RIGHT Moment English CLASS

RIGHT Moment English CLASS Saya Kyaw
English Courses
FOUR SKILLS
ENGLISH FOR JOBS
ENGLISH FOR GRADE 7/8/9/10/11

Saya Kyaw

English Language Class

FOUR SKILLS
GRAMMAR & WRITING
ENGLISH FOR STUDENTS
(GRADE 5 – 11)

14/10/2022

လက်လုပ်လက်စား
အသက်ကို
အိမ်ထဲရွှေ့စိုက်ထားချင်တာပေါ့။
ဒါပေမဲ့ …
ကျနော်တို့ရေသောက်မြစ်တွေက
လမ်းပေါ်မှာ။
မြစ်အောင်
“People living from hand to mouth”
If only we could transplant our lives inside the house!
Our taproots, however, are on the road.
Kyaw
How we wish we coud transplant our lives inside the house!
However, our taproots are on the road.
Kyaw

11/01/2018

NP အဆက် ----

*****

S V (O) wh/how to V0

Why to go လို့တော့မလုပ်လိုက်နဲ့။ why to + V0 သုံးလို့မရဘူး။

Wh/how to V0

who/whom to marry = ဘယ်သူ့ကို လက်ထပ်ရမယ်ဆိုတာ။
who/whom to give = ဘယ်သူ့ကို ပေးရမယ်ဆိုတာ။
what to read = ဘာကို ဖတ်ရမယ်ဆိုတာ။ ဘာ ဖတ်ရမှန်း။
what book to read = ဘာစာအုပ် ဖတ်ရမယ်ဆိုတာ။ ဘာစာအုပ် ဖတ်ရမှန်း။
what books to read = ဘာစာအုပ်တွေ ဖတ်ရမယ်ဆိုတာ။ ဘာစာအုပ်တွေ ဖတ်ရမှန်း။
what kind of book to read = ဘယ်လိုစာအုပ်မျိုးကို ဖတ်ရမယ်ဆိုတာ။
what kinds of book to read = ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ရမယ်ဆိုတာ။
what kind of job to find = ဘယ်လို အလုပ်ကို ရှာရမယ်ဆိုတာ၊ ရမယ်မှန်း။
what kind of girl to marry = ဘယ်လို မိန်းကလေးကို လက်ထပ်ရမယ်ဆိုတာ၊ ရမယ်မှန်း။
which to read = ဘယ်ဟာကို ဖတ်ရမှန်း။
which book to read = ဘယ်စာအုပ်ကို ဖတ်ရမှန်း။
which books to read = ဘယ်စာအုပ်တွေ ဖတ်ရမှန်း။
whose book to read = ဘယ်သူ့ရဲ့စာအုပ်ကို ဖတ်ရမှန်း။
whose books to read = ဘယ်သူ့စာအုပ်တွေကို ဖတ်ရမှန်း။
whose car to borrow = ဘယ်သူ့ကားကို ငှားရမှန်း။
whose essay to choose = ဘယ်သူ့အက်ဆေးကို ရွေးချယ်ရမယ်ဆိုတာ။
how many books to read = စာအုပ်ဘယ်နှစ်အုပ် ဖတ်ရမယ်ဆိုတာ။
how many apples to buy = ပန်းသီးဘယ်နှစ်လုံး ဝယ်ရမယ်ဆိုတာ၊ ရမယ်မှန်း။
how much money to bring = ငွေဘယ်လောက် ယူလာရမယ်ဆိုတာ။
how much money to spend = ငွေဘယ်လောက်သုံးရမယ် ဆိုတာ။
how much salt to use = ဆားဘယ်လောက် သုံးရမယ်ဆိုတာ။
when to read = ဘယ်အချိန်မှာ စာဖတ်ရမယ်ဆိုတာ။
what time to read = ဘယ်နှစ်နာရီမှာ စာဖတ်ရမယ်ဆိုတာ။
where to read = ဘယ်နေရမှာ စာဖတ်ရမယ်ဆိုတာ။
how to read = ဘယ်လို ဖတ်ရမယ်ဆိုတာ၊ ဖတ်နည်း။
whether to sell his car = သူ့ကားကို ရောင်းရမလားဆိုတာ။ ရမလားလို့။
whether to go or not = သွားရမလား၊ မသွားရဘူးလား ဆိုတာ။
whether to stay home or go with him = အိမ်မှာနေခဲ့ရမလား၊ သူနဲ့လိုက်သွားရမလား ဆိုတာ။

who is to go/come/read = ဘယ်သူ သွား/လာ/ဖတ် ရမယ်ဆိုတာ။ (Sub ကိုညွှန်းချင်ရင် သုံးတဲ့ပုံစံ။)
who/whom to love/hate = ဘယ်သူ့ကို ချစ်/မုန်း ရမယ်ဆိုတာ။ --- ရမှန်း။ (Obj ကိုညွှန်းဖို့အတွက်ပဲ သုံးတယ်။)
တကယ့်ပြဿနာပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားလို့မရခဲ့ဘူး။
It was a real problem; I couldn't think what to do.
ကားလို့ဘယ်နေရာမှာများ ရပ်ထားရမလဲလို့။
I was wondering where to park my car.
ဘယ်တော့အလုပ်ထွက်မယ်ဆိုတာ မင်း ဆုံးဖြတ်ထားပြီလား။
Have you decided when to leave your job?
ဘီးကို ဘယ်လိုလဲရမယ်ဆိုတာ ထောမ်က ငါ့ကို ပြသခဲ့တယ်။
Tom showed me how to change a wheel.
ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာ ငါ သေချာမသိခဲ့ဘူး။
I wasn't sure who to ask for help.
အန်းက ထမင်းဟင်းသိပ်ချက်တတ်တာမဟုတ်ဘူး။
Ann doesn't know much how to cook.
အင်တာနက်သုံးနည်း ငါ့ကို သင်ပေးပါလားကွာ။
Will you teach me how to use the Internet?
ကော်ဖီလေးတောင် မဖျော်တတ်ဘူးလား ဝတ်မှုန်ရယ်။
Wut Hmone, don't you even know how to make coffee?
အက်ဆေးရေးနည်းလေး ကျွန်တော့်ကို သင်ပေးနိုင်မလားခင်ဗျာ။
Could you please teach me how to write essays?
ဝင်းဒိုးတင်နည်းလေး ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါလားခင်ဗျာ။
Would you please tell me how to install Windows?
ခင်ဗျားကို ဘယ်လိုရှင်းပြရမှန်းကို မသိတော့ဘူး။
I don't know how to explain to you.
ရှင် မိန်းကလေးတစ်ယောက်ကို ဘယ်လိုချော့ရမယ်ဆိုတာလေးတောင် မသိဘူးလား။
Don't you even know how to pacify/placate a girl?
ဘယ်ဘာသာစကားကို သင်ယူရမယ်ဆိုတာ မသေချာသေးပါဘူးကွာ။
I'm not sure which language to learn.
ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ရမယ်လို့တော့ သူတို့က ငါ့ကို မပြောပါဘူး။
They didn't tell me what kind of girl to marry.
ဘယ်သူ့ဆီက ငွေချေးရမယ်ဆိုတာ သူတို့ စဉ်းစားနေတုန်းပဲ။
They're still thinking of/about who to borrow money from?
ဘယ်သူ့အကြောင်းရေးရမယ်ဆိုတာ ငါ့ကို အကြံလေးပေးစမ်းပါဦး။
Please advise me who to write about.
ဘယ်စာအုပ်ကိုဝယ်ရမယ်ဆိုတာ ငါ မဝေခွဲတတ်ခဲ့ဘူး။
I was of two minds about which book to buy.
ဘယ်တော့လက်ထပ်ရမယ်လို့ သူုတို့ မဆုံးဖြတ်ရသေးဘူး။
They have not yet decided when to get married.
They still haven't decided when to get married.
ဘယ်အချိန်အိမ်ကထွက်ရမလဲဆိုတာ အေမီကို မေးကြည့်စမ်းပါဦး။
Ask Amy what time to leave home/leave the house.
ကဗျာဘယ်နှစ်ပုဒ်ကျက်ရမယ်ဆိုတာ ကျောင်းသားတွေက သိချင်နေကြတယ်။
The students want to know how many poems to learn by heart/rote.
အာလူးဘယ်နှစ်လုံးထည့်ရမယ်ဆိုတာ ငါ သူ့ကို ပြောထားပြီးသားပါ။
I have already told him how many potatoes to put.
အာစရိယပူဇော်ပွဲအတွက် ငွေဘယ်လောက်ထည့်ဝင်ရမယ်ဆိုတာ အတန်းပိုင်ဆရာမက ကျောင်းသားတွေကို ပြောပြတယ်။
The class-teacher told the students how much money to contribute to/towards the ceremony for paying respects to teachers.
ဘယ်သူ့အိမ်မှာတည်းမယ်ဆိုတာ မင်းအပေါ်မှာမူတည်တယ်။
It's up to you whose house to stay at.
ဆက်ပြီးဘာလုပ်ရမယ်ဆိုတာ သူ့ကို ပြောပြလိုက်။
Tell him what to do next.
ဒီနေ့ ပန်းကန်တွေကို ဘယ်သူဆေးရမယ်ဆိုတာ အမေ့ကို မေးလိုက်။
Ask mom who to do the dishes today.
ဘယ်ဆရာဝန်နဲ့ပြရမယ်ဆိုတာ သူ ဝေခွဲမရခဲ့ဘူး။
He was of two minds about which doctor to see.
ဘယ်လိုအလုပ်မျိုးရှာရမယ်ဆိုတာ ငါ့ကို အကြံလေးများပေးနိုင်မလား။
Can you advise me what kind of job to look for?
ဘယ်သူပြောတာကို ယုံရပါ့၊ ကားမောင်းသူနှစ်ယောက်လုံးက သူ့အပြစ်မဟုတ်ဘူးလို့ ပြောနေကြတယ်။
I wondered whose story to believe _ both drivers said it was not their fault.
နံရံတွေကို ဘာအရောင်သုတ်ရမယ်ဆိုတာ သူတို့ ဆွေးနွေးနေကြတယ်။
They are discussing what color to paint the walls.
စီမံကိန်းကို ရှေ့ဆက်ရမလားဆိုတာ ငါတို့ ဆုံးဖြတ်ရဦးမယ်။
We'll have to decide whether to go ahead with the project.
ငါ ဘော့စ်ဆီကို ဖုန်းဆက်ရမလား မဆက်ရဘူးလား မသေချာခဲ့ဘူး။
I wasn't sure whether to phone the boss or not.
သူဟာ လက်ဖက်ရည်မှာမလား စဉ်းစားနေမိတယ်။
He was wondering whether to order some tea.
လာရမလား မလာရဘူးလား ဆိုတာပဲ ငါ့ကို ပြောပါ။
Just tell me whether to come or not.
ပုံစံတွေက မင်းကို ဝါကျတွေဘယ်လိုရေးရမယ်ဆိုတာ ပြသပါတယ်။
The patterns show you how to make/write sentences.
အဲဒါကို ဘယ်လိုလုပ်ရတယ်ဆိုတာ ငါ သူ့ကို ပြခဲ့တယ်။
I showed him how to do it.
ဆူးလေကို ဘယ်လိုသွားရမလဲဆိုတာ ကျေးဇူးပြုပြီး လမ်းညွှန်ပြပါလား။
Could you please direct me how to get to the Sule Pagoda?
ဘူတာကို ဘယ်လိုသွားရမလဲလို့ သူ ငါ့ကို မေးတာပါ။
He asked me how to get to the train station.
မင်းတို့ အားလပ်ရက်အတွက် ဘယ်ကိုသွားမယ်လို့ ဆုံးဖြတ်ထားလဲ။
Have you decided where to go for your holidays?
မမ်မိုရီကဒ်ကို ဟန်းဆက်ထဲကို ဘယ်လိုထည့်ရမယ်ဆိုတာ တစ်ယောက်ယောက် ကျွန်တော့်ကို ပြပေးနိုင်မလား။
Can someone show me how to put/insert a memory card into a handset?
အလုပ်လျှောက်ရမလား မလျှောက်ရဘူးလား ငါ မသိသေးဘူး။
I don't know yet whether to apply for a job or not.
မီးခံသေတ္တာကို ဘယ်လိုဖွင့်ရမယ်ဆိုတာ နောက်ဆုံးတော့ သူတွေ့ရှိသွားတယ်။
He finally discovered how to open the safe.
ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို ဘယ်မှာဈေးချိုချိုနဲ့ဝယ်ရမယ်ဆိုတာ ငါ သိသွားခဲ့တယ်။
I found out where to buy vegetables and fruits.
သူ ရေကူးသင်နေတယ်။
He's learning (how) to swim.
သူတို့ ဂစ်တာတီးသင်နေကြတယ်။
They're learning (how) to play the guitar.
ဘယ်ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးရမယ်ဆိုတာ ငါ မင်းကို ပြောပြမယ်။
I'll tell you which lawyer to consult.
ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါတို့ ဆုံးဖြတ်လို့မရသေးပါဘူး။
We can't decide yet who to vote for.
တက္ကသိုလ်ဆက်တက်ရမလား၊ အလုပ်ရှာရမလားဆိုတာ သူ မဆုံးဖြတ်နိုင်သေးဘူး။
He still can't decide whether to continue studying at university or (to) find work/a job.
I'm still undecided ---------------.
အိမ်ပြန်ရလား၊ သူ့သူငယ်ချင်းအိမ်မှာ ညအိပ်ရမလား သူ ဆုံးဖြတ်ရပုံမပေါ်ဘူး။
He seemed undecided whether to go home or sleep over at his friend's home.
ဆက်ပြီး ဘာလုပ်ရမှန်းကို မသိတော့ဘူး။
I'm at a loss what to do next.
ဆက်ပြီး ဘာပြောရမှန်းကို မသိတော့ဘူး။
I'm at a loss what to say next.
ဘယ်သူ့ကမ်းလှမ်းချက်ကို လက်ခံရမှန်း သူ မသိတော့ဘူး။
She was at a loss whose offer to accept.
မင်္ဂလာပွဲကို လူဘယ်နှစ်ယောက်ဖိတ်ရမယ်ဆိုတာ သူတို့ ဆွေးနွေးနေကြတယ်။
They were discussing how many people to invite to the wedding.
လိပ်စာကို ရှာမတွေ့တာကြောင့် စာပို့သမားဟာ ပါဆယ်ကို ဘယ်သူ့ကိုပေးရမှန်း မသိဘူး။
The postman didn't know who to give the parcel as he couldn't find the address.

24/01/2016

တည်ရှိခြင်းပြ ဝါကျများ (ပုံသေနည်း --- ၂ --- ရေတွက်ရ Sub များ)

There BE Sub Place Time.

1. လှေထဲမှာ ခရီးသည် တစ်ယောက် ရှိခဲ့တယ်။
There was a passenger in the boat.
2. လှေထဲမှာ ခရီးသည်နှစ်ယောက် ရှိခဲ့တယ်။
There were two passengers in the boat.
3. လှေထဲမှာ ခရီးသည် အချို့ ရှိခဲ့တယ်။
There were some passengers in the boat.
4. လှေထဲမှာ ခရီးသည်တွေ အများကြီး ရှိခဲ့တယ်။
There were many passengers in the boat.
5. လှေထဲမှာ ခရီးသည်တစ်ယောက်မှ မရှိခဲ့ဘူး။
There was not/wasn’t a passenger in the boat.
There was no passenger in the boat.
6. လှေထဲမှာ ခရီးသည်တွေ မရှိခဲ့ဘူး။
There were not/weren’t ANY passengers in the boat.
There were no passengers in the boat.

1) ဘတ်စ်ကားပေါ်မှာ ခရီးသည်တစ်ယောက် ရှိခဲ့တယ်။
2) ဘတ်စ်ကားပေါ်မှာ ခရီးသည်နှစ်ယောက် ရှိခဲ့တယ်။
3) ဘတ်စ်ကားပေါ်မှာ ခရီးသည်အချို့ ရှိခဲ့တယ်။
4) ဘတ်စ်ကားပေါ်မှာ ခရီးသည်တွေအများကြီး ရှိခဲ့တယ်။
5) ဘတ်စ်ကားပေါ်မှာ ခရီးသည်တစ်ယောက်မှ မရှိခဲ့ဘူး။
6) ဘတ်စ်ကားပေါ်မှာ ခရီးသည်တွေ မရှိခဲ့ဘူး။

1. သစ်ပင်ပေါ်မှာ ငှက်တစ်ကောင် ရှိခဲ့တယ်။ (bird/in the tree)
2. သစ်ပင်ပေါ်မှာ ငှက်သုံးကောင် ရှိခဲ့တယ်။
3. သစ်ပင်ပေါ်မှာ ငှက်အချို့ ရှိခဲ့တယ်။
4. သစ်ပင်ပေါ်မှာ ငှက်တွေအများကြီး ရှိခဲ့တယ်။
5. သစ်ပင်ပေါ်မှာ ငှက်တစ်ကောင်မှ မရှိခဲ့ဘူး။
6. သစ်ပင်ပေါ်မှာ ငှက်တွေ မရှိခဲ့ဘူး။

1) အံဆွဲထဲမှာ ခဲဖျက်တစ်ခု ရှိခဲ့တယ်။ (an eraser/in the drawer)
2) အံဆွဲထဲမှာ ခဲဖျက်လေးခု ရှိခဲ့တယ်။
3) အံဆွဲထဲမှာ ခဲဖျက်အချို့ ရှိခဲ့တယ်။
4) အံဆွဲထဲမှာ ခဲဖျက်တွေအများကြီး ရှိခဲ့တယ်။
5) အံဆွဲထဲမှာ ခဲဖျက်တစ်ခုမှ မရှိခဲ့ဘူး။
6) အံဆွဲထဲမှာ ခဲဖျက်တွေ မရှိခဲ့ဘူး။

1. ပန်းခြံထဲမှာ ရေကန်တစ်ခု ရှိတယ်။
2. ပန်းခြံထဲမှာ ရေကန်နှစ်ကန် ရှိတယ်။
3. ပန်းခြံထဲမှာ ရေကန်အချို့ ရှိတယ်။
4. ပန်းခြံထဲမှာ ရေကန်တွေအများကြီး ရှိတယ်။
5. ပန်းခြံထဲမှာ ရေကန်တစ်ကန်မှ မရှိဘူး။
6. ပန်းခြံထဲမှာ ရေကန်တွေ မရှိဘူး။

1) ဥယျာဉ်ထဲမှာ သရက်ပင်တစ်ပင် ရှိခဲ့တယ်။
2) ဥယျာဉ်ထဲမှာ သရက်ပင်ငါးပင် ရှိခဲ့တယ်။
3) ဥယျာဉ်ထဲမှာ သရက်ပင် အချို့ ရှိခဲ့တယ်။
4) ဥယျာဉ်ထဲမှာ သရက်ပင်တွေ အများကြီး ရှိခဲ့တယ်။
5) ဥယျာဉ်ထဲမှာ သရက်ပင်တစ်ပင်မှ မရှိခဲ့ဘူး။
6) ဥယျာဉ်ထဲမှာ သရက်ပင်တွေ မရှိခဲ့ဘူး။

1. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်တစ်အုပ် ရှိတယ်။ (dictionary/in the school library)
There is an English dictionary in the library.
2. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်လေးအုပ် ရှိတယ်။ (dictionaries)
There are four English dictionaries in the library.
3. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်အချို့ ရှိတယ်။
There are some English dictionaries in the library.
4. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်တွေ အများကြီး ရှိတယ်။
There are many/a lot of English dictioanries.
5. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်တစ်အုပ်မှ မရှိဘူး။
There is not/isn’t an English dictionary in the library.
There is no English dictionary in the library.
6. ကျောင်းစာကြည့်တိုက်မှာ အင်္ဂလိပ်အဘိဓာန်တွေ မရှိဘူး။
There are not/aren’t ANY English dictionaries in the library.
There are no English dictionaries in the library.

1) ဗီရိုထဲမှာ အနီရောင်တီရှပ်တစ်ထည် ရှိတယ်။ (a red T-shirt/in the wardrobe)
2) ဗီရိုထဲမှာ အနီရောင်တီရှပ်လေးထည် ရှိတယ်။
3) ဗီရိုထဲမှာ အနီရောင်တီရှပ်အချို့ ရှိတယ်။
4) ဗီရိုထဲမှာ အနီရောင်တီရှပ်တွေအများကြီး ရှိတယ်။
5) ဗီရိုထဲမှာ အနီရောင်တီရှပ်တစ်ထည်မှ မရှိဘူး။
6) ဗီရိုထဲမှာ အနီရောင်တီရှပ်တွေ မရှိဘူး။

1. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးခရားတစ်လုံး ရှိတယ်။ (an electric kettle/in the cupboard)
2. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးရေနွေးခရားကိုးလုံး ရှိတယ်။
3. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးခရားအချို့ ရှိတယ်။
4. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးခရားတွေအများကြီးပဲ ရှိတယ်။
5. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးခရားတစ်လုံးမှ မရှိဘူး။
6. ဗီရိုထဲမှာ လျှပ်စစ်ရေနွေးခရားတွေ မရှိဘူး။

1) စာကြည့်တိုက်ထဲမှာ စားပွဲတစ်လုံး ရှိတယ်။
2) စာကြည့်တိုက်ထဲမှာ စားပွဲခြောက်လုံး ရှိတယ်။
3) စာကြည့်တိုက်ထဲမှာ စားပွဲအချို့ ရှိတယ်။
4) စာကြည့်တိုက်ထဲမှာ စားပွဲတွေ အများကြီး ရှိတယ်။
5) စာကြည့်တိုက်ထဲမှာ စားပွဲတစ်လုံးမှ မရှိဘူး။
6) စာကြည့်တိုက်ထဲမှာ စားပွဲတွေ မရှိဘူး။

1. ရွာအပြင်မှာ ဘုရားတစ်ဆူ ရှိခဲ့တယ်။
2. ရွာအပြင်မှာ ဘုရားနှစ်ဆူ ရှိခဲ့တယ်။
3. ရွာအပြင်မှာ ဘုရားအချို့ ရှိခဲ့တယ်။
4. ရွာအပြင်မှာ ဘုရားတွေ အများကြီး ရှိခဲ့တယ်။
5. ရွာအပြင်မှာ ဘုရားတစ်ဆူမှ မရှိခဲ့ဘူး။
6. ရွာအပြင်မှာ ဘုရားတွေ မရှိခဲ့ဘူး။

1) သေတ္တာထဲမှာ မဂ္ဂဇင်းတစ်အုပ် ရှိတယ်။
2) သေတ္တာထဲမှာ မဂ္ဂဇင်းနှစ်အုပ် ရှိတယ်။
3) သေတ္တာထဲမှာ မဂ္ဂဇင်းအချို့ ရှိတယ်။
4) သေတ္တာထဲမှာ မဂ္ဂဇင်းတွေ အများကြီး ရှိတယ်။
5) သေတ္တာထဲမှာ မဂ္ဂဇင်းတစ်အုပ်မှ မရှိဘူး။
6) သေတ္တာထဲမှာ မဂ္ဂဇင်းတွေ မရှိဘူး။

1) ဗီရိုထဲမှာ စောင်တစ်ထည် ရှိတယ်။ (blanket/in the cupboard)
2) ဗီရိုထဲမှာ စောင်သုံးထည် ရှိတယ်။
3) ဗီရိုထဲမှာ စောင်အချို့ရှိတယ်။
4) ဗီရိုထဲမှာ စောင်တွေအများကြီး ရှိတယ်။
5) ဗီရိုထဲမှာ စောင်တစ်ထည်မှ မရှိဘူး။
6) ဗီရိုထဲမှာ စောင်တွေ မရှိဘူး။

တည်ရှိခြင်းပြ ဝါကျများ
ပုံသေနည်း (၂) --- ရေတွက်မရ Sub များ

There BE Sub Place Time.

1. အိုးထဲမှာ ရေအချို့ ရှိတယ်။ / ရှိခဲ့တယ်။ (water/in the pot)
2. အိုးထဲမှာ ရေအများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3. အိုးထဲမှာ ရေအနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4. အိုးထဲမှာ ရေလုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

1) အံဆွဲထဲမှာ ငွေအချို့ ရှိတယ်။ / ရှိခဲ့တယ်။ (money/in the drawer)
2) အံဆွဲထဲမှာ ငွေအများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3) အံဆွဲထဲမှာ ငွေအနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4) အံဆွဲထဲမှာ ငွေလုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

1. ရေခဲသေတ္တာထဲမှာ ထောပတ်အချို့ ရှိတယ်။ / ရှိခဲ့တယ်။ (butter/in the fridge)
2. ရေခဲသေတ္တာထဲမှာ ထောပတ်အများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3. ရေခဲသေတ္တာထဲမှာ ထောပတ်အနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4. ရေခဲသေတ္တာထဲမှာ ထောပတ်လုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

1) ပရင်တာထဲမှာ စာရွက်အချို့ ရှိတယ်။ / ရှိခဲ့တယ်။
There is/was some paper in the printer.
2) ပရင်တာထဲမှာ စာရွက်အများကြီး ရှိတယ်။ / ရှိခဲ့တယ်။
There is/was much paper in the printer.
3) ပရင်တာထဲမှာ စာရွက်အနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
There is/was a little paper in the printer.
4) ပရင်တာထဲမှာ စာရွက်လုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။
There is/was no paper in the printer.
There is/was not // isn’t/wasn’t ANY paper in the printer.

1. ပုလင်းထဲမှာ နွားနို့အချို့ ရှိတယ်။ / ရှိခဲ့တယ်။ (milk/in the bottle)
2. ပုလင်းထဲမှာ နွားနို့အများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3. ပုလင်းထဲမှာ နွားနို့အနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4. ပုလင်းထဲမှာ နွားနို့လုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

1) တတိယထပ်မှာ ပရိဘောဂအချို့ ရှိတယ်။ / ရှိခဲ့တယ်။ (furniture/on the third floor)
2) တတိယထပ်မှာ ပရိဘောဂအများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3) တတိယထပ်မှာ ပရိဘောဂအနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4) တတိယထပ်မှာ ပရိဘောဂလုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

1. ဒယ်အိုးထဲမှာ ဝက်သားဟင်းအချို့ ရှိတယ်။ / ရှိခဲ့တယ်။ (pork/in the pan)
2. ဒယ်အိုးထဲမှာ ဝက်သားဟင်းအများကြီး ရှိတယ်။ / ရှိခဲ့တယ်။
3. ဒယ်အိုးထဲမှာ ဝက်သားဟင်းအနည်းငယ် ရှိတယ်။ / ရှိခဲ့တယ်။
4. ဒယ်အိုးထဲမှာ ဝက်သားဟင်းလုံးဝ မရှိဘူး။ / မရှိခဲ့ဘူး။

တည်ရှိခြင်းပြ ဝါကျများ ပုံသေနည်း (၁)
S BE PLACE TIME.
1) စာအုပ်တွေက သေတ္တာထဲမှာ။
2) မင်းစာအုပ်က ငါ့စားပွဲပေါ်မှာ။
3) ကွန်ပြူတာက တီဗီဘေးမှာ။
4) ငါတို့ဟိုတယ်က ၃၅ လမ်းထဲမှာ။
5) သူ့ရဲ့ဖုန်းက သူမရဲ့လက်ထဲမှာ။
6) သူတို့ရဲ့နွားတွေက ရွာအပြင်မှာ။
7) မုန့်တိုက်က စားသောက်ဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ။ (across from the restaurant)
8) ခွေးက စားပွဲအောက်မှာ။
9) ကြောင်လေးက ခုတင်ပေါ်မှာ။
10) စုစုရဲ့လွယ်အိတ်က နံရံပေါ်မှာ။
11) ငါတို့ မနေ့က ပဲခူးမှာ ရှိခဲ့တယ်။ (in Bago)
12) သူ အင်္ဂါနေ့က အင်းစိန်ကို ရောက်နေတာ။ (in Insein / on Tuesday)
13) မနေ့ညက ကောင်လေးတွေ ဂီတဖျော်ဖြေပွဲကို ရောက်နေတာ။ (at the concert / last night)
14) မနေ့က ကောင်မလေးတွေ မင်္ဂလာဆောင်တစ်ခုကို ရောက်နေကြတာ။ (at a wedding)
15) သူတို့ ဒီမနက်က ငါတို့နဲ့အတူ ရှိခဲ့တယ်။ (with us)
16) ဒီမနက်က ခွေးလေး အိမ်အပြင်မှာ ရှိခဲ့တယ်။ (outside the house)
17) မင်းရဲ့ခဲတံက ငါ့ရဲ့လွယ်အိတ်ထဲမှာ။
18) သူမရဲ့စာအုပ်တွေက ကြမ်းပြင်ပေါ်မှာ။ (on the floor)
19) သူ့ရဲ့အဝတ်အစားတွေက ကြမ်းပြင်ပေါ်မှာ။ (his clothes)
20) ဟိုတယ်က ဘဏ်နဲ့ဘေးချင်းကပ်လျက်မှာ။ (next to)
21) စားသောက်ဆိုင်က အလှပြင်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ။ (the beauty salon)
22) စုစုက အိမ်ထဲမှာ။ (in the house)
23) မူမူ ဒီမနက်က အိမ်မှာ ရှိခဲ့တယ်။ (at home)
24) မင်းမင်းက အိပ်ခန်းထဲမှာ။
25) လင်းလင်းက မီးဖိုချောင်ထဲမှာ။
26) ငါက မင်းရှေ့မှာ။ (in front of you)
27) မင်းက ငါ့နောက်မှာ။ (behind me)
28) သူက သူမနဲ့ မျက်နှာချင်းဆိုင်မှာ ရှိခဲ့တယ်။ (opposite her)
29) သူမက သူ့နဲ့ဘေးချင်းကပ်လျက်မှာ ရှိခဲ့တယ်။ (next to him/beside him)
30) ငါတို့အိမ်က သဇင်လမ်းထဲမှာ။ (in Thazin Street)

ပိုင်ဆိုင်ခြင်းပြ ဝါကျများ
S HAVE NOUN PLACE TIME.

1. ငါ့မှာ အဘိဓာန်တစ်အုပ် ရှိတယ်။ (a dictionary)
2. ငါတို့မှာ ကွန်ပြူတာ ရှိတယ်။
3. မင်းမှာ အစ်ကိုတစ်ယောက် ရှိတယ်။
4. မင်းတို့မှာ ကားတွေ ရှိတာပဲ။
5. သူတို့မှာ တိုက်ခန်းတစ်ခန်း ရှိတယ်။ (a flat/an apartment)
6. သူ့မှာ အနီရောင် ကုတ်တစ်ထည် ရှိတယ်။
7. သူ့မှာ မနေ့က ငွေအချို့ ရှိခဲ့တယ်။
8. ငါ့မှာ ပြီးခဲ့တဲ့အပတ်က ငွေ ငါးသိန်း ရှိခဲ့တယ်။ (K 500 000)
9. သူမမှာ အပြာရောင် စကတ်နှစ်ထည် ရှိတယ်။ (blue skirts)
10. စုစုမှာ ရှည်လျား နက်မှောင်တဲ့ ဆံပင် ရှိတယ်။ (long black hair)
11. မင်းမင်းမှာ သူငယ်ချင်းကောင်းအချို့ ကျောင်းမှာ ရှိတယ်။ (some good friends/at school)
12. ငါ့အစ်ကိုမှာ အစိမ်းရောင် ဆိုင်ကယ်တစ်စီး ရှိတယ်။ (motorbike)
13. သူ့အစ်မမှာ စားသောက်ဆိုင်တစ်ဆိုင် အင်းစိန်မှာ ရှိတယ်။ (a restaurant)
14. ငါ့မှာ မနှစ်က အဖြူရောင် စမတ်ဖုန်းတစ်လုံး ရှိခဲ့တယ်။ (a white smart phone)
15. လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ငါတို့ရွာမှာ စာကြည့်တိုက်တစ်ခု ရှိခဲ့တယ်။ (about ten years ago)
16. လွန်ခဲ့တဲ့ငါးနှစ်လောက်က သူတို့မြို့မှာ ပန်းခြံတစ်ခု ရှိခဲ့တယ်။
17. ကြောင်တွေမှာ တောက်ပတဲ့ မျက်လုံးတွေ ရှိတယ်။ (bright eyes)
18. ခွေးတွေမှာ ထက်မြက်တဲ့သွားတွေ ရှိတယ်။ (sharp teeth)
19. သမင်တွေမှာ ချိုတွေ ရှိတယ်။ (deer/horns)
20. ငါ့ရဲဖုန်းမှာ ဂိမ်းအသစ်အချို့ ရှိတယ်။ (some new games)
21. သူ့ရဲ့ကားမှာ အဲကွန်းပါတယ်။ (an air-conditioner)
22. သူ့ယောက်ျားမှာ လွန်ခဲ့တဲ့ငါးနှစ်က တိုက်ခန်းသုံးခန်း ရှိခဲ့တယ်။

23/01/2016

Asking for Permission (ခွင့်တောင်းခြင်း)

Patterns (ပုံသေနည်းများ)

i. Can/Could/May I V0 ---, please? (ကျနော် --- လို့ ရနိုင်မလား။ ပါရစေ။)
ii. Do you mind if I V0 ---? (ကျနော် --- ရင် ခင်ဗျား စိတ်ရှိမလား။)


Saying “Yes” (ခွင့်ပြုခြင်းပြောခြင်း)

Yes, of course. (ရတာပေါ့။)
Yes, sure. That’s fine. (ရတာပေါ့။)
Of course you can/may. (ရတာပေါ့။)
That’s OK/all right/fine. (ရပါတယ်။ဖြစ်ပါတယ်။)
By all means. (ရပါတယ်။ဖြစ်ပါတယ်။)

If the request contains “mind,” (ခွင့်တောင်းစကားမှာ "mind" ပါလာရင် အောက်ပါစကားစုတွေနဲ့ ခွင့်ပြု)

No, not at all. (စိတ်မရှိပါဘူးဗျာ။)
No, that’s all right/fine/OK. (စိတ်မရှိပါဘူး။)
No, go ahead. (စိတ်မရှိပါဘူး။ လုပ်သာလုပ်ပါ။)


Saying “No” (ခွင့်မပြုခြင်းကြောင်းပြောခြင်း)

Sorry, no way. (ဆောရီးပဲ၊ လုံးဝမရဘူး။)
Actually, I’d rather you didn’t. (တကယ်တော့ ခင်ဗျား မလုပ်တာကို ပိုကြိုက်တယ်။)
No, please don’t. (မလုပ်ပါနဲ့ဗျာ။)
I'm afraid you can't. (ခင်ဗျား လုပ်လို့မရပါဘူး ခင်ဗျာ။)
I'm afraid, but you can't. (မင်း လုပ်လို့မဖြစ်ဘူးကွ။)
I’m sorry, but that’s not possible. (ဆောရီးပါပဲ၊ ဒါကတော့ မဖြစ်နိုင်ပါဘူး။)
Oh, I’m sorry, but + REASON. (အိုး၊ ဆောရီးပဲ။ နောက်မှာ အကြောင်းပြချက်ပြော။)
Well, I’m afraid + REASON. (အဲ —- အားနာလိုက်တာဗျာ၊ —-။)

Example Sentences (နမူနာဝါကျများ)

Can I go out, please? (ကျနော် အပြင်သွားပါရစေ။လို့ရမလား။)
May I open the window, please? (ပြတင်းပေါက်လေး ဖွင့်ပါရစေ။)
Please, can I have a look at your photo album? (မင်းရဲ့ဖိုတိုအယ်လ်ဘမ်လေး ကြည့်ပါရစေ။)
Please, may I taste that hot spicy chicken dish? (ကြက်သားဟင်းလေး မြည့်ကြည့်ပါရစေ။)
Do you mind if I smoke? (ကျနော် ဆေးလိပ်သောက်ရင် စိတ်ရှိမလား။)
Would you mind if I asked you something? (Would ဆိုရင် V2; Do ဆိုရင် V0)
Is it okay if I sit here? (ကျနော် ဒီမှာ ထိုင်လို့ရမလား။)
Would it be all right if I borrowed your mobile phone? (မင်းရဲ့ဖုန်း ငါ ငှားလို့ ဖြစ်မလား။)

***********************

CONVERSATION

A: Can I take this chair, please? (ဒီထိုင်ခုံလေး ယူလို့ရမလားဗျာ။)
B: Sorry, but someone’s sitting there. (ဆောရီးပါပဲ၊ အဲဒီမှာ တစ်ယောက်ထိုင်နေပါတယ်/လူရှိပါတယ်။)
I’m afraid it’s not free. (မအားပါဘူးခင်ဗျာ။)

A: Do you mind if I ask you some personal questions?
ကျွန်တော် ခင်ဗျားကို ကိုယ်ရေးကိုယ်တာမေးခွန်းလေးနည်းနည်းလောက်မေးရင် စိတ်ရှိမလားခင်ဗျာ။
B: No, please do. (မရှိပါဘူး၊ မေးပါရှင်။)
Actually, I’d rather you didn’t. (အဲ --- မမေးတာပိုကောင်းတာပေါ့ရှင်။)

A: May I make a suggestion, please? (ကျွန်မ အကြံတစ်ခုလောက်ပြုပါရစေ။)
B: Sure, go ahead. (ရပါတယ်၊ပြောသာပြောပါ။)

A: I’d like to look at some shirts/blouses, please. (ကျမ အင်္ကျီနည်းနည်းလောက် ကြည့်ချင်ပါတယ်။)
B: Yes, why not? There you go. (ရတာပေါ့ရှင်၊ ဟောဒီမှာပါ။)

A: Can I try on these pants/trousers, please? (ဒီဘောင်းဘီကို စမ်းဝတ်ကြည့်လို့ရမလား။)
B: Sure, feel free. (ရတာပေါ့ဗျာ၊ စိတ်ကြိုက်ဝတ်ကြည့်ပါ။)

A: Is it OK if we cancel our order? (ကျွန်မတို့မှာထားတာကို ဖျက်သိမ်းလို့ရမလားရှင်။)
B: Actually, I’m afraid not. (မရပါဘူးခင်ဗျား။)

A: Mind if I open the window? (ကျနော် ပြတင်းပေါက်ဖွင့်ရင် စိတ်ရှိမလား။)
B: No, go ahead. (မရှိပါဘူးဗျာ။ ဖွင့်သာဖွင့်ပါ။)

A: May I bring a friend to the party? (ပါတီကို သူငယ်ချင်းတစ်ယောက်လောက် ခေါ်လာလို့ရမလား။)
B: By all means. The more, the better. (ရတာပေါ့။ လူများလေ၊ ပိုကောင်းလေ။)

A: Let me borrow your bike, please. (မင်းရဲ့စက်ဘီးလေး ငါ ငှားပါရစေ။)
B: I'd rather you didn't. you damaged it last time you borrowed it. (မငှားပါနဲ့လားကွာ။ မင်း နောက်ဆုံးတစ်ခါ ငှားတုန်းက မင်းကြောင့်ပျက်စီးသွားခဲ့တာလေ။)

A: Please let me have more time. (ကျနော် နောက်ထပ်အချိန်ထပ်လိုချင်ပါတယ်။)
B: I'm afraid you can't. Your essay is overdue already.
(မရတော့ဘူးလေကွာ။ မင်းအက်ဆေးက တင်ရမယ့်ရက်ကျော်နေပြီ။)

A: Do let me stay another day. (နောက်တစ်ရက်လောက် နေပါရစေဦး။)
B: No! I'm afraid that's not possible. We have another guest coming.
(မဖြစ်နိုင်ပါဘူးခင်ဗျာ။ ကျနော်တို့မှာ နောက်ထပ် ဧည့်သည်တစ်ယောက်လာဖို့ ရှိပါသေးတယ်။)

A: May I have a look around the garden? (ဥယျာဉ်ထဲကို လျှောက်ပတ်ကြည့်ပါရစေဗျာ။)
B: Of course. I'll show you round. (ရတာပေါ့။ မင်းကို ငါလိုက်ပြမယ်လေ။)

A: May I ask why you've decided to leave? (မင်း ဘာကြောင့်ထွက်ဖို့ ဆုံးဖြတ်လဲဆိုတာ ငါ မေးပါရစေ။)
B: I'm sorry. I would rather not give my reason. (ဆောရီးပါပဲ။ ဘာကြောင့်ဆိုတာ မပြောပါရစေနဲ့။)

A: May I sit here? (ကျနော် ဒီမှာ ထိုင်ပါရစေ။)
B: No, I'm sorry. That's my friend's seat. (ဆောရီးပဲ။ ဒါ ကျနော့်သူငယ်ချင်းရဲ့ထိုင်ခုံပါ။)

A: I was wondering if I could borrow your lawnmower. (မင်းရဲ့မြက်ရိတ်စက် ငှားလို့ရမလား လို့။)
B: Please do. It's in the garden shed. (ရပါတယ်။ ဥယျာဉ်ထဲက တဲထဲမှာ။)

A: Would it be all right to leave my luggage here? (ကျနော့်ခရီးဆောင်အိတ်ကို ဒီမှာ ထားခဲ့လို့ရမလားဗျ။)
B: Of course, although there's a small charge. (ရပါတယ်။ ဒါပေမယ့် နည်းနည်းပါးပါးတော့ ပေးရမယ်နော်။)

A: Is it all right to take one of these leaflets? (ဒီလက်ကမ်းကြော်ငြာလေး တစ်ခုလောက်ယူလို့ရမလား။)
B: Certainly. Help yourself. (ရပါတယ်။ ယူလိုက်ပါ။)

A: Is it OK to smoke here? (ဒီမှာ ဆေးလိပ်သောက်လို့ရမလား။)
B: I'm afraid not. There's no smoking sign over there.
(မရပါဘူး ခင်ဗျာ။ ဟောဟိုမှာ ဆေးလိပ်မသောက်ရဆိုင်းဘုတ် ရှိပါတယ်။)

A: Can I borrow an umbrella, please? It's pouring. (ထီးတစ်လက်လောက် ငှားလို့ရမလား။)
B: Yes, certainly. Here's one. (ရပါတယ်။ ဒီမှာ တစ်လက်ပါ။)

A: Please, can I have another cake? (ကျမ ကိတ်မုန့်နောက်တစ်ခုလောက် ရနိုင်ဦးမလား။)

B: Of course. Please help yourself. (ရတာပေါ့၊ ကိုယ်တိုင်ယူငင်သုံးဆောင်ပါ။)

A: Can I make a contribution to the meal? (အစားအစာတွေအတွက် ငါလည်း ပိုက်ဆံထည့်ရှင်းလို့ရမလား။)
B: Certainly not. You're here as my guest. (မဟုတ်တာ၊ မင်းက ဒီမှာ ဧည့်သည်လေကွာ။)

A: Can I shut the door? (တံခါး ပိတ်လို့ရမလား။)
B: Sure. Go ahead. (ရတာပေါ့။ ပိတ်ပါ။)

A: Can I go out to play, Mum? (အပြင်ထွက်ပြီး ကစားလို့ရမလား။)
B: No, you can't. You haven't finished your homework. (မရဘူး။ မင်း အိမ်စာတွေ လုပ်လို့မပြီးသေးဘူး။)

A: Mum, can I watch TV after tea? (မေမေ၊ လက်ဖက်ရည်သောက်ပြီးရင် တီဗီကြည့်လို့ရမလား။)
B: I suppose so, but only when you have finished your homework.
(ရပါတယ်။ ဒါပေမယ့် အိမ်စာလုပ်ပြီးမှနော်။)

A: Is it all right if I borrow the car, Dad? (သား ကားကို ငှားလို့ရမလား၊ ဖေဖေ။)
B: I suppose so, but please put some petrol in it this time.
(ရပါတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ဆီထည့်လိုက်ဦးနော်။)

A: Can I borrow a pen, please? (ဘောလ်ပင်တစ်ချောင်းလောက် ငှားလို့ရမလား။)
B: Of course. There are some on my desk. (ရတာပေါ့။ ငါ့စားပွဲပေါ်မှာ ဘောလ်ပင်အချို့ ရှိတာပဲ။)

A: Could I have another look at the painting? (ပန်းချီကားကို နောက်တစ်ခါလောက် ကြည့်လို့ရမလား။)
B: By all means. I'll get it for you. (ရတာပေါ့။ မင်းအတွက် ငါ ယူပေးပါ့မယ်။)

A: Could I have a look around? (တစ်ခါလောက် လှည့်ပတ်ကြည့်လို့ရမလား။)
B: By all means. Let me know if you need any assistance. (ရပါတယ်။ အကူအညီလိုရင် သိပါရစေ။)

A: Could I see your wine list, please? (ဝိုင်စာရင်းလေး ကြည့်ပါရစေ။)
B: Certainly, sir. I'll bring one right away. (ရပါတယ်။ အခုချက်ချင်း ကျနော် ယူလာပေးပါ့မယ်။)

A: Could I use your computer, Jim? (မင်းရဲ့ကွန်ပြူတာကို သုံးလို့ရမလား။)
B: No way! You broke John's yesterday. (လုံးဝမရဘူး။ မနေ့က မင်းကြောင့် ဂျွန်ရဲ့ကွန်ပြူတာပျက်စီးသွားတယ်လေ။)

A: Could we have a room with a sea view? (ကျနော်တို့ ပင်လယ်ရှုခင်းနဲ့အခန်းတစ်ခန်းလောက် ရမလား။)
B: I'm afraid not, sir. All those rooms have been taken. (မရပါဘူး ခင်ဗျာ။ အဲဒီအခန်းတွေအားလုံး သူများ ယူထားပါတယ်။)

A: Can I possibly keep this book until tomorrow? (ဒီစာအုပ်ကို ငါ မနက်ဖြန်အထိ ယူထားလို့ရမလား။)
B: Of course. I won't need it today. (ရတာပေါ့။ ဒီနေ့ ငါ အဲဒါကို မလိုပါဘူး။)
A: Do you mind if we come late tomorrow? (မနက်ဖြန် ကျွန်တော် နောက်ကျမှလာရင် ခင်ဗျားစိတ်ရှိမလား။)
B: Sorry, no way. There’s a meeting at 8 a.m. sharp. (မရဘူးကွာ၊ ၈ နာရီတိတိမှာ အစည်းအဝေးရှိတယ်။)

A: I hope you don’t mind if I sit next to you. (ကျွန်တော် ခင်ဗျားဘေးမှာထိုင်ရင် စိတ်ရှိမလား။)
B: Of course not. Feel free. (မရှိပါဘူးဗျာ၊ လွတ်လွတ်လပ်လပ်ထိုင်ပါ။)

A: Are you sure it’s all right if I join you? (ကျွန်တော် ခင်ဗျားနဲ့အတူထိုင်/လိုက်ရင် အဆင်ပြေတာ သေချာလား။)
B: Sure. Be my guest. (ရပါ့ဗျာ။)

A: Can we talk for a while? (ကိုယ်တို့ ခဏလောက် စကားပြောလို့ရမလား။)
B: I’m afraid I have to go now. (ဆောရီးပါပဲ၊ ကျွန်မ အခု သွားရတော့မယ်။)

A: Do you think I could borrow some money? (ငါ မင်းဆီက ငွေနည်းနည်းလောက်ချေးလို့ ရမလား။)
B: Sure. How much? (ရတာပေါ့၊ဘယ်လောက်လဲ။)
Sorry, nothing doing. You never pay me back. (လုံးဝမရဘူး၊ မင်းက ဘယ်တော့မှ ပြန်ဆပ်တာမဟုတ်ဘူး။)

A: Do you think I could have a look at the room? (အခန်းကို ကျွန်တော် ကြည့်လို့ရလား။)
B: Sure. Come this way. (ရပါတယ်၊ ဒီဘက်ကကြွပါ။)

A: Would you mind if I took this Friday off? (ကျွန်တော် အခုကြာသပတေးကို နားလို့ရမလား။)
B: Why not next Friday? We’re very busy these days, you know.
(နောက်အပတ်ကြာသာပတေးမှ နားပါကွာ၊ ဒီရက်တွေမှာ ငါတို့အလုပ်များတာမင်းလည်းသိသားနဲ့။)

A: I wonder if I could have this afternoon off. (ဒီနေ့နေ့လယ်မှာ အလုပ်နားလို့ရမလားလို့။)
B: Only when you’ve finished doing that. (အဲဒါလုပ်ပြီးမှ။)

A: Could I see you for a moment? (ငါ မင်းနဲ့ ခဏလောက်တွေ့လို့ ရမလား။)
B: Well, the problem is that I have lots of things to do at the moment.
(အဲ --- ခက်တာက လောလောဆယ် ငါ့မှာ လုပ်စရာတွေ အများကြီး ရှိနေတယ်။

A: I’d like to stay at your place for a few days if it’s all right with you.
မင်းအတွက်အဆင်ပြေမယ်ဆိုရင် ငါမင်းအိမ်မှာ ရက်နည်းနည်းလောက် နေချင်တယ်ကွာ။
B: Sure, feel free. You can stay here as long as you like.
(ရပါတယ်ကွာ၊စိတ်ကြိုက်ပါပဲ။ မင်းကြိုက်သလောက်ကြာကြာနေလို့ရပါတယ်။)

A: Would you mind if I stopped by for a few minutes? (ငါ မင်းဆီကို ခဏလောက် အလည်လာလို့ရမလား။)
B: No, please do. (လာခဲ့ပါ။)

A: Would it be a problem if I dropped by later today? (ဒီနေ့ ညနေပိုင်း ငါမင်းဆီကို အလည်ဝင်ရင် ရမလား။)
B: Of course not. (ရတာပေါ့။)

Long Conversation

A: Could I make an appointment to see Dr Brown sometime today?
အေး ကျနော် ဒီနေ့ တစ်ချိန်ချိန်မှာ ဒေါက်တာ ဘရောင်းနဲ့တွေ့ဖို့ အချိန်းအချက်လုပ်လို့ ရနိုင်မလားခင်ဗျာ။
B: No, I'm sorry. Dr Brown's not here today.
ဘီး ဆောရီးပါပဲ၊ မရပါဘူးခင်ဗျာ။ ဒေါက်တာဘရောင်း ဒီနေ့ ဒီမှာ မရှိပါဘူး။
A: Can I see him tomorrow, then? I have a very sore arm.
အေး ဒါဆို ကျနော် သူ့ကို မနက်ဖြန် တွေ့လို့ရမလားခင်ဗျာ၊ ကျနော့် လက်က အရမ်းနာနေလို့ပါ။
B: I'm afraid not. Dr Brown is back tomorrow, but he has no available appointments.
ဘီး မရပါဘူး ခင်ဗျာ။ ဒေါက်တာ ဘရောင်းက မနက်ဖြန် ပြန်ရောက်မှာပါ။ ဒါပေမယ့် သူ ဘယ်သူ့နဲ့မှ appointment လုပ်လို့ မရသေးပါဘူး။
A: Could I possibly see another doctor today? I hurt my arm in an accident and it's really very painful.
အေး ဒီနေ့ အခြားဆရာဝန်တစ်ယောက်ယောက်နဲ့ တွေ့လို့ရော ရနိုင်မလား။ ကျနော် မတော်တဆဖြစ်ပြီး လက်ကို ခိုက်မိသွားပါတာ။ အရမ်းကို နာကျင်နေပါတယ်။
B: I'm sorry. None of the doctors is free today.
ဘီး ဆောရီးပါပဲဗျာ။ ဒီနေ့ ဆရာဝန်တစ်ယောက်မှ မအားပါဘူး။
A: May I make an appointment with any of the doctors tomorrow, then? I'm really worried in case my arm is broken.
အေး ဒါဆိုလည်း မနက်ဖြန် ဆရာဝန်တစ်ယောက်ယောက်နဲ့ appointment လုပ်လို့ ရမလားဗျာ။ ကျနော့်လက်မောင်း ကျိုးများသွားပြီလားလို့ ကျနော် အရမ်းကို စိုးရိမ်နေပါတယ်။
B: Yes, I can give you an appointment with Dr Grant at 3 o'clock tomorrow, but may I make a suggestion?
ဘီး ဟုတ်ကဲ့၊ မနက်ဖြန် ၃ နာရီမှာ ဒေါက်တာ Grant နဲ့ appointment တော့ ကျနော် ခင်ဗျားကို ပေးလို့ရပါတယ်။ ဒါပေမယ့် ကျနော် ခင်ဗျားကို အကြံတစ်ခုလောက် ပေးပါရစေ။
A: Certainly.
အေး ဟုတ်ကဲ့ပါ ခင်ဗျာ။
B: You should go to the Accident and Emergency Department at the hospital. They'll have a look at your arm today.
ဘီး ခင်ဗျား ဆေးရုံက မတော်တဆထိခိုက်မှုနဲ့အရေးပေါ်ဌာနကို ခင်ဗျား သွားသင့်တာဗျ။ သူတို့ကတော့ ဒီနေ့ပဲ ခင်ဗျားလက်ကို ကြည့်ပေးလိမ့်မယ်။
A: Thanks. I'll do that.
အေး၊ ကျေးဇူးပါဗျာ။ အဲလိုပဲ လုပ်လိုက်ပါ့မယ်။

Practice

အောက်မှာ ခွင့်တောင်းစကားလုပ်ဖို့ကြိယာစကားစုတွေနဲ့ ဆင်ခြေပေးဖို့ လိုက်ဖက်ရာ စကားစုတွေပေးထားတယ်။ အပြန်အလှန်စကားပြောတွေဖန်တီးပါ။ နမူနာကိုကြည့်ဦး။

a. go shopping tomorrow (မနက်ဖန် ဈေးဝယ်သွား)
b. listen to music (သီချင်းနားထောင်)
c. turn on the fan (ပန်ကာဖွင့်)
d. turn off the fan (ပန်ကာပိတ်)
e. see the boss (ဘော့စ်နဲ့တွေ့)
f. change to channel 7 (ချန်နယ် ဆဲဗင်းကို ပြောင်း)
g. switch on the lights (မီးတွေဖွင့်)
h. keep this book until Friday (ဒီစာအုပ်ကို သောကြာနေ့အထိ ယူထား)
i. hold your baby (မင်းရဲ့ကလေးကို ချီ)
j. practise the guitar now (ဂစ်တာတီးလေ့ကျင့်)
k. smoke (ဆေးလိပ်သောက်)
l. change it for a bigger size/one (ဒါကို ဆိုက်ပိုကြီးတာနဲ့လဲ)



1. you’re dirty all over.
2. it’s due on Tuesday.
3. you must study for the test.
4. I’m trying to study.
5. I can’t stand smoke. (ကျနော် မီးခိုးနဲ့ မခံနိုင်ဘူး။)
6. I’d rather watch MRTV-4. (ကျနော်ကတော့ MRTV-4 ကိုပဲ ပိုကြည့်ချင်တယ်။)
7. I have a bad cold.
8. it’s midnight now.
9. I find it very hot in here. (ဒီထဲမှာ အရမ်းပူတယ် လို့ ကျနော် ထင်တယ်။)
10. the sold items are unchangeable. (ရောင်းပြီးသားပစ္စည်းတွေကို လဲမပေးပါဘူး)
11. he’s out.
12. I can’t sleep with the lights on. (မီးဖွင့်ထားရင် မအိပ်တတ်ဘူး။)

For example:

A: Can I keep this book until Friday? (ငါ ဒီစာအုပ်ကို သောကြာနေ့အထိ ယူထားလို့ရမလား။)
B: It’s due on Tuesday, I’m afraid. (အင်္ဂါနေ့မှာ ရက်ပြည့်တာ။)
I'm afraid ကို ဝါကျ အစမှာ ဖြစ်စေ၊ အဆုံးမှာ ဖြစ်စေ ထားလို့ရတယ်။

04/09/2014

10Q Chue Wai Phyo

24/08/2014

အခြေခံဝါကျ (၅) မျိုး
I. ဖြစ်ခြင်းပြ ဝါကျ
II. တည်ရှိခြင်းပြဝါကျ
III. ပိုင်ဆိုင်ခြင်းပြ ဝါကျ
IV. ပြုလုပ်ခြင်းပြ ဝါကျ
V. အမိန့်ပေး/တောင်းပန်ဝါကျ

MIAN VERB (၃) မျိုးရဲ့ ပုံစံ (၅) မျိုး
V V0 V1 V2 V3 V4
BE be am
as
are was
were been being
HAVE have has
have had had having
DO do does
do did done doing
GO go goes
go went gone going
see see sees
see saw seen seeing
LIVE live lives
live lived lived living

ဖြစ်ခြင်းပြဝါကျ ပုံသေနည်း (၂) ခု
i. S BE NOUN PLACE TIME.
ii. S BE ADJ PLACE TIME.
ဖြစ်ခြင်းပြ ဝါကျ (၅) မျိုး
1) am, is, are
2) was, were
3) has, have been
4) had been
5) Modals/Special Verbs + be
1. He is an auditor.
2. He was an auditor.
3. He has been an auditor in this bank for about six years/since May, 2012.
4. He had been an auditor in a bank for over six years when we met again.
5. He must be the auditor.
He used to be an auditor in a bank.
He wanted to be an auditor in ABC bank.
1. They are busy this week.
2. They were busy last week.
3. They have been busy for a week/since Monday.
4. They had been busy since they started the project.
5. They will be busy next week
They may/might be busy on Thursday.
They must be busy now.
တည်ရှိခြင်းပြ ဝါကျပုံသေနည်း (၂) မျိုး
i. S BE PLACE TMIE.
ii. THERE BE S PLACE TIME.
တည်ရှိခြင်းပြဝါကျ (၅) မျိုး
1) am, is, are
2) was, were
3) has, have been
4) had been
5) Modals/Special Verbs + be
1. She is in Japan.
2. She was in Japan last month/year.
3. She has been in Japan for a month/since May 22.
4. She had been in Japan for over two years when the war started to break out.
5. She should be in Japan now.
She will be in Japan on May 22.
She can’t be in Japan now.
1. There is a lot of rain in Yangon today.
2. There was a lot of rain in Yangon yesterday.
3. There has been a lot of rain in Yangon for three days/since Monday.
4. There had been a lot of rain in Yangon when we got back from Bago.
5. There will be a lot of rain in Yangon tomorrow.
ပိုင်ဆိုင်ခြင်းပြဝါကျ ပုံသေနည်း (၂) မျိုး
i. S HAVE NOUN PLACE TIME.
ii. S HAVE (has, have) got NOUN.

ပိုင်ဆိုင်ခြင်းပြ ဝါကျ (၅) မျိုး
1. has, have
2. had
3. has, have had
4. had had
5. Modals/Special Verbs + have
1. I have a hotel in Yangon.
2. I had a hotel in Yangon about six years ago.
3. I have had a hotel in Yangon for over six years/since May, 2010.
4. I had had a hotel in Yangon when I got married.
5. I want to have a hotel in Yangon.
I used to have a hotel in Yangon.
I will have a hotel in Yangon in two years’ time.

ပြုလုပ်ခြင်းပြ ဝါကျပုံသေနည်း (၂) မျိုး
i. S V M P T.
ii. S V O M P.
ပြုလုပ်ခြင်းပြဝါကျ (၁၀) မျိုး
1. studies, study (V1)
2. studied (V2)
3. has, have studied (V3)
4. had studied (V3)
5. Modals/Special Verbs + study (V0)
6. am, is, are studying (V4)
7. was, were studying (V4)
8. Modals be studying (V4)
9. Modals have studied (V3)
10. has, have been studying (V4)

1. He studies English on weekends.
2. He studied English about six months ago.
3. He has studied the English lessons.
4. He had studied the English lessons when it was 9 o’clock.
5. He needs to study English.
He has to study English.
He is going to study English.
6. He is studying English at the moment.
7. He was studying English in 2011.
8. He will be studying English this time tomorrow.
9. He will have studied English this time tomorrow.
10. He has been studying English for about three years/since May.

Address

No, 793, 4th Floor(Right), 3rd Street, Ward (3)
Mayangone
11061

Website

Alerts

Be the first to know and let us send you an email when RIGHT Moment English CLASS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category