Mudita Teacher Training Course

Mudita Teacher Training Course Cultivating professional skills in a supportive, growth-oriented environment.

📱 Classroom ထဲမှာ Technology ရှိရုံနဲ့ မလုံလောက်ပါဘူး။ အသုံးချတတ်ဖို့က ပိုအရေးကြီးပါတယ်။ယနေ့ခေတ် ပညာရေးလောကမှာ Technolog...
30/07/2026

📱 Classroom ထဲမှာ Technology ရှိရုံနဲ့ မလုံလောက်ပါဘူး။ အသုံးချတတ်ဖို့က ပိုအရေးကြီးပါတယ်။

ယနေ့ခေတ် ပညာရေးလောကမှာ Technology ဟာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ပါဘူး။ သင်ကြားရေးအရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။

ဒါပေမယ့် Laptop ရှိတာ၊ Projector ရှိတာ၊ Internet ရှိတာနဲ့ Technology Integration ဖြစ်သွားတာတော့ မဟုတ်ပါဘူး။

🍀Technology Integration ဆိုတာ
သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို ပိုမိုထိရောက်အောင် Digital Tools တွေကို မှန်ကန်စွာ ပေါင်းစပ်အသုံးချခြင်း ဖြစ်ပါတယ်။

ဘာကြောင့် အရေးကြီးတာလဲ?

🔹 Learning ကို ပိုစိတ်ဝင်စားစေတယ်
Video, Simulation, Interactive Quiz နဲ့ Digital Activities တွေက ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို မြှင့်တင်ပေးပါတယ်။

🔹 Student-Centered Learning ကို ဖော်ဆောင်ပေးတယ်
Teacher တစ်ယောက်တည်း ပြောနေတဲ့ Classroom ကနေ ကျောင်းသားတွေ ကိုယ်တိုင် ရှာဖွေ၊ ဆွေးနွေး၊ ပူးပေါင်းလုပ်ဆောင်တဲ့ Classroom အဖြစ် ပြောင်းလဲလာစေပါတယ်။

🔹 21st Century Skills တွေ ဖွံ့ဖြိုးလာတယ်
Technology ကို မှန်ကန်စွာ အသုံးချတဲ့အခါ Critical Thinking, Creativity, Collaboration နဲ့ Communication Skills တွေလည်း တိုးတက်လာပါတယ်။

🔹 Teaching ကို ပိုထိရောက်စေတယ်
Lesson Planning, Resource Preparation, Assessment နဲ့ Feedback ပေးခြင်းတွေကို ပိုမြန်၊ ပိုစနစ်ကျစေပါတယ်။

Technology က ဆရာဆရာမတွေကို အစားထိုးဖို့ မဟုတ်ပါဘူး။ ဆရာဆရာမတွေ့ရဲ့ သင်ကြားမှုကို ပိုထိရောက်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။

🪷 တရားဦးဟောကြားရာ ဓမ္မစကြာနေ့မြတ်မှစ၍ အသိပညာ၊ အတတ်ပညာတို့ဖြင့် လောကကို အလင်းဆောင်နိုင်သူများ ဖြစ်ကြပါစေ။မင်္ဂလာရှိသော ဝါ...
29/07/2026

🪷 တရားဦးဟောကြားရာ ဓမ္မစကြာနေ့မြတ်မှစ၍ အသိပညာ၊ အတတ်ပညာတို့ဖြင့် လောကကို အလင်းဆောင်နိုင်သူများ ဖြစ်ကြပါစေ။

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် Mudita Education ရဲ့ ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများနှင့်တကွ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

Mudita Education Center

🍀Growth Mindset ဆိုတာ…“ငါမတတ်ဘူး” ဆိုတဲ့ စကားကို“ငါ မတတ်သေးဘူး”“ငါဆက်ကြိုးစားကြည့်မယ်။”“ငါလုပ်နိုင်မှာပါ” လို့ ပြောင်းတွ...
24/07/2026

🍀Growth Mindset ဆိုတာ…
“ငါမတတ်ဘူး” ဆိုတဲ့ စကားကို
“ငါ မတတ်သေးဘူး”
“ငါဆက်ကြိုးစားကြည့်မယ်။”
“ငါလုပ်နိုင်မှာပါ” လို့ ပြောင်းတွေးတတ်တဲ့
စိတ်နေသဘောထားမျိုးဖြစ်ပါတယ်။

ပညာရေးမှာ အရေးကြီးဆုံးက အဖြေမှန်ရဖို့တစ်ခုတည်း မဟုတ်ပါဘူး။ မေးခွန်းမေးရဲဖို့၊ အမှားလုပ်ရဲဖို့၊ အမှားကနေ သင်ယူရဲဖို့က ပိုအရေးကြီးပါတယ်။

တချို့ကျောင်းသားတွေက စာမေးပွဲတစ်ခါကျရုံနဲ့
“ငါမတော်ဘူး” လို့ ယုံကြည်သွားတတ်ကြတယ်။

ဒါပေမယ့် Growth Mindset ရှိတဲ့သူကတော့…

🌱 “ဒီတစ်ခါ မအောင်မြင်သေးတာပဲ။ နောက်တစ်ခါ ပိုကောင်းအောင် ကြိုးစားမယ်။”
ဆိုပြီး ရှေ့ဆက်နိုင်ပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့လည်း
ကျောင်းသားရဲ့ ရလဒ်တစ်ခုတည်းကို မချီးကျူးဘဲ၊
သူတို့ရဲ့ ကြိုးစားမှု၊ တိုးတက်မှုနဲ့ သင်ယူတဲ့ လုပ်ငန်းစဉ် ကို အသိအမှတ်ပြုပေးနိုင်မယ်ဆိုရင်…

စာသင်ခန်းတစ်ခန်းဟာ အမှားလုပ်ရမှာ မကြောက်တဲ့နေရာ၊ မေးခွန်းမေးရဲတဲ့နေရာ၊
တိုးတက်မှုတွေ နေ့တိုင်းဖြစ်ပေါ်နေတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

🌟 အောင်မြင်မှုဆိုတာ ပါရမီတစ်ခုတည်းက ဆုံးဖြတ်တာ မဟုတ်ပါဘူး။ နေ့စဉ် သင်ယူဖို့ မရပ်တန့်တဲ့ စိတ်နေသဘောထားကပဲ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။

“ကလေးတိုင်းမှာ အဖြေရှိတယ်။”ပညာရေးဆိုတာကလေးတစ်ယောက်ရဲ့ အသိဥာဏ်ထဲကိုအသိပညာတွေ ဖြည့်သွင်းပေးရုံတင် မဟုတ်ဘူး။သူ့တွေးခေါ်နိုင...
20/07/2026

“ကလေးတိုင်းမှာ အဖြေရှိတယ်။”

ပညာရေးဆိုတာ
ကလေးတစ်ယောက်ရဲ့ အသိဥာဏ်ထဲကို
အသိပညာတွေ ဖြည့်သွင်းပေးရုံတင် မဟုတ်ဘူး။

သူ့တွေးခေါ်နိုင်စွမ်းတွေကနေတဆင့်
မေးခွန်းထုတ်ရဲလာအောင်၊ အမှားကနေ သင်ယူရဲအောင်၊
ကိုယ့်အဖြေကိုယ် ယုံကြည်မှုရှိလာအောင်
လမ်းပြပေးတာပဲဖြစ်တယ်။

တကယ့်ဆရာဆိုတာလည်း
အဖြေအားလုံးကို သိတဲ့သူ မဟုတ်ဘဲ၊
ကလေးတွေ သူတို့ရဲ့ အဖြေကို သူတို့ကိုယ်တိုင် ရှာတွေ့အောင် ကူညီပေးတဲ့သူ ဖြစ်ပါတယ်။

🍀ကလေးတွေကို တွေးခေါ်မှုပိုင်းပိုတော်လာတဲ့Learner တွေ ဖြစ်စေချင်ပါသလား? 🌱❔အတန်းထဲမှာ ဆရာက အမြဲတမ်း အဖြေတွေကို ပြောပြနေမယ့...
15/07/2026

🍀ကလေးတွေကို တွေးခေါ်မှုပိုင်းပိုတော်လာတဲ့Learner တွေ ဖြစ်စေချင်ပါသလား? 🌱

❔အတန်းထဲမှာ ဆရာက အမြဲတမ်း အဖြေတွေကို ပြောပြနေမယ့်အစားကလေးတွေဆီကနေ အတွေးတွေ၊ အဖြေတွေ ကိုယ်တိုင်ထွက်လာအောင် လမ်းပြပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။

⁉️ဒါကတော့ Eliciting Technique ဖြစ်ပါတယ်။

📚Eliciting ဆိုတာက ကလေးတွေရဲ့ ရှိပြီးသား Knowledge နဲ့ Ideas တွေကို မေးခွန်းတွေ၊ သဲလွန်စတွေနဲ့ ဆွဲထုတ်ပေးတဲ့ သင်ကြားနည်း ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့်—

🧠 Active Learning ဖြစ်လာပြီး ကလေးတွေ အတန်းထဲမှာ ပိုမိုပါဝင်လာနိုင်ပါတယ်။

🔍 Prior Knowledge ကို သိရှိနိုင်တာကြောင့် ဆရာအနေနဲ့ ဘယ်ကနေ စတင်သင်ကြားရမလဲ ပိုမိုနားလည်နိုင်ပါတယ်။

💡 ကိုယ်တိုင်စဉ်းစားပြီး အဖြေရှာတဲ့အတွက် Critical Thinking နဲ့ Confidence တွေ တိုးတက်လာစေပါတယ်။

ဆရာကောင်းတစ်ယောက်ဆိုတာ အဖြေအားလုံးကို ပေးသူမဟုတ်ပါဘူး။

ကလေးတွေကို ကိုယ်တိုင်စဉ်းစားတတ်အောင် လမ်းပြပေးနိုင်သူ ဖြစ်ပါတယ်။ 🌿

❇️Mudita Teacher Training Course မှာတော့ Eliciting အပါအဝင် ခေတ်သစ်သင်ကြားရေးနည်းလမ်းများကို လက်တွေ့အသုံးချနိုင်အောင် လေ့လာသင်ယူနိုင်ပါပြီ။

📩 အသေးစိတ်သိရှိလိုပါက Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




14/07/2026

🟠တိုန်တန်ဗ္တောန်ပ္ကတ်ပ္ကေင်ကွတ်အ္စာ တုဲ မုအခေါင်အရာဂွံရော။ မုဟိုတ်ဒးတိုန်ထေက်ရော။

🍀ပရေင်ဆဵုဂဗ ကွးဘာတြေံ တန်ဗ္တောန်ပ္ကတ်ပ္ကေင်ကွတ်အ္စာ လၟေၚ် - ၁ မွဲလ အ္စာဘာ Tr. Win Tun Oo...

🔷ယဝ်ခါရ စိုတ်လုပ်စ မိက်ဂွံတိုန် တန်ဗ္တောန်ပ္ကတ်ပ္ကေင်ကွတ်အ္စာ လၟေၚ် - ၂ ဏံမ္ဂး ကေတ်အဆက်ဂွံမာန်ယျ။

🔸မိက်ဂွံတီချိုတ်ချိုတ်ပၠိုတ်ပၠိုတ်မ္ဂး⤵️
https://www.facebook.com/share/1b5jEBQ1e2/?mibextid=wwXIfr

☎️ 09 761 009 288
☎️ 09 796 539 000
💬 Mudita Education Messenger

🌱🤔စာသင်ခန်းထဲမှာ ဆရာ/ဆရာမတွေက သင်ခန်းစာတွေ သင်ပေးတဲ့အခါ🍀“ကျောင်းသားတွေ စာကို မှတ်မိသွားပြီလား?” ဆိုတာတင် မဟုတ်ဘဲ❇️“သူတို...
07/07/2026

🌱🤔စာသင်ခန်းထဲမှာ ဆရာ/ဆရာမတွေက သင်ခန်းစာတွေ သင်ပေးတဲ့အခါ

🍀“ကျောင်းသားတွေ စာကို မှတ်မိသွားပြီလား?” ဆိုတာတင် မဟုတ်ဘဲ

❇️“သူတို့ ဘယ်လိုစဉ်းစားနိုင်လာပြီလဲ?”
❇️“သင်ယူထားတာကို လက်တွေ့အသုံးချနိုင်ပြီလား?”
❇️“အသစ်တစ်ခု ဖန်တီးနိုင်ပြီလား?”
ဆိုတာတွေကိုပါ အရေးထားဖို့ လိုအပ်ပါတယ်။ 🌱

⚙️ဒီလို ကျောင်းသားတွေရဲ့ Thinking Skills နဲ့ Learning Level ကို တိုင်းတာပြီး သင်ကြားရေးကို စနစ်တကျ တည်ဆောက်နိုင်ဖို့ အသုံးပြုတဲ့ Framework တစ်ခုကတော့ Bloom’s Taxonomy ဖြစ်ပါတယ်။

📚 Bloom’s Taxonomy မှာ သင်ယူမှုအဆင့် (၆) ဆင့် ရှိပါတယ်။

🧠 Remember
➡️ အချက်အလက်တွေကို မှတ်မိနိုင်ခြင်း

💡 Understand
➡️ အကြောင်းအရာကို နားလည်ပြီး ရှင်းပြနိုင်ခြင်း

🛠️ Apply
➡️ သင်ယူထားတာကို လက်တွေ့အသုံးချနိုင်ခြင်း

🔍 Analyze
➡️ အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း

⚖️ Evaluate
➡️ အကြောင်းပြချက်နဲ့ အကဲဖြတ်ဆုံးဖြတ်နိုင်ခြင်း

🎨 Create
➡️ ကိုယ်ပိုင်အတွေးနဲ့ အသစ်တစ်ခု ဖန်တီးနိုင်ခြင်း

✨ ဒါကြောင့် Bloom’s Taxonomy ဟာ…

ဆရာ/ဆရာမတွေကို
✅ သင်ခန်းစာရည်မှန်းချက်တွေ ပိုမိုကောင်းမွန်စွာ သတ်မှတ်နိုင်စေတယ်။
✅ ကျောင်းသားတွေရဲ့ Critical Thinking Skills ကို မြှင့်တင်ပေးတယ်။
✅ “အလွတ်ကျက်ခြင်း” ထက် “နားလည်စဉ်းစားခြင်း” ကို အားပေးတယ်။

🌿 ကောင်းမွန်တဲ့ ပညာရေးဆိုတာ စာတွေကို မှတ်မိစေခြင်းသာ မဟုတ်ပါဘူး။ ကျောင်းသားတွေကို စဉ်းစားတတ်တဲ့၊ ဖြေရှင်းတတ်တဲ့၊ ဖန်တီးတတ်တဲ့ Learners တွေအဖြစ် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်။

📚💡 “မင်းလုပ်ထားတာ မကောင်းဘူး/ မှားနေတယ်” လို့ တစ်ခွန်းတည်း ပြောလိုက်တာက ကလေးတစ်ယောက်ရဲ့ ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိ...
03/07/2026

📚💡 “မင်းလုပ်ထားတာ မကောင်းဘူး/ မှားနေတယ်” လို့ တစ်ခွန်းတည်း ပြောလိုက်တာက ကလေးတစ်ယောက်ရဲ့ ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်စေနိုင်ပါတယ်။

🍀ကျောင်းသူကျောင်းသားတွေကို Feedback ပေးတဲ့အခါ Constructive (အပြုသဘောဆောင်ပြီး တိုးတက်မှုကို ဦးတည်တဲ့) ဖြစ်ဖို့ ဘာကြောင့် ဒီလောက်တောင် အရေးကြီးရတာလဲဆိုရင်... 👇

✨ဘာပြင်ရမလဲ အတိအကျသိစေတယ်။
အပြစ်တင်ရုံတင်မဟုတ်ဘဲ ဘယ်နေရာကို ဘယ်လိုပြင်ရမလဲဆိုတဲ့ လမ်းကြောင်းပြပေးနိုင်လို့ပါ။

✨ကြိုးစားချင်စိတ် တိုးစေတယ်။
"ငါ ညံ့လို့မရတာ" လို့ မတွေးတော့ဘဲ နည်းလမ်းမှန်ရင် ပိုတော်လာမယ်ဆိုတဲ့ ယုံကြည်မှု (Growth Mindset) ရစေပါတယ်။

✨ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မပျက်စီးဘူး။
အမှားလုပ်မိမှာ ကြောက်ပြီး ဘာမှမလုပ်ရဲတော့တဲ့အဖြစ်ကနေ ကာကွယ်ပေးပါတယ်။

✨ယုံကြည်မှု တည်ဆောက်နိုင်တယ်။
ဆရာက စေတနာနဲ့ လမ်းပြပေးမှန်းသိလို့ ဆရာနဲ့ ကျောင်းသားကြား ပိုမိုနီးစပ်သွားစေပါတယ်။

🍀ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်တဲ့နေရာမှာ ဝေဖန်အပြစ်တင်ခြင်း (Criticism) ထက် အပြုသဘောဆောင်ဖြင့်ပျိုးထောင်ခြင်း (Constructive Feedback) ကသာ အထိရောက်ဆုံးအချက် ဖြစ်ပါတယ်။ ❤️

🍀📚 Great teaching starts with great mentors! We’re so excited to introduce the experienced trainers behind the Mudita Te...
02/07/2026

🍀📚 Great teaching starts with great mentors! We’re so excited to introduce the experienced trainers behind the Mudita Teacher Training Program - Batch 2, starting on July 27, 2026! 🌟

🍀 With years of real classroom experience in modern teaching techniques and knowledge of inclusive education, our team is here to help you become a confident, impactful teacher in your community.

😍Ready to meet your mentors? For more information, click the link below ⤵️
https://www.facebook.com/share/1b5jEBQ1e2/?mibextid=wwXIfr

📝Lesson Plan ဆိုတာ စာသင်ခန်းရဲ့ မြေပုံ (Map) ပါပဲ။🔺🚸ဆရာတစ်ယောက်အနေနဲ့ စာသင်ခန်းထဲမဝင်ခင်မှာ ပြင်ဆင်မှုမရှိခြင်းဟာ လမ်းညွ...
26/06/2026

📝Lesson Plan ဆိုတာ စာသင်ခန်းရဲ့ မြေပုံ (Map) ပါပဲ။
🔺🚸ဆရာတစ်ယောက်အနေနဲ့ စာသင်ခန်းထဲမဝင်ခင်မှာ ပြင်ဆင်မှုမရှိခြင်းဟာ လမ်းညွှန်မြေပုံမပါဘဲ ခရီးသွားနေတာနဲ့ တူပါတယ်။

Lesson Plan တစ်ခုကောင်းမွန်ခြင်းက...
✅ အချိန်ကို ထိရောက်စွာ အသုံးပြုနိုင်စေတယ် -
✅ မျှော်မှန်းထားတဲ့ သင်ယူမှုရလဒ် (Learning Outcome) ဆီကို တည့်တည့်သွားနိုင်တယ်။
✅ အခြေအနေအရ ပြောင်းလဲသင်ကြားနိုင်စွမ်း (Adaptability) ရှိစေတယ်။

❓ဒါပေမဲ့ "Lesson Plan ရေးရတာ ပျင်းစရာကောင်းတယ်" လို့ တွေးမိနေလား?

🍀Mudita Teacher Training Program Batch 2 မှာတော့ Lesson Plan ရေးတာကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မခံစားရဘဲ...

✨ ကိုယ့်ရဲ့ စာသင်ခန်းနဲ့ ကိုက်ညီတဲ့ "Adaptable Lesson Plan" တွေ ဘယ်လိုရေးမလဲ။
✨ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အစကနေအဆုံးထိ ဆွဲဆောင်ထားနိုင်မယ့် Activity တွေကို ဘယ်လို ထည့်သွင်းမလဲ ဆိုတာကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။

📚စာသင်ခန်းထဲမှာ ပိုမိုယုံကြည်မှုရှိရှိနဲ့ သင်ကြားချင်တဲ့ ဆရာ/ဆရာမတွေအတွက် Mudita ရဲ့ Batch 2 တံခါးက အမြဲဖွင့်ထားပါတယ်။

📣 သင်တန်းအသေးစိတ်ကို ပေးထားတဲ့ အောက်က Link ကနေတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔸အသေးစိတ်သိရှိရန်⤵️
https://www.facebook.com/share/1b5jEBQ1e2/?mibextid=wwXIfr

Address

Inya Lane/U Yin Street, Phatkin
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Mudita Teacher Training Course posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category