၂၀၂၆ မင်္ဂလာနှစ်သစ်တွင် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း ငြိမ်းချမ်းခြင်းများပြည့်စုံပြီး မိသားစုအားလုံးအဆင်ပြေကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပညာစွယ်စုံ
ပညာရေးမိသားစု
Pyinnyar Swel Sone Private School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyinnyar Swel Sone Private School, Education, No. 187, 12 th Street , Block-2, Pyin Oo Lwin, Maymyo.
ပညာစွယ်စုံပညာရေးမိသားစု၏ ပဒေသာပင်အား ဆရာ၊ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသား/သူများအားလုံးအတူတကွ သွားရောက်ပို့ဆောင်ခဲ့ကြစဉ်........
၄.၁၀.၂၀၂၅ အင်္ဂါနေ့ (တန်ဆောင်မုန်းလပြည့်နေ့) ၌
တံခွန်တိုင်ကျောင်းတွင် (ရ.က.က.၂) မိသားစုနဲ့အတူ
ပညာစွယ်စုံပညာရေးမိသားစုမှ
ကထိန်သင်္ကန်း ကပ်လှူပူဇော်ခြင်းအတွက် ပဒေသာပင်ပြင်ဆင်ကြစဉ်......
🎃 Halloween Day 🎃
31/10/2025
ဒုတိယကျောပိုးအိတ်... 💞
====================
ကလေးတိုင်းဟာ စာသင်ကျောင်းကိုလာတဲ့အခါ ကျောပိုးအိတ်နှစ်လုံး သယ်လာခဲ့ကြတယ်... ။
ပထမကျောပိုးအိတ်ကိုတော့ လူတိုင်းမြင်နိုင်ကြတယ်။ အထဲမှာ ပုံနှိပ်စာအုပ်တွေ၊ မှတ်စုစာအုပ်တွေနဲ့ တခါတလေမှာ ထမင်းဗူးပါထည့်ထားတတ်တယ်။
ဒုတိယကျောပိုးအိတ်ကိုတော့ ဘယ်သူမှ မမြင်နိုင်ကြဘူး။ ဒါပေမယ့် အဲဒီကျောပိုးအိတ်ကမှ တကယ့်အရေးကြီးတာ။
ဒုတိယကျောပိုးအိတ်ထဲမှာ သူတို့လေးတွေ အိမ်ကသယ်လာကြတဲ့ စိတ်ခံစားချက်တွေ အကုန်ပါလာခဲ့တယ်။ သူတို့လေးတွေ မနေ့တုန်းကရခဲ့တဲ့ အောင်မြင်မှုလေးတွေ၊ သူတို့ရဲ့ အကြောက်တရားတွေ၊ သူတို့ဖြစ်အောင်ကြိုးစားကြရမယ့် မျှော်လင့်ချက်တွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေ။ တစ်ခါတစ်ရံမှာ မိဘတွေရဲ့ မနက်ခင်းပိုင်းအပွေ့အဖက်တွေနဲ့ အိမ်တံခါးဝမှာကျန်နေရစ်ခဲ့တဲ့ မိသားစုနှုတ်ဆက်အပြုံးတွေလည်းပါရဲ့။ တခြားအချိန်တွေမှာတော့ ကျောင်းကားမလာမချင်း သူကြားနေခဲ့ရတဲ့ အငြင်းအခုန်စကားတွေရဲ့ပဲ့တင်သံတွေ အပြည့်အသိပ်နဲ့ ကျောပိုးအိတ်ကလေးဟာ လေးလံလို့ပေါ့။
အဲဒီဒုတိယကျောပိုးအိတ်ထဲမှာ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ ဒါမှမဟုတ် အထီးကျန်မှုတွေ။ ယုံကြည်မှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေပါခဲ့သေးတယ်။
ကျောပိုးအိတ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့ သူတို့လေးတွေ စကားနဲ့ထုတ်မပြောတတ်သေးတဲ့အရာတွေ၊ တစ်ယောက်ယောက်ကို သတိထားမိစေချင်တဲ့အရာတွေ ပါလာလေ့ရှိတယ်။ အဲဒါမှပဲ သူတို့ရဲ့ကျောပိုးအိတ်ကလေးဟာ နည်းနည်းလောက် အလေးချိန်လျော့သွားတယ်လို့ ခံစားရမယ်မဟုတ်လား။
P.S -
ဒုတိယကျောပိုးအိတ်ကိုလား...? မင်း မြင်နိုင်ဖို့မလွယ်ဘူးလေ။
ဒါပေမယ့် မင်း သေသေချာချာ ဂရုစိုက်ပြီးကြည့်မယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ မျက်ဝန်းတွေထဲမှာ၊ သူတို့လေးတွေပြောနေတဲ့ အသံတိတ်စကားတွေထဲမှာ၊ သူတို့လေးတွေရဲ့ အမူအယာတွေထဲမှာ ဒုတိယကျောပိုးအိတ်ကို မင်းခံစားလို့ရနိုင်ပါလိမ့်မယ်... 💞
(Translated by )
When a child walks into school, they’re carrying two backpacks.
One is visible — filled with notebooks, textbooks, maybe a lunchbox.
But the other is invisible — and that’s the one that really matters.
In that second backpack are all the emotions they bring from home. The little victories from yesterday. Their fears. The weight of expectations they’re trying to meet. Sometimes, it’s packed with a parent’s morning hug and the memory of a smile at the door. Other times, it’s heavy with the echo of an argument before the bus arrived.
Inside are feelings of belonging — or loneliness. Confidence — or worry.
And tucked deep inside are the things they don’t have words for yet, the things they wish someone would notice, just so their backpack could feel a little lighter.
P.S.
That second backpack? You can’t see it.
But if you look closely — you’ll recognize it in their eyes, their silence, or the way they act.
20/10/2025
ရွှင်လန်းချမ်းမြေ့ကြပါစေ...
06/10/2025
မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ...
05/10/2025
"ကမ္ဘာ့ဆရာများနေ့"
07/06/2025
ကလေးတွေကို စာဖတ်ချင်စိတ်ဖြစ်အောင် သုံးသင့်တဲ့ နည်းလမ်း (၁၀) ချက် 📚✨
၁။ ငယ်စဉ်ကတည်းက စာဖတ်ခြင်း အလေ့အကျင့် စတင်ပါ။
နေ့တိုင်း အနည်းဆုံး ၁၅ မိနစ် စာဖတ်ချိန်သတ်မှတ်ပါ (ဥပမာ - အိပ်ရာဝင်ခါနီး)
၂။ စာအုပ်ရွေးချယ်မှုကို ကလေးစိတ်ဝင်စားရာကနေ စပါ
ကလေးကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်/အကြောင်းအရာ (ဥပမာ - တိရစ္ဆာန်၊ စူပါဟီးရိုး) ကိုဦးစားပေးရွေးပါ။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ စာဖတ်အဆင့်ကို ရွေးချယ်ပါ။
၃။ စာဖတ်ခြင်းကို ပျော်စရာအဖြစ် ပြောင်းပါ
အသံအတိုးအကျယ်နဲ့ စာဖတ်ပြခြင်း (စိတ်ဝင်စားဖွယ်ဇာတ်လမ်း ဖော်ပြချက်)။ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ အသံမျိုးစုံလုပ်ပြီး ဖတ်ပါ။
၄။ အိမ်တွင်း စာဖတ်ယဉ်ကျေးမှု ဖန်တီးပါ
မိဘကိုယ်တိုင် စာဖတ်နေပုံ ကလေးအားမြင်စေပါ။ အိမ်မှာ စာအုပ်ထားရှိသည့်နေရာ (စာကြည့်စင်/စာအုပ်စင်) ဖန်တီးပေးပါ။
၅။ ဒီဂျစ်တယ် နည်းလမ်းများနဲ့ ပေါင်းစပ်ပါ
ကလေးကြိုက်တဲ့ စာအုပ်တွေကို အွန်လိုင်းကနေ နားထောင်ခြင်း (Audiobooks)။ အပြန်အလှန်ပါဝင်နိုင်သော E-books (ဥပမာ - စာဖတ်ရင်း ဂိမ်းကစားရတာမျိုး)။
၆။ စာဖတ်ပြီးနောက် ဆွေးနွေးမှုလုပ်ပါ
"ဒီဇာတ်လမ်းထဲက မင်းအကြိုက်ဆုံးဇာတ်ကောင် ဘယ်သူလဲ" စသဖြင့် မေးခွန်းများမေးပါ။ ဇာတ်လမ်းကို အိမ်မှာ ပြန်လည်ဖော်ဆောင်ခြင်း (Role-play) ပြုလုပ်ပါ။
၇။ စာဖတ်ခြင်းနဲ့ ဆုချီးမြှင့်ခြင်းကို ဆက်စပ်ပါ
စာမျက်နှာ ၅၀ ဖတ်ပြီးတိုင်း ကြယ်ပွင့်ကပ်ခြင်း။ တစ်လစာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း သေးငယ်တဲ့ ဆုလက်ဆောင် ပေးပါ။
၈။ စာကြည့်တိုက်သို့ ပုံမှန်ခေါ်သွားပါ။
လစဉ် စာကြည့်တိုက်သွားဖို့ ကြိုးစားပါ။ ကလေးကိုယ်တိုင် စာအုပ်ရွေးခွင့်ပြုပါ။
၉။ ကလေးရေးသားထားတဲ့ စာအုပ်များကို ဖတ်ပါ။
ကလေးရဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးများ ရေးခိုင်းပြီး ဖတ်ပါ။ မိသားစုဝင်တွေအတွက် စာဖတ်ညီလာခံ လုပ်ပါ။
၁၀။ စာဖတ်ခြင်းကို လက်တွေ့ဘဝနဲ့ ဆက်စပ်ပြပါ။
စာအုပ်ထဲကအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ခရီးထွက်ခြင်း (ဥပမာ - တိရစ္ဆာန်ရုံသွားပြီး တိရစ္ဆာန်စာအုပ် ဖတ်ခြင်း)။ စာအုပ်ထဲကလှုပ်ရှားမှုတွေကို လက်တွေ့လုပ်ကြည့်ခြင်း (ဥပမာ - ချက်ပြုတ်နည်း စာအုပ်ဖတ်ပြီး အတူချက်ပါ)။
---------------
အထူးအကြံပြုချက်
✅ စာဖတ်ချိန်ကို ဖိအားမဖြစ်စေဘဲ ပျော်စရာအဖြစ်ထားပါ။
✅ ကလေးစာဖတ်နှုန်းကို တစ်နေ့ ၁၅ မိနစ်မှစတင်ပါ။
"စာဖတ်ခြင်းဆိုတာ ကလေးတစ်ယောက်အား
မျှော်လင့်ချက်အသစ်တွေ၊ ကမ္ဘာအသစ်တွေကို
အခမဲ့ ခရီးထွက်ခွင့်ပေးတဲ့ လက်ဆောင်ပါ"
သင့်ကလေးကို စာဖတ်ချင်စိတ်ဖြစ်အောင် ဘယ်နည်းလမ်းကို အရင်ဆုံးစမ်းကြည့်မလဲ? 📚✨
2024-2025 Academic Year
Kindergarten MOVING UP CEREMONY
မှုံရွှေရည် သီချင်းဖြင့် ကပြဖျော်ဖြေမည့် KG ကျောင်းသူလေး၏ ရင်သက်ရှုမောဖွယ် အကအလှကိုတင်ဆက်လိုက်ရပါတယ် ....
Click here to claim your Sponsored Listing.
Location
Category
Website
Address
Maymyo