Aie Ponnya

Aie Ponnya Aie Ponnya (အာဲပညာ) is the name in Mon language, meaning educational inheritance. We inherit everyone a quality education.

Aie Ponnya is an international school affiliated with and approved by Pearson Education, the UK's largest awarding body and we are regulated by Ofqual (England), CCEA Accreditation (Northern Ireland) and Qualifications Wales (Wales). We offer academic and vocational qualifications that are globally recognised and bench-marked, with educational excellence rooted in names like Edexcel and BTEC. Aie

Ponnya envisions every student going everywhere. Our students excel not only in intellectual pursuits but also thrive in spiritual, moral, social, and complex cultural contexts. We believe this vision is achievable by placing joyful learning at the center of everything we do. Joyful learning goes beyond mere academic achievement to foster curiosity, wonder, and a love for discovery as believe that learning rooted in joy is transformative, engaging the whole person – mind, heart, and spirit. Through joyful learning, every student not only learn successfully and independently but also grow well everywhere.

Episode Threeသားသားမီးမီးတို့ကို နိုင်ငံခြားသွားပြီး ပညာသင်ကြားရနိုင်ဖို့ ဆိုတာ ဖေဖေ မေမေတို့အတွက် အိပ်မက် တစ်ခု ဖြစ်ပါလ...
25/08/2026

Episode Three

သားသားမီးမီးတို့ကို နိုင်ငံခြားသွားပြီး ပညာသင်ကြားရနိုင်ဖို့ ဆိုတာ ဖေဖေ မေမေတို့အတွက် အိပ်မက် တစ်ခု ဖြစ်ပါလိမ့်မယ်…

ဒါဆို ဘယ်နိုင်ငံ တွေမှာ သွားတက်ဖို့ ဖြစ်နိုင်မလဲ ?
ဘယ်တက္ကသိုလ်တွေကို ဘယ်လို ရွေးချယ်လို့ ရနိုင်မလဲ ?
သွားတက်ဖို့ဆိုတာ လွယ်ပါ့မလား ? … စတဲ့ မေးခွန်းပေါင်း များစွာအတွက် Aie Ponnya မှာ အဖြေရှိပါတယ်နော် …
အဲဒီ အဖြေကိုတွေ သိချင်ရင်တော့ လစဉ် ပြုလုပ်နေကျ PCLS ကို သိဖို့လိုပါတယ် … PCLS ဆိုတာ Parent, Connect and Learn Series ပဲဖြစ်ပါတယ် … ရည်ရွယ်ချက်က
• Connect - မိဘများ အချင်းချင်း ဆက်သွယ်ကြမယ်
• Learn - သင်ယူကြမယ်
• Promote - မိဘအုပ်ထိန်းမှု ဆိုင်ရာ အသိပညာနဲ့ အလေ့အထများ တိုးတက် မြင့်မားစေမယ် …

အာဲပညာ (Aie Ponnya) က PCLSeries အစီအစဉ်ရဲ့ တတိယအကြိမ် Episode Three ကို လာမယ့် August 28, 2026 (Friday) မှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အသိပေးပါရစေ …

Episode Three မှာ ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ “မြန်မာကျောင်းသားများအတွက် အဆင့်မြင့်ပညာ ရွေးချယ်စရာ” ပဲ ဖြစ်ပါတယ်… တနည်းပြောရရင် သားသမီးတွေအတွက် နိုင်ငံခြားက ဘယ်တက္ကသိုလ်တွေမှာ ဘယ်လိုရွေးချယ် တက်ရောက်လို့ရနိုင်မလဲ… ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်…
အခုတစ်ပတ်မှာလည်း ပြီးခဲ့တဲ့ Episode တွေတုန်းက အတိုင်းပဲ ဆက်လက်ပြီး တက်တက်ကြွကြွ ပါဝင် တက်ရောက် ပေးကြဖို့ ဖေဖေ မေမေတို့ကို ထပ်မံပြီး ဖိတ်ခေါ်ပါရစေ …

Program: PCLS: Episode Three
Topic: Global Pathways: Higher Education Options for Myanmar Students (နိုင်ငံတကာ လမ်းကြောင်းများ - မြန်မာကျောင်းသားများအတွက် အဆင့်မြင့်ပညာ ရွေးချယ်စရာ)
Speaker: Dr. Htay Min Hlaing (Engineering Manager)
Time: August 28, 2026 (Friday); 8:00 pm to 9:00 pm Rangoon
Location: Zoom Meeting

မော်လမြိုင်မြို့၏ ပထမဦးဆုံး ဖြစ်သည့် Lower Secondary British Council Partner School { AIE PONNYA INTERNATIONAL SCHOOL}B...
23/08/2026

မော်လမြိုင်မြို့၏ ပထမဦးဆုံး ဖြစ်သည့် Lower Secondary British Council Partner School { AIE PONNYA INTERNATIONAL SCHOOL}
Benefit Of Being a British Council Partner School

မွန်ပြည်နယ် မော်လမြိုင်မြို့အတွက် မိဘများအနေဖြင့် သား/သမီးများ၏ အနာဂတ် ရည်မှန်းချက် ပြည့်မှီခြင်း ဆိုင်ရာ ဖြစ်သည့် ပညာရေး ရင်းနှီးမြှပ်နှံမှုအား အကောင်အထည်ဖော်နိုင်မှုနှင့် တွန်းအားပေးမှု အခြေအနေကောင်းတစ်ရပ် ထပ်မံပေါ်ထွက်လာပါပြီ။ အသုံးချမှုနှင့် မှန်ကန်သည့် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုသည် ကျွန်တော်တို့ အနားတွင် ရှိနေပြီး ဖြစ်ပါသည်။

Aie Ponnya International School ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည် British Council (BC) ဆိုတာဘာလဲ ?
British Council Partner School ဆိုတာ ****
# # UK နိုင်ငံတကာ သင်ရိုးညွန်းတမ်းတွေကို သင်ကြားပို့ချနေတဲ့ နိုင်ငံ ၃၂နိုင်ငံက ကျောင်းသား ၂၀၀၀ကျော်ကို ချိတ်ဆက်ပေးတဲ့ British Council Partner School အစီအစဉ်မှာ ပါဝင်ပြီး Partner School ဖြစ်တယ်ဆိုတာ ကျောင်းဦးဆောင်သူ/ ဆရာ/မများ ကျောင်းသူ/ကျောင်းသား၊ မိဘများအတွက် အလွန်တန်ဖိုးရှိတဲ့ PROFESSIONAL အကူအညီတွေ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေ ရရှိမှာ ဖြစ်ပါတယ်။
$$$ British Council Partner School တွေဟာ Combridge Oxford AQA နဲ့ PEARSON EDEXCEL တို့လို UK ရဲ့ ထိပ်တန်းစာစစ် အဖွဲ့အစည်းတွေ (Exam Boards) နဲ့ချိတ်ဆက် ရတဲ့ အပြင် ကျောင်းအတွက်သာမက ကလေးများပါ ဖွံဖြိုးတိုးတက်ရေး၊ ရေရှည်အောင်မြင်နိုင်ရေးတို့အတွက် အထောက်အပံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
#@ British Council နှင့် Partner School အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခြင်းသည် စာမေးပွဲ ဖြေဆိုမှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသည့်အပြင် Aie Ponnya International School၏ ကျောင်းသူ/ သား များအတွက်လည်း အခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။
~×&% ထိုအပြင် ကျောင်းသား/သူများ၏ စွမ်းရည်ပေါ်မူတည်ပြီး ပြိုင်ပွဲများ၊ Conference များနှင့် BC ၏ Global Network ကနေ နိုင်ငံတကာ အဆင့် အခွင့်အလမ်းများကိုပါ ပံ့ပိုး ဖန်တီးပေးနိုင်တော့မှာပါ။

မိတ်ဆွေ သင်၏ ဆုံးဖြတ်ချက်သည် သားသား မီးမီးများ၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်မည် ဖြစ်ပြီး ကျွန်တော်တို့ Aie Ponnya International School သို့ ယုံကြည်စိတ်ချစွာဖြင့် ကျောင်းအပ်နှံနိုင်ပြီး သင်ကြားပေးမှု အပိုင်းတွင် စေတနာအပြည့်ဖြင့် အကောင်းဆုံး သင်ကြားပြသပေးသော ဆရာ/မများ စနစ်တကျ ပံ့ပိုးပေးသော ခေါင်းဆောင်များနှင့် ဝန်ထမ်းများ၏ ကြိုးပမ်ူမှုဖြင့် ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပြီး ဖြစ်ပါသည်။

Youth Leadership and Development Programစိမ်ခေါ်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး မြင့်မားလာတဲ့ ယနေ့ခေတ်မှာ လူငယ်တွေအတွက...
14/08/2026

Youth Leadership and Development Program

စိမ်ခေါ်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး မြင့်မားလာတဲ့ ယနေ့ခေတ်မှာ လူငယ်တွေအတွက် အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှု မဟုတ်ပါ… စာတော်နေယုံနဲ့ မလုံလောက်တော့ပါ… အောင်မြင်ဖို့က Intellectual သာမက mental, emotional, analytical နဲ့ social skills တွေ လိုအပ်ပါတယ်…
အဲဒီ လိုအပ်ချက်တွေ အများကြီးအတွက် အာဲပညာ (Aie Ponnya) ရဲ့ Youth Leadership and Development Programme မှာ အဖြေ ရှိတယ်နော်…

သင်တန်းတက်ဖို့ သင့်တော်မည့်သူတွေ ကတော့
• အသက် ၁၆ နှစ်မှ ၂၅ နှစ် အရွယ် လူငယ်များ
• တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုအောင်မြင်ထားပြီး တက္ကသိုလ်တက်နေသူများ
• နိုင်ငံခြား တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားလိုသူများ

ရည်ရွယ်ချက်များ
• အင်္ဂလိပ်စာ level တစ်ခုကို အချိန်တိုအတွင်း စနစ်တကျနှင့် ထိရောက်စွာ သင်ယူနိုင်ရန် [Intensive English Course Pre-Intermediate Level]
• ယုံကြည်မှုအပြည့်နှင့် လူရှေ့စကားပြောတတ်စေရန် [Presentation Skill]
• ယနေ့ခေတ်မှာ အိုင်တီပညာကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သော နိုင်ငံသား [Digital Citizens] များ ဖြစ်လာစေရန်
• ယနေ့ခေတ် ပညာသင်ကြားမှု၊ လက်တွေ့ဘဝနှင့်၊ အသက်မွေးဝမ်းကြောင်းမှု တို့အတွက် အရေးပါသည့် လက်တွေ့ဘဝ စွမ်းရည်များ [Life Skills] ရရှိစေရန်
• မိမိဘာသာမိမိ လေ့လာသင်ယူတတ်သည့် အရည်အချင်းနှင့် အလေ့အကျင့်ကောင်းများ [Self-Learning Practice] ကို မွေးမြူပေးရန်
• ဘဝအတွက် လိုအပ်သည့် မိမိကိုယ်မိမိ ယုံကြည်မှု [Self-Confidence] မြင့်မားလာစေရန်
• ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့၌ အောင်မြင်စေရန် [Communication Skill]
• လူငယ်များကို အသက်မွေးဝမ်းကြောင်းမှုနှင့် ပတ်သက်သော အသိပညာများ ရရှိစေပြီး သင့်တော်မည့် အသက်မွေးဝမ်းကြောင်းမှု အလုပ်ကို ရွေးချယ်တတ်စေရန် [Career Literacy]
• ၂၁ ရာစု သင်ယူမှု၊ လူ့အဖွဲ့အစည်းမှာ ဝင်ဆံ့လုပ်ကိုင်နေနိုင်ဖို့ အဆင်သင့်ဖြစ်နေသော 21st Century Learners များဖြစ်စေရန်

21-CYLC မှာ ဘာတွေ သင်မှာလဲ
• General English Intensive Course [Elementary/ Pre-Intermediate Level]
• Digital Literacy
• Leadership Essentials
• Presentation Skill
• Communication Skill
• Career Literacy
• Personal Grooming & Reception for Workplace
• Library Use & Research
• Self-Learning Practice
• Field/ Exploratory Visits and trip for Fun & Team Building (optional)

သင်တန်းက ၃ လ ကြာမှာပါ… September လ မှာ စတင် ဖွင့်လှစ်မှာ ဖြစ်တယ်…
Promotion အစီအစဉ်တွေလည်း ရှိမှာ ဖြစ်လို့ အသေးစိတ်သိရအောင် ချက်ချင်းပဲ ဆက်သွယ်လိုက်ရအောင် …

ဝါဆိုသင်္ဃန်းဝါတွင်းကာလ တစ်ကျောင်း တစ်နေရာမှာသာ သီတင်းသုံးတော့မယ့် ရဟန်းတော်များအား ရည်မှန်းပြီး အာဲပညာ မိသားစုမှ ဝါဆို ...
28/07/2026

ဝါဆိုသင်္ဃန်း

ဝါတွင်းကာလ တစ်ကျောင်း တစ်နေရာမှာသာ သီတင်းသုံးတော့မယ့် ရဟန်းတော်များအား ရည်မှန်းပြီး အာဲပညာ မိသားစုမှ ဝါဆို သင်္ဃန်းကပ်လှူကြပါတယ် …

#ဝါဆို

Episode Twoသားသားမီးမီးတို့ကို ဘယ်လို နည်းလမ်းတွေနဲ့ အုပ်ထိန်းရမလဲ၊ စည်းကမ်းချမှတ် ရမလဲ …လွယ်ကူ ရိုးရှင်း လှတဲ့ အလုပ်တစ်...
24/07/2026

Episode Two

သားသားမီးမီးတို့ကို ဘယ်လို နည်းလမ်းတွေနဲ့ အုပ်ထိန်းရမလဲ၊ စည်းကမ်းချမှတ် ရမလဲ …
လွယ်ကူ ရိုးရှင်း လှတဲ့ အလုပ်တစ်ခု မဟုတ်တာတော့ သေချာတယ် … အဲဒီအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ချဉ်းကပ်ရမလဲ ဆိုတာကို အခု အာဲပညာရဲ့ PCLSeries အစီအစဉ်ရဲ့ ဒုတိယအကြိမ် Episode Two မှာ ဆွေးနွေးကြမှာ ဖြစ်တယ် …

Episode Two ကို လာမယ့် July 30, 2026 (Thursday) မှာ ပြုလုပ်သွားမှာပါ …

Episode Two မှာ ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ Positive parenting and discipline strategies (အပြုသဘောဆောင်သည့် မိဘ အုပ်ထိန်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းများ) အကြောင်းပဲ ဖြစ်ပါတယ် …

အခုတစ်ပတ်မှာလည်း အရင် Episode One တုန်းက အတိုင်း ဆက်လက်ပြီး တက်တက်ကြွကြွ ပါဝင် တက်ရောက်ဆွေးနွေးပေးကြဖို့ ဖေဖေ မေမေတို့ကို ထပ်မံပြီး ဖိတ်ခေါ်ပါရစေ …

Program: PCLS - Episode Two
Topic: Positive parenting and discipline strategies (အပြုသဘောဆောင်သည့် မိဘ အုပ်ထိန်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းများ)
Time: July 30, 2026 (Thursday); 7:00 pm to 8:00 pm (Rangoon)
Location: Zoom Meeting

01/07/2026

Weekend Piano and Violin Classes

သားသားမီးမီးတို့ကို စိန်ခေါ်မှု အသစ်တွေ ရစေဖို့ တယ်ဆိုရင် “The Aie Band” ကို Join လိုက်ပါ။ July 4 ရက်နေ့မှာ စတင်မှာဖြစ်တဲ့ Piano နဲ့ Violin အတန်းတွေ မှာ စာရင်းသွင်းလို့ ရပါပြီ။

ဂီတအနုပညာ သင်ယူခြင်းမှ ရရှိမယ့် အကျိုးကျေးဇူးတွေကတော့
🎻အာရုံစူးစိုက်မှု အားကောင်းစေခြင်း
🎻စိတ်ရှည်သည်းခံနိုင်ခြင်း
🎻စည်းကမ်းသေဝပ်ခြင်း
🎻အကြားအာရုံသုံးပြီး ကြွက်သားများကို စည်းချက်နှင့် စနစ်တကျလှုပ်ရှားနိုင်ခြင်း
🎻မိမိကိုယ်ကို မိမိယုံကြည်မှုမြင့်မားစေခြင်း
စသည်တို့ကို ရရှိနိုင်သည့်အပြင် ဂီတရဲ့ နူးညံမှုကြောင့် စိတ်ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စေမှာဖြစ်လို့ အခုပဲ စာရင်းသွင်းလိုက်တော့နော် ...

Aie Ponnya (အာဲပညာ) is the name in Mon language, meaning educational inheritance. We inherit everyone a quality education.

01/07/2026

Creativity skills are the ability to solve the complex problems….

PCLS - Episode 1Talking with your teenage children (သင့်ရဲ့ ဆယ်ကျော်သက် ကလေးတွေနဲ့ ဘယ်လို စကားပြောမလဲ) ဆိုတဲ့ ခေါင်းစဉ်န...
22/06/2026

PCLS - Episode 1

Talking with your teenage children (သင့်ရဲ့ ဆယ်ကျော်သက် ကလေးတွေနဲ့ ဘယ်လို စကားပြောမလဲ) ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ခဲ့တဲ့ ပထမဦးဆုံး PCLS ဆွေးနွေးပွဲ

မိဘ၊ အုပ်ထိန်းသူများအားလုံးရဲ တန်ဖိုးရှိလှတဲ့ အချိန်တွေအတွက် အလဟဿ မဖြစ်ဘဲ အကျိုးရှိကြမယ်လို့ မျှော်လင့်ပါတယ် ...

အားလုံးကို ကျေးဇူးအထူး တင်ရှိကြောင်း မှတ်တမ်းတင်ရင်း နောက်လ Episode 2 မှာ ထပ်ပြီး ဆုံကြပါစို့ ...

Aie Ponnya's Lab - A place where students learn by doingOne won't forget the experience of experimenting and learning by...
20/06/2026

Aie Ponnya's Lab - A place where students learn by doing

One won't forget the experience of experimenting and learning by one's own, known as experiential learning, according to the American educator John Dewey, who focused educational philosophy from memorization to real-world application.

ပညာရေး အတွေးအခေါ်ကို အလွတ်ကျက်ခြင်းကနေ လက်‌တွေ့ဘဝအတွင်း အသုံးချခြင်းသို့ ပြောင်းလဲခဲ့သူ အမေရိကန် ပညာ အမေရိကန်ပညာရှင် ဂျွန်ဒူဝီ၏ အဆိုအရ အတွေ့အကြုံဆိုင်ရာ သင်ယူမှုဟု လူသိများသော ကိုယ်တိုင်စမ်းသပ်ပြီး သင်ယူရတဲ့ အတွေ့အကြုံကို မေ့မှာ မဟုတ်ပါ။

A learning environment (or) Aie Ponnya As a learning environment matters, engagement is also a key. Peer and group learn...
18/06/2026

A learning environment (or) Aie Ponnya

As a learning environment matters, engagement is also a key.
Peer and group learning promote full engagement and effective learning.

သင်ယူမှု ပတ်ဝန်းကျင်က အရေးကြီးသလို သင်ယူစဉ် သားသားမီးမီးတို့ရဲ့ ပါဝင်လုပ်ဆောင်မှုကလည်း ပဓာန ဖြစ်တယ် ... အချင်းချင်း သင်ယူလေ့လာခြင်း၊ အုပ်စုအလိုက် သင်ယူလေ့လာခြင်းတို့ဟာ သင်ယူစဉ် အပြည့်အဝ ပါဝင်လုပ်ဆောင်မှုနဲ့ ထိထိရောက်ရောက် သင်ယူနိုင်မှုကို တော်တော်လေး အားပေးပါတယ် ...

Address

3B, Thamadi Road, Taung Wyne Quarter
Mawlamyine

Alerts

Be the first to know and let us send you an email when Aie Ponnya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share