Sayar Doe - သင်္ချာဆရာ

Sayar Doe - သင်္ချာဆရာ

Share

Photos from Sayar Doe - သင်္ချာဆရာ's post 23/10/2024

ရေစုန်ရေဆန် ပုစ္ဆာများကို အလွယ်တကူဖြေရှင်းခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျ
ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ မအားလပ်တာကြောင့် ပို့စ်မတင်ဖြစ်တာ ကြာသွားပြီဖြစ်လို့ အားလုံးကို တောင်းပန်ပါတယ်ဗျ
အခုတင်ပြမယ့် အကြောင်းအရာကတော့ စနစ်သစ် Grade 9 သင်္ချာ်အတွဲ ၁ အခန်း၆ တွင် ပြဌာန်းထားသော မသိကိန်းတစ်လုံးပါ ဉာဏ်စမ်းပုစ္ဆာများ၊ မသိကိန်းနှစ်လုံးပါ ဉာဏ်စမ်းပုစ္ဆာများ လေ့ကျင့်ခန်း (6.2)နှင့် (6.4)မှ ရေစုန်ရေဆန်ပုစ္ဆာများကို အလွယ်တကူ ဖြေရှင်းနိုင်ရန် မျှဝေပေးချင်ပါတယ်ဗျ
ပထမဆုံးကတော့ ကျောင်းသားကျောင်းသူများကို ရေစုန်ဆိုတာ ဘယ်လိုမျိုးလဲ၊ ရေဆန်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ အရင်ရှင်းပြသင့်ပါတယ်။ ဘာကြောင့်ဆိုရင် တချို့ကျောင်းသားတွေက မြစ်နား ချောင်းနား နီးတဲ့အခါကြတော့ ရေစုန်ရေဆန်ရဲ့ သဘောကို သိကြတယ်။ မြစ်နား ချောင်းနား မနီးတဲ့ (တောင်ပေါ်ဒေသ) မှ ကျောင်းသားကျောင်းသူတွေကတော့ အများစု မသိကြပါဘူး။
ဒါကြောင့် ရေစုန်ဆိုတာ ရေစီးနဲ့ အတူ (လားရာတူ) သွားခြင်းကို ရေစုန်လို့ခေါ်ပြီး၊ ရေစီးနဲ့ ဆန့်ကျင်ဘက် (လားရာမတူ) သွားခြင်းကို ရေဆန်လို့ ခေါ်ဆိုကြောင်းရှင်းပြပါမည်။
ရေစုန်ခရီးမှာ ဘာကြောင့် မြန်မြန်ရောက်ပြီး၊ ရေဆန်ခရီးမှာ ဘာလို့ အချိန်ကြာကြာနေမှ ရောက်ရတာလဲဆိုရင် ရေစုန်ခရီးမှာ ရေစီးက ပံ့ပိုးပေးပြီး၊ ရေဆန်ခရီးမှာတော့ ရေစီးက ဟန့်တားလို့ ဖြစ်တယ်လို့ ရှင်းပြပြီး
ရေစုန်ခရီးမှာ မိမိရဲ့ အသွားနှုန်းနှင့် ရေစီးနှုန်း ပေါင်းပေးရမည်ဖြစ်ကြောင်း၊ ရေဆန်ခရီးတွင်မူ မိမိ၏ အသွားနှုန်းမှ ရေစီးနှုန်းကို နှုတ်ပေးရမည်ဖြစ်ကြောင်း ရှင်းပြပါမည်။
အတိုကောက် မှတ်ရန်မှာ (စုန်ပေါင်း ၊ ဆန်နှုတ်) ဟူ၍ ဖြစ်ပါသည်။
အဲ့ဒိအကြောင်းတွေ ရှင်းပြပြီးတာနဲ့ မရေးမဖြစ် စာကြောင်းကို ရေးရမည်ဖြစ်ကြောင်း
အဲ့ဒါတွေကတော့ (ငြိမ်၊စီး၊စုန်၊ဆန်) တို့ ဖြစ်ပါတယ်
ငြိမ် = ရေငြိမ် တစ်နာရီ ခုတ်မောင်းနှုန်း
စီး = ရေစီးနှုန်း
စုန် = ရေစုန် တစ်နာရီ ခုတ်မောင်းနှုန်း
ဆန် = ရေဆန် တစ်နာရီ ခုတ်မောင်းနှုန်း

မှတ်ချက်။ ပုစ္ဆာထဲမှာ
မော်တော်ဆိုရင် ခုတ်မောင်းနှုန်း
လှေဆိုရင် လှော်နှုန်း
လူဆိုရင် ကူးနှုန်းလို့ ရေးရမည် ဖြစ်ကြောင်း
ရေစုန်ရေဆန်ပုစ္ဆာတွေက မသိကိန်းတစ်လုံးရော မသိကိန်းနှစ်လုံးမှာပါ ပြဌာန်းထားတဲ့အတွက် ဘယ်လိုခွဲခြားမှာလဲ ?
လွယ်ပါတယ်
အဖြေမှာ ရေစီးနှုန်းနဲ့ ရေငြိမ် တစ်နာရီသွားနှုန်း နှစ်ခုထဲက တစ်ခု ပေးထားပြီး ကျန်တစ်ခုကို မေးထားရင် မသိကိန်းတစ်လုံး ပုစ္ဆာဖြစ်ပါတယ်
အဖြေမှာ နှစ်ခုလုံး မေးထားရင်တော့ မသိကိန်းနှစ်လုံးပုစ္ဆာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ မသိကိန်းတစ်လုံး ပုစ္ဆာတွေက ကြာချိန်တွေ တူညီပြီး အကွာအဝေး မတူတာ၊ မသိကိန်းနှစ်လုံး ပုစ္ဆာမှာတော့ ခရီးမိုင်တွေတူပြီး ကြာချိန် မတူတာ စသဖြင့် ခွဲခြားလို့ ရပါတယ်
နမူနာ တစ်ပုဒ် တွက်ပြထားပါတယ်

Photos from Sayar Doe - သင်္ချာဆရာ's post 29/08/2023

လိုအပ်သူများအသုံးပြုနိုင်ပါတယ်ခင်ဗျ

Photos from Sayar Doe - သင်္ချာဆရာ's post 10/06/2023

လိုအပ်သူများအသုံးပြုနိုင်ပါသည်

15/01/2023

ဆရာ ဆရာမတို့ အမြင်လေးလဲ ဆွေးနွေးပေးပါဦးခင်ဗျာ

Photos from Sayar Doe - သင်္ချာဆရာ's post 05/11/2022

အကူအညီတောင်းထားတာလေးတွေ တွက်ပြထားပေးပါတယ်
ဆရာ ဆရာမများ အဆင်ပြေကြပါစေဗျာ

Photos from Sayar Doe - သင်္ချာဆရာ's post 25/08/2022

ယခုဆွဲသားနည်းတွင်လိုအပ်သောစတုဂံ ABCD ကိုရရှိရန်ပေးထားသောမျဥ်းပိုင်းငါးခုအနက်မိမိကြိုက်နှစ်သက်ရာမျဥ်းပိုင်းမှစတင်ဆွဲသားနိုင်ကြောင်းလက်တွေ့ဆွဲပြပြီးဖြစ်ပါသည် ဤဆွဲသားချက်ငါးခုအနက် ထောင့်ဖြတ်မျဥ်း AC မျဥ်းပိုင်းမှစတင်ဆွဲသားခြင်းသည်အလွယ်ကူဆုံးဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်သည်
အဘယ့်ကြောင့်ဆိုသော်ဗဟိုပြုရမည့်အမှတ်နှစ်ခုသည် Aနှင့်C
အမှတ်နှစ်ခုတွင်သာဗဟိုပြုရမည်ဖြစ်ပြီး အခြားဆွဲသားချက်များလိုအမှတ်များမပြောင်းလဲသောကြောင့်ဖြစ်သည်
ရည်ရွယ်သည်မှာ မည်သည့်မျဥ်းပိုင်းကိုမဆိုစဆွဲနိုင်သည်ဟူသောအချက်အားအငြင်းမပွားစေလိုခြင်း ကျောင်းသားကျောင်းသူများ၏တီထွင်ကြံဆမှုတိုးတက်စေလိုခြင်း မိမိဆွဲသားနည်းကသာအမှန်ဟူသောအယူအဆကိုဖြောက်စေလိုခြင်းတို့ဖြစ်ပါသည်

Photos from Sayar Doe - သင်္ချာဆရာ's post 11/07/2022

တောင်းဆိုထားတဲ့ပုစ္ဆာလေးနှစ်ပုဒ်တွက်ပြထားပါတယ်ဗျ

Photos from Sayar Doe - သင်္ချာဆရာ's post 06/07/2022

တောင်းဆိုထားသော 4 ပုဒ် လုံးတွက်ပြထားပါတယ်ဗျ

Photos from Sayar Doe - သင်္ချာဆရာ's post 27/06/2022

ဒီပုစ္ဆာလေးမေးထားတဲ့သူအတွက်ပါ
ကျန်လိုအပ်သူများလည်းကြည့်ရှုအသုံးပြုနိုင်ပါတယ်ဗျ

Photos from Sayar Doe - သင်္ချာဆရာ's post 26/06/2022

ဒီလိုပုစ္ဆာလေးပုံနှိပ်စာအုပ်တွင်ပါ ပါသည် သို့ရာတွင်အတိုင်းအတာများမတူပါ a နေရာတွင် m ဖြစ်၍ l နေရာတွင် x. bနေရာတွင်yဟူ၍ပြောင်းထားပါသည် ပုစ္ဆာသဘောတရားအတူတူဖြစ်ပါသည်

Photos from Sayar Doe - သင်္ချာဆရာ's post 13/06/2022

လိုအပ်သူများ အသုံးပြုနိုင်ပါတယ်

07/06/2022

၈တန်း သင်ရိုးဟောင်း သင်္ချာအတွဲ(သင်္ချာအတွဲ၁)
လေ့ကျင့်ခန်း (1.3) စာမျက်နှာ၁၈
နံပါတ် 10 & 11
အမေးများလို့ တွက်ပေးလိုက်ပါတယ်နော်

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Maymyo