Teacher Thin Border and Tution Pyin Oo Lwin

Teacher Thin Border and Tution Pyin Oo Lwin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher Thin Border and Tution Pyin Oo Lwin, Education Website, Maymyo.

08/05/2025

သင့်တင့်မျှတတဲ့ စျေးနှုန်းလေးတွေနဲ့ လက်ခံသင်ကြားပေးနေပါတယ်

Photos from Teacher Thin Border and Tution Pyin Oo Lwin 's post 15/01/2025

ကိုယ့်စားပွဲလေးမှာ ကိုယ်စိုက်ထားတဲ့ပန်းလေးတွေ ပန်းအိုးထိုး ကိုယ့်ဟာကို သဘောကျ😍😍

27/08/2024

ဒီ​နေ့ နာမိတဲ့ တရားထဲက မှတ်သားစရာ🙏🙏🙏
ပြဿနာ=ဖြေရှင်းရမည့်ကိိစ္စ
(ခံစားရမည့်ကိစ္စမ
ဟုတ်)

14/08/2024

ပြင်ဦးလွင် မှာဘယ်နေ့ဘာဖြစ်မယ်မသိပေမဲ့ ဒီနေ့ထိတော့ မြို့တွင်းမှာအေးအေးချမ်းချမ်းပါပဲလို့။(မိုးတွေလဲရွာနေပါတယ်)။ဒီရက်ပိုင်း မီးတွေလဲမပျက်ဘူးလို့။စိတ်ပူနေတဲ့သူတွေအတွက်ပါ။(ကိုယ်တော့ မဟာအံ့ထူးကံသာဘုရားကြီးနဲ့ ကိုးမြို့ရှင် အဖေကြီး အမေကြီးတို့ကိုတိုင်တည်ကာ ဆုတွေတောင်းနေပါတယ်။)

Photos from Teacher Thin Border and Tution Pyin Oo Lwin 's post 22/06/2024

Big congratulations ပါ သမီး "ဆု"ရေ။
ဘဝခရီးလမ်းတလျှောက် အနှောက်အယှက်ကင်းစွာနဲ့ ရည်မှန်းချက်တွေ
ပြည့်ဝပါစေကွယ်😘😘😘

28/05/2024

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ။ သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ။ တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ။

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ Body က passive ဖြစ်ပြီး သေးသေး လှီလှီ ဖြစ်နေတာတွေ လက်တွေ့ မြင်နေရပါတယ်။

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်။
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်။

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ

21/05/2024

Dimpleလေး😘😘

12/05/2024
10/05/2024

Dimpleလေး😍😍

01/05/2024

English Learning class at Teacher Thin✍✍✍

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Maymyo