Polaris International Learning Centre

Polaris International Learning Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Polaris International Learning Centre, School, 13(C) Ayaepaingkone Street, Mawlamyine.

Hello မင်္ဂလာပါရှင်မူကြိုအရွယ်ကလေးမိဘများအတွက် သတင်းကောင်းလေးပါးပါရစေရှင့်။ Pre-school အတွက် ကျောင်းအပ်လက်ခံပါပြီရှင့်။I...
04/07/2023

Hello မင်္ဂလာပါရှင်
မူကြိုအရွယ်ကလေးမိဘများအတွက် သတင်းကောင်းလေးပါးပါရစေရှင့်။ Pre-school အတွက် ကျောင်းအပ်လက်ခံပါပြီရှင့်။

Impact Institute -Mawlayine တွင် အသက်(၃နှစ်-၄နှစ်ခွဲ)အရွယ် ကလေးငယ်များကို မွန်တက်ဆိုရီနည်းဖြင့် မူလတန်းကြိုပညာရေးအဖြစ် လေ့ကျင့်သင်ကြားပေးနေပါပြီရှင့်။

မွန်တက်ဆိုရီနည်းပညာဆိုတာ ကလေးများ၏တီထွင်ကြံဆမှု၊ ပြဿနာဖြေရှင်းခြင်း၊လူမှုရေးနှင့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာအတတ်ပညာများကို အလေးပေးလုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
Impact Institute-Mawlamyine Pageတွင်ဖြစ်စေ
လိပ်စာ- စစ်ကဲကုန်းရပ်ကွက် ၊ လွမ်းသာဆေးခန်းအနီး အရေးပိုင်ကုန်းလမ်း အိမ်နံပါတ် (13(C) မော်လမြိုင်မြို့
တို့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဖုန်းနံပါတ် 09256588984
(only 10)
-school

#2023-24

Hello မင်္ဂလာပါရှင်Starters , movers , flyers ( YLE )ဆိုတာ ဘာလဲ ဘာအတွက်လဲ မေးတဲ့ကျောင်းသားမိဘများအတွက် ပြောပြချင်ပါတယ်ရှ...
25/05/2023

Hello မင်္ဂလာပါရှင်
Starters , movers , flyers ( YLE )ဆိုတာ ဘာလဲ ဘာအတွက်လဲ မေးတဲ့ကျောင်းသားမိဘများအတွက် ပြောပြချင်ပါတယ်ရှင်

CEFR ( Common European Framework of Reference for Languages ) အရ Cambridge မှ Young Learners English စာမေးပွဲများရှိပါတယ်

YLE ( Young Learners )အသက်၇ နှစ်မှစပီး ၁၄ နှစ်လောက်ထိ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်

Starter , mover , flyer ကတော့
အသက်အငယ်ဆုံးသားသားမီးမီးတို့အတွက် English language 4 skills ကို စစ်ဆေးပေးတဲ့Cambridge Exam ဖြစ်ပါတယ်

Starters - Pre A1
ဒီအတန်းလေးက သားသားမီးမီးတို့အတွက် English language ရဲ့ အခြေခံအကျဆုံး ဖြစ်လို့ သာသားမီးမီးတို့မပျင်းရအောင် ရုပ်ပြဇာတ်ကောင်လေးတွေနဲ့ မိတ်ဆက်တာပါရှင် English Channel တွေ သီချင်းလေးတွေ ကဗျာတွေကို နေ့စဉ်ကျက်မှတ်လေ့လာသင်ယူပီး အခြေခံအုတ်မြစ် တည်ဆောက်ရမှာပါရှင်
မြန်မာကစာမေးပွဲတွေလို ကျတာအောင်တာမရှိပါဘူးရှင်
ဖြေဆိုသူတိုင်း Cambridge အသိမှတ်ပြုcertificate ရရှိမှာပါ ရှင် Grade လေးတွေတော့ ကွာမှာပေါ့ရှင်ဖြေဆိုမှုပေါ်မူတည်ပီး

Movers - A1
ဒီအတန်းလေးကတော့ နေ့စဉ်လှုပ်ရှားပြုမှုတာလေးတွေ နဲ့ မိမိကိုယ်ကို မိတိဆက်ခြင်း ၊ nature’s activity လေးတွေကို သွက်လက်ဖြတ်လတ်စွာ ပြောဆိုလာနိုင်မှာပါရှင်
သူကလဲ Cambridge Certificate ရရှိမှာပါရှင်
မိမိဖြေဆိုမှုအရ Grade လေးတွေတော့ပါပါတယ်ရှင်

Flyers - A2
ဒီအတန်းလေးကတော့ English speaker တွေနဲ့ အပြန်အလှန် မှနိမှန်ကန်ကန်စကားပြောဆိုနိုင်မယ် basic phrases and expressions တွေကိုနားလည်နိုင်မယ် ပိုပိုပီး English နဲ့ပတ်သတ်ပီး ရင်းနှီးကျွမ်းဝင်လာမှာဖြစ်ပါတယ်ရှင်
သူလဲအပေါ်ကအတိုင်း Certificate ရရှိပီး Grade လေးတွေပါပါမယ်ရှင်

Starters, Movers, Flyers ဆိုပြီး level အလိုက်တက်ရောက်ရမှာဘဲဖြစ်ပါတယ်ရှင်

ထို့အပြင် Polaris သည် Exam preparation center ဖြစ်သောကြောင့် မိဘများ အနေဖြင့် Tests ကို center တွင်သာ ဖြေဆိုရမည်ဖြစ်ပါတယ်ရှင်

အသေးစိတ်သိရှိလိုပါက စစ်ကဲကုန်းရပ်ကွက် ၊ လွမ်းသာဆေးခန်းအနီး အရေးပိုင်ကုန်းလမ်း အိမ်နံပါတ် (13(C) မော်လမြိုင်မြို့
ဖုန်းနံပါတ် 09256588984



ပထမဦးဆုံး ပြောပြချင်တာကတော့ ကျွန်တော်ရဲ့ Polaris International Learning Center ကနေ  Impact Institute-Mawlamyine သို့ ပြေ...
25/05/2023

ပထမဦးဆုံး ပြောပြချင်တာကတော့
ကျွန်တော်ရဲ့ Polaris International Learning Center ကနေ Impact Institute-Mawlamyine သို့ ပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့ပါပြီ

အခုလို ဖွင့်လှစ်နိုင်အောင် ကူညီပေးသော
ဆရာဦးမျိုးသန်းထွန်း (Executive Director Impact Institute Myanmar ) ကိုယ့်အမ ဒေါ်ခိုင်သန္တာသန့် (Pan-Asia IS School-Thailand) နှင့်မိသားစုဝင်များ
ယုံယုံကြည်ကြည်အပ်နှံပေးကြတဲ့ မိဘများ ၊
ကူညီပေးကြတဲ့ ဆရာဆရာမ သင်တန်းသားများကို
အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Impact Institute- Mawlamyine တွင်
📖 Primary 1 (On Campus-Weekdays)

📖 Primary 2 (On Campus-Weekdays)

📖 Primary 3 (On Campus-Weekdays)

📖 Primary 4 (On Campus-Weekdays)

📖 Primary 1 (On Campus-Weekends)

📖 Primary 2 (On Campus-Weekends)

📖 Primary 3 (On Campus-Weekends)

📖 Primary 4 (On Campus-Weekends) များကို
တက်ရောက်သင်ကြားနိုင်ပြီး

📖Motessori Pre School
📖YL Class ( Starter , Mover, Flyer , KET, PET)
📖Olympiad Maths
📖Cambridge Science များကိုလည်း
လာရောက်သင်ကြားသင်ယူနိုင်ပါတယ် ရှင်

အသေးစိတ်သိရှိလိုပါက

အမှတ် (13/C) လွမ်းသောဆေးခန်းအနီး
အရေးပိုင်ကုန်းလမ်း စစ်ကဲကုန်းရပ် မော်လမြိုင်မြို့
ဖုန်းနံပါတ် - 09256588984

Polaris International Learning center တွင်(၃ နှစ် - ၄နှစ်ခွဲ) ထိ ကလေးများကို မွန်တက်ဆိုရီ နည်းဖြင့် မူလတန်းကြိုပညာရေး အဖ...
24/05/2023

Polaris International Learning center တွင်
(၃ နှစ် - ၄နှစ်ခွဲ) ထိ ကလေးများကို
မွန်တက်ဆိုရီ နည်းဖြင့် မူလတန်းကြိုပညာရေး အဖြစ်
လေ့ကျင့်သင်ကြားပေးနေပါပြီရှင်

မွန်တက်ဆိုရီနည်း ဆိုတာဘာလဲ❓

🔹မွန်တက်ဆိုရီနည်းသည်အီတလီဆရာဝန် မာရီယာမွန်တက်ဆိုရီ မှတီထွင်ခဲ့သောပညာရေးဆိုင်ရာနည်းလမ်းဖြစ်သည်။ ထိုနည်းလမ်း သည်ကမ္ဘာတစ်ဝှမ်းလုံး တွင်လူကြိုက်များခဲ့သည်။
အဓိကအနေနှင့် ကလေးများ၏ သဘာဝအလျှောက်ဖွံ့ဖြိုးမှုကို၊ မိမိကိုယ်ပိုင်လမ်းညွှန်သည့် လေ့လာမှုဝန်းကျင်တွင် စောင့်ကြည့်ပြီး ပံ့ပိုးပေးသောနည်းလမ်းတစ်ခုဖြစ်သည်။ မွန်တက်ဆိုရီနည်းလမ်းသည် ကလေးများ၏ တီထွင်ကြံဆမှု၊ ပြဿနာဖြေရှင်းခြင်း၊ လူမှုရေးနှင့် အချိန်စီမံခန့်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုအတတ်ပညာများကို အလေးပေးလုပ်ဆောင်ပေးသည်။

မွန်တက်ဆိုရီ အခြေခံမူ (၇) ခု
(7 Principles of Montessori)

၁။ ကစားခြင်းသည်အလုပ်ဖြစ်သည် (Play is work)

🔹မာရီယာမွန်တက်ဆိုရီသည်ကစားခြင်းသည်သင်ယူခြင်း၏ အဓိကကျသည့်နည်းလမ်းဖြစ် သည်ဟုယုံကြည်ပြီးကလေးများ၏ အသိပညာများအတွက် ကလေးများ၏ သဘာဝအလိုဆန္ဒရှိသည့် ကိရိယာများမှတစ်ဆင့်ပံ့ပိုး သင့်သည်ဟုဆိုသည်။

#ကစားခြင်းက​လေးများ၏ အလုပ်ဖြစ်တယ်
“Play is the work of the child.” Maria Montessori

၂၊၊ လွတ်လပ်ရေး (Independance)

🔹မွန်တက်ဆိုရီပညာရေးသည် လွတ်လပ်ရေးသို့ ဦးတည်သည်။ ၎င်းသည် စူးစမ်းရှာဖွေမှုကိုအား ပေးပြီး ကလေးများအား မိမိတို့ကိုယ်ကို၊ သူတို့ပိုင်ဆိုင် ရာများနှင့်ပတ်ဝန်းကျင်အတွက်တာဝန်ယူရန်သင်ကြားပေးသည်။
မွန်တက်ဆိုရီဇယားတွင်သိမ်း ဆည်းခြင်းသို့မဟုတ်ကိုယ်ပိုင်စောင့်ရှောက်ခြင်းစသည့်လက်တွေ့လုပ်ဆောင်မှုများပါဝင်လေ့ရှိသည်။

🔹မွန်တက်ဆိုရီချဉ်းကပ်မှု၏အဓိကစည်းမျဉ်းမှာ.....

❌ကလေးများသူတို့အောင်မြင်အောင်လုပ်နိုင်တယ်လို့ထင်ထားသည့်အလုပ်တစ်ခုကိုကလေးကိုဘယ်တော့မှမကူညီပါနဲ့။

Never help a child with a task at which he feels he can succeed.
Maria Montessori

၃။ လက်တွေ့သင်ယူခြင်း (Hands-on learning)

🔹ကလေးများသည် အတွေ့အ ကြုံများမှသင်ယူကြသည်။ ကလေးငယ်သည် မွေးဖွားချိန်မှ ၆ နှစ်အထိ၊ မှန်ကန်သောဝန်းကျင်တွင်နေထိုင်ရန်နှင့် စူးစမ်းလေ့လာရန်အခွင့်အလမ်းများရှိနေခြင်းအားဖြင့်ကလေးငယ်သည် အသစ် အသစ်သောအရာများကိုလွယ်ကူစွာနှင့် မသိစိတ်ဖြင့် သင်ယူနိုင် သည်။ မာရီယာမွန်တက်ဆိုရီက ဒီအယူအဆကို “စုပ်ယူနိုင်သောစိတ်” ဟုခေါ်သည်။ ဆိုလိုသည်မှာ ကလေးများသည် သတင်းအချက် အလက် အသစ်များကိုရေမြှုပ်တစ်ခုကဲ့သို့ “စုပ်ယူ” နိုင်သည် ဟုဆိုလိုသည်။

🔹ဘဝ၏အရေးကြီးဆုံးကာလသည်တက္ကသိုလ်ပညာရေးကာလမဟုတ်ဘဲပထမဆုံးမွေးဖွားချိန်မှခြောက်နှစ်အထိဖြစ်သည်။ ထိုအချိန်ကာလသည် လူတို့၏ ဉာဏ်ရည်ကိုဖွဲ့စည်းလျက်ရှိသည့်အချိန်ဖြစသည်ဟု မာရီယာမွန်တက်ဆိုရီ ကဆိုပါသည်။

၄။ လေးစားမှု (Respect)

🔹မွန်တက်ဆိုရီနည်းသည် ကလေးနှင့် မိဘကြား အပြန်အလှန်လေးစားမှု ရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာကလေးတစ်ဦးစီတွင် သူတို့၏ ကိုယ်ပိုင်လိုအပ်ချက်များ၊ စွမ်းရည်များ၊ သင်ယူမှုနည်းလမ်းများ နှင့်အတူ ထူးခြားသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ကို ကျွန်ုပ်တို့အနေနှင့် နားလည်ထား သည်ဟုဆိုလိုသည်။

၅။ ကန့်သတ်ချက်အတွင်းလွတ်လပ်ခွင့် (Freedom within limits)

🔹လွတ်လပ်မှုကို ကလေးတွေက သူတို့လုပ်ချင်တာကို လုပ်နိုင်တယ်လို့ မဆိုလိုပါဘူး၊၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် သူတို့အား ကျွန်ုပ်တို့ ရွေးချယ်ထားသောရွေးချယ်မှုများမှ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေး ခြင်းဖြစ်သည်။

#ဥပမာ..သူတို့လုပ်ဆောင်လိုသောလှုပ်ရှားမှုဖြစ်စေ၊ သူတို့ဝတ်ဆင်လိုသည့်ဝတ်စားဆင်ယင်မှုဖြစ်စေလွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွန်တက်ဆိုရီဆရာများနှင့် မိဘများသည် လမ်းပြများ သို့မဟုတ်၊ ဥယျာဉ်မှူးများဖြစ်ကြသည်၊၊ ကျွန်ုပ်တို့သည်မှန်ကန်သော အခြေအနေများကိုပေးနိုင်ပြီး လမ်းကြောင်း မှန်ကိုညွှန်ပြနိုင်သော်လည်း ကျွန်ုပ်တို့၏ ကလေးများသွားရန်ဆုံးဖြတ်ချက်ကို လေးစားကြောင်းပြသခြင်းဖြစ်သည်။

၆။ လေ့လာတွေ့ရှိချက် (Observation)

🔹မွန်တက်ဆိုရီအတွေးအခေါ်တွင်ကလေးများကိုပြုစုပျိုးထောင်ခြင်းဆိုသည်မှာ သူတို့ကိုဂရုတစိုက်စောင့်ကြည့်ခြင်းနှင့်သူတို့စိတ်ဝင်စားသည့်အရာကိုသတိပြုမိခြင်းဖြစ်သည်။
ကလေးများအားစောင့်ကြည့်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်သင့်လျော်သောလုပ်ဆောင်မှုများကိုပေးစွမ်းနိုင်ပြီး၎င်းတို့အားလက်ရှိအာရုံထားသည့်ကျွမ်းကျင်မှုများကို တိုးတက်စေရန်အထောက်အကူပြုမည့် ပတ်ဝန်းကျင်တစ်ခုကို လည်းဖန်တီးပေးနိုင်သည်။

၇။ ပြင်ဆင်ထားသောပတ်ဝန်းကျင် (Prepared Environment)

🔹ပြင်ဆင်ထားသောပတ်ဝန်း ကျင်သည်မွန်တက်ဆိုရီနည်းလမ်း၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် ကလေးများ လွတ်လွတ်လပ်လပ်နှင့် လွတ်လပ်စွာလှုပ်ရှားနိုင်သည့် လှပသောပတ်ဝန်းကျင်တစ်ခုဖြစ်သင့်သည်။ မွန်တက်ဆိုရီနှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်ကိုလည်း စနစ်တကျဖန်တီး ထားသင့်ပါသည်
#10 limited Seat

Address

13(C) Ayaepaingkone Street
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Polaris International Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category