No.6 BEHS Mawlamyine

No.6 BEHS Mawlamyine "Dedicated to showcasing the academic activities and educational milestones of No(6)B.E.H.S,Mawlamyine."

-၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့က မော်လမြိုင်မြို့၊ အမှတ် (၆) ...
29/05/2026

-၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့က မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ရတနာမွန်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

-အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာသင်ယူမှုအခွင့်အလမ်းများ ရရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ လာမည့်အစီအစဉ်များအရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကိုလည်း ကြည့်ရှုအားပေးခဲ့ပါသည်။
#အထက၆မော်လမြိုင်
#ကျောင်းအပ်နှံရေးနေ့

-အာစရိယပူဇော်ပွဲ ကျင်းပမည့်ရက်နှင့် အပူဇော်ခံဆရာကြီး/ဆရာမကြီးများ ဖိတ်ကြားခြင်း-အ.ထ.က (၆) မော်လမြိုင်၏ (၉) ကြိမ်မြောက် အ...
21/05/2026

-အာစရိယပူဇော်ပွဲ ကျင်းပမည့်ရက်နှင့် အပူဇော်ခံဆရာကြီး/ဆရာမကြီးများ ဖိတ်ကြားခြင်း

-အ.ထ.က (၆) မော်လမြိုင်၏ (၉) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကို ၁၀. ၁. ၂၀၂၇ (တနင်္ဂနွေနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

-သို့ဖြစ်ပါ၍ (၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြီးနောက်ပိုင်း အသက် (၆၂) နှစ်ပြည့်ခဲ့သည့်၊ အ.ထ.က (၆) မော်လမြိုင်တွင် တာဝန်ထမ်းဆောင်ဖူးကြသော ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် အပူဇော်ခံစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ၃၀. ၁၀. ၂၀၂၆ ရက်နေ့ထက် နောက်မကျဘဲ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ပေးပါရန် လေးစားစွာဖြင့် အသိပေးပန်ကြားအပ်ပါသည်။

📱 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
• 09-425311119
• 09-973364243
• 09-255887979
• 09-255720718

(မှတ်ချက်။ ။ မိမိတို့ပတ်ဝန်းကျင်ရှိ အခြေအနေကို သိရှိသော ကျောင်းသားဟောင်းများအနေဖြင့်လည်း ဆရာကြီး၊ ဆရာမကြီးများ သိရှိစေရန် ဝိုင်းဝန်းကူညီ အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ
အ.ထ.က (၆) မော်လမြိုင်

15/05/2026

-နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖိတ်ကြားလွှာ 🙏

- အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (မော်တင်လိန်းဂျပ်ဆင်) မှ ကျောင်းသား/သူဟောင်းများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

-ကျွန်ုပ်တို့အား လူလားမြောက်အောင် ပညာသင်ကြားပေးခဲ့ကြသည့် ဆရာကြီး/ဆရာမကြီးများအား ဂါရဝပြုပူဇော်မည့် နေ့ထူးနေ့မြတ်ကြီးကို အောက်ပါအတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

🗓️ သတ်မှတ်ရက် - ၁၀. ၁. ၂၀၂၇ (တနင်္ဂနွေနေ့)
📌 အသေးစိတ်အစီအစဉ်များကို ထပ်မံကြေညာပေးသွားပါမည်။

"ဆရာ့ကျေးဇူး... မြင်းမိုရ်ဦး... အတူတူ ပူဇော်ကြပါစို့"

အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်(ယခင် မော်တင်လိန်းဂျပ်ဆင်)နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပမည့်နေ့ရက...
09/05/2026

အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်
(ယခင် မော်တင်လိန်းဂျပ်ဆင်)

နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပမည့်နေ့ရက် ကြေညာခြင်း

- ယနေ့ ၆.၅.၂၀၂၆ (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သော အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ၏ (ပထမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓️ ကျင်းပမည့်နေ့ရက်

၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ တနင်္ဂနွေနေ့

📌 အထူးအစီအစဉ်များ

• အသေးစိတ်အချက်အလက်များ: အခမ်းအနားနှင့် ပတ်သက်သည့် အသေးစိတ် အစီအစဉ်များကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

• စောင့်မျှော်ကြည့်ရှုရန်: ကျောင်းသား/သူဟောင်းများ အနေဖြင့် သတင်းအချက်အလက်များကို စောင့်မျှော်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📢 ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖိတ်ကြားလွှာ

• နေ့ရက်: ၃.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့)

• ဖိတ်ကြားမှု: ကျောင်းသား/သူဟောင်းများ တက်ရောက်ဆွေးနွေးပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့် -

ပြန်ကြားရေးဆပ်ကော်မတီ
နဝမအကြိမ်မြောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ

#အထက၆မော်လမြိုင်

22/04/2026

"Driven by Passion, United by Rhythm. ❤️‍🔥 No.6 B.E.H.S Mawlamyine Marching Band is here! 😉🥁"

#အထက၆မော်လမြိုင်

29/03/2026

"Marching with Passion! ❤️‍🔥 No.6 B.E.H.S Mawlamyine Marching Band... 😉🎼"

#အထက၆မော်လမြိုင်

#ဘင်ခရာ

-ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၅၂) နှစ်ပြည့် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်...
19/03/2026

-ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၅၂) နှစ်ပြည့် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်-ကျိုက်မရော လမ်းမကြီးဘေး၊င်္ဟသာစက်သုံးဆီဆိုင်အရောင်းဆ်ိုင်ရှေ့ရှိ တိုင်းရင်းသားယဉ်ကျေးမူစင်တာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ(၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

-အဆိုပါအခမ်းအနားတွင် ကျွန်တော်တို့ အ.ထ.က (၆) မော်လမြိုင်၏ ဘင်ခရာတပ်ဖွဲ့က အမှတ်တရအနေဖြင့် တက်ကြွစွာ ပါဝင်အားဖြည့် တီးခတ်ဖျော်ဖြေခဲ့ကြပါသည်။
#အထက၆မော်လမြ်ိုင်

#မွန်ပြည်နယ်နေ့

-၂၀၂၆ခုနှစ်၊မတ်လ(၁၉)ရက်၊ကြာသပတေးနေ့မှာ ကျရောက်မည့် သမိုင်းဂုဏ်ရောင် ထွန်းပြောင်လှတဲ့ (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ ကို ...
18/03/2026

-၂၀၂၆ခုနှစ်၊မတ်လ(၁၉)ရက်၊ကြာသပတေးနေ့မှာ ကျရောက်မည့် သမိုင်းဂုဏ်ရောင် ထွန်းပြောင်လှတဲ့ (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ ကို နွေးထွေးစွာ ကြိုဆို ဂုဏ်ပြုလိုက်ပါသည်။

- (၅၂) ကြိမ်မြောက် မွန်ပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ကြီးအဖြစ် ဆက်လက်တည်ရှိပါစေ ကြောင်း အ.ထ.က(၆)ပညာရေးမိသားစုမှ ဆု မွန်ကောင်းတောင်းလိုက်ရပါသည်။
#အထက၆မော်လမြိုင်

-၂၀၂၆ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၂) နှစ်ပြည့် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို...
18/03/2026

-၂၀၂၆ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၂) နှစ်ပြည့် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို၊ကမ်းနားလမ်းရှိ WARERU ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

-အဆိုပါအခမ်းအနားတွင် ကျွန်တော်တို့ အ.ထ.က (၆) မော်လမြိုင်၏ ဘင်ခရာတပ်ဖွဲ့က အမှတ်တရအနေဖြင့် တက်ကြွစွာ ပါဝင်အားဖြည့် တီးခတ်ဖျော်ဖြေခဲ့ကြပါသည်။
#အထက၆မော်လမြ်ိုင်

Address

Https://maps. App. Goo. Gl/KZvzZkkqFZEicjhD7?g_st=com. Google. Maps. Preview. Copy
Mawlamyine

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30

Website

Alerts

Be the first to know and let us send you an email when No.6 BEHS Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category