Data Science and Machine Learning Club

Data Science and Machine Learning Club

Share

Non-Profit Data Science Club, University of Technology Yadanarpon Cyber City (Myanmar)

03/12/2021

Quiz
--------------
အောက်ပါ ပုံတွင် ပါသော (-1) pow x ကို Differentiate ပြုလုပ်ပါက ရရှိသော အဖြေမှာ (မှတ်ချက်။ ။ * သည် အမြှောက် သင်္ကေတ ကို ဆိုလိုသည် ** သည် power ကို ဆိုလိုသည်)

A. 3.14159 * i *
B. 3.14159 * e * (-1)**2
C. 3.14159 * i * ( (-1)**x )
D. 3.14159 * e * (-x)**2

03/12/2021

Self Supervised Learning in a nutshell😂

21/11/2021

😂

21/11/2021

အားလုံးပဲ အဖြေမှန်ကြလား???
====================
ဒေါင်းနှစ်ကောင်ရှိတယ် ဆိုကြပါစို့။ နှစ်ကောင်ထဲက တစ်ကောင်က အထီးဖြစ်တယ် ဆိုတာ ကို သိထားရင် နှစ်ကောင်လုံးက အထီး ဖြစ်နိုင်တဲ့ Probability က ဘယ်လောက်ပါလဲ။
အဖြေ။ ။ C. 1/3

ရှင်းလင်းချက်။ ။
ဒေါင်းနှစ်ကောင်ကို Daung-1, Daung-2 ဆိုပြီး ထားလိုက်ရအောင်။ ဒါဆိုရင် ဖြစ်နိုင်ချေ အတွဲ လေးတွဲ ရပါပြီနော်။

Daung-1, Daung-2
အထီး, အမ
အထီး, အထီး
အမ, အမ
အမ, အထီး

=> နှစ်ကောင်ထဲ တစ်ကောင်က အထီးဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ သို့ပေမယ့် ဘယ်အကောင်လဲ ဆိုတာကို ညွှန်းဆိုထားခြင်းလည်း မရှိပါဘူး။
=> တစ်ကောင်က အထီးဖြစ်တယ်ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် "နှစ်ကောင်စလုံး အမ ဖြစ်တဲ့" ကိစ္စကို ထည့်သွင်းစဉ်းစားစရာမလိုတဲ့ အတွက် "နှစ်ကောင်လုံး အထီး ဖြစ်နိုင်တဲ့ Probability" ရဲ့ အဖြေမှာ C. 1/3 ဖြစ်ပါတယ်။ Have Fun😍

19/11/2021

ဒေါင်းနှစ်ကောင်ရှိတယ် ဆိုကြပါစို့။ နှစ်ကောင်ထဲက တစ်ကောင်က အထီးဖြစ်တယ် ဆိုတာ ကို သိထားရင် နှစ်ကောင်လုံးက အထီး ဖြစ်နိုင်တဲ့ Probability က ဘယ်လောက်ပါလဲ။
A. 1/2
B. 0
C. 1/3
D. 1/4

17/10/2020

ယနေ့ October 17 ရက်နေ့တွင်‌ကျရောက်သော

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)၏

၁၀နှစ်ပြည့် သံဖြူရတုမှသည် နောင်နှစ်ပေါင်းများစွာတိုင်

ရတုအဆက်ဆက် ထူးချွန်ထက်မြတ်ပြီး

တိုင်းပြည်အကျိုးသယ်ပိုးပေးနိုင်သော အင်ဂျင်နီယာလောင်းလျာများ မွေးထုတ်ပေးနိုင်ပါစေကြောင်း

UTYCC Data Science and Machine Learning Club မှ

ဆုမွန်‌‌ကောင်းတောင်းပေးလိုက်ပါတယ်။



Photo Credit To UTYCC Photography Club

Hamming distance - Wikipedia 05/10/2020

Natural Language Processing(Text Distancing)

ကျွန်တော် တို့ Data Science and Machine Learning Club ကနေ ဒီနေ့ကစပြီး ဝေမျှပေးမယ့် အကြောင်းအရာကတော့ Natural Language Processing မှာ အသုံးဝင်မယ့် Tool တွေအကြောင်းပဲ ဖြစ်ပါတယ်။ ပထမဦးစွာ Text Distancing အတွက် ပြောပြသွားမှာ ဖြစ်ပါတယ်။

Text Distancing ဆိုတာ ဘာလဲ??

Text Distancing ဆိုတာက စကားလုံး ၂လုံး/ စာကြောင်း၂ ကြောင်းမှာ မတူညီတဲ့ စာလုံး ဘယ်လောက် ရှိသလဲ/ထပ်တူကျ တူညီ တဲ့ စာလုံးဘယ်လောက်ရှိသလဲ ဆိုတာ ကို တိုင်းတာ တာပဲ ဖြစ်ပါတယ်။

Text Distancingအတွက် Tools/methods များ

Text Distancing အတွက် Tool များစွာရှိပြီးတော့ လူသုံးများတဲ့ Tool တွေ အနက် Hamming Distanceအကြောင်းကို ဖော်ပြသွားပါ့မယ်။

Hamming Distance

Hamming Distance မှာ length တူညီ တဲ့ string 2 ခုမှာ မတူညီ တဲ့ စာလုံး အရေ အတွက်ကို တိုင်းတာ ပါတယ်။ String 2 ခု Identical ကျ ထပ်တူညီ ဖို့ရာ အတွက် အစားထိုးဖို့ လိုအပ်တဲ့ စာလုံး အရေအတွက်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ String 2 ခုမှာ length မတူညီ ခဲ့ရင် length တူအောင် အရင် ညှိပေးရပါတယ်။
ထပ်တူညီ တဲ့ စာလုံးတွေ မှာ Hamming Distance တန်ဖိုးက 0 ဖြစ်ပါတယ်။ Hamming Distance count valueကို တူရင် +0
မတူရင် +1 နဲ့ ထပ်ပေါင်းသွားပါတယ်။
String 1=child
String 2=child

Hamming distance=0

String 1=method
String 2=guilty

Hamming Distance=6

Length မတူညီ တဲ့ စာလုံးတွေ မှာဆိုရင် length နည်းတဲ့ String length ကို တူညီ တဲ့ အထိ value "space" ထပ်ပေါင်းပေးရပါတယ်
String 1=child+" "+" "+" "
String 2=children

Hamming distance=3

Length တူညီပြီးတော့ Word မတူညီတဲ့ စာလုံး မှာဆိုရင်
String 1=lady
String 2=baby

Hamming Distance=2

Hamming Distance ကို Error detection and Error correction မှာ အများအားဖြင့် အသုံးပြုပါတယ်။ Hamming Distance ကို မြန်မာ စာ Natural Language Processing မှာလဲ အသုံးပြုပြီးတော့ မြန်မာစာ အတွက်ဆိုရင်

String 1=သားလေး(သ+ာ+း+လ+‌ေ+း+" "+" ")
String 2=သမီးကြီး(သ+မ+ီ+း+က+ြ+ီ+း)

Hamming Distance=7

Named by - Richard Hamming
Function - Hamming
Refered link - https://en.m.wikipedia.org/wiki/Hamming_distance

အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါလျှင် ထောက်ပြ သင်ကြားပေးသွားဖို့ တောင်းဆိုပါတယ် ။

Hamming distance - Wikipedia In information theory, the Hamming distance between two strings of equal length is the number of positions at which the corresponding symbols are different. In other words, it measures the minimum number of substitutions required to change one string into the other, or the minimum number of errors t...

15/09/2020

လူငယ်တိုင်း ပါဝင်လို့ရမယ့် အထူးခြားဆုံး ပြိုင်ပွဲ တစ်ခု ❗❗❗




ဟုတ်ပါတယ်

➡️ဗဟုသုတ အသစ်တွေကို ရှာဖွေချင်တဲ့ လူငယ်တွေ

➡️StayHome ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုချင်တဲ့ လူငယ်တွေ

➡️ကိုယ်ပိုင်ဟန်နှင့် တီထွင်ဖန်တီးရေးသားမှုကို နှစ်သက်တဲ့လူငယ်တွေ

➡️မိမိ အတွေးအမြင်ကို ချပြဖို့ရာ ထက်သန်တဲ့ လူငယ်တွေ အတွက် "ကဝိ" ကနေ ပြိုင်ပွဲလေး တစ်ခု သယ်ဆောင်လာပါပြီ ❤️

ပြိုင်ပွဲလေးကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးမဲစ,ပေးမည့် လူငယ်၅သန်းကို
1. အမုန်းစကားဖြန့်ဝေသူတို့ရဲ့ သားကောင်မဖြစ်စေရေး
2. ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို တပြိုင်တည်းသိရှိစေရေး အတွက် ရည်ရွယ်ပြီး

"၂၀၂၀ မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ‌ဆောင်းပါးပြိုင်ပွဲ”

ဆိုတဲ့ လူငယ်မှ လူငယ်သို့ဦးတည်တဲ့ ဆောင်းပါးပြိုင်ပွဲလေးကို အကောင်ထည်ဖော်သယ်ဆောင်လာတာဖြစ်ပါတယ် ❤️

ဒါဆိုရင် ပြိုင်ပွဲလေး ကို ပါဝင်ယှဉ်ပြိုင်ရာမှာ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော် 🙆

ပြိုင်ပွဲလေးမှာ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ရွေးကောက်ပွဲဆိုင်ရာအမုန်းစကား၊ သတင်းမှား၊ သတင်းတု ဖြန့်ဝေမှုတို့ကို တားဆီးတဲ့နေရာမှာ လူငယ်တွေအနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် 🌟

ဒါ့အပြင် အမုန်းစကား ပါ မပါကို Artificial Intelligence နည်းပညာသုံးထားတဲ့ မြန်မာစာ အမုန်းစကား Detection Engine လေးကလည်း စစ်ဆေးပေးသွားမှာဖြစ်ပါတယ် 😲

Wow တကယ်ကို အလန်းစား အမိုက်စားဘဲ 🤩

ဒါဆိုရင် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရာမှာလိုအပ်ချက်လေးကိုထပ်ပြောပြချင်သေးတယ် ☺️

🧑👧ပြိုင်ပွဲလျှောက်ထားသူတွေဟာ - အသက် ၁၈နှစ်မှ ၂၅နှစ်အတွင်းရှိတဲ့ လူငယ်‌တွေ
(ယောက်ျားလေး၊မိန်းကလေး၊ မသန်စွမ်း လူငယ်တွေအပါဝင်) အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ဒါဆို လူငယ်တွေအတွက် ဦးတည်တဲ့ ဒီလိုထူးခြားတဲ့ပြိုင်ပွဲလေးကို ဇကာတင်အဆင့်
ရွေးချယ်ရာမှာ ဘယ်လို ပုံစံမျိုးနဲ့‌‌ရွေးချယ်သွားမှာလဲဆိုတော့ 🤩

1. အမုန်းစကားများ မပါဝင်မှု
2. ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်ပါဝင်မှု
3. အရေးအသား ပြေပြစ်ရှင်းလင်းတိကျမှု
4. အတွေးအခေါ် သစ်လွင်မှု
5. နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်နှင့် အယူ အဆခိုင်မာပြတ်သားမှု
စတဲ့ အချက်တွေနဲ့ ရွေးချယ် သွားမှာဖြစ်ပါတယ်။
ဇကာတင် အဆင့် ပါဝင်သွားသော လူငယ်များအနေနဲ့ Online Competiton ထပ်မံပြုလုပ်ကာ ဆုများကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အနိုင်ရ ရှိတဲ့ လူငယ်များအနေနဲ့ ဘာတွေ ခံစားခွင့်ရှိမှာလဲ 😎
🥇 ပထမဆု
🥈 ဒုတိယဆု
🥉 တတိယဆု စတဲ့ ဆုကြေးတွေ အပြင်
MRTV Youth programမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်....Yayyy ....🤩

ဒီလို Stay Home နေရင်း အကျိုးကျေးဇူးတွေ အများကြီးရမယ့် ကဝိ က ဆောင်းပါး ပြိုင်ပွဲလေးကို ပါဝင်ဖို့ ဘာလို့စောင့်ဆိုင်းနေတော့မှာလဲ 😊

အခုပဲ ကဝိ ရဲ့ အောက်ဖော်ပြပါ website မှတဆင့်
https://articlecontest-kawi.netlify.app/
အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်စစ်ဆေးပြီး ဆောင်းပါးတွေကို ပေးပို့လိုက်တော့နော် 🥰

ဪ ဒါနဲ့ မေ့တော့မလို့ ... 😁
‼️ Application Form deadline ‼️ ကတော့ ၁၅.၉.၂၀၂၀ မှ ၁၀.၁၀.၂၀၂၀ အထိပဲဖြစ်လို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မမေ့နဲ့နော် ☺️

ယှဉ်ပြိုင်သူ အရေတွက်အားဖြင့်လည်း ကန့်သတ်ထားတာမျိုးမရှိတာမို့ လက်လှမ်းမီတဲ့သူငယ်ချင်းများအားလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်။
( ရည်ရွယ်ချက်က - ဆုတွေ ပျော်ပျော်ဆွတ်ခူးဖို့ပါ 🎁🎉)

သူငယ်ချင်းတို့အနေ နဲ့ ဒီ ပြိုင်ပွဲလေးအကြောင်း သိပြီးသွားပြီဆိုတော့ ကိုယ် နဲ့အတူ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ ဝါသနာတူသူငယ်ချင်းလေးတွေဆီရောက်အောင် ပို့စ်လေးကို Like & Share လေး လုပ်ပေးသွားကြဦးနော် 🙆

လူငယ်မှလူငယ်သို့ “ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြိုင်ပွဲလေး အကြောင်းကို မသိသေးတဲ့ လူငယ်များအတွက် ပြိုင်ပွဲအကြောင်း အသေးစိတ်သိချင်ရင်တော့ Kawi ရဲ့ Website (သို့) Fb Page လေးကို အမြဲစောင့်ကြည့်ထားဖို့လိုမယ်နော် 🥰 နောက်ထပ် Update ပေးမယ့် ပို့စ်တွေကလည်း ပြိုင်ပွဲဝင်တွေအတွက် သိသင့်ပြီး အရေးကြီးတာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါအုံး Kawiers လေးတို့ရေ.....





11/09/2020

Admin Team Recruitment
••••••••••••••••••••••••••••••••••

Hello YCCer တို့ရေ -
ကျွန်တော်တို့ Data Science and Machine Learning Club ကနေပြီးတော့ နောက်ထပ် ဆောင်ရွက် သွားမယ့် Activity များ အတွက် admin အသစ်များရဲ့ အကူအညီ လိုအပ်ပါတယ်။Data Science And Machine Learning Club ရဲ့ Admin အဖြစ် Education Activity တွေကို ဦးဆောင် ပါဝင်ဆောင်ရွက်ပေးသွားဖို့ရာ ကျွန်တော်တို့ကနေ အကူအညီ တောင်းခံအပ်ပါတယ်။ Adminအဖြစ် ကူညီ ဆောင်ရွက် ပေးသွားမယ့် ကျောင်းသား/သူ များမှ မိမိ ရဲ့ CV -
(ကိုယ်ရေးအကျဉ်း
ဖုန်းနံပါတ်နှင့်
တက်ရောက်နေတဲ့ ခုနှစ်
မေဂျာ )
နှင့် တကွ (20.9.2020)နောက်ဆုံးထား၍ ဆက်သွယ်လျှောက်ထား ပေးဖို့ ဖိတ်ကြားအပ်ပါတယ်။
Gmail- [email protected]

01/09/2020

Attention Please!!
••••••••••••••••••••••••

မကြာခင်အချိန်တွင်းမှာ ရွေးကောက်ပွဲ လာပါတော့မယ်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ social media ပေါ်မှာ သတင်းတုများ၊ အမုန်းစကားများ ဖြန့်ဝေခြင်း၊ ပျံ့နှံ့ခြင်း ပြဿနာများ ကျယ်ပြန့်လာပါတယ်။ ဒီလိုပြဿနာများ မှာ ရွေးကောက်ပွဲအတွက် အကြီးမားဆုံးသော ပြဿနာတစ်ရပ်အဖြစ် ထိထိရောက်ရောက်ကိုင်ကွယ်ဖြေရှင်းရန် လိုအပ်သည့် ကဏ္ဍ တစ်ခုဖြစ်လာခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီနှစ်မှာ မဲစပေးမည့် လူငယ် ၅ သန်း ကို ထိုသတင်းတု ဖြန့်ဝေသူတို့ရဲ့ သားကောင်များမဖြစ်စေရန်၊ ရွေးကောက်ပွဲအတွက် သိသင့်သိထိုက်သည့် အချက်အလက်အမှန်များကို သိရှိစေနိုင်ရေး၊ မှန်ကန်သော ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ဥာဏ်ဖြင့် မဲပေးနိုင်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာများ ဖြန့်ဝေကာ လူမှုအသိုက်အဝန်းအတွင်း ပါဝင်နိုင်စေရေး စသည့်အချက်များကို အကောင်အထည်ဖော်နိုင်မည့် မှန်ကန်တိကျသော စီမံချက်များ ကလည်း အဓိကကျသော ကဏ္ဍမှ ပါဝင်‌နေပါတော့တယ်။

ထိုအချက်များအား ခြုံငုံဖြေရှင်းနိုင်ရန်ဖို့ ရည်ရွယ်ပြီး Data Science and Machine Learning Club နှင့်လက်တွဲလုပ်ဆောင်နေသော Kawi-က၀ိ (Artificial Intelligence and Data Science Startup) မှ “လူငယ်မှ လူငယ်သို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပေးနိုင်မည့် ဆောင်းပါးပြိုင်ပွဲ” ကို ဒီလထဲမှာ ကျင်းပရန် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ပြိုင်ပွဲကို အသက် ၁၈ နှစ်မှ မှ ၂၅ နှစ်အတွင်း လူငယ်များ ဝင် ရောက်ယှဥ်ပြိုင်နိုင်မည် ဖြစ်ပြီး ခေါင်းစဥ်မှာ "၂၀၂၀ မြန်မာ့ ရွေး ကောက်ပွဲ" ဖြစ်ပါတယ် ။

ယခု လူငယ်များအတွက် ဦးတည် ကျင်းပမည့် ပြိုင်ပွဲ၏ ထူးခြားချက်မှာ ပေးပို့လာသော ဆောင်းပါးများတွင် အမုန်းစကား ပါရှိခြင်း ရှိမရှိ စစ်ဆေးရာတွင် Artificial Intelligence နည်းပညာ အသုံးပြု အမုန်းစကား Engine ကို အသုံးပြုသွားမည် ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ရာတွင် ၁၀၀ ရာခိုင်နှုန်း မှန်ကန်မည်ဟု မဆိုလိုပါ။ သို့သော် Manual ပြုလုပ်ရပါက များစွာ ပင်ပန်းမည်ဖြစ်ကာ စာ ကြောင်းများအား သတ်မှတ်ထား သော Hate Speech Definition နှင့် တိုက်စစ်ရခြင်းမှာလည်း အချိန်များစွာယူရမည် ဖြစ် သော ကြောင့် Engine အား အသုံးပြုပါက Manual ပြုလုပ်ရမည့် အလုပ်များများစွာကို သက်သာသွား စေမည် ဖြစ်ပါသည်။ လူအနေဖြင့် Detection မှန်ကန်မှု ရှိမရှိကိုသာ စောင့်ကြည့်ရန်သာ လိုအပ်ပါ တော့သည်။ ထို့အပြင် ယှဥ်ပြိုင်လာသည့် မြန်မာ ဆောင်းပါး များသည် သတ်မှတ်ထားသည့် အရေအတွက်ပြည့်မပြည့်ကို ကဝိမြန်မာစာ Analysis Tool ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာစာအတွက် စစ်ဆေးနိုင်သော tool မရှိသေးသော ပြသနာကို ဖြေရှင်းပေးနိုင်မည် ဖြစ်မည့်အပြင် လူငယ်များ အနေဖြင့် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို လိုက်နာတတ်သော အလေ့အကျင့်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ထိုကဲ့သို့ ထွန်းကားလာလျက်ရှိသော Artificial Intelligence, Natural Language Processing, Data Science ကဲ့သို့‌ များစွာအသုံးဝင်သည့် နည်းပညာများရှိနေသော်လည်း မြန်မာနိုင်ငံတွင် အသုံးပြုစရာ ' Digital Data ' ကြွယ်ဝစွာ မရှိသဖြင့် အသုံးမပြုနိုင်ပဲ ဖြစ်လျက်ရှိပါတယ်။ ' Data များ မရှိ၍ မသုံး , မသုံးဖြစ်၍ မရှိ ' ဖြစ်နေသည်ကို ထောက်ရှု့၍ တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးစေလိုသော ရည်ရွယ်ချက်ဖြင့် ဤ ပြိုင်ပွဲအား စိတ်ကူးအကောင်ထည်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပနိုင်ရန် Natural Language Processing Team, Technology Team, Marketing Team, Public Relation Team အစရှိသည်ဖြင့် အသီးသီး ကြိုးစားဆောင်ရွက်လျက် ရှိရာတွင် အဆင် ပြေ သော်လည်း အနိုင်ရရှိသူများအား ဆု ပေးနိုင်ရန် ငွေ ကြေးလိုအပ်ချက်ရှိ နေပါသောကြောင့် Donationပိုင်းတွင် ပါဝင်ကူ ပေးနိုင်ပါတယ်ခဗျာ။ ပါဝင်ကူညီရာတွင်လည်း 1000, 2000 ကစပြီး လူငယ်တွေအတွက် ပါဝင် ဆောင်ရွက်ပေးနိုင်ပါတယ်ခဗျာ။ အသေးစိတ်သိလိုပါက page ရဲ့ chat box ကိုလည်းကောင်း ၊ 09766757318 သို့လည်းကောင်း မေးမြန်းနိုင်ပါတယ်။

ပါဝင် အားဖြည့်ရာတွင် KBZ pay ဖြင့် ဖြစ်စေ Wave Pay ဖြင့် ဖြစ်စေ CB pay ဖြင့်ဖြစ်စေ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

K pay - 09766757318
CB pay -0121600100021458
Wavepay -09766757318

Graphic design - Hsu Pyae Wai Shyan

Photos from Data Science and Machine Learning Club's post 31/08/2020

No Hate Speech Week
••••••••••••••••••••••••••••••

ကျွန်တော် တို့ သတိမမူမိဘဲ ပြောဆိုမိနေကြတဲ့ အမုန်းစကားပြောဆိုမှုကို သတိပြုမိလာစေရန်ရည်ရွယ်ပြီးတော့ No Hate Speech Week ကို ဖော်ဆောင်ခဲ့တာ ဒီနေ့ဆိုရင် တပါတ်ပြည့်မြောက်လို့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ် ။ကျွန်တော်တို့ကို No Hate Speech Week ပြုလုပ်ဖို့ရန် တိုက်တွန်းအားပေးခဲ့ကြသော ဆရာဆရာမ များနှင့် No Hate speech week အတွက် တစ်ဘက် တစ်လမ်းကနေ တတ်အားသရွေ့ ပါဝင် ကူညီ ခဲ့ကြသော ညီငယ် ညီမငယ် အားလုံးကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျား။
Hate Speech Data 1000 collect ပေးသော ညီ/ညီမ တို့ရဲ့ အမှတ်တရ အဖြစ်ကျေးဇူးတင် ပိုစ့် နဲ့ ဂုဏ်ပြုပါတယ် ။

ကျွန်တော်တို့အနေနဲ့ အမုန်းစကားပြောဆိုမှုကို သတိပြုမိပြီးတတ်နိုင်သမျှ လျှော့ချကာအကျိုးရှိနိုင်မည့် ပန်းစကားများ ဖြင့် မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ အလှဆင် နိုင်ကြပါစေ။




......

Photos from Data Science and Machine Learning Club's post 29/08/2020

No Hate Speech Week
•••••••••••••••••••••••••••••••

"The Tongue Is But Three Inches Long, Yet It Can Kill A Man"

ဟုတ်ပါတယ်။
ကျွန်တော်တို့ပြောတဲ့စကားလုံးတွေမှာ အစွမ်းသတ္တိများစွာ ပါရှိပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို တက်ကြွအောင်ပြောနိုင်သလို ၊ အောက်ဆုံးထိရောက်အောင်လည်း ဆွဲချပစ်နိုင်ပါတယ်။
ကျွန်တော်တို့ ငယ်စဥ်ကလေးဘဝကတည်းကတစ်ယောက်နဲ့တစ်ယောက် 'စနောက်' သလိုနှင့် နှိမ်ချပြောဆိုတာတွေလည်း ရှိခဲ့ဖူးပါလိမ့်မယ်။ဥပမာအားဖြင့် - ဝတဲ့ကောင်မလေးကို ' ဝက်မ ' ဟုလည်းကောင်း၊ သွားခေါတဲ့သူကို ' သခေါ' ဟုလည်းကောင်း၊ အသက်ရွယ်နဲနဲကြီးလာတဲ့အခါမှာလည်း သိမ်မွေ့စွာနေတတ်သော ယောက်ျားလေးကို အခြောက်ဟုလည်ကောင်း အမျိုးမျိုး လက်လွတ်စပယ် ခေါ်ဆိုမှုတွေ ပြုကြပါတယ်။
ခေါ်တဲ့သူမှာတော့ သာမာန် ရယ်စရာတစ်ခုအဖြစ် စ နောက်သရော်၍ ပြောလိုက်သော်လည်း အပြောခံရသူအဖို့ ပတ်ဝန်းကျင်တွင် အရှက်ရစေပါတယ်။

ပြိုင်ဆိုင်လိုစိတ် နှင့် အမုန်းစကား

ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်မှာတော့ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရိုင်ပင်းရမယ့်အစား တစ်စုံတစ်ရာသော အကြောင်းကိစ္စဖြစ်ပြီးဆိုရင် တစ်ယောက်နှင့်တစ်ယောက်အပြိုင်အဆိုင်တွေဖြစ်ပြီး မနာလို အမုန်းထားကာ အပြစ်ဆိုဖို့သာချောင်းနေကြတာကိုလည်း တွေ့ရှိဖူးပီးသား ဖြစ်ပါလိမ့်မယ်။

Social Media ပေါ်က ပြိုင်ဆိုင်မှု များ

Social media တွေကို တွင်ကျယ်စွာ သုံးစွဲလာတဲ့ခေတ်မှာ အမုန်းစကားပြောဖို့ ပိုလို့တောင်လွယ်ကူလာပါတယ်။
facebook မှာဆိုရင်လည်း က
အကြောင်းအရာတစ်ခုပေါ်မှာမူတည်ပြီး ဝေဖန်ကြတာမျိုးလည်းရှိကြသလို ဆဲရေးတိုင်ထွာကြတာမျိုးက ပိုများပါတယ်။ တစ်ဘက်နှင့်တစ်ဘက်တိုက်ခိုက်ကြသည်လည်းရှိပါတယ်။
အမုန်းစကားကို နယ်ပယ်အစုံမှာ ပုံစံမျိုးစုံနှင့်တွေ့ရနိုင်ပါတယ်။ နိုင်ငံရေးနယ်ပါယ်မှာဆိုလျှင်လဲ ပါတီတစ်ခုနှင့်တစ်ခုပြိုင်ဆိုင်ရာမှတစ်ဖက်နှင့်တစ်ဖက်အမုန်းစကားများပြောဆိုခြင်းများ၊ တိုင်းရင်းသားနှင့် လူမျိုးရေးဆိုင်ရာများ၊ ကျားမခွဲခြားမှုများကို တွေ့နေရပါတယ် ။
ဟုတ်ပြီ ကျွန်တော်တို့မှာ မေးစရာတခုရှိလာပြီ🤔
အမုန်းစကားပြောလို့ကျွန်တော်တို့မှာ ဘာတွေများတိုးတက်သွားတာရှိပါသလဲ။
ကျွန်တော်ကတော့ အမုန်းစကားကြောင့်တိုးတက်မှုဆိုတာထက် ဆိုးကျိုးတွေပိုများတယ်ဆိုတာလက်ခံထားပါတယ်။ ဥပမာဗျာ - အမုန်းစကားတွေကြောင့်
အပြောခံရတဲ့သူမှာလဲ စိတ်ဓာတ်ကျစေပါတယ်။ အမုန်းစကားတွေက တဖက်လူရဲ့စိတ်ထဲမှာ အမြစ်စွဲသလိုထိဖြစ်ပြီး ပါတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ကာ နောက်ဆုံး မိမိကိုယ်မိမိ သတ်သေသည်အထိဖြစ်သွားနိုင်ပါတယ်။ ဒါက ဟုတ်ပါတယ် ကျွန်တော်တို့အတွက်တော့ စကားလေးတခွန်း နှစ်ခွန်းလောက်ဘဲ ဒါပေမဲ့ တဖက်မှာ ရှေ့ဆက်လျှောက်ဖို့ရာ ခွန်အားများ လျော့ကြသွားနိုင်ပါတယ်။ ကျွန်တော်တို့ အမုန်းစကားတွေကို မိန်းကလေးတွေများကိုသာမကယောက်ျားလေးတွေကိုရော မည်သည့် လူပုဂ္ဂိုလ်ကိုမှ မပြောသင့်သည်မှာ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။
ပြောတဲ့သူဘက်မှာလဲ ထူးမခြားနားပါပဲ။ အချိန်ကုန်လူပင်ပန်း အကုသိုလ်ဖြစ်သည်သာဖြစ်ပါသည်။ ထို့အပြင် အပြစ်ပြောတတ်လွန်းသူဟာ ပတ်ဝန်းကျင်နှင့်လည်း သဟဇာတဖြစ်ရန်လွယ်ကူမည်မဟုတ်ပါ။


အမုန်းစကားတွေကိုရှောင်ကြပါစို့

ထို့ကြောင့် လူတိုင်းလူတိုင်း အမုန်းစကားရှောင်၍ လှပသော ပန်းလေးပမာ ပုံဆောင်တဲ့ ချစ်စဖွယ်ကောင်းသော 'ပန်းစကားလေး' တွေကိုသာ ပြောကြမယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး အမုန်းစကားတွေ ကင်းဝေးပြီး သာယာသော အရိပ်မြုံလေးကို ပုံဖော်နိုင်မှာ မလွဲပါပဲနော်။

ဒါကြောင်းပန်းစကားလေးနဲ့အတူ လှပနိုင်ကြပါစေ။

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Website

Address


University Of Technology, Yatanarpon Cyber City
Maymyo
05081