18/08/2026
Zumba ဆိုတာ “ကတတ်ရုံ” မဟုတ်ပါဘူး 💃❤️
Zumba ကို အပြင်ကနေကြည့်ရင် youtubeက Dance videoတွေကြည့်ပြီး သီချင်းဖွင့်ပြီး ကလိုက်ရုံနဲ့ လွယ်တယ်လို့ ထင်နိုင်ပါတယ်။
Zumba ဆိုတာ Dance တစ်ခုတည်း မဟုတ်ပါဘူး။
Music, Rhythm တွေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု တွေကို ဟန်ချက်ညီအောင်ဦးနှောက်က မှတ်သား ထိန်းကြောင်းပြီး ပျော်ရွှင်စွာ လှုပ်ရှားနိုင်အောင် စေ့ဆော်ပေးရသလို အချင်းချင်း team work စိတ် ကိုပါတိုးတက်စေတဲ့ ချစ်စရာ အားကစားတစ်ခုပါ 💕💕
ကျွန်မတို့ ကလေးတွေအတွက် Zumba ဆိုတာ
အက တစ်ခုထက်ပိုပါတယ်။
ကျောင်းတက်ရတဲ့ နေ့ရက်တွေကို ပျော်ရွှင်မှု၊ စွမ်းအင် ယုံကြည်မှုတွေနဲ့ ကျမတို့ကလေးတွေဖြတ်သန်းနေကြတာ ကြည်နူးစရာပါ
ကျွန်မတို့အတွက်တော့
Zumba is not just a dance.
သားသား မီးမီးတို့ရဲ့ ( ၂ ) လကြာ ရလဒ်လေး
ဖေဖေ မေမေ တို့အတွက် အမှတ်တရ အတူတူ ကြည်နူးကြရအောင်ပါနော်