HTET

HTET Education

25/10/2025
14/10/2025

English📝📝📝📝 baby😘😘😘😘 #

Grade -2မြန်မာစာ📝📝📝Htet Education Centre
10/10/2025

Grade -2မြန်မာစာ📝📝📝Htet Education Centre

Check out Amara Moon’s video.

👍THANK YOU FOR RECOGNIZING YOUR EFFORTS.🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
07/02/2025

👍THANK YOU FOR RECOGNIZING YOUR EFFORTS.🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

07/02/2025

ပီတိလေးတွေ😍

🥰I appreciate your creations 🙆     🌟✨🌟⭐💫✨💫⭐🌟🌟✨
12/01/2025

🥰I appreciate your creations 🙆

🌟✨🌟⭐💫✨💫⭐🌟🌟✨

❝ သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာများ  ❞  #သီတင်းကျွတ်မီးထွန်းပွဲတော်************************  ဘုရားရှင်သည် ခုန...
17/10/2024

❝ သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာများ ❞

#သီတင်းကျွတ်မီးထွန်းပွဲတော်
************************
ဘုရားရှင်သည် ခုနှစ်ဝါမြောက်ဝါတွင် တာဝတိံသာနတ်ပြည်၌ ဝါကပ်ဆိုပါ၏။
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို အကျယ်ဟောကြားတော်မူပါသည်။
ဘုရားရှင်သည် ဝါတွင်းသုံးလ ကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ရွှေစောင်းတန်း၊
ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်အနက် အလယ်စောင်းတန်းဖြစ်သော
ပတ္တမြားစောင်းတန်းဖြင့်၊ ကျန်စောင်းတန်းနှစ်သွယ်မှ နတ်ဗြဟ္မာများ ဝန်းရံလျက်
လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာပါသည်။ နတ်ဗြဟ္မာများက ဆီးမီးထိန်ဝါ ထွန်းညှိပူဇော်
လိုက်ပါလာသကဲ့သို့ လူပြည့်မှ လူအပေါင်းတို့ကလည်း ဆီမီးများ ရောင်စုံထွန်းညှိ၍
ဆီးကြိုပူဇော်ကြလေသည်။

ထိုအဓိပ္ပါယ်ကိုယူလျက် ဗုဒ္ဓဘာသာ မြန်မာတို့သည် သီတင်းကျွတ်လပြည့်နေ့ကို
ဗဟိုပြုလျက် အကြိုတစ်ရက်၊ အပိုတစ်ရက် ထည့်သွင်းကြကာ သုံးရက်တိုင်
သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြို့ရွာရပ်ကွက်အလိုက် ကျင်းပပြုလုပ်ကြခြင်း
ဖြစ်ပါသည်။


#ပဝါရဏာပွဲတော်
***************
ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အခါတစ်ပါး၌
ဝါလသီတင်းကျွတ်၍ ကောသလတိုင်းမှ ရဟန်းတော်များက ဘုရားရှင်အား
လာရောက်ဖူးမြော်စဉ် ဘုရားရှင်က ရဟန်းတော်များအား အချင်းချင်း
အဆင်ပြေပြေရှိကြရဲ့လားဟု မေးမြန်းတော်မူရာ ရဟန်းတော်များက အချင်းချင်း
အဆင်မပြေ ရှိမည်စိုး၍ တစ်ဝါတွင်းလုံး အချင်းချင်း စကားပြေဆိုခြင်း မပြုကြဘဲ
တရားအလုပ်ကိုသာ ကျင့်ကြံနေထိုင်ခဲ့ကြပါကြောင်း လျှောက်ထားကြသည်။

ဘုရားရှင်က ရဟန်းတော်များ၏ အချင်းချင်း စကားပြောဆိုခြင်းမပြုဘဲ
နေထိုင်ကြသည်ကို ကဲ့ရဲ့တော်မူပြီး ထိုအကျင့်မျိုးပြုကျင့်လျှင် အာပတ်သင့်စေဟုပင်
ပညတ်တော်မူပြီး `ဝါတွင်းသုံးလနေထိုင်ကြပြီး ဝါကျွတ်သောရဟန်းများသည်
မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း အကြောင်းသုံးပါးတို့ဖြင့် အချင်းချင်း
သတိပေးပြောကြားစေရေး ပဝါရဏာကံ ပြုခြင်းကို ဆောင်ရွက်ကြစေ` ဟုလည်း
ပညတ်တော်မူပါသည်။ ထိုမှစ၍ ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်း ယဉ်ကျေးမှုသည်
ရဟန်းသံဃာလောက၌ ပေါ်ပေါက်လာခဲ့ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် လပြည့်လကွယ် ဥပုသ်ကံဆောင်ခြင်းကဲ့သို့
သံဃာတော်များသည် သိမ်အတွင်း စုရုံးကြပြီး ကြိုတင်ဆောင်ရွက်ဖွယ်
ကိစ္စများပြုပြီးနောက် သိက္ခာဝါကြီးရင့်သည့် မထေရ်ကြီးများမှစ၍ သိက္ခာဝါအငယ်ဆုံး
ရဟန်းငယ်အထိ ပဝါရဏာဖိတ်ကြားသည့် ပါဠိကို သုံးကြိမ်စီ တစ်ပါးချင်း ရွတ်ဆို၍
ပဝါရဏာကံ ဆောင်ရွက်ကြပါသည်။


#အဘိဓမ္မာအခါတော်နေ့
*******************
ဘုရားရှင်သည် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသည့်
သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူပါသည်။ ဆွမ်းဘုဉ်းပေးချိန်တွင် နိမ္မိတရုပ် ဖန်ဆင်း၍ အဘိဓမ္မာတရားတော်ကို
ဆက်လက်ဟောကြားစေပြီး ဘုရားရှင်သည် လူ့ပြည်ဆင်း၍ ဆွမ်းဘုဉ်းပေးရင်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား တာဝတိံသာ နတ်ပြည်တွင် ဟောကြားသည့်
အဘိဓမ္မာတရား အကျဉ်းချုပ်ကို ထပ်ဆင့် ဟောကြားပေးပါသည်။ ရှင်သာရိပုတ္တရာကလည်း
တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်အားဖြင့် ဆက်လက်ဟောကြားပါသည်။

ဝါတွင်းသုံးလပြီးမြောက်၍ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားဟောကြားခြင်း
ပြီးဆုံးအောင်မြင်ပါသည်။ တာဝတိံသာ နတ်ပြည်တွင် အကျယ်ဟောကြားတော်မူသည့်
အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နည်းတူ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား
ဟောကြားတော်မူသည့် အဘိဓမ္မာအကျဉ်းချုပ် နှင့် ဆက်လက်ဟောကြားသည့်
မကျဉ်းမကျယ်တို့သည်လည်း ထို့နေ့တွင် ပြီးဆုံးအောင်မြင်ပါသည်။ သို့ဖြစ်ရာ
သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာတရားအောင်ပွဲ့နေ့ ဖြစ်ပါသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို သီတင်းကျွတ်မီးထွန်းပွဲတော်
နည်းတူ အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း ကျင်းပပြုလုပ်ကြပါသည်။
ဝတ်အသင်းအဖွဲ့များသည် ဘုရားစေတီများသို့ အဖွဲ့လိုက်သွားရောက်၍ အဘိဓမ္မာပါဠိတော်များ၊
ပဋ္ဌာန်းပါဠိတော်များ ရွတ်ပွားခြင်း၊ အဘိဓမ္မာ အခါတော်နေ့အကြောင်း ဟောပြောခြင်း၊
ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်း စသည် ဆောင်ရွက်ကြပါသည်။

#ဝါကျွတ်ကန်တော့ပွဲ
*****************

ရဟန်းသံဃာတော်များ၏ ပဝါရဏာပွဲတွင် သံဃာအချင်းချင်း ဖိတ်ကြား
ပန်ကြားမှု အစဉ်အလာသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုဘဝ မိသားစုဝင်များ၊
ဆရာ တပည့်များအတွင်း ကူးစက်ပုံဖော်ထားသည်မှာ ဝါကျွတ်ကန်တော့ပွဲ ဖြစ်ပါသည်။
ဆွေမျိုး မိသားစုတွင် ဘိုးဘွားမိဘများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းဌာန၊ ရုံးဌာနတွင်
ဆရာသမားနှင့် ဌာနအကြီးအကဲတို့အား မိသားစုဝင်များ တပည့်များက သီတင်းကျွတ်လပြည့်
ဝန်းကျင်တွင် မိမိတို့တတ်နိုင်သည့် ပစ္စည်းဝတ္တုများ၊ မုန့်သစ်သီး စားဖွယ်သောက်ဖွယ်များဖြင့်
တစ်ဦးချင်း တစ်ဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်တော့ကြသည်။

ဘုရားရှစ်ခိုး သြကာသကန်တော့ချိုးကို ရွတ်ဆို၍ဖြစ်စေ၊ ဦးသုံးကြိမ်ချ၍ဖြစ်စေ၊
အများစုဖြစ်လျှင် တစ်ဦးကတိုင်ပေးသည်ကို လိုက်ဆို၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊
မနောကံ ပြစ်မှားမှုများရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း ကန့်တော့ကြသည်။
ကန်တော့ခံဘိုးဘွား မိဘများနှင့် ဆရာသမား အကြီးအကဲများက ဦးစွာတတ်သမျှမှတ်သမျှ
ဆုပေးကြပြီး ဆက်လက်၍ သြဝါဒ ဆုံးမစကား ချီးမြှင့်ပေးကြသည်။ ကန်တော့ပြီးပါက
ကန်တော့ခံသူများကလည်း မိမိတို့တတ်နိုင်သမျှ ငွေစကြေးစ ထုတ်၍ ကန်တော့ကြသူ
ကလေးသူငယ်များအား မုန့်ဖိုးဝေငှပေးကြသည်များလည်း ရှိလေသည်။ ကန်တော့လျှင်
မုန့်ဖိုးရ၍ ပျော်ရွှင်သွားသော သားငယ် သမီးငယ် မြေးငယ်လေးများအားကြည့်၍
ဘိုးဘွားမိဘများလည်း ပျော်ရွှင်သွားကြသဖြင့် မိသားစု စည်းလုံးမှုကို တိုးပွားစေသော
ဝါကျွတ်ကန်တော့ပွဲတစ်ခုလည်း ဖြစ်ပါသည်။
Credit:
တင်အောင်ထွန်း (သုတေသန)
မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီပွဲတော်များ

မျှဝေ ပူဇော်ပါသည်။
မေတ္တာဖြင့်....
#ဝင်းသီဟကျော်
#အဘိဓမ္မာအခါတော်နေ့
#ပဝါရဏာပွဲတော်
#ဝါကျွတ်ကန်တော့ပွဲ
#သီတင်းကျွတ်မီးထွန်းပွဲတော်
Photo create by AI

တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) အကြောင်း====+===တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘု...
17/09/2024

တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) အကြောင်း
====+===
တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော

၁။ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

၂။ သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊

၃။ သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊

၅။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။

🚩 တော်သလင်းလ
မြန်မာပြက္ခဒိန်၏ ဆဋ္ဌမမြောက်လ

တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ရက် ၃၀ ရှိပြီး ရက်စုံသောလဖြစ်သည်။

အမည်ရင်းမြစ်

တော် ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ သလင်း ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ကြံဆကြသည်။ သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသောအရေးအသားကို ပျို့ကဗျာများ၌တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရှင်တို့က သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပာယ်ကောက်ကြသည်။

သို့ရာတွင် စာဆို ဦးအောင်ကြီး ၏လူးတားတွင် တိုင်လေးစင် ၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ခုန်ဆင်းသည့်ပျော်ပွဲသဘင်ကို အခိုင်အမာ ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းရင် သောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများကလက်ခံကြသည်။ ဤအချက်ကို လှေသင်းဝင်မင်းက သဘာမတူသည့်အပြင် တော်သလင်း ၏ဇာစ်မြစ်ကိုကြံဆရာ၌ ကောသိတုံအလံ ဟူသောပါဠိမှ ဆင်းသက်၍ တော်သလင်းဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟုခေါ်သည်။ ကန်ရာသီကား ကညာကိုစွဲခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ တောသဟူ၍လည်း ရှိသည်။ တောသမှတော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်း အတွင်းဝန်က မိန့်ဆိုသည်။

'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တဝ်သလင်းမှာ 'မိုးကောင်းကင် ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။

ပွဲတော်များ

ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်း (Chukrosia tabulais) ကိုသတ်မှတ်သည်။

တော်သလင်းလသည် မြန်မာဓလေ့ရာသီပွဲတော် အစဉ်အလာအရ လှေပြိုင်ပွဲ ကျင်းပသည့်လဖြစ်သည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်းလေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူးဖျာ ခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာ ရှိတတ်ရာ "တော်သလင်း မြစ်တွင်း သင်ဖြူးခင်း"ဟု ဆိုရိုး ရှိသည်။ ထို့ကြောင့် ဤလတွင် လှေပြိုင်ပွဲများ ကျင်းပကြသည်။ ရှေးက လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ လှေလှော်သားတို့အား ဆုတော်လာဘ်တော်များလည်း ချီးမြှင့်လေ့ရှိသည်။

တော်သလင်းလသည် မိုးနှောင်းပိုင်း ကာလဖြစ်၍ ရွာသောမိုးသည် လယ်ကန်သင်းများ ကျိုးအောင် သည်းသည်းမည်းမည်း ရွာတတ်သည်။ "တော်သလင်းမိုး ကန်သင်းကျိုး" ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုပင် နေလှန်းပြီးမှ ထမင်းချက်ရသည်။ ထို့ကြောင့် ရှေးစာဆိုတို့က "တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲ မိုးမသဲ" ဟု ဆိုရိုးပြုခဲ့ကြသည်။

တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ် ဖြစ်သော တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပကြပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း စောင့်ထိန်းကြခြင်း ဖြစ်သည်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

# Credit to original uploader #

🙏🌹🙏🌹🙏🌹🙏🌹🙏

~~~~~~~~~~~~~~~~~~

# ဗဟုသုတနှင့်မှတ်သားမိသောမှတ်စုများ #

_________________________________
မေတ္တာဖြင့်....
ပြန်လည်....
မျှဝေသည်။

👇👇👇👇👇👇👇👇👇👇

https://www.facebook.com/share/p/ubEAbNNmQhsDnR9m/?mibextid=oFDknk
Credit photo:Young Buddhist Association

credit: 🙏🙏🙏🙏unicode: #ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး           ညောင်ရေသွန်းပွဲတော် ဖ...
22/05/2024

credit:
🙏🙏🙏🙏
unicode:

#ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး


ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် -
*******************
ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်မူ၍ ၊
ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့
သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊

သစ္စာ၄ပါး ကိုသိမြင်ရာ၊

ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်း၀၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

ညောင်ရေသွန်း ပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

ဂန္ဓောဒကိယ ရဟန္တာမထရ်

ပဒုမုတ္တရာ မြတ်စွာဘုရား လက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှူး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘ၀မှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာ ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်၀ယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော သံ၀သိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ဂန္ဓောဒကိယမထေရ် အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

ဗောဓိသိဉ္စက ရဟန္တာမထေရ်

၀ိပီူမွတျစှာဘုရားလကျထကျတောျက ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင် ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋျဆငျးရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋျဆငျးရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာ ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ ဥဒကသေစန မည်သော စကြ၀တေးမင်း စည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင် ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

တိုက်တွန်းလွှာ

အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိ၀န္ဒက ရဟန္တာမထေရ်မြတ်ကြီး တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော် တို့ကို လေးလေးနက်နက် အာရုံယူကာ သံသရာ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရန်ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)

-စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association


ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။

Crd

#မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။

zawgyi font:

#ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး


ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် -
*******************
ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်မူ၍ ၊
ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့
သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊

သစ္စာ၄ပါး ကိုသိမြင်ရာ၊

ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်း၀၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

ညောင်ရေသွန်း ပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

ဂန္ဓောဒကိယ ရဟန္တာမထရ်

ပဒုမုတ္တရာ မြတ်စွာဘုရား လက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှူး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘ၀မှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာ ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်၀ယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော သံ၀သိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ဂန္ဓောဒကိယမထေရ် အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

ဗောဓိသိဉ္စက ရဟန္တာမထေရ်

၀ိပီူမှတစြှာဘုရားလကထြကတြောကြ ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင် ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋဆြငြးရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋဆြငြးရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာ ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ ဥဒကသေစန မည်သော စကြ၀တေးမင်း စည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင် ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

တိုက်တွန်းလွှာ

အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိ၀န္ဒက ရဟန္တာမထေရ်မြတ်ကြီး တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော် တို့ကို လေးလေးနက်နက် အာရုံယူကာ သံသရာ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရန်ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)

-စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association


ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။

Crd

#မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။
photo credit to creater.

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when HTET posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share