02/02/2024
သင့်ရဲ့နေ့ရက်တွေလှပနိုင်အောင် ဖန်တီးလိုက်ပါ။
ဖျာပေါ်ကချွေးတွေက သင့်ကိုခိုင်ခံ့သန်မာစေမှာပါ။
ဘယ်အရာကမှမလှုပ်ခတ်နိုင်တဲ့ တည်ငြိမ်ခြင်းဆိုတာ သင် strong ဖြစ်မှ ဖြစ်လာတာပါ။
Let's start from where you are.
ဒီခရီးကို အတူလိုက်ပါချင်သောသူများကို ဖိတ်ခေါ်လိုက်ပါတယ်။
🌼Morning Classes🌼
Monday Wednesday Friday
6:00-7:00 am
Tuesday Thursday Saturday
6:00-7:00 am
Monday Tuesday Wednesday Thursday
7:10-8:10 am
🪷Evening Classes🪷
Monday Tuesday Wednesday Thursday
6:10-7:10 pm
8:00-9:00 pm
🎉NEW Classes Added🎉
Friday Saturday Sunday
7:10-8:10 am
6:00-7:00 pm
Zoom live နဲ့ သင်သွားမှာဖြစ်ပါတယ်။
🙏 NAMASTE 🙏
29/12/2023
နားထားတဲ့အတန်းတွေပြန်စပါမယ် အတန်းအပ်လို့ရပါပြီ
28/06/2023
☀️🌧️ရာသီအပြောင်းအလဲမှာ ခုခံအားကောင်းအောင် အစားအသောက်ဆင်ခြင်မယ်၊
🧚ယောဂလေး အချိန်ပေးကျင့်မယ် ဆိုရင်ရောဂါပိုးမှန်သမျှတိုက်ထုတ်နိုင်ပါလိမ့်မယ်။
မိမိလုပ်ငန်းဆောင်တာတွေမနှောင့်နှေးစေဘဲ အမြဲသွက်သွက်လက်လက် လှုပ်ရှားသွားလာနိုင်အောင် ကူညီပေးမှာပါ။
💪ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ဖြစ်ဖို့ကြိုးစားရင်း 💃လှပသွယ်လျတဲ့ bonusတွေပါပိုင်ဆိုင်နိုင်မှာပါလိမ့်မယ်။
Cb မှာလာရောက် စုံစမ်းမေးမြန်းတိုင်ပင်နိုင်ပါပြီ။ 🪷မိတ်ဆွေအတွက် အကောင်းဆုံးကို မျှော်လင့်ပြီး ကူညီဖို့ လက်ကမ်းကြိုဆိုနေပါတယ်။🪷
🙏ကျန်းမာချမ်းသာနိုင်ကြပါစေရှင်🙏
28/06/2023
အသက်ရှုခြင်းအနုပညာက ပေါ့သေးသေးထင်စရာဖြစ်ပေမဲ့ ဟန်ချက်ညီအောင်ထိန်းဖို့ အထူးသဖြင့် Balancing မှာသိပ်အရေးပါပါတယ်။ အသိသတိရှိရှိအသက်ရှုလိုက်တိုင်းမှာ mind control ကကပ်ပါလာမယ်။
🪷အာရုံစူးစိုက်မှုအားတိုးလာစေတဲ့ အာစနအမျိုးအစားလေးပါ။🪷
“When the breath control is correct, mind control is possible.”― Sri Krishna Pattabhi Jois
26/06/2023
-တိုးတက်မှုအတွက် အမြဲနေရာရှိပါတယ်။ ကိုယ်ကိုယ်တိုင်က တံခါးဖွင့်လက်ခံတတ်ဖို့ပဲလိုအပ်တာပါ။-
Kathryn Budig
🌷မေမြို့သူ၊မေမြို့သားများအတွက် လူတွေ့အတန်းရှိပါကြောင်း။
26/06/2023
❣️June လ ဒါနအတန်းလေး ကောင်းမွန်စွာ ပြီးဆုံးသွားပါပြီ။ တလအတွင်း စိတ်ပါဝင်စားစွာနဲ့ ဇွဲရှိရှိ အတူတူစီးမျှောပါဝင်ပေးတဲ့ yogi များအားလုံးကို ကျေးဇူးတင်ပါတယ်။
❣️တချို့ အစအဆုံးမပါနိုင်ခဲ့တဲ့သူတွေလဲ နောက်အချိန်တွေမှာ ထပ်ပြီးဒါနအတန်းတွေလုပ်ပေးဖို့ရှိသေးတဲ့အတွက် စိတ်စွမ်းအားမီးလျှံလေးတွေ မှေးမှိန်မသွားစေဖို့ တိုက်တွန်းပါရစေ။
👣👣 အရာထင်တဲ့ခြေရာတွေဖြစ်နိုင်ပါစေ 👣👣
31/05/2023
💌June လမှာပဲရမဲ့ အထူးအခွင့်အရေး💌
ဘယ်သူမဆို စိတ်ဝင်စားသူတိုင်း လာရောက်စာရင်းပေးနိုင်ပါပြီ။
🌷June လရဲ့ စနေည၊တနဂ်နွေညတိုင်း ယောဂကျင့်ရင်း ဖြတ်သန်းကြမယ်။
💕စာရင်းလာပေးတာနဲ့ Zoom link ကိုပေးမှာပါ။
လူဦးရေကန့်သတ်ထားပါတယ်။
👥 ကိုယ့်အနီးနားမှာ စိတ်ဝင်စားတဲ့သူတွေကိုလဲ like & share နှိပ်ပေးခြင်းဖြင့် ကောင်းသောအကျိုးဆောင်ဖို့ တခါထဲတိုက်တွန်းလိုပါတယ်။
27/05/2023
မဂ်လာပါရှင်။
☘️ ယောဂကိုအခုမှစကျင့်ချင်တယ်၊ ကျင့်တာမကြာသေးဘူး ဆိုတဲ့သူတွေအတွက် 🍀
Beginner level အတန်းလေးတွေပါ။
🌼Morning Classes🌼
Tuesday Thursday Saturday
6:00-7:00 am 3သောင်း ကျပ်
Monday Wednesday Friday
6:00-7:00 am 3သောင်း ကျပ်
Monday Tuesday Wednesday Thursday
7:10-8:10 am 4သောင်းခွဲ ကျပ်
💮Afternoon Class💮
Monday Thursday Friday
2:00-3:00 pm 3သောင်းခွဲ ကျပ်
🪷Evening Classes🪷
Monday Tuesday Wednesday Thursday
5:00-6:00 pm 4သောင်း ကျပ်
6:10-7:10 pm 4သောင်း ကျပ်
8:00-9:00 pm 4သောင်း ကျပ် (Yin Yoga တွဲထားပါတယ်)
Zoom liveနဲ့ သင်သွားမှာဖြစ်ပါတယ်။
သီးသန့် private class ယူလိုပါက အချိန်နဲ့ ဈေးနှုန်းညှိနှိုင်းနိုင်ပါတယ်။
Namaste 🙏
08/05/2023
☀️ပူပြင်းတဲ့ နွေဥတုမှာ 🌡️ခန္ဓာကိုယ်အပူချိန်လျော့ကျစေဖို့ ဖော်ပြထားတဲ့ယောဂအကွက်(အာစန)များကို လေ့ကျင့်ကြပါစို့။👐
28/04/2023
စိတ်ကူးထဲမှာပဲမဟုတ်ဘဲ လက်တွေ့ပုံဖော်နေတဲ့သူတွေအတွက် ➡️
သွားချင်တဲ့လမ်းကို လမ်းပြပေးနိုင်တဲ့သူနဲ့ဆိုရင် ခရီးမြန်မြန်ရောက်ပါတယ်။ ဒါကြောင့် ကောင်းသောလမ်းညွှန်မှုကိုပေးနိုင်ဖို့ ယုံယုံကြည်ကြည်နဲ့ အတန်းလာအပ်တဲ့ချစ်ရတဲ့သူတွေတွက် အမြဲကြိုးစားနေပါတယ်။
🌷သင်တန်းသားတွေက ကိုယ့်ကိုမြင့်တင်ပေးပါတယ်။ အခက်အခဲတခုခုပြောပြလာရင် သင့်တော်တဲ့ asana ကိုရွေးထည့်ဖြစ်တယ်။ အဆင်မပြေတဲ့အပေါ် variation တွေထည့်တတ်လာတယ်။ အရင်ကတော့ variation တွေကိုအာရုံမထားဖြစ်ဘူး။ နောက်မှ အော် အခက်အခဲရှိလာရင် ပုံစံပြောင်းလုပ်ရတာပါလား နားလည်လာတယ်။ 🧘♀️Asana တကွက်ရဲ့ variations တွေပို လေ့လာဖြစ်လာတယ်။ သင်တန်းသားတွေပေးတဲ့ထပ်ဆင့်ပညာအတွက် ကျေးဇူးတင်ပါတယ်။🥰
Injury မရအောင်၊ ထိထိရောက်ရောက် နည်းမှန်အောင် ညွှန်ကြားပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်။
အားလုံးလဲ နာကျင်မှ နေသာထိုင်သာရှိဖို့ ယောဂကျင့်တာမျိုးမဟုတ်ဘဲ မဖြစ်ခင်ကြိုတင်ကာကွယ် အတန်းမှန်မှန်တက်ပြီး ဆက်လက်ကျင့်ယူသွားရအောင်။
🌷လေးလံထိုင်းမိုင်းတဲ့သူ သူများအကူအညီယူရတဲ့သူ မိမိကိုယ့်ကိုအားမလိုအားမရ မဖြစ်ရလေအောင် ဇွဲရှိရှိနဲ့ကျင့်ကြမယ်။ စက်မှုထွန်းကားတဲ့ခေတ်မှာ ကြုံရတတ်တဲ့ စိတ်ဝေဒနာ၊ ကိုယ်ခန္ဓာမကျန်းမာခြင်းအမျိုးမျိုးကို ယောဂကျင့်ရင်း ခုခံကာကွယ်ထားကြမယ်။ ကဲ motivationတွေ ပေးလိုက်ပါပြီ။🥰 ယောဂအတန်းလေးမှာ ပြန်ဆုံကြရအောင်နော်။ 🌄
Namaste 🙏
06/04/2023
ပုံမှန်အတန်းချိန်ဇယားကိုသိချင်တဲ့သူတွေအတွက် ~
Mary နဲ့အတူတူ လိုက်ပါစီးမျှောပြီး မှတ်တိုင်တစ်ခုကိုရောက်ချင်တဲ့သူများကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။ Beginner Class တွေပဲမို့လို့ လေ့ကျင့်ဖို့ မတွန့်ဆုတ်လိုက်ပါနဲ့။ chatbox မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပြီးမှ စိတ်ချလက်ချအတန်းအပ်နိုင်ပါတယ်။
အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေရှင်။
Namaste 🙏