School Bus

School Bus

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from School Bus, School, No, 1309. Myittar Yay Chan 2 Street, South Yay Chan Aoe, Maymyo.

01/07/2023

School Bus လေးရဲ့အားသာချက်များ။

၁.ကလေးငယ်တွေအများစုဟာ သူငယ်ချင်းတွေနဲ့တူတူ ကျောင်းသွားချင်ကြပါတယ်။သို့သော် ဖေဖေ မေမေ တို့ကလည်း စိတ်မချဖြစ်တက်ပါတယ်၊School Bus နဲ့သာ သူငယ်ချင်းတွေစုသွားမယ် ဆိုရင်လည်း ကလေးတွေရဲ့ ဆန္ဒကို ပြည့်ဝစေပြီး လုံခြုံစွာကျောင်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။

၂.ပေါင်းသင်းဆက်ဆံရေးတွင်လည်းကောင်းမွန်စေပါသည်။ကျောင်းကားစီးရာ၌ One Person One Seat ပေမဲ့ကလေးတို့ ဘေးနားလာထိုင်တဲ့သူဟာကလေးတို့ထက် အသက်ကြီးတဲ့ အကိုတွေအမတွေ ပါလာနိုင်သလို ကလေးတို့ထက်ငယ်တဲ့ ညီလေးတွေ ညီမလေးတွေလည်း ပါလာနိုင်တာကြောင့် သင့်ကလေးငယ်ဟာ သူတို့ထက် အသက်ကြီးတဲ့ အကိုတွေအမတွေနဲ့ သို့မဟုတ် ညီလေး ညီမလေးတွေနဲ့ စကားပြောရာတွင်လည်း ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေပါသည်။

၃.မိဘအပေါ်လည်း မှီခိုမှုကင်းစေပါတယ်။
အိမ်မှလိုက်ပို့ပေးတဲ့ကျောင်းသားနဲ့ ကျောင်းကားနဲ့သွားတဲ့ကျောင်းသားမှာလည်း ကွာခြားချက်ရှိပါသည်၊ ဥပမာ - အိမ်မှလိုက်ပို့လျှင် မိဘများမှာ ကလေးတွေကျောင်းပစ္စည်းကျန်ခဲ့သည်ရှိသော်လည်း ပြန်၍လာယူနိုင်ပါသည်။
ကျောင်းကားနှင့်သွားသော ကလေးများသည် မိမိကျောင်းပစ္စည်းများကို ပြန်လာယူ၍မရနိုင်သောကြောင့် စနစ်တကျနှင့်ထည့်၍ မနက်လျှင် ကျောင်းကားကိုအမှီစီးရသည်မှာ ကိုယ့်အားကိုယ်ကိုးနိုင်သွားပါမည်။
ထိုအခါကလေးငယ်ကို အသက်ငယ်ငယ်နှင့် ယုံကြည်စိတ်ချနိုင်ပါသည်။

၄.ပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်ပါသည်။ကျောင်းကားကို ကလေးတွေများများ စီးမယ်ဆိုရင်ကျောင်းကားများသာရှိသည့်အတွက် လေထုညစ်ညမ်းမှုကိုလည်းကာကွယ်စေနိုင်ပါသည်။

၅.ကျောင်းရှေ့တွင် ကိုယ်ပိုင်ကားများနည်းသွားလျှင် ကလေးငယ်များ ကားပေါ်သ်ို့ အတက်အဆင်းတွင်လည်း စိတ်ပူရတာလျော့နည်းသွားစေပါသည်။

၆.တီတီဝေ School Bus ရဲ့ အားသာချက်လေးတစ်ခုကတော့ GPS လေးပါထည့်ပေးထားပါတယ်၊GPS ကို မေမေတို့ ဖေဖေတို့ဆီလည်း ပေးထားမှာဖြစ်ပါတယ်။GPS ထဲမှာ မောင်းနေသော Speed အမြန်နှုန်း လည်း မြင်ရနိုင်ပါတယ်။ထို့ကြောင့် ဖေဖေ မေမေတို့ အိမ်ကနေပြီး ကိုယ့်ကလေး ကျောင်းကား ပြန်ရောက်မယ့်အချိန်ကို အေးအေးဆေးဆေး ထိုင်ကြည့်နေနိုင်ပါတယ်နော်။

ထို့ကြောင့် ကျောင်းအကြို အပို့ One Student One Seat တစ်ခုံလျှင်ကျောင်းသားတစ်ဦးနှုန်းသာ ထိုင်ရပါသည်... တီတီဝေ Mini Bus ကျောင်းကားလာပါတော့မည်။

အသေးစိတ်သိရှိလိုပါက Messenger မှလည်း ဆုံစမ်းမေးမြန်းနိုင်သလို ဖုန်းနံပါတ် 09-880191979 ဖြင့်ဆက်သွယ်မေးမြန်းအပ်နိုင်ပါသည်ရှင်၊ပြင်ဦးလွင်သီးသန့်ပါရှင်၊ ကျေးဇူးတင်ပါတယ်ရှင်။

20/05/2023

ပြင်ဦးလွင်မြို့။

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No, 1309. Myittar Yay Chan 2 Street, South Yay Chan Aoe
Maymyo
05081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00