတွေကိုလည်း စိတ်ဓာတ်မကျဘဲ အခြား Pathway များကို စုံစမ်းလေ့လာပါဟု PyinNyar Lann - ပညာလမ်း မှာ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 🫶🏻🇸🇬
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
28/03/2026
❝ စင်ကာပူရဲ့ 𝗣𝘂𝗯𝗹𝗶𝗰 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁: 𝗦𝗠𝗥𝗧 & 𝗦𝗕𝗦 ❞ 🚝🇸🇬
📝စင်ကာပူကိုလာမယ်ဆိုရင် “သွားလာရေးဘယ်လိုလုပ်မလဲ?” ဆိုတာက မဖြစ်မနေ သိထားရမယ့်အချက်တစ်ခုပါ။ အထူးသဖြင့် Student တွေအတွက်တော့ Public Transport ကိုသုံးတတ်ရင် အချိန်လည်းသက်သာ၊ ပိုက်ဆံလည်းချွေတာနိုင်ပါတယ်။ 💡
📝ဒီနေ့မှာတော့ စင်ကာပူရဲ့ အဓိက သယ်ယူပို့ဆောင်ရေးစနစ် ၂ခုဖြစ်တဲ့ 👉 SMRT & SBS ကို လွယ်လွယ်ကူကူ နားလည်အောင်ရှင်းပြပေးသွားပါမယ်။ 🚌💺
📍SMRT ဆိုတာဘာလဲ⁉️ (Mass Rapid Transit)
MRT (Train) System ကို operate လုပ်တဲ့ Company ဖြစ်ပါတယ်။ MRT ဆိုတာက
🔸 မြေအောက် / မြေပေါ်မှာ ပြေးတဲ့ Train
🔸 Singapore တစ်နိုင်ငံလုံး ချိတ်ဆက်ထားတယ်
📝Student တွေအတွက် Fastest & Cheapest Transport ဖြစ်ပြီး School သွားဖို့ အများဆုံးသုံးကြပါတယ်။ MRT တစ်ခုတည်းနဲ့ တိုက်ရိုက် သို့မဟုတ် interchange လုပ်ပြီး သွားလို့ရပါတယ်။
📌 Example: Woodlands → City Hall
📍SBS ဆိုတာဘာလဲ⁉️ (Singapore Bus Services)
SBS ကတော့ Bus services တွေကို Operate လုပ်ပါတယ်။ MRT နှင့်ဝေးတဲ့ Student တွေအတွက် Home → School အတွက် အရမ်းအသုံးဝင်ပါတယ်။
Bus system ရဲ့ အားသာချက်များ:
🔸 MRT မရောက်တဲ့နေရာတွေကိုပါ cover လုပ်တယ်
🔸 Door-to-door ပိုနီးစပ်တယ်
ငွေပေးချေတဲ့နေရာမှာ အသုံးများတာတွေကတော့
🔸EZ-Link Card
🔸NETS FlashPay
🔸Bank card (Visa / Mastercard)
📍Poly ကျောင်းသားတွေအတွက် Concession Card 🪪
📝 Concession Card ဆိုတာက ကျောင်းသားတွေရည်ရွယ်ကာ Government ကထုတ်ပေးထားတဲ့ Discounted EZ-Link Cards ဖြစ်ပါတယ်။
🔸Student တွေအတွက် ဒီ card က must-have item လို့တောင်ပြောလို့ရပါတယ်။ ဒီ Card ရဲ့ အကျိုးခံစားခွင့်များကတော့
✔ ပုံမှန် Card တွေ ထက် 60% ဝန်းကျင် ပိုသက်သာတယ်
✔ Daily Commute (school သွားလာရေး) အတွက် saving လုပ်ပေးနိုင်ပါတယ်
📝 Polytechnic / School enrol လုပ်ပြီးနောက် School ကနေ apply လုပ်ပေးတတ်ပါတယ်။ တချို့အချိန်တွေမှာတော့ ကိုယ်တိုင် apply လုပ်ရနိုင်ပါတယ်ခင်ဗျာ။
📍Monthly Concession Passes
🔸 ပုံမှန်ထပ် 60% သက်သာတဲ့အပြင် လပြတ် Monthly Pass (MRT Pass/ Bus Pass/ MRT + Bus Pass) စတာတွေလည်းဝယ်လို့ရပါတယ်။ Monthly Pass တွေကတော့ Unlimited Rides ဖြစ်ပါတယ်။ ဥပမာ ကိုယ်က MRT + Bus Pass ဝယ်ထားတယ်ဆိုလျှင် တစ်လလုံး Unlimited စီးလို့ရမှာဖြစ်ပါတယ်ခင်ဗျာ။
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
18/03/2026
❝ Poly Offers များနှင့် Dorm Application ❞ 🏫🇸🇬
🔶 Offer ရပြီးသူတွေအနေနဲ့ Enrolment လုပ်၊ IPA Letter လျှောက် စတဲ့ Steps တွေလုပ်ပြီးနောက်ပိုင်းမှာ Dorms လျှောက်လို့ရပါတယ်။ SP နှင့် RP နှစ်ခုမှာပဲ Dorm ရှိတာဖြစ်ပါတယ်။ Dorm တွေဟာ အပြင်အိမ်တွေထပ် စျေးသက်သာတာကြောင့်တစ်ကြောင်း၊ ကျောင်းနှင့်နီးတာကြောင့်တစ်ကြောင်း ကျောင်းသားတွေကြားထဲမှာ ရေပန်းစားကြပါတယ်။
📍SP
📝 ယခုအချိန်မှာ SP ရဲ့ Dorm တွေလျှောက်လို့မရတော့ပါဘူး။ သို့ပေမယ့် ကျောင်းသားတွေအနေနဲ့ SP ဖက်ကို Email ပို့ပြီး မေးမြန်းကြည့်သင့်ပါတယ်။ အချို့သူတွေဟာ Dorm လျှောက်ထားပေမဲ့ အပြင်မှာပဲ ငှါးနေဖြစ်တာမျိုးဖြစ်နိုင်တဲ့အတွက် နေရာလွတ်နိုင်ပါတယ်ခင်ဗျာ။ 🏢
📍RP
📝 RP ကတော့ အခုချိန်ထိ Dorm Application တွေလက်ခံနေတုန်းဖြစ်ပြီး အဆောင်နေရာတွေချပေးနေတုန်းဖြစ်ပါတယ်။ ဒါ့ကြောင့် လျှောက်ပြီးသားသူတွေလည်း ပိုက်ဆံအမြန်သွင်းပြီး Offer ကျပြီးသူတွေအနေနဲ့လည်း Dorm အခန်းတွေဟာ Limited ဖြစ်တာကြောင့်အမြန်ဆုံးလျှောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
11/03/2026
❝ 𝟮𝟬𝟮𝟲 𝗔𝗽𝗿𝗶𝗹 𝗜𝗻𝘁𝗮𝗸𝗲 ရဲ့ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 𝗢𝗳𝗳𝗲𝗿 အခြေအနေ (Part I)❞ 🏫🇸🇬
📍March လ ဒုတိယအပတ်မတိုင်မှီ Polytechnics Offer များအပေါ် သုံးသပ်ချက် 📊
🔶 ယခုနှစ်ဟာ အရင်နှစ်တွေထပ် ပိုကျပ်တဲ့နှစ်ဖြစ်ပြီး Admission ရော ကျောင်းသားအချင်းချင်း Competition ရော ပိုခက်ခဲပါတယ်။ PyinNyar Lann ရဲ့ Offer Rate ကတော့ 70% နီးပါး အထိရှိလာပြီဖြစ်ပြီး ယခင်နှစ်နှင့်ယှဉ်လျှင် 9% Decrease ဖြစ်ပါတယ်။
📝 အရင်နှစ်တွေမှာ Offer ရလွယ်တဲ့ RP လိုကျောင်းမျိုးတောင် Interview တွေ သိသိသာသာ ပိုခေါ်လာပါတယ်။ RP တင်မဟုတ်ဘဲ ကျန်တဲ့ကျောင်းတွေမှာလည်း Interview ခေါ်တဲ့ Practice၊ Waitlist ထဲထည့်ထားတဲ့ Practice များ ပိုမိုကျင့်သုံးလာကြပါတယ်။
🔶 ဒါ့အပြင် EFL ရဲ့ အရေးပါမှုဟာလည်း မနှစ်ကထပ် ထင်ရှားလာပါတဲ့အပြင် Minimum Grade C ဖြစ်ရမယ် ဆိုတဲ့ Rule ကိုလည်း ပိုမို Strict ဖြစ်စွာ အသုံးပြုလာပါတယ်ခင်ဗျာ။
📝 Offer တွေဟာ March လနောက်ဆုံးပတ်နှင့် April ပထမပတ် ဝန်းကျင်အထိ လာတတ်တဲ့အတွက် စောင့်ကြည့်ရပါအုံးမယ်ခင်ဗျာ။ RP မလို့ဆိုပြီး အခြားကျောင်းကိုစောင့်ရင်း လက်လွတ်သွားတာမျိုး မဖြစ်ဖို့လည်းအရေးကြီးပါတယ်။
📍 This concludes our analysis on 2026 April Intake❗️
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
04/03/2026
❝ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 စမဖွင့်ခင် စင်ကာပူမှာ ဘာတွေပြင်ဆင်ထားသင့်လဲ⁉️ (Orientation Week) ❞ 🏫🇸🇬
🔶 IPA Letter ကျလို့ စင်ကာပူရောက်တဲ့အခါ ပြင်ဆင်ထားရမဲ့ Medical Examination, Singpass, Bank Registration စတာတွေပြီးတဲ့အခါ ကျောင်းမတက်ရခင် နောက်ဆုံးကြုံတွေ့ရမှာတော့ Orientation ဖြစ်ပါတယ်။
📍Orientation Week မှာ ဘာတွေလုပ်ရမလဲ ⁉️
📝 Poly တွေအားလုံးဟာ April 14th ဝန်းကျင်ကျောင်းစဖွင့်မှာပါ။ သို့ပေမယ့် ပထမတစ်ပတ်က Year 1 Students တွေအတွက် Orientation Week ဖြစ်ပါတယ်။ (Year 2 Students တွေသွားစရာမလိုပါဘူးခင်ဗျာ)📧🇸🇬
🔶 Orientation ကို သက်ဆိုင်ရာ ကျောင်းတွေ (School Computing, School of Business, etc) က ကျင်းပပေးမှာဖြစ်သလို International Student Club လိုမျိုး CCA Club တွေကလည်း ကျင်းပပေးမှာဖြစ်ပါတယ်။👩🎓👨🎓
🔶 Orientation Week မှာတော့ Campus Tour ကျောင်းတစ်ပတ်လိုက်ပြပေးတာမျိုး၊ Game Activities မျိုးစုံ၊ ကိုယ့်အတန်းရဲ့ Class Advisor (Or) Personal Tutor နှင့် မိတ်ဆက်ပေးတာမျိုး စသည်ဖြင့် အမျိုးစုံပါဝင်ပါတယ်ခင်ဗျာ။
📍Note: Orientation ပွဲ တော်တော်များများဟာ CCA Points ပေးတတ်တာမလို့ မဖြစ်မနေတက်ရောက်ကြည့်ကြပါနော် 🙇🏻♂️💯
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
27/02/2026
❝ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 ကျောင်းသားများနှင့် 𝗣𝗮𝗿𝘁 𝘁𝗶𝗺𝗲 𝗝𝗼𝗯𝘀❞ 🇸🇬👩🎓
ယခု Post မှာတော့
📌 စင်ကာပူမှာ ဘယ်ကျောင်းတွေက အလုပ်လုပ်ခွင့်ပေးထားသလဲ?
📌 တစ်ပတ်ဘယ်နှနာရီလုပ်ခွင့်ရှိလဲ?
📌 တစ်နာရီ ဘယ်လောက်ရသလဲ?
📌 Part-time လုပ်ပြီး Rent ပေးလို့ရသလား?
📌 ဘာအလုပ်တွေလုပ်လေ့ရှိကြလဲ?
အစရှိတဲ့အမေးများဆုံးမေးခွန်းတွေကို “လိုရင်းတိုရှင်း” ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
🔶 ဘယ်ကျောင်းတွေကအလုပ်လုပ်ခွင့်ပေးလဲ?
📝 Singapore Government ရဲ့ Policy အရ အကြမ်းအားဖြင့် အစိုးရကျောင်းတွေက အလုပ်လုပ်ခွင့်ပေးတယ်၊ Private ကျောင်းတွေက အလုပ်လုပ်ခွင့်မပေးဘူး ဆိုပြီးမှတ်ယူလို့ရပါတယ်။ Polytechnics, NUS, NTU စတဲ့ကျောင်းတွေဟာ အစိုးရကျောင်းတွေဖြစ်ပြီး PSB, SIM, James Cook စတဲ့ ကျောင်းတွေဟာ Private ကျောင်းတွေဖြစ်ပါတယ်။ 🎓 📝 သို့ပေမယ့်လည်း စင်ကာပူရဲ့ Part-time Job Market မှာတော့ Private ကျောင်းသားတွေကိုပါလက်ခံပြီးအလုပ်ပေးတဲ့ Companies တွေ Agencies တွေရှိပါတယ်။ 🏫
🔶 တစ်ပတ်ဘယ်နှနာရီလုပ်ခွင့်ရှိလဲ?
📝 စင်ကာပူအစိုးရရဲ့ Official သတ်မှတ်ချက်ကတော့ တစ်ပတ်ကို ၁၆နာရီဖြစ်ပါတယ်။ မြန်မာကျောင်းသားအများစုကတော့ ကျောင်းပိတ်တဲ့အချိန် Term Break & Semester Break တွေမှာ တစ်ပတ် ၁၆နာရီထပ်ပိုလုပ်ကြပါတယ်။ ⏱️
🔶 တစ်နရီဘယ်လောက်ရသလဲ?
📝 အလုပ်ပေါ်မူတည်ပြီး Pay ကလည်း ကွာခြားပါတယ်ခင်ဗျာ။ ယေဘုယအားဖြင့် တစ်နာရီကို $10 - $14 ထိရကြပါတယ်။ Restaurant, Hotel အစရှိတဲ့နေရာတွေမှာတော့ $12/Hr, $13/Hr ရကြပြီး Warehouse တွေမှာတော့ $10/Hr, $11/Hr ရကြပါတယ်ခင်ဗျာ။ Public Holidays တွေမှာ အချို့အလုပ်တွေကတော့ နှစ်ဆနီးပါးပိုပေးလေ့ရှိပါတယ်။ 💸
🔶 Part-time လုပ်ပြီး Rent ပေးလို့ရသလား?
📝 အရှင်းဆုံးအဖြေကတော့ မရပါဘူးခင်ဗျာ။ Singapore မှာ Accommodation ဟာ အနည်းဆုံး $600 - $1200 ကြား ပျမ်းမျှရှိကြပါတယ်ခင်ဗျာ။ ကိုယ်က တစ်ပတ် ကို ၁၆နာရီ လုပ်ပြီး တစ်နာရီကို $12 ရတယ်ဆိုရင်တောင်မှ ပျမ်းမျှတစ်လစာ Rent ဖြစ်တဲ့ $800 မပြည့်သေးပါဘူးခင်ဗျာ။ Assignments, Exams, Tutorials တွေနဲ့ပြည့်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ ပုံမှန်ကျောင်းဖွင့်ချိန်ရာသီမှာ တစ်ပတ်ကို ၁၆နာရီလုပ်နိုင်ဖို့မလွယ်ပါဘူးခင်ဗျာ။ 📆📚
🔶 ဘာအလုပ်တွေလုပ်လေ့ရှိကြလဲ?
📝 အများစုကတော့ F&B လို့ခေါ်တဲ့ Food & Beverage (Cafes, Hotels, Restaurants, Food Courts, etc) မှာလုပ်ကြပါတယ်။ F&B ရဲ့အဓိကတာဝန်တွေကတော့ Guests တွေရဲ့ စားပြီးသားပန်းကန်တွေသိမ်းပေးရတာ၊ စားပွဲပြင်ဆင်ပေးရတာ၊ Juice နဲ့ Drinks တွေ Top-up လုပ်ပေးရတာ စသည်ဖြင့် အမျိုးစုံရှိပါတယ်ခင်ဗျာ။ ဒီအလုပ်ခွင်ဟာ Pressure များပေမဲ့ Pay လဲမြင့်ပါတယ်။ $11/hr - $14/hr ထိ ရကြပါတယ်။ 🍽️
📝 အချို့ကျောင်းသားတွေကတော့ Warehouse တွေမှာလည်းလုပ်ကြပါတယ်။ ဒီအလုပ်ကတော့ F&B လိုမျိုး Pressure မရှိပါဘူး။ အလုပ်ချိန်ကြာပေမဲ့ Break တွေလဲပေးလေ့ရှိကြပါတယ်။ ပစ္စည်းအလေးတွေ မ ရတာမျိုး တစ်ခါတစ်ရံရှိတတ်ပါတယ်။ Pay ကတော့ $10/hr - $11/hr လောက်ထိရှိပါတယ်။ လူအများနဲ့စကားသိပ်မပြောချင်တဲ့ကျောင်းသားတွေကတော့ Warehouse တွေမှာ အလုပ်လုပ်ကြပါတယ်။ 📦
📝 Pay အမြင့်ဆုံးအလုပ်ကတော့ Tutoring ပဲဖြစ်ပါတယ်။ ဒီစာသင်ရတဲ့အလုပ်ကတော့ အခြားအလုက်တွေထပ်ရှားသလို သင်နိုင်တဲ့ကျောင်းသားလဲနည်းပါတယ်။ တစ်နာရီကို $30 - $50 လောက်ထိရနိုင်ပါတယ်။ Part-time Tutor တစ်ယောက်ဖြစ်ဖို့ Minimum Requirement က သင်ဖူးတဲ့ Record ပြနိုင်ရမှာဖြစ်ပါတယ်။ 🧑🏫
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
19/02/2026
❝ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 စမဖွင့်ခင် စင်ကာပူမှာ ဘာတွေပြင်ဆင်ထားသင့်လဲ⁉️ (STP Collection & Settle Down) ❞ 🏫🇸🇬
🔶 Offer ရထားတဲ့လူအချို့ကတော့ ယခုအချိန်မှာ Enrolment လုပ်ပြီး၊ Student Pass (STP) လျှောက်ထားလောက်ပြီဖြစ်ပါတယ်။ IPA Letter ကျလို့ စင်ကာပူရောက်တဲ့အခါ ပြင်ဆင်ထားရမဲ့ အချက် လေး ငါးချက်ရှိပါတယ်။ Singpass, Bank Registration, School System Registration စသည်ဖြင့်အမျိုးစုံရှိသည့်အနက် ယခု Post မှာတော့ STP Collection & Settle Down အကြောင်း ရေးသားသွားပါမယ်။ 🏥
📍စင်ကာပူရောက်လို့ ဆေးစစ်ပြီးရင် လုပ်ရမဲ့ Student Pass Collection ⁉️🇸🇬
📝 Student Pass (STP) လျှောက်တဲ့အခါမှာ အဆင့် ၃ ဆင့်ရှိပါတယ်။ ဆေးစစ်ပြီးတာနဲ့ လုပ်ရမဲ့ နောက်ဆုံး အဆင့်ကတော့ Collection ဖြစ်ပါတယ်။ ICA Building ကို လူတွေ့သွားရမှာဖြစ်ပါတယ်။ သို့ပေမဲ့ Student Pass ဟာ Digital ပဲဖြစ်တဲ့အတွက် Email ကနေပဲပို့ပေးမှာပါ။ Collect လုပ်တဲ့ဆိုတာ ICA ဖက်ကနေ လူတွေ့ Verification ပုံစံပါပဲခင်ဗျာ။ 📧🇸🇬
🔶 STP Collection သွားတဲ့အခါ ကိုယ့်ဖက်ကပြင်ဆင်ရမှာကတော့ Passport, Offer Letter, Passport Photo စတာတွေကို Print ထုတ်သွားသင့်ပါတယ်။ Interview သဘောမျိုးလည်းမဟုတ်သလို အထူးတလည် ဘာမှလည်းမေးမှာမဟုတ်ပါဘူး။ လူတွေ့ စစ်ချင်တဲ့သဘောပါပဲခင်ဗျ။ 👩🎓👨🎓
🔶 Student Pass ရတဲ့အခါမှာတော့ ကျန်တဲ့ ျနာက်ပိုင်းကိစ္စတွေဖြစ်တဲ့ Singpass, Bank Account Registration စတာတွေ ဆက်လုပ်လို့ရမှာဖြစ်ပါတယ်။
📍Note: STP ရတာနဲ့ ကျောင်း Website မှာ ကိုယ်ရဲ့ Number ကို Upload လုပ်ပေးဖို့ လိုပါလိမ့်မယ်ခင်ဗျာ။
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
15/02/2026
❝ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 စမဖွင့်ခင် စင်ကာပူမှာ ဘာတွေပြင်ဆင်ထားသင့်လဲ⁉️ (𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻) ❞ 🏥🩺
🔶 Offer ရထားတဲ့လူအချို့ကတော့ ယခုအချိန်မှာ Enrolment လုပ်ပြီး၊ Student Pass လျှောက်ထားလောက်ပြီဖြစ်ပါတယ်။ IPA Letter ကျလို့ စင်ကာပူရောက်တဲ့အခါ ပြင်ဆင်ထားရမဲ့ အချက် လေး ငါးချက်ရှိပါတယ်။ Singpass, Bank Registration, School System Registration စသည်ဖြင့်အမျိုးစုံရှိသည့်အနက် ယခု Post မှာတော့ STP အတွက် Medical Examination အကြောင်း ရေးသားသွားပါမယ်။ 🏥
📍IPA Letter နဲ့ စင်ကာပူရောက်ရင် လုပ်ရမဲ့ Medical Examination ⁉️🇸🇬
📝 Student Pass (STP) လျှောက်တဲ့အခါမှာ အဆင့် ၃ ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ IPA Letter ချပေးပါလိမ့်မယ်။ IPA Letter ဆိုတာကတော့ Pre-approved Student Pass လို့မှတ်ယူလို့ရပါတယ်။ အချို့ Case တွေမှာတော့ စင်ကာပူလေဆိပ် Immigration ကနေ IPA Letter တောင်းစစ်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ 📧🇸🇬
🔶 IPA Letter ကျလို့ Singapore ရောက်တဲ့အခါ ဆေးစစ်ရပါတယ်။ ဒါက Student Pass အတွက် ဆေးစစ်ရတာဖြစ်ပါတယ်။ ကျောင်းကလည်း ဆေးစစ်ခိုင်းတာမျိုးတွေရှိပါတယ်။ စစ်ရမှာကတော့ B ပိုး၊ HIV၊ Chest X-Ray၊ Eye Test စသည်ဖြင့် Basic Medical Condition တွေစစ်ရပါတယ်။🩻🩺
🔶 ကျောင်းသားအများစု စစ်တဲ့နေရာတွေကတော့ SATA Clinics, Polyclinics & Private Medical Examiners တွေဖြစ်ပါတယ်။ Hospital တွေမှာလည်းစစ်လို့ရပေမယ့် SATA Clinics & Polyclinics တွေကတော့ အသက်သာဆုံးဖြစ်ပါတယ်။ 🏥😷
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
13/02/2026
❝ အဆက်မပြတ်ဝင်နေတဲ့ SP Offer များ✨🇸🇬❞
🔶 PyinNyar Lann မှ လျှောက်ပေးထားသော ညီလေးတစ်ယောက် Diploma in Cybersecurity & Digital Forensics ကိုထပ်မံဝင်သွားပါတယ်ခင်ဗျာ။
🌟 ဒီနှစ်ကပုံမှန်နှစ်တွေထက် Admission လက်ခံတာအလွန်စောတဲ့အတွက် Offer မရသေးတဲ့သူတွေအနေနဲ့လည်း စိတ်ဓာတ်မကျပဲဆက်လက်စောင့်ကြည့်ပေးကြပါခင်ဗျာ ။
🌟 PyinNyar Lann - ပညာလမ်း မှလည်း ညီငယ် ညီမငယ်များ Offer အမြန်ဆုံးရရှိနိုင်ရန် ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျ ။
🔶 ရှေ့အပတ်တွေမှာလည်း အထူးသဖြင့် Feb လကုန်အပိုင်းနှင့် March ပထမအပတ်ထဲမှာ Offer တွေလာကြတော့မှာမလို့ PyinNyar Lann - ပညာလမ်း မှာလျှောက်ထားသော ညီလေး ညီမလေးများအနေနဲ့ Email လေးနေ့တိုင်းစစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်ခင်ဗျာ။
📝 အချို့ကျောင်းတွေဟာ Passport, IGCSE Certificate စတဲ့ Supporting Docs တွေပြန်တောင်းတတ်ကြတာမလို့ Email နေ့တိုင်းစစ်သင့်ပါတယ်ခင်ဗျာ။ ✉️🌐
12/02/2026
❝ 𝗣𝗼𝗹𝘆𝘁𝗲𝗰𝗵𝗻𝗶𝗰𝘀 စမဖွင့်ခင် စင်ကာပူမှာ ဘာတွေပြင်ဆင်ထားသင့်လဲ⁉️ (𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗖𝗼𝗻𝗰𝗲𝘀𝘀𝗶𝗼𝗻 𝗖𝗮𝗿𝗱) ❞ 🪪📚
🔶 Offer ရထားတဲ့လူအချို့ကတော့ ယခုအချိန်မှာ Enrolment လုပ်ပြီး၊ Student Pass လျှောက်ထားလောက်ပြီဖြစ်ပါတယ်။ IPA Letter ကျလို့ စင်ကာပူရောက်တဲ့အခါ ပြင်ဆင်ထားရမဲ့ အချက် လေး ငါးချက်ရှိပါတယ်။ Singpass, Bank Registration, School System Registration စသည်ဖြင့်အမျိုးစုံရှိသည့်အနက် ယခု Post မှာတော့ Student Concession Card အကြောင်း ရေးသားသွားပါမယ်။
📍IPA Letter နဲ့ စင်ကာပူရောက်ရင် ကျောင်းမဖွင့်ခင် ဘာတွေပြင်ဆင်ထားသင့်လဲ ⁉️🇸🇬
📝 Singapore မှာ Public Transport ကို လူတိုင်း နေ့စဉ်နေ့တိုင်း အသုံးပြုကြပါတယ်။ Public Transport မှာ MRT, LRT, Bus စသည်ဖြင့် အမျိုးစုံးသုံးကြပါတယ်။ ဒီ Transport တွေသုံးတဲ့အခါ EZ-link Card နှင့်ပေးရပြီး လူအများစုအတွက်စျေးကြီးပါတယ်။
🔶 Private Uni တွေက ကျောင်းသားတွေဟာ တစ်လကို Transport ဖိုးချည်းပဲ S$120 ကုန်ကျလေ့ရှိပါတယ်။ Poly ကျောင်းသားတွေကတော့ Concession Card နှင့်ဆိုလျှင် တစ်လကို $50 လောက်သာ ကုန်ကျပါတယ်။
🔶 ဒီ EZ-link Card ပဲသုံးခွင့်ရှိတဲ့ အလုပ်လုပ်နေတဲ့အများစုအတွက်ကတော့ နေ့စဉ် $4 - $5 ဝန်းကျင်ကုန်ကျနိုင်ပါတယ်။ သို့ပေမယ့် Concession Card နှင့် ဆိုလျှင် 60% နီးပါးသက်သာပြီး $2 နီးပါးပဲကျသင့်မှာဖြစ်ပါတယ်။
🔶 ဒါ့အပြင် တစ်လလျှင် $50 နှင့်ဝယ်လို့ရတဲ့ Monthly Pass တွေလည်းရှိပါတယ်။ ဒီ Monthly Pass တွေကတော့ တစ်လကို လပြတ်သဘောမျိုးပေးရတာဖြစ်ပြီး Student တွေအတွက်တော့ တော်တော်လေး တန်ပါတယ်။
🎓IGCSE ဖြေဆိုထားပြီး 2027 April Intake မှာ Polytechnics ကျောင်းများကို လျှောက်ချင်သူများအနေဖြင့် PyinNyar Lann ရဲ့ Application & Consultation Program လေးကို လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 👨💻
🌟စင်ကာပူ Polytechnics များနှင့် ပက်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းချင်သူများအနေနှင့် PyinNyar Lann ရဲ့ Chatbox (m.me/pyinnyarlann01) မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ✨
💻 PyinNyar Lann မှာ ရနိုင်တဲ့ Services တွေကိုလေ့လာချင်သည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.pyinnyarlann.com မှာ Free 40 Mins Consultation Session လေးယူလို့ရပါပြီခင်ဗျာ။ 👨💻
09/02/2026
❝ ပညာလမ်းရဲ့ 𝗙𝗶𝗿𝘀𝘁 𝗢𝗳𝗳𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 𝗳𝗿𝗼𝗺 𝗦𝗣 ✨🇸🇬❞
🔶 PyinNyar Lann မှ လျှောက်ပေးထားသော ညီလေးတစ်ယောက် Common ICT Programme ကိုဝင်သွားပါတယ်ခင်ဗျာ။ 2026 Intake ရဲ့ ပညာလမ်းမှ ပထမဆုံး Offer ဖြစ်ပါတယ်။ 🌟
🔶 ရှေ့အပတ်တွေမှာလည်း အထူးသဖြင့် Feb လကုန်အပိုင်းနှင့် March ပထမအပတ်ထဲမှာ Offer တွေလာကြတော့မှာမလို့ PyinNyar Lann - ပညာလမ်း မှာလျှောက်ထားသော ညီလေးညီမလေးများအနေနဲ့ Email လေးနေ့တိုင်းစစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်ခင်ဗျာ။
📝 အချို့ကျောင်းတွေဟာ Passport, IGCSE Certificate စတဲ့ Supporting Docs တွေပြန်တောင်းတတ်ကြတာမလို့ Email နေ့တိုင်းစစ်သင့်ပါတယ်ခင်ဗျာ။ ✉️🌐