We Learn Education Centre

We Learn Education Centre We Learn For A Better Future!

We Learn မှာ small book corner လေးထားရှိပေးခဲ့တဲ့ ကျောင်းစမဖွင့်ခဲ့ကတည်းကပါ။ မြန်မာစာအုပ်တွေ ထားပေးသလို English book တွေ...
13/05/2026

We Learn မှာ small book corner လေးထားရှိပေးခဲ့တဲ့ ကျောင်းစမဖွင့်ခဲ့ကတည်းကပါ။

မြန်မာစာအုပ်တွေ ထားပေးသလို English book တွေကတော့ sight word လို့ခေါ်တဲ့ တစ်လုံးချင်းစီဖတ်ရတဲ့ စာအုပ်ကနေစပြီး Harry Potter series အစ- အဆုံးထိ ထားပေးထားပါတယ်။

စာအုပ်အားလုံးဟာ US/ UK ရဲ့ authentic book, pre loved နဲ့ printed book တွေပါ။ နှစ်စဉ်လည်း သတ်မှတ်ထားတဲ့ ငွေ amount သိန်းဂဏန်းထိ ဝယ်ဖြည့်​ပေးပါတယ်။

ကိုယ်တိုင်လည်း English novel and story တွေ ဖတ်သလို ကျောင်းသားတွေကိုလည်း ဖတ်လို့ကောင်းတာလေးတွေ review ပေးပါတယ်။ ဖတ်ဖို့လည်း တိုက်တွန်းပါတယ်။ စာဖတ်တဲ့ကျောင်းသားတွေဖြစ်စေချင်လို့ပါ။

ကျွန်မအမြဲတွေးဖြစ်တာတစ်ခုကတော့ We Learn ဟာ သင်တန်းအသေးလေးပေမယ့် အဆင့်အတန်းမီ သင်တန်းတစ်ခု ဖြစ်စေချင်တာပါ။

လူချမ်းသာတစ်စုသာ တက်နိုင်တဲ့ ကျောင်းမျိုးတွေမှာ အကြာကြီး စာသင်ခဲ့ဖူးပါတယ်။ (တစ်နှစ်ကျောင်းလခဟာ ကားသုံးစီးစာနီးပါးတန်ဖိုးရှိတဲ့) အဲ့ဒီ့လိုနေရာတွေက ပေးနိုင်တဲ့ quality ထက် မညံ့တဲ့ learning experience တွေဘဲ ပေးချင်ပါတယ်။

We Learn မှာတက်ဖူးတဲ့ကျောင်းသားတွေတိုင်းကို ဒီမှာတက်ခွင့်ရလို့ အမြဲဂုဏ်ယူရတဲ့ကျောင်းမျိုးဖြစ်အောင် ကြိုးစားပါဦးမယ်။

(ဒီပုံက စာလေးတွေကတော့ social media ပေါ်က တွေ့တဲ့ စာလေး တွေ့မိပြီး အတွေးဝင်သွားစေလို့ပါ။)

26/04/2026

Riddle, riddle, we have riddles
Ask and answer
We practice together!

Answer this riddle 👇👇👇

I have four legs and a tail,
I say meow, meow and I play
I like to chase a little mouse
Who am I in the house?

May everyone be fully blessed with physical and mental well-being. We Learn Education Centre
17/04/2026

May everyone be fully blessed with physical and mental well-being.

We Learn Education Centre

29/03/2026

English Only Zone!

🌟🌟🌟🌟🌟🌟🌟

We Learn ရဲ့ four skills class တွေမှာ English ကိုသာ အတန်းသုံး ဘာသာစကားအဖြစ် ပြောဆိုရပါတယ်။
အတန်းထဲဝင်တဲ့အချိန်ကစပြီး အတန်းပြီးသည် အထိ English only ပြောရတာကြောင့် ကျောင်းသားတွေဟာ ပိုပြီး practice ရလာပြီး confidence လည်း တဖြည်းဖြည်းတိုးလာပါတယ်။

Language အမှားလုပ်မိတာတွေက အဆင်ပြေပါတယ်။အရေးကြီးတာက မကြောက်ဘဲ ဆက်ပြောနေဖို့ပါ။
Learning by speaking is the key! 🔑

ဒီ video လေးမှာတော့ game တစ်ခုကစားရင်း speaking practice လုပ်နေတဲ့ကျောင်းသားတွေရဲ့ လှုပ်ရှားမှုလေးတွေ တွေ့ရမှာ ဖြစ်ပါတယ်။


29/03/2026

Let’s Speak English with Confidence!
ဒီနေ့တော့ A2 for Middle School Class က ကျောင်းသားတွေ English speaking ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေတဲ့ moment လေးတွေကို video အနေနဲ့ မျှဝေပေးလိုပါတယ်။

အမှားလုပ်မိမှာကို မကြောက်ဘဲ တစ်နေ့တစ်ခြား ပိုပြီး ယုံကြည်မှုရှိရှိနဲ့ ဘာသာစကားကို အသုံးပြုနေတဲ့သူတွေကို မြင်ရတာဟာ We Learn အတွက် အကောင်းဆုံးသော အခိုက်အတန့်တွေ ဖြစ်ပါတယ်။
Thank you for your hard work.

!

English သင်တန်းရွေးချယ်ရာဝယ်….  ကျွန်တော်တို့ သင်တန်းတွင် ✔ နားလည်မှုခိုင်မာခြင်း✔ အသုံးချနိုင်ခြင်း✔ တကယ်တတ်မြောက်ခြင်း...
28/02/2026

English သင်တန်းရွေးချယ်ရာဝယ်….

ကျွန်တော်တို့ သင်တန်းတွင်
✔ နားလည်မှုခိုင်မာခြင်း
✔ အသုံးချနိုင်ခြင်း
✔ တကယ်တတ်မြောက်ခြင်း
တို့ကို ပိုမို အရေးထားပါသည်။

📍သင်ခန်းစာတိုင်းကို အဆင့်လိုက် သင်ကြားပေးပြီး Practice များ၊ လေ့ကျင့်ခန်းများဖြင့် နားလည်မှု ခိုင်မာအောင် ပြုလုပ်ပေးပါသည်။

📍အတန်းတိုင်းတွင် စာမေးပွဲ ပါဝင်ပြီး
အောင်မှတ်ကို 60 Marks သတ်မှတ်ထားပါသည်။

ဤစနစ်သည် ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုကို သိရှိနိုင်ရန်သာ ဖြစ်ပါသည်။

🌱 မအောင်မြင်သေးပါက ဘာဖြစ်မလဲ?

တစ်ခါတစ်ရံ ကလေးက အောင်မှတ်ရဖို့ လိုအပ်နိုင်ပါတယ်။ ဒါဟာ အရှုံးမဟုတ်ပါ။

ထိုအခြေအနေမျိုးတွင် ကျောင်းဘက်မှ
✔ မိဘဆရာ တွေ့ဆုံ၍ Weak Points များကို ပြန်လည် စိစစ်ပေးခြင်း
✔ Remedial Support ပေးခြင်း
✔ ပြန်လည် ဖြေဆိုနိုင်သော အခွင့်အရေး ပေးခြင်း
တို့ဖြင့် တာဝန်ယူ ကူညီပေးပါသည်။

📍ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ…
“အမှတ်နည်းလို့ ရှက်ရမယ့် သင်တန်း” မဟုတ်ပါ။
“မနားလည်သေးတာကို နားလည်သည်အထိ လေ့ကျင့်ပေးမယ့် သင်တန်း” ဖြစ်ပါသည်။

📍ကျွန်တော်တို့၏ အာမခံချက်မှာ …
သင်ပေးပြီးရန် အဆုံးမဟုတ်ပါ။ တတ်မြောက်သည်အထိ တာဝန်ယူလိုပါတယ်။

📍Fail ဖြစ်ခြင်းကို အရှုံးဟု မမြင်ပါ။ တိုးတက်ရန် လိုအပ်သည့် အဆင့်တစ်ခုအဖြစ်သာ မြင်ပါသည်။

📍ထို့ကြောင့် မအောင်မြင်သေးလျှင်
ဆရာ၊ မိဘ အတူပူးပေါင်းကာ ကျောင်းသား ကြိုးစားကျော်ဖြတ်နိုင်ရန် ကူညီပေးလိုပါတယ်။

🌞 ဒီနွေရာသီမှာ ကလေးရဲ့ English အခြေခံကို ခိုင်မာအောင် လုပ်ပေးချင်ပါသလား???ကျောင်းပိတ်ရက်ကာလဟာ ကလေးတွေအတွက် သင်ယူမှုတိုးတ...
06/02/2026

🌞 ဒီနွေရာသီမှာ ကလေးရဲ့ English အခြေခံကို ခိုင်မာအောင် လုပ်ပေးချင်ပါသလား???

ကျောင်းပိတ်ရက်ကာလဟာ ကလေးတွေအတွက် သင်ယူမှုတိုးတက်စေဖို့ အရေးကြီးဆုံး အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်မှာသာ ရွေးချယ်ခဲ့တဲ့လမ်းကြောင့် ကျောင်းပြန်ဖွင့်ချိန်မှာ ကလေးရဲ့ ယုံကြည်မှုနဲ့ စွမ်းရည်တွေ ကွာခြားသွားတတ်ပါတယ်။

📚 ကျွန်တော်တို့ We Learn Education Centre ဟာ နွေရာသီကျောင်းပိတ်ရက်အတွက် ကလေးရဲ့ အသက်အရွယ်နဲ့ English Level အလိုက်
Summer English Class များကို စနစ်တကျ ၊ အဆင့်တန်းမီ ဖွင့်လှစ်သင်ကြားပေးနေပါပြီ။

ဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့ …

🔤 Phonics Class
✔️ အခြေခံအသံထွက်မှန်ကန်စေခြင်း။
✔️ မိခင်ဘာသာစကားကဲ့သို့ ဖတ်တတ်အောင် အခြေခံကနေ တည်ဆောက်ပေးခြင်း။
👉 English ကို မကြောက်တော့အောင် ကူညီပေးတဲ့ အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။

📘 Grammar Class
✔️ Grammar rule တွေကို အလွတ်ကျက်ခြင်းမဟုတ်ဘဲ အသုံးချနိုင်ရန် သင်ပေးခြင်းဖြစ်ပါတယ်။
✔️ စာရေးရာမှာ အမှားနည်းစေဖို့ အထောက်အကူဖြစ်စေခြင်း၊ writing တိုးတက်ခြင်းများအတွက် ဖြစ်ပါတယ်။

🗣️ Four Skills Class (Listening • Speaking • Reading • Writing)
✔️ English ကို စာသာမဟုတ်ဘဲ ဘာသာစကားကိုအသုံးချတတ်အောင် လေ့ကျင့်ပေးခြင်း။
✔️ ကိုယ်တိုင် ပြောရဲပြီး အခြားသူပြောသည်ကိုနားလည်လာစေ၍ ယုံကြည်မှု တိုးတက်စေပါတယ်။

🎓 High School Grammar Class
✔️ အထက်တန်းအဆင့် Grammar ကို အခြေခံကနေ ရှင်းလင်းသင်ကြားပေးပါတယ်။

👨‍👩‍👧‍👦 တစ်တန်းလျှင် ကျောင်း သားအရေအတွက် 17 ဦးသာ ကန့်သတ်ထားပြီး ကလေးတစ်ဦးချင်းစီကို ဂရုစိုက်သင်ကြားပေးပါတယ်။

📍 ဒါကြောင့် နွေရာသီအားလပ်ရက်မှာ ကလေးရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ English အခြေခံကို ပေးလိုက်ကြပါစို့။

📩 အသေးစိတ်သိရှိလိုပါက
We Learn Education Centre Page Messenger (သို့) 09404192207သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

✨ We Learn Education Centre
✨ We Learn For A Better Future!

ဒီနေ့ ရွှေတစ်ကျပ်သားကို ဘယ်လောက်စျေးပါလဲ ခင်ဗျာ …???📚 We Learn Education Centre ရဲ့ သင်တန်းမှာတော့ “ကလေးတစ်ယောက် ဆယ်နှစ်...
03/02/2026

ဒီနေ့ ရွှေတစ်ကျပ်သားကို ဘယ်လောက်စျေးပါလဲ ခင်ဗျာ …???
📚 We Learn Education Centre ရဲ့ သင်တန်းမှာတော့ “ကလေးတစ်ယောက် ဆယ်နှစ်လုံးလုံး တက်ဖို့ ရွှေတစ်ကျပ်သားဖိုး မကုန်ပါဘူးနော်။”

ဒါပေမယ့်—
✨ ကလေးရဲ့ English အခြေခံ
✨ စဉ်းစားနိုင်စွမ်း
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု
ဒီအရာတွေကတော့
အသက်ရှည်သရွေ့ ရနေလို့ရတဲ့ အမြတ် ဖြစ်သွားပါလိမ့်မယ်။

ရွှေက မိဘလက်ထဲမှာပဲ ရှိနေပါမယ်။ ပညာကတော့ကလေးရဲ့ ဘဝတစ်လျှောက် သယ်သွားနိုင်တဲ့ အမွေဖြစ်သွားပါလိမ့်မယ်။

💬 ရွှေတစ်ကျပ်သားက အချိန်နဲ့အမျှ စျေးပြောင်းနေနိုင်ပေမယ့်
📖 ပညာတစ်ခုကတော့ ဘယ်တော့မှ တန်ဖိုးမလျော့သွားပါဘူး။

ဒီနွေရာသီမှာ မိမိရဲ့ရွှေတစ်ကျပ်သားကိုသိမ်းထားရင်း
ရွှေထက်တန်ဖိုးထားရတဲ့ မိမိကလေးရဲ့ အနာဂတ်ကိုတော့ We Learn Education Centre နဲ့ အတူ တည်ဆောက်လိုက်ပါ။



အမှတ် ၃၃၂၊ ငန်းတေးရပ်ကွက််၊ မော်လမြိုင်မြို့
09 404192207

“79 နှစ်မြောက် မွန်အမျိုးသားနေ့ အခါသမယတွင်မွန်လူမျိုး၏ ယဉ်ကျေးမှု၊ စာပေနှင့် အမျိုးသားရေးအမွေအနှစ်များ အစဉ်အလာမပြတ် တည်တ...
02/02/2026

“79 နှစ်မြောက် မွန်အမျိုးသားနေ့ အခါသမယတွင်မွန်လူမျိုး၏ ယဉ်ကျေးမှု၊ စာပေနှင့် အမျိုးသားရေးအမွေအနှစ်များ အစဉ်အလာမပြတ် တည်တံ့ဖွံ့ဖြိုးပါစေကြောင်း … “ We Learn Education Centre မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မသင်ချင်ခဲ့တဲ့ အတန်းကျွန်မစာသင်ခဲ့ရတဲ့ကျောင်းတွေဟာ ရန်ကုန်မြို့မှာ နာမည်ရတဲ့ သင်တန်းတွေနဲ့ ဘိုကျောင်းစစ်စစ်တွေသာ ဖြစ်ခဲ့...
27/01/2026

မသင်ချင်ခဲ့တဲ့ အတန်း

ကျွန်မစာသင်ခဲ့ရတဲ့ကျောင်းတွေဟာ ရန်ကုန်မြို့မှာ နာမည်ရတဲ့ သင်တန်းတွေနဲ့ ဘိုကျောင်းစစ်စစ်တွေသာ ဖြစ်ခဲ့ပါတယ်။ ပြောရရင် အတော်ကိုအဆင်ပြေမှ ထားနိုင်တဲ့ ကျောင်းနဲ့ ဘိုသံပီသတဲ့ ကျောင်းတွေ ဆိုပါတော့ရှင်။

နယ်မှာကိုယ်ပိုင်သင်တန်းလေးဖွင့်ပြီး 2025 နှစ်စလောက်မှာ အခြား နယ်တစ်ခုက အမျိုးက အကူအညီတောင်းလို့ online လေး ပြန်သင်ဖြစ်ပါတယ်။ (2020 - 24 ထိ online သင်ခဲ့လို့ ကျွန်မနဲ့ online class ဟာ မစိမ်းနေခဲ့ပါဘူး။)

စိမ်းနေတာက ကျောင်းသားတွေပါ။ online တစ်ခါ join ဖို့ တစ်မျိုးလုံး ကူညီရပါတယ်။ အသံမဖွင့်တတ်၊ camera မဖွင့်တတ်အပြင် Where ဝဲယား ၊ There ဒဲယားနဲ့ စာဆိုကြတော့ ဖြစ်ပါ့မလား စိတ်ပူခဲ့ပါတယ်။ စာသင်နေရင် အနောက်က အမျိုးတွေ ဝိုင်းအုံကြည့်တာမျိုးလည်း ကြုံရပါတယ်။

ရွာကျောင်းနဲ့ ဘုန်းကြီးကျောင်းဘဲ ရှိတဲ့အရပ်မှာ ကျောင်းတွေမဖွင့်ရတော့ စာငတ်တဲ့ ကလေးတွေရဲ့ ဇွဲက လက်ဖျားခါရပါတယ်။ အတန်းမပျက်ဘူး၊ မဆူရဘူး၊ သေချာစာလုပ်ရင်းနဲ့ အခုဆို ကျွန်မ typo ဖြစ်ရင် သူတို့က ပြန်ထောက်၊ ပြန်မေးနေပါပြီ။

သူတို့မှာ သင်တန်းတက်ဖို့ အင်တာနက်ဖိုးကို နာရီနဲ့ပေးကြရပါတယ်။ နွားရောင်းပြီး ဖုန်းဝယ်ကြရပါတယ်။ ဒါပေမယ့် မညီးညူတတ်တဲ့ ကျောင်းသားလေးတွေပါ။ အခုဆို သူတို့အတန်းကို သင်ရတာ ပျော်လာပါတယ်။ Chemistry မိလာတယ်ပေါ့ရှင်။

အတွေ့အကြုံအသစ်တွေ၊ သိမြင်ခံစားမှုအသစ်တွေရရသလို အတုလည်း ယူရပါတယ်။ ကျွန်မအတွက်တော့
သူတို့ဟာ မီးလျှံကြားက ဖီးနစ်လေးတွေပါဘဲ။

အမြင့်ဆုံးကို ပျံနိုင်ကြပါစေ။ လောကကို အလှဆင်နိုင်ကြပါစေကွယ်……🩵🩵🩵

20/01/2026

မင်္ဂလာပါခင်ဗျာ။

ဒီနေ့မှာတော့ We Learn သင်တန်းကျောင်းရဲ့ ဘာသာစကားလေ့ကျင်ပေးနေပုံတစ်ခုကို မျှဝေပေးပါမယ် ခင်ဗျာ။

သင်ခန်းစာခေါင်းစဉ်… Adjective
သင်ကြားနည်းအဆင့် … Practice (PPP)
Classroom interaction … Group Work

We Learn For A Better Future!

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when We Learn Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share