19/08/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊
အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း၊မော်လမြိုင်မြို့၊
ကျောင်းကောင်စီဥက္ကဋ္ဌဖလား (မိုးရာသီ) ဘောလုံးပြိုင်ပွဲ၊
ဖွင့်ပွဲအခမ်းအနား
အကျဥ်းချုပ် ဗီဒီယိုဖိုင်
⚽🏆 ကျောင်းသားတို့၏ ဆန္ဒ… ကျောင်း၏ ပီတိ… အားလုံး၏ အောင်မြင်မှု 🏆⚽
ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ဆန္ဒနှင့် စိတ်အားထက်သန်မှုများမှ စတင်ခဲ့သော ပွဲတစ်ပွဲကို အခုလို ခမ်းခမ်းနားနား၊ စည်ကားသိုက်မြိုက်စွာနှင့် အားလုံးတက်တက်ကြွကြွ ပါဝင်နိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းက ကျွန်မတို့အားလုံးအတွက် အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
“မရရအောင် လုပ်မယ်” ဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ဇွဲ၊ လုံ့လနဲ့ စိတ်အားထက်သန်မှုတွေက ဒီပွဲရဲ့ အင်အားတစ်ခုဖြစ်ခဲ့သလို၊ အဘက်ဘက်မှ အမြဲကူညီပေးရန် အသင့်ရှိနေကြတဲ့ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အားလုံးရဲ့ စည်းလုံးညီညွတ်မှုက ဒီအောင်မြင်မှုကို ပိုမိုပြည့်စုံစေခဲ့ပါတယ်။ ❤️
အထူးသဖြင့် ဆရာမတစ်ယောက်အနေနဲ့ အကြီးမားဆုံး ပီတိဖြစ်ရတာက ဆုဖလားတွေ၊ ဆုတံဆိပ်တွေနဲ့ ပွဲရဲ့ ခမ်းနားမှုကို မြင်ရခြင်းထက် ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင် စဉ်းစားတတ်လာကြ၊ စိတ်ကူးရှိလာကြ၊ ဖန်တီးတတ်လာကြပြီး မိမိတို့ရဲ့ အတွေးအမြင်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြတာကို မြင်တွေ့ရခြင်း ပါပဲ။ 🌱✨
အားကစားပွဲတစ်ခုကနေတစ်ဆင့်
Critical Thinking — ပြဿနာတွေကို ကိုယ်တိုင်စဉ်းစားဖြေရှင်းနိုင်ခြင်း၊
Creativity — မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးဖော်ထုတ်နိုင်ခြင်း၊
Teamwork — တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊
Leadership — တာဝန်ယူပြီး ဦးဆောင်နိုင်ခြင်း
တို့ကို လက်တွေ့မြင်တွေ့ခွင့်ရခဲ့ပါတယ်။ 🌟
ဒါဟာ အားကစားပွဲတစ်ပွဲ ကျင်းပပြီး အောင်မြင်သွားခြင်းမျှသာ မဟုတ်ပါဘူး။
ကျောင်းသားတို့ရဲ့ ဆန္ဒ → စိတ်ကူး → ကြိုးစားမှု → ပူးပေါင်းဆောင်ရွက်မှု → ဖန်တီးနိုင်စွမ်း → အောင်မြင်မှု
ဆိုတဲ့ ခရီးလမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းပါ။ ❤️
ကျောင်းသားတို့ရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှု၊ အားပေးသံတွေ၊ အောင်ပွဲခံမှုတွေကြားမှာ ဆရာ၊ ဆရာမတွေရဲ့ ပင်ပန်းမှုတွေ အားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပါတယ်။
ကျောင်းသားတို့အတွက် တစ်ခုခုလုပ်ပေးနိုင်တိုင်း ပီတိဖြစ်ရပါတယ်။
ကျောင်းသားတို့ကိုယ်တိုင် တစ်ခုခုဖန်တီးနိုင်လာတိုင်း ပို၍ဂုဏ်ယူရပါတယ်။ ❤️
ဒီအောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ပါဝင်ကူညီပေးခဲ့ကြတဲ့ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
🌟 ကျောင်းသားတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ပေးနိုင်သော ကျောင်းတစ်ကျောင်း၊
စဉ်းစားတတ်၊ ဖန်တီးတတ်၊ ပူးပေါင်းတတ်ပြီး မိမိတို့ကိုယ်တိုင် ဦးဆောင်နိုင်သော လူငယ်များ ဖြစ်ထွန်းလာစေရန် အတူတကွ ဆက်လက်တည်ဆောက်ကြပါစို့။ 🌟
⚽🏆 SCC CUP — Memories, Teamwork & Young Minds in Action! 🏆⚽