Hak School

Hak School

Share

ONLINE EDUCATION

16/07/2026

🔥 RANDOM PROMO — 30% OFF 🔥

HakSchool Photography Tutorials အားလုံးကို အချိန်အကန့်အသတ်ဖြင့် 30% Discount ပေးထားပါတယ်။ 📸

✅ Basic Photography — 70,000 MMK
✅ Advanced Portrait Photography — 70,000 MMK
✅ YYSS Portraits — 70,000 MMK
✅ Lightroom Essentials — 70,000 MMK
✅ Portrait Retouching — 175,000 MMK
✅ Cinematic Indoor Lighting — 70,000 MMK
✅ Flash Photography — 105,000 MMK
✅ Mobile Photography & Editing — 56,000 MMK
✅ Photography Industry Experience Sharing — 70,000 MMK

📩 အသေးစိတ်မေးမြန်းရန်နှင့် ဝယ်ယူရန်
Hak School Page Chatbox မှာ ဆက်သွယ်နိုင်ပါတယ်။

💳 KPay / Wave Pay / AYA Pay
Htet Aung Kyaw — 09450059555

ငွေလွှဲပြီးပါက Chat Box မှာ—

✅ Payment Screenshot
✅ Tutorial အမည်
✅ Gmail Address

ပို့ပေးပါ။ Google Drive Access Link ပြန်လည်ပို့ပေးပါမယ်။ 🙏

Promo အချိန်မရွေး ပြီးဆုံးနိုင်ပါတယ်။

05/07/2026

စျေးချိုလို့ လာတဲ့ Client က ဘယ်တော့မှ သင့်ကို Loyal မဖြစ်ဘူး
Photography စလုပ်ခါစ ဆရာ/ဆရာမတော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုရှိတယ်။ "စျေးနည်းနည်းချပေးမှ client ရမယ်" ဆိုတဲ့ အတွေးပါပဲ။

ဒါပေမယ့် အမှန်တရားက ဒီလိုပါ —
စျေးချိုလို့ လာတဲ့ customer တွေက သင့်ကို loyal ဖြစ်တာ မဟုတ်ဘူး။ စျေးအချိုဆုံးပေးနိုင်တဲ့သူ ကိုပဲ loyal ဖြစ်တာ။ တစ်နေ့ တခြားသူတစ်ယောက်က သင့်ထက် စျေးချိုသွားတာနဲ့ အဲဒီ customer တွေ သင့်ဆီက ထွက်သွားလိမ့်မယ်။

Price Shopper နဲ့ Value Client ကွာခြားချက်

Price Shopper ဆိုတာ —
"ဘယ်လောက်လဲ" ကို အရင်မေးတယ်
Portfolio ကို သေချာမကြည့်ဘူး
Discount တောင်းတယ်၊ ညှိတယ်
နောက်တစ်ခါ စျေးချိုတဲ့သူတွေ့ရင် ပြောင်းသွားတယ်

Value Client ဆိုတာ —
သင့် style နဲ့ အလုပ်အရည်အသွေးကို ကြည့်ပြီးမှ ဆက်သွယ်တယ်
"ဘာတွေ ပါလဲ" ကို မေးတယ်
စျေးထက် ရလဒ်ကို ဦးစားပေးတယ်
ကျေနပ်ရင် ပြန်လာတယ်၊ သူငယ်ချင်းတွေကိုပါ ညွှန်းပေးတယ်
သင် ဘယ် client မျိုးကို ဆွဲဆောင်နေလဲဆိုတာ သင့် pricing က ဆုံးဖြတ်တယ်။

စျေးလျှော့ပြိုင်တာရဲ့ ထောင်ချောက်
စျေးနဲ့ ပြိုင်တဲ့ game မှာ အနိုင်ရသူ မရှိဘူး။ ဘာလို့လဲဆိုတော့ —
Bottom ကို အမြဲရှိတယ်။ သင် ၅ သောင်းချရင် တစ်ယောက်က ၃ သောင်းချမယ်။ သင် ၃ သောင်းချရင် နောက်တစ်ယောက်က ၂ သောင်းချမယ်။ ဒီလမ်းက အဆုံးမရှိဘူး။

Quality ကို ထိခိုက်တယ်။ စျေးနည်းနည်းနဲ့ အလုပ်များများလုပ်ရရင် editing time လျော့သွားမယ်၊ gear upgrade မလုပ်နိုင်တော့ဘူး၊ burnout ဖြစ်မယ်။

Brand value ကျတယ်။ စျေးအချိုဆုံး photographer ဆိုတဲ့ နာမည်ရသွားရင် စျေးပြန်တင်ဖို့ အရမ်းခက်သွားမယ်။

Value နဲ့ ပြိုင်ပါ — စျေးနဲ့ မပြိုင်ပါနဲ့

စျေးအစား ဒါတွေနဲ့ ပြိုင်ပါ —
၁။ ကိုယ်ပိုင် Style တည်ဆောက်ပါ။ Lighting, color grading, composition — သင့်ဓာတ်ပုံကြည့်တာနဲ့ သင့်အလုပ်မှန်း သိအောင် လုပ်ပါ။ Style ရှိတဲ့ photographer ကို replace လုပ်လို့ မရဘူး။ စျေးချိုတဲ့ photographer ကိုတော့ အချိန်မရွေး replace လုပ်လို့ရတယ်။

၂။ Experience ကို ရောင်းပါ။ Client က ဓာတ်ပုံပဲ ဝယ်တာမဟုတ်ဘူး။ Communication, punctuality, professional workflow, delivery speed — အားလုံးက package ထဲ ပါတယ်။

၃။ Package ကို ရှင်းရှင်းလင်းလင်း ပြပါ။ "ဘယ်လောက်" ထက် "ဘာတွေရမလဲ" ကို ဦးစားပေးပြောပါ။ ပုံအရေအတွက်၊ edited ပုံ၊ delivery time၊ usage rights — အသေးစိတ်ပြထားရင် စျေးက ကြီးတယ်လို့ မထင်တော့ဘူး။

၄။ စျေးတင်ဖို့ မကြောက်ပါနဲ့။ စျေးတင်လိုက်ရင် price shopper တွေ ထွက်သွားမယ်။ ဒါပေမယ့် ကျန်ခဲ့တဲ့ client တွေက သင့်အလုပ်ကို တကယ်တန်ဖိုးထားတဲ့သူတွေ ဖြစ်မယ်။ Client အရေအတွက် နည်းသွားပေမယ့် ဝင်ငွေက တက်လာနိုင်တယ်၊ အလုပ်ကလည်း ပိုပျော်စရာကောင်းလာမယ်။

နိဂုံး
စျေးချိုလို့ လာတဲ့ client က စျေးချိုတဲ့နေရာကို လိုက်သွားမယ်။ သင့်အလုပ်ကြောင့် လာတဲ့ client ကတော့ သင့်နဲ့ပဲ နေမယ်။
ဒါကြောင့် မေးခွန်းက "ဘယ်လောက် စျေးချရမလဲ" မဟုတ်ဘူး။ "ဘယ်လို value ပေးရမလဲ" ဆိုတာပါပဲ။

📸 Photography အခြေခံကနေ professional level အထိ စနစ်တကျ လေ့လာချင်ရင် Hak School ရဲ့ Photography Tutorials တွေလေ့လာလို့ရပါတယ်။



22/06/2026

🎙️ EP-02: Camera ကောင်းကောင်းဝယ်ပြီး ဘာလို့ မအောင်မြင်သေးတာလဲ?

with

21/06/2026

မင်္ဂလာပါ...

ကျွန်တော် Hak ပါ။

Camera တစ်လုံးနဲ့ အိပ်မက်တစ်ခုကို စတင်ခဲ့တာ ဒီနေ့ဆို ၁၇ နှစ်ကျော် ရှိသွားပါပြီ။

ဒီနှစ်တွေထဲမှာ...

အောင်မြင်မှုတွေ ရှိခဲ့တယ်။

ကျရှုံးမှုတွေ ရှိခဲ့တယ်။

စိတ်ဓာတ်ကျခဲ့တဲ့ နေ့တွေ ရှိခဲ့တယ်။

လက်လျှော့ချင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။

ဒါပေမယ့်...

Photography က ကျွန်တော့်ကို Career တစ်ခု ပေးခဲ့တယ်။

ဘဝသင်ခန်းစာတွေ ပေးခဲ့တယ်။

လူကောင်းတွေ ပေးခဲ့တယ်။

ပြီးတော့...

ကျွန်တော် ဘယ်သူလဲဆိုတာကို ရှာတွေ့စေခဲ့တယ်။

Beyond The Camera with HakVault Podcast မှာတော့ Camera ရဲ့ နောက်ကွယ်မှာ ရှိတဲ့ Story တွေ၊ Photography Career တစ်ခုရဲ့ အမှန်တရားတွေ၊ Creativity၊ Business၊ Mindset နဲ့ ဘဝအတွေ့အကြုံတွေကို ရိုးရိုးသားသား မျှဝေသွားမှာ ဖြစ်ပါတယ်။

ဒီ Podcast ဟာ Photographer တွေအတွက်ပဲ မဟုတ်ပါဘူး။

အိပ်မက်တစ်ခုကို လိုက်နေတဲ့သူတိုင်းအတွက် ဖြစ်ပါတယ်။

ကျွန်တော်နဲ့အတူ ဒီ Journey ကို အစမှအဆုံး လျှောက်လှမ်းပေးမယ်လို့ မျှော်လင့်ပါတယ်။

နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော် Hak ပါ။

ပြီးတော့...

ဒီအစီအစဉ်က Beyond The Camera with HakVault ဖြစ်ပါတယ်။

Real Stories. Real Lessons. Real Journey.

02/06/2026

📸 Photography ကို စတင်လေ့လာနေသူပဲဖြစ်ဖြစ်၊ Professional Photographer တစ်ယောက်အဖြစ် တိုးတက်ချင်သူပဲဖြစ်ဖြစ်၊ သင်လိုအပ်တာက သီအိုရီတွေအများကြီးမဟုတ်ဘဲ လက်တွေ့အသုံးချနိုင်တဲ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။

HakSchool မှာ Photography ကို စာအုပ်ထဲက အတိုင်းမသင်ပေးပါဘူး။

Instructor ဖြစ်သူ StudioHak ၏ ၂၀၁၀ ခုနှစ်မှ စတင်ခဲ့သော ၁၅ နှစ်ကျော် Professional Commercial & Advertisement Photography အတွေ့အကြုံများ၊ Client Projects များ၊ Real-World Shooting Experiences များနှင့် လုပ်ငန်းခွင်အတွင်း တကယ်အသုံးပြုနေသော Workflow များကို အခြေခံပြီး Straight-to-the-Point သင်ကြားပေးထားပါတယ်။

"ဘာကြောင့် ဒီလိုရိုက်ရတာလဲ"
"ဘာကြောင့် ဒီလို Edit လုပ်ရတာလဲ"
"Client Work တွေမှာ တကယ်ဘယ်လိုအသုံးချရတာလဲ"

ဆိုတာတွေကို ရှင်းလင်းလွယ်ကူစွာ နားလည်နိုင်အောင် မျှဝေပေးထားပါတယ်။

အချိန်တိုအတွင်းမှာ Photography Skills တွေ တိုးတက်ချင်သူများ၊ Professional Workflow တွေကို လေ့လာချင်သူများနဲ့ Photography ကို Career တစ်ခုအဖြစ် တည်ဆောက်ချင်သူများအတွက် HakSchool Best Seller Tutorials များကို လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

📖 Learn Photography.
🎨 Master Editing.
📸 Build Your Own Style.


Photography Education by StudioHak

02/06/2026

📸 HakSchool Photography Tutorial Store
ဓာတ်ပုံရိုက်ကူးခြင်းနှင့် Editing/ Color / Retouching ပညာရပ်များကို အခြေခံမှစ၍ အဆင့်မြင့်အထိ လေ့လာနိုင်မည့် HakSchool Video Tutorials များကို အောက်ပါအတိုင်း ဝယ်ယူလေ့လာနိုင်ပါသည်။
━━━━━━━━━━━━━━━
📖 ဝယ်ယူလေ့လာနိုင်သည့် သင်ခန်းစာများ
🔸 Basic Photography Video Tutorials — 100,000 MMK

🔸 Advanced Portrait Photography — 100,000 MMK

🔸 Indoor Cinematic Lighting Techniques (Shoot & Edit) — 100,000 MMK

🔸ရိုးရိုးရှင်းရှင်း Portrait ရိုက်ကူးနည်း (Shoot & Edit) — 100,000 MMK

🔸 Mobile Phone Photography & Editing Tutorial — 80,000 MMK

🔸 Adobe Lightroom Essentials (StudioHak Workflow) — 100,000 MMK

🔸 High-End Portrait Retouching Tutorial (Adobe Photoshop) — 250,000 MMK

🔸 Flash Photography Tutorials — 150,000 MMK

🔸 ဓာတ်ပုံလုပ်ငန်းအတွေ့အကြုံများနှင့် သိသင့်သည့်အကြောင်းအရာများ — 100,000 MMK
━━━━━━━━━━━━━━━
💳 ဝယ်ယူလိုပါက
KPAY (Htet Aung Kyaw) 📱 09450059555
WAVE PAY (Htet Aung Kyaw) 📱 09450059555
━━━━━━━━━━━━━━━
📌 ဘယ်လိုဝယ်ယူရမလဲ?
1️⃣ သက်ဆိုင်ရာ Tutorial Fees ကို ပေးချေပါ။
2️⃣ Payment Screenshot ကို သိမ်းဆည်းထားပါ။
3️⃣ ဝယ်ယူလိုသော Tutorial ပုံကို Save ပြုလုပ်ထားပါ။
4️⃣ လက်ရှိအသုံးပြုနေသော Gmail Address ကို ပြင်ဆင်ထားပါ။
5️⃣ HakSchool FB Page Chatbox သို့
✔ Payment Screenshot ✔ Tutorial Image ✔ E-Mail Address တို့နှင့်အတူ
ဟု ရေးသား၍ ပေးပို့ပေးပါခင်ဗျာ။
━━━━━━━━━━━━━━━
Admin မှ ငွေလက်ခံရရှိကြောင်းနှင့် အချက်အလက်များကို စစ်ဆေးပြီးပါက Tutorial Video Files များကို Google Drive Download Link များဖြင့် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

HakSchool ကို ယုံကြည်စွာ အားပေးလေ့လာပေးကြသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

31/05/2026

ကျွန်တော် အဓိကအသုံးပြုခဲ့တာ Composition နဲ့ Perspective ဖြစ်ပါတယ်။ Location က လှပနေပြီးသားဖြစ်ပေမယ့် ပုံမှန်မြင်နေကျ ရှုထောင့်ကနေ ရိုက်မယ့်အစား မြင့်တဲ့နေရာတစ်ခုကို ရွေးချယ်ပြီး Ultra-Wide Lens ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီရွေးချယ်မှုကြောင့် ရေကူးကန်ရဲ့ ကွေးညွတ်နေတဲ့ ပုံသဏ္ဍာန်က Leading Line တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြည့်ရှုသူရဲ့ အမြင်ကို Subject ဆီမှ စတင်ကာ ပတ်ဝန်းကျင်တစ်ခုလုံးဆီသို့ သဘာဝကျကျ လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။

Subject ကို Frame ရဲ့ အောက်ဘက် Foreground မှာ နေရာချထားခြင်းဟာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတာဖြစ်ပြီး၊ အဲ့ဒီနေရာချထားမှုက လူနဲ့ Environment ကြားက အချိုးအစားကို ပိုမိုထင်ရှားစေသလို Frame တစ်ခုလုံးရဲ့ Scale ကိုလည်း ပိုမိုခံစားနိုင်စေပါတယ်။ Ultra-Wide Perspective ကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အကျယ်အဝန်း၊ ရေပြင်ရဲ့ Reflection နဲ့ Tropical Architecture တို့ကို Frame တစ်ခုတည်းထဲမှာ ပေါင်းစပ်ဖော်ပြနိုင်ခဲ့ပါတယ်။

ဓာတ်ပုံကောင်းတစ်ပုံဆိုတာ Camera Equipment ကြောင့်ပဲ ဖြစ်လာတာမဟုတ်ပါဘူး။ ဘယ်နေရာမှာ ရပ်မလဲ၊ ဘယ်အမြင့်ကနေ ရိုက်မလဲ၊ Subject ကို ဘယ်နေရာမှာ ထားမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီး အရေးကြီးပါတယ်။ ဒီဓာတ်ပုံဟာ ကျွန်တော်အတွက်တော့ "Location ကို မပြောင်းဘဲ Perspective ကို ပြောင်းလိုက်တာနဲ့ ရိုးရှင်းတဲ့ Scene တစ်ခုကို အနုပညာဆန်တဲ့ Frame တစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်" ဆိုတာကို ပြသတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပါတယ်။

©️StudioHak


24/03/2026

ဒီအဆင့် ၃ ဆင့်နဲ့ပဲပြင်ပါတယ်

၁. RAW ပုံကို Color Correction လုပ်တယ်
၂. Retouching လုပ်တယ်
၃. Final Color ချိန်တယ်

ဒါပါပဲ။

ကျွန်တော့ Shooting, Editing နဲ့ Retouching workflow တွေကို ကျွန်တော့်ရဲ့ HakSchool က လိုရင်းတိုရှင်း Photography Tutorials တွေထဲမှာ Portrait အလှပုံရိုက်နည်း တွေကို သင်ကြားထားပေးပါတယ်📸☺️

©️StudioHak


18/03/2026

Portrait ဓာတ်ပုံဆရာများအတွက် အထူးဒီဇိုင်းဆွဲထားသော 3 Days Portrait Workshop 📸

Gemini AI ကို အသုံးပြု၍ Background၊ Lighting၊ Tone၊ Outfit နှင့် Props များကို ဓာတ်ပုံပေါ်တွင် ပြောင်းလဲနည်းနှင့် Studio တွင် High-Res ဓာတ်ပုံများ ရိုက်ကူးနည်းကိုပါ လက်တွေ့သင်ကြားပေးမည်။

🗓 Coming April 3-4-5
🕐 မွန်းလွဲ ၁နာရီ – ညနေ ၅နာရီ
📍 StudioHak at The Secretariat Yangon
💰Workshop Fees - ၅၀၀,၀၀၀ ကျပ်
💺 နေရာ အကန့်အသတ်သာ ရှိသည်

📩 စာရင်းသွင်းရန် HakSchool page Chatbox တွင် ဟု ပို့ပေးပါ။

26/12/2025

ဓာတ်ပုံပညာပို လိုရင်းတိုရှင်း လေ့လာမဲ့သူများ

Hak School က Photography Tutorials တွေ နှစ်မကုန်ခင်အထိ 50% off discount ပေးနေတယ်။

HakSchool Page CHATBOX ကနေဝယ်ယူလေ့လာလို့ရပါပြီ။

မြန်မြန် ☺️

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

PKT Street
Maymyo
795128