Maha Bithuka-Constructions and Decoration

Maha Bithuka-Constructions and Decoration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maha Bithuka-Constructions and Decoration, 11, Yangon.

• Home Construction: Full-scale building services tailored to your lifestyle.
• Room Renovation: Functional and aesthetic interior makeovers for homes and offices.
• Architectural Design: Innovative planning and smart spatial design.

⚠️ "စျေးသက်သာတာထက်... တန်ရာတန်ကြေးနဲ့ စိတ်အေးရဖို့က ပိုအရေးကြီးပါတယ်"​ဒီနေ့မှာ အိမ်ရှင်မတစ်ဦးရဲ့ ရင်ဖွင့်သံလေးတစ်ခုကို ဖ...
11/03/2026

⚠️ "စျေးသက်သာတာထက်... တန်ရာတန်ကြေးနဲ့ စိတ်အေးရဖို့က ပိုအရေးကြီးပါတယ်"

​ဒီနေ့မှာ အိမ်ရှင်မတစ်ဦးရဲ့ ရင်ဖွင့်သံလေးတစ်ခုကို ဖတ်လိုက်ရလို့ အားလုံးအတွက် သင်ခန်းစာရအောင် ပြန်လည်မျှဝေပေးပါရစေ။ သူကတော့ အိမ်ဆောက်ရင်း (၃) ခါတောင် အလိမ်ခံခဲ့ရတယ်တဲ့ရှင်။

​✍ ဘာကြောင့် အိမ်ရှင်တွေ အလိမ်ခံရတာလဲ?

အဓိကကတော့ "စျေးသက်သာတာ" တစ်ခုတည်းကို ကြည့်ပြီး အပ်နှံလိုက်မိလို့ပါပဲ။ စျေးအနိမ့်ဆုံးပေးတဲ့ ကန်ထရိုက်ကို ရွေးလိုက်တယ်၊ တကယ်တမ်း ဆောက်တဲ့အခါ ကန်ထရိုက်က မနိုင်တော့ဘဲ ထွက်ပြေးသွားရော။ နောက်ဆုံးမှာတော့-
​အိမ်ရှင်မှာ ငွေ ၂ ခါ၊ ၃ ခါ ပြန်ကုန်ရတယ်။
​မူလကုန်ကျစရိတ်ထက် ပိုကုန်သွားတဲ့အပြင် အချိန်တွေလည်း ကြာသွားတယ်။
​ငွေကုန်ရုံတင်မကဘဲ စိတ်ဆင်းရဲမှုကတော့ အဆိုးဆုံးပါပဲ။
​✍ သိထားသင့်တဲ့ လက်ရှိစျေးကွက်ပေါက်စျေး

အခုခေတ်မှာ RC (သံကူကွန်ကရစ်) တစ်စတုရန်းပေ စျေးနှုန်းဟာ အသုံးပြုမယ့် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး 120,000 - 150,000 - 180,000 ဝန်းကျင်အထိ ရှိနေပါတယ်။ ဒါကြောင့် အရမ်းစျေးပေါနေရင် "ဘာကြောင့်လဲ" ဆိုတာကို အရင်ဆုံး သံသယရှိရှိနဲ့ စစ်ဆေးဖို့ လိုပါတယ်။

​💡 အိမ်ဆောက်တော့မယ့်သူတွေအတွက် အကြံပြုချက်

၁။ Online က စျေးနှုန်းသက်သက်နဲ့ မဆုံးဖြတ်ပါနဲ့: ဖုန်းထဲကနေ မေးတာထက် အဲ့ဒီကုမ္ပဏီ/ကန်ထရိုက် ဆောက်ပြီးစီးသွားတဲ့ အိမ်တွေကို ကိုယ်တိုင်သွားကြည့်ပါ။ လက်ရာကို မျက်မြင်စစ်ဆေးပါ။

၂။ တန်ဖိုးကို နားလည်ပါ: မိမိဆောက်မယ့်အိမ်က ၁၀ တန်း၊ ၂၀ တန်း မဟုတ်ပါဘူး။ သိန်းရာဂဏန်း၊ ထောင်ဂဏန်း ခက်ခက်ခဲခဲ စုဆောင်းထားရတာမို့ တစ်သက်စာအတွက် သေချာလေ့လာပြီးမှ အပ်နှံပါ။

၃။ ပညာရှင်နဲ့ တိုင်ပင်ပါ: Maha Bithuka မှာဆိုရင် အစကတည်းက စျေးနှုန်းကို အတိအကျ (Itemized Costing) နဲ့ တွက်ချက်ပေးလို့ ကန်ထရိုက်ပြေးမှာ၊ စျေးနှုန်းထပ်တက်မှာတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။

​"စေတနာရှေ့ထားပြီး တင်ပြပေးရခြင်းဖြစ်ပါတယ်။ လူအများ လှည့်ပတ်ခြင်းကင်းဝေးပြီး မိမိတို့ရဲ့ အိမ်မက်အိမ်လေးတွေကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်ကြပါစေရှင်။" 🙏🙏🙏

​🍏Maha Bithuka 🍏မှာ
စိတ်ချရတဲ့ လက်ရာ၊ မှန်ကန်တဲ့ စျေးနှုန်းနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ဆီကို လှမ်းလာခဲ့ပါရှင်။

​📞 အသေးစိတ်စုံစမ်းရန် -
09 766463498,09666003206

 #တစ်ထပ်ဒီဇိုင်းလေးမှကြိုက်နှစ်သက်သောမိတ်ဆွေများအတွက်ဘုရားခန်း - ဧည့်ခန်း - အိပ်ခန်း - မီးဖိုခန်း - အိမ်သာ/ရေချိုးခန်း တ...
11/03/2026

#တစ်ထပ်ဒီဇိုင်းလေးမှကြိုက်နှစ်သက်သောမိတ်ဆွေများအတွက်

ဘုရားခန်း - ဧည့်ခန်း - အိပ်ခန်း - မီးဖိုခန်း - အိမ်သာ/ရေချိုးခန်း တို့ဖြင့်ပါဝင်ဖွဲ့စည်းထားပြီး ရေ ၊ မီး ၊ ဆေး အပြီးအစီး အသင့်နေရုံဖြင့်​ တာဝန်​ယူတည်ဆောက်ပေးသွားမှာပါဗျ

🏠 သေးစိတ်အချက်အလတ်များကိုဆွေးနွေးတိုင်ပင်နိုင်ပါတယ် ။

🏠 ခန့်မှန်းထားသော Budget plan အတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးပေးခြင်း။

🏠 အဆောက်အဦးအတွက် ခန့်မှန်းကုန်ကျစရိတ်နှင့် အခန်းဖွဲ့တိုင်းတာခွဲဝေခြင်းကို အခမဲ့ တွက်ချက်ဝန်ဆောင်မှုပေးခြင်း။

🏠 လုပ်ငန်းအပ်နှံစာချုပ် ချုပ်ရာတွင်လဲအဆောက်အဦးတွင်ပါဝင်မည့်ပစ္စည်းများကို စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပေးခြင်း။

🏠 လုပ်ငန်းအပ်နှံရာတွင်လဲအဆောက်အဦးအတွက် လိုအပ်သော 2D 3D များအခမဲ့ရေးဆွဲပေးခြင်း။

🏠 ငွေပေးချေရာတွင်လဲ လုပ်ငန်းစဥ်အလိုက်ငွေကြေးထုတ်ယူမှုဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း။

🏠 နေရာဒေသမရွေးဆောက်လုပ်ရေးဝန်ဆောင်မှုပေးပါသည်။

🏠 နေရာဒေသအနီးအဝေးအပေါ်မူတည်ပီးခရီးစရိတ်လေးတော့ထပ်ပေါင်းမည်။

အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်အကြံပေးချင်/ မေးမြန်းချင်ပါက 𝗽𝗮𝗴𝗲 𝗺𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်

☎️09766463498 (𝚅𝚒𝚋𝚎𝚛)

“Maha Bithuka ​”
page​ ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဟောင်း၊ မိတ်သစ်များကို စိတ်တိုင်းကျကျေနပ်ဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် “Maha Bithuka” မိသားစု မှ‌ အစဉ်အမြဲ နွေးထွေးစွာ ကြိုဆိုလျက် ရှိပါတယ်ခမျာ❤️
✨✨✨✨✨✨✨

#𝐇𝐨𝐦𝐞𝐫𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧
#𝐇𝐨𝐦𝐞𝐝𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
#𝐇𝐨𝐦𝐞𝐝𝐞𝐬𝐢𝐠𝐧
#𝐒𝐰𝐞𝐞𝐭𝐡𝐨𝐦𝐞
#𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

ရုံးမှာDesign စဆွဲပြီဆိုတာနဲ့ အမြဲရှင်းပြနေရတဲ့လူနေအဆောက်အဦများတွင် အသုံးပြုသော လှေကားအမျိုးအစားများအကြောင်း✔️📸အဆောက်အဦဆ...
11/03/2026

ရုံးမှာDesign စဆွဲပြီဆိုတာနဲ့ အမြဲရှင်းပြနေရတဲ့လူနေအဆောက်အဦများတွင် အသုံးပြုသော လှေကားအမျိုးအစားများအကြောင်း✔️

📸အဆောက်အဦဆောက်လုပ်ရေးတွင် အသုံးပြုလေ့ရှိသော လှေကားအမျိုးအစား (၆) မျိုး၏ အဓိကဖော်ပြချက်များ ဖြစ်ပါတယ်ရှင်🙏🏼

၁။ အဖြောင့်လှေကား (Straight Staircase)

· ရိုးရှင်းသော မျဉ်းဖြောင့်ပုံစံ ဒီဇိုင်း
· လှေကားထစ်များ၊ လက်ရန်း၊ အုတ်နံရံ သို့မဟုတ် ကွန်ကရစ်နံရံဖြင့် ထောက်ကန်ထားခြင်း

၂။ အယ်လ်ပုံစံ လှေကား (L-Shaped Staircase)

· လှေကားဂေါက်ကွေး၍ (၉၀ ဒီဂရီ) ထောင့်မှန်ကွေ့သည့်ပုံစံ
· လှေကားထစ်များ၊ လက်ရန်း၊ သံချောင်းအားဖြည့်ကွန်ကရစ် အဆောက်အဦ

၃။ ယူပုံစံ လှေကား (U-Shaped Staircase)

· အလယ်အဆင်းစင် (Landing) တစ်ခုပါသော လှေကားနှစ်ခုပါဝင်သည့်ပုံစံ
· လှေကားထစ်များ၊ အလယ်အနင်းပြားနှင့် လက်ရန်း

၄။ ခရုပတ်လှေကား (Spiral Staircase)

· ကျစ်လစ်သော စက်ဝိုင်းပုံစံ ဒီဇိုင်း
· ယပ်တောင်ပုံသဏ္ဍာန် လှေကားထစ်များ၊ အလယ်တိုင်လုံး၊ လက်ရန်း၊ အပေါ်ထပ်ခန်းငယ်သို့ သွားရောက်နိုင်ခြင်း

၅။ လေပေါ်ဝဲလှေကား (Floating Staircase)

· ခေတ်မီသော အလှဒီဇိုင်း
· နံရံမှ လေလွင့်ထွက်နေသော လှေကားထစ်များ၊ နံရံတွင်းမြုပ်ကျိုးများဖြင့် ထောက်ကန်ထားခြင်း၊ ဖန်သားလက်ရန်း၊ ကွန်ကရစ်နံရံ၊ မီးအလှဆင်ခြင်း

၆။ လှပသော Helical လှေကား (Helical Staircase)

· ကွေးညွှတ်ပြီး ပြေပြစ်လှပသောပုံစံ
· ကွေးညွှတ်ထားသော လှေကားထစ်များ၊ အလယ်ဗဟိုတွင် လွတ်နေသောနေရာ၊ သတ္တုအဆောက်အဦ၊ သစ်သားလက်ရန်း

လှေကားများသည် အဆောက်အဦများတွင် အရေးပါသော အဆောက်အဦဆိုင်ရာနှင့် ဗိသုကာဆိုင်ရာ အစိတ်အပိုင်းများဖြစ်ပါသည်။ နေရာရရှိနိုင်မှု၊ အလှအပနှင့် လုပ်ဆောင်နိုင်စွမ်းတို့ပေါ် မူတည်၍ မတူညီသော ဒီဇိုင်းများကို အသုံးပြုကြပါတယ်။

အထက်ဖော်ပြပါ ပုံရိပ်ဖော်ပြချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော အများသုံးလှေကားအမျိုးအစားများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

အမျိုးအစားတစ်ခုချင်းစီတွင် ၎င်း၏ကိုယ်ပိုင် အဆောက်အဦဆိုင်ရာ ဒီဇိုင်း၊ ထောက်ကန်မှုစနစ်နှင့် အဆောက်အဦများတွင် အသုံးချမှုများ ရှိကြပါတယ်။

#မြို့ပြအင်ဂျင်နီယာ
#လှေကားဒီဇိုင်း
#အဆောက်အဦဆောက်လုပ်ရေး
#အဆောက်အဦအင်ဂျင်နီယာ
#ဆောက်လုပ်ရေးအသေးစိတ်
#မြို့ပြအင်ဂျင်နီယာကျောင်းသားများ
#အင်ဂျင်နီယာဗဟုသုတ
#ဗိသုကာဒီဇိုင်း
#ဆောက်လုပ်ရေးလေ့လာခြင်း
#မြို့ပြနည်းပညာအချိန်

---

ဒီအဆင့် (၁၀) ဆင့်မသိရင်အိမ်မဆောက်သေးပါနဲ့အဆင့် ၁ - အိပ်မက်နဲ့ ဘတ်ဂျက် (Dream & Budget)အိမ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတ...
09/03/2026

ဒီအဆင့် (၁၀) ဆင့်မသိရင်အိမ်မဆောက်သေးပါနဲ့

အဆင့် ၁ - အိပ်မက်နဲ့ ဘတ်ဂျက် (Dream & Budget)
အိမ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း (၃) ခုကို အရင်ဆုံးမေးကြည့်ပါ။

· ကိုယ်ဘယ်လိုအိမ်မျိုးကို တကယ်ဆောက်ချင်တာလဲ? (ခေတ်မီလား၊ ရိုးရာပုံစံလား၊ ဘန်ဂလိုလား)
· ကိုယ့်ရဲ့လက်ရှိဘဏ္ဍာရေးအခြေအနေအရ ဘယ်လောက်အထိ အကုန်ခံနိုင်မလဲ?
· ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခန်းပါတဲ့အိမ်မျိုးကို ဆောက်ချင်တာလဲ?

ဒီနေရာမှာ အရေးကြီးဆုံးအချက်က ဘတ်ဂျက်ပါ။ ကျွန်မအနေနဲ့ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၃၀% ကို မမျှော်လင့်တဲ့ကုန်ကျစရိတ်အတွက် အရန်ရန်ပုံငွေအနေနဲ့ ဖယ်ထားဖို့ အထူးအကြံပြုချင်ပါတယ်။

အဆင့် ၂ - မြေနေရာရွေးချယ်ခြင်း (Land Selection)
ကိုယ်ပိုင်မြေရှိပြီးသားလား၊ အသစ်ဝယ်ယူမှာလား။ မြေနေရာရွေးချယ်တဲ့အခါ ဒီအချက်တွေကို အထူးဂရုပြုစေချင်ပါတယ်။

· သွားလာရေးအဆင်ပြေရဲ့လား။
· မြေနေရာက ရေဝပ်ဒဏ်ခံရနိုင်ခြေရှိလား။
· မြေစာချုပ်စာတမ်း ခိုင်မာမှုရှိရဲ့လား။
· ရေ၊ မီး၊ ဆက်သွယ်ရေးကွန်ရက်တွေ အဆင်ပြေရဲ့လား။

အဆင့် ၃ - ဒီဇိုင်းရေးဆွဲခြင်းနဲ့ ပုံထုတ်ခြင်း (Design & Drawing)
ဒါဟာ ကိုယ့်အိမ်ရဲ့အသက်ပါ။ အတွေ့အကြုံရင့်ကျက်တဲ့ ဗိသုကာပညာရှင် (Architect) ကို ငှားရမ်းပါ။

· ကိုယ်နှစ်သက်တဲ့အိမ်ပုံစံတွေ၊ ရည်ညွှန်းပုံတွေယူသွားပြီး ဆွေးနွေးတိုင်ပင်ပါ။
· အခန်းတွင်းအသေးစိတ် (Interior Layout) နဲ့ အပြင်ပန်းသဏ္ဍာန် (Elevation) တွေကို သေချာလေ့လာပါ။
· အိမ်ရဲ့လေဝင်လေထွက်ကောင်းမွန်မှု၊ နေရောင်ခြည်ရရှိမှုကို အထူးအလေးပေးစေချင်ပါတယ်။

အဆင့် ၄ - ကုန်ကျစရိတ်ခန့်မှန်းခြင်း (Cost Estimation)
ဒီဇိုင်းပုံကြမ်းပြီးစီးပြီဆိုတာနဲ့ Quantity Surveyor (QS) က လိုအပ်မယ့်ပစ္စည်းစာရင်းနဲ့ ခန့်မှန်းကုန်ကျစရိတ် ထုတ်ပေးပါလိမ့်မယ်။

· အကြမ်းထည်ကုန်ကျစရိတ် (Shell Cost)
· အချောထည်ကုန်ကျစရိတ် (Finishing Cost)
· မီးဖိုချောင်နဲ့ ရေချိုးခန်းပစ္စည်းကုန်ကျစရိတ်

အဆင့် ၅ - လုပ်ငန်းအဖွဲ့အစည်းရွေးချယ်ခြင်း (Team Selection)
ကိုယ့်အိမ်ကို တည်ဆောက်ပေးမယ့်အဖွဲ့ဟာ အလွန်အရေးပါပါတယ်။

· Contractor (ကန်ထရိုက်တာ): အတွေ့အကြုံရှိသူ၊ ယုံကြည်ရသူ၊ အလုပ်အာမခံချက်ပေးနိုင်သူကို ရွေးချယ်ပါ။
· Project Manager (ပရောဂျက်မန်နေဂျာ): ကိုယ့်ကိုယ်စား ကြီးကြပ်ကွပ်ကဲမယ့်သူ (သို့) ကိုယ်တိုင်ပါဝင်ကြီးကြပ်မယ်။
· Site Supervisor (ဆိုက်ကြီးကြပ်): နေ့စဉ်လုပ်ငန်းခွင်ကို အနီးကပ်ကြီးကြပ်မယ့်သူ

အဆင့် ၆ - ခိုင်မာတဲ့စာချုပ်ချုပ်ဆိုခြင်း (Strong Contract)
ပါးစပ်ပြောဆိုချက်တွေနဲ့ လုံးဝမလုပ်ပါနဲ့။ ဥပဒေနဲ့အညီ စာချုပ်ချုပ်ဆိုပါ။ စာချုပ်မှာ အောက်ပါအချက်တွေ ပါဝင်ရပါမယ်။

· လုပ်ငန်းပြီးစီးမည့်ရက်
· အရည်အသွေးသတ်မှတ်ချက်
· အဆင့်ဆင့်ငွေပေးချေမည့်အစီအစဉ် (Milestone Payment)
· အသုံးပြုမည့်ပစ္စည်းအမျိုးအစားနဲ့ အမှတ်တံဆိပ်

အဆင့် ၇ - မြေပြင်အလုပ်စတင်ခြင်း (Site Work)

· မြေညှိခြင်း (Leveling): ဆောက်လုပ်မည့်မြေနေရာကို ညှိနှိုင်းပြင်ဆင်ခြင်း
· အုတ်မြစ်ချခြင်း (Foundation): မြေအမျိုးအစားပေါ်မူတည်ပြီး အုတ်မြစ်ချခြင်း။ ဒါဟာ အိမ်ရဲ့ခံနိုင်ရည်အတွက် အဓိကအကျဆုံးအဆင့်ပါ။
· မဏ္ဍိုင်တွေသွန်းလောင်းခြင်း (Column Concreting)

အဆင့် ၈ - အကြမ်းထည်အလုပ်များ (Structure Work)
ဒီအဆင့်မှာ အိမ်ရဲ့ပုံပန်းသဏ္ဍာန် စပေါ်လာပါပြီ။

· အုတ်စီခြင်း (Brick Work)
· အမိုးလွှာနဲ့ မျက်နှာကျက်သွန်းလောင်းခြင်း (Slab/Beam Concreting)
· လျှပ်စစ်နဲ့ ရေပိုက်အကြမ်းထည်တပ်ဆင်ခြင်း (MEP Rough-in)

အဆင့် ၉ - အချောထည်အလုပ်များ (Finishing Work)
ဒါဟာ အိမ်ရဲ့အလှအပနဲ့ နေထိုင်မှုအဆင်ပြေချောမွေ့စေမယ့်အဆင့်ပါ။

· နံရံအင်္ဂတေကွက်ခြင်း (Plastering)
· ကြွေပြားခင်းခြင်း၊ ကပ်ခြင်း (Tiling)
· ဆေးသုတ်ခြင်း (Painting)
· မီးဖိုချောင်နဲ့ ရေချိုးခန်းပစ္စည်းတပ်ဆင်ခြင်း
· တံခါး၊ ပြတင်းပေါက်တပ်ဆင်ခြင်း

အဆင့် ၁၀ - လက်ခံခြင်းနဲ့ ပြောင်းရွှေ့အခြေချခြင်း (Handover & Moving In)
လုပ်ငန်းအားလုံးပြီးစီးပြီဆိုရင် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပါ။

· မီးခလုတ်၊ မီးပေါက်တွေ အလုပ်လုပ်ရဲ့လား
· ရေပိုက်တွေ ယိုစိမ့်မှုရှိလား
· ကြွေပြားတွေ အက်ကွဲ၊ ကွာကျတာရှိလား
· အားလုံးအဆင်ပြေပြီဆိုရင် အိမ်သန့်ရှင်းရေး (Deep Cleaning) လုပ်ပြီး ပြောင်းရွှေ့အခြေချပါ။

ကျွန်မရဲ့အထူးအကြံပြုချက်များ

· နေ့စဉ်မှတ်တမ်း (Daily Diary) ထားရှိပါ။ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ရိုက်ကူးသိမ်းဆည်းထားပါ။
· Contractor နဲ့ အမြဲဆက်သွယ်ပါ။ အပတ်စဉ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါ။
· ပစ္စည်းဝယ်ယူတဲ့အခါ ဈေးနှုန်း (၃) မျိုး အနည်းဆုံးယှဉ်ပြီးမှ ဝယ်ယူပါ။
· အရေးကြီးဆုံးက စိတ်ရှည်သည်းခံပါ။ အိမ်ဆောက်လုပ်ခြင်းဟာ လပေါင်းများစွာကြာမြင့်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

အားလုံးသော အိမ်လေးတွေ လှလှပပနဲ့ စိတ်ချမ်းသာစရာကောင်းတဲ့နေရာတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

မဇင်ဇင်ဦး

တန်ခူးလတွင် အိမ်ဆောက်ခြင်းကြောင့် ရရှိမယ့် ကောင်းကျိုးများ​၁။ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ခြင်း"တန်ခူးလဝယ်၊ ဆောက်အံ့ကယ်...
09/03/2026

တန်ခူးလတွင် အိမ်ဆောက်ခြင်းကြောင့် ရရှိမယ့် ကောင်းကျိုးများ

​၁။ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ခြင်း
"တန်ခူးလဝယ်၊ ဆောက်အံ့ကယ်မူ၊ ပစ္စည်းဥစ္စာ၊ ရတနာ၊ များစွာတိုးပွားမည်" လို့ ရှေးဆိုရိုးရှိပါတယ်။ တန်ခူးလမှာ အိမ်ပန္နက်ချခြင်းဟာ စီးပွားလာဘ်လာဘ အသစ်အသစ်တွေ ဝင်လာဖို့ နိမိတ်ကောင်းကို ဆောင်ပါတယ်။

​၂။ အေးချမ်းသာယာပြီး အခြွေအရံ ပေါများခြင်း
တန်ခူးလဟာ နှစ်သစ်ကူးပြောင်းတဲ့ကာလဖြစ်လို့ အိမ်သစ်ဆောက်တဲ့အခါ အိမ်သားတွေကြားမှာ စိတ်သစ်ကိုယ်သစ်နဲ့ အေးချမ်းစွာ နေထိုင်ရတတ်ပါတယ်။ ဒါ့အပြင် မိမိကို ကူညီမယ့်သူ၊ ချစ်ခင်မယ့်သူ အခြွေအရံတွေ ပေါများလာတတ်ပါတယ်။

​၃။ အိမ်ထောင်ဦးစီး ဩဇာတိက္ကမ ကြီးမားခြင်း
တန်ခူးလမှာ အိမ်ဆောက်ရင် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ပိုင်ရှင်ဟာ ပတ်ဝန်းကျင်မှာ ဩဇာအာဏာရှိခြင်း၊ အများက လေးစားအားကိုးခြင်း ခံရတတ်ပါတယ်။

​၄။ ရာသီဥတုအရ လုပ်ငန်းခွင် အဆင်ပြေခြင်း
နွေရာသီဖြစ်တဲ့အတွက် မိုးတွင်းမှာလို လုပ်ငန်းကြန့်ကြာမှု မရှိပါဘူး။ အုတ်မြစ်ချတာ၊ ကွန်ကရစ်လောင်းတာတွေမှာ အခြောက်မြန်ပြီး ခိုင်ခံ့မှုအားကောင်းစေသလို၊ သစ်သားနဲ့ဆောက်လုပ်ရင်လည်း သစ်သားစိုထိုင်းဆနည်းလို့ တာရှည်ခံစေပါတယ်။

​၂၀၂၆ ခုနှစ်၊ တန်ခူးလ (ဧပြီလ) အတွက် အကောင်းဆုံးရက်များနှင့် အကြောင်းရင်းများ

​၁။ ဧပြီလ (၃) ရက်၊ သောကြာနေ့ (တန်ခူးလပြည့်ကျော် ၂ ရက်)

​ဘာကြောင့်ကောင်းသလဲ: ဤနေ့သည် "ရက်ရာဇာ" နေ့မြတ်ဖြစ်ပါတယ်။ သောကြာနေ့မှာ အိမ်ဆောက်ခြင်းက "ဂုဏ်သိက္ခာ ကျော်စောခြင်း" နဲ့ "မျက်နှာပွင့်လန်းခြင်း" ကို အကျိုးပြုပါတယ်။ နှစ်သစ်မကူးမီ အိမ်ပန္နက်ရိုက်လိုသူတွေအတွက် အလွန်အားကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

​၂။ ဧပြီလ (၆) ရက်၊ တနင်္လာနေ့ (တန်ခူးလပြည့်ကျော် ၅ ရက်)

​ဘာကြောင့်ကောင်းသလဲ: တနင်္လာနေ့မှာ အိမ်ပန္နက်ရိုက်ခြင်းက "အေးချမ်းမှု" ကို အဓိကပေးပါတယ်။ မိသားစုအတွင်း စိတ်ဝမ်းမကွဲဘဲ စည်းလုံးလိုသူတွေအတွက် ရွေးချယ်သင့်တဲ့နေ့ဖြစ်ပြီး၊ လုပ်ငန်းခွင် အနှောင့်အယှက်ကင်းစေပါတယ်။

​၃။ ဧပြီလ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့ (ကဆုန်လဆန်း ၆ ရက်)

​ဘာကြောင့်ကောင်းသလဲ: သင်္ကြန်အတက်ရက်နဲ့ နှစ်သစ်ကူးပြီးနောက် ပထမဆုံးရရှိတဲ့ "ရက်ရာဇာ" နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အိမ်ပန္နက်ချခြင်းက "စီးပွားရေး အဆင်ပြေချောမွေ့ခြင်း" ကို ဖြစ်ထွန်းစေပါတယ်။ အိမ်သစ်ဆောက်ပြီး စီးပွားတက်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

​၄။ ဧပြီလ (၂၇) ရက်၊ တနင်္လာနေ့ (ကဆုန်လဆန်း ၁၁ ရက်)

​ဘာကြောင့်ကောင်းသလဲ: ဤနေ့သည် "သိဒ္ဓိ" အခါတော်နဲ့ ကြုံကြိုက်နေပါတယ်။ အောင်မြင်မှုအစုစုကို ပေးစွမ်းနိုင်တဲ့နေ့ဖြစ်လို့ အိမ်ဆောက်ခြင်းလုပ်ငန်းမှာ အခက်အခဲမရှိ အောင်အောင်မြင်မြင် ပြီးမြောက်စေနိုင်ပါတယ်။

​အိမ်ပန္နက်ရိုက်ရန် အကောင်းဆုံးအချိန် (မင်္ဂလာအချိန်)
​အထက်ပါရက်တွေမှာ လုပ်ငန်းစတင်မယ်ဆိုရင် နံနက် (၉:၁၅) နာရီမှ (၁၀:၁၅) နာရီအတွင်း သည် "အောင်မြင်မှုနှင့် လာဘ်လာဘ" ရရှိစေမယ့် အထူးမင်္ဂလာအချိန်ဖြစ်ပါတယ်။

​တန်ခူးလအတွက် အထူးသတိပြုရန် (နဂါးလှည့်)

​တန်ခူးလမှာ နဂါးဟာ "မြောက်သို့ ဦးခေါင်းလှည့်" နေပါတယ်။ ဒါကြောင့် အိမ်ပန္နက်ရိုက်တဲ့အခါ သို့မဟုတ် တိုင်ထူတဲ့အခါ "တောင်အရပ်" ကနေ စတင်ရပါမယ်။ နဂါးခေါင်းရှိရာ မြောက်အရပ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း (သို့မဟုတ်) မြောက်အရပ်ကနေ အရင်စတင်ခြင်းကိုတော့ အထူးရှောင်ကြဉ်ရပါမယ်။

(၂၀၂၆) မှာ အိမ်ဆောက်ဖို့ (၁၀)လပဲ ကျန်တော့တယ်နော် ‼️

ဖေဖော်ဝါရီလတောင် ကုန်သွားပြီဆိုတော့ အိမ်ဆောက်ဖို့ စိတ်ကူးထားတာ ဘယ်လောက်ခရီးပေါက်ပြီလဲ❓

ကျန်တဲ့ (၁၀) လဆိုတာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားမှာပါ။ အချိန်ဆိုတာ နှမြောဖို့ကောင်းသလို "နောက်မှ... နောက်မှ" နဲ့ အချိန်ဆွဲနေရင် သင့်ရဲ့ အိမ်မက်အိမ်လေးက စိတ်ကူးထဲမှာပဲ ကျန်နေပါလိမ့်မယ်။ 🗓️‼️

အချိန်တွေကို အလဟဿ မကုန်ဆုံးစေဘဲ သင့်ရဲ့ Luxury House အိမ်မက်ကို Lucky Done Construction နဲ့အတူ အခုပဲ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။

နှစ်ကုန်ရင် စိတ်ကူးထဲမှာပဲ အိမ်ဆောက်လိုက်ရတယ်ဆိုတာမျိုး မဖြစ်စေဖို့ အခုကတည်းက စတင်လိုက်ကရအောင်

#ဆောက်လုပ်ရေး #အိမ်ဆောက်လုပ်

မြန်မာအယူအဆအရ အိမ်ဆောက်ဖို့ မသင့်တဲ့လတွေနဲ့ အိမ်ဆောက်သင့်တဲ့လတွေကို ခွဲခြားပြလိုက်ရပါတယ်။ရှေးကျမ်းဂန်တွေနဲ့ ဗေဒင်ပညာရှင်...
09/03/2026

မြန်မာအယူအဆအရ အိမ်ဆောက်ဖို့ မသင့်တဲ့လတွေနဲ့ အိမ်
ဆောက်သင့်တဲ့လတွေကို ခွဲခြားပြလိုက်ရပါတယ်။
ရှေးကျမ်းဂန်တွေနဲ့ ဗေဒင်ပညာရှင်တွေက အိမ်ဆောက်တဲ့အခါ ကောင်းတဲ့အချိန်ကိုရွေးချယ်ခြင်းအားဖြင့် အိမ်ရှင်အတွက် ကံကြမ္မာကောင်းစေဖို့၊ ဘေးဥပဒ်ကင်းဝေးဖို့ ရည်ရွယ်ပါတယ်။

ရှေးယခင်က မြန်မာ့တော်ဝင်ထုံးတမ်းအရ အိမ်ဆောက်လုပ်ရန် ခွင့်ပြုထားတဲ့လ (၆) လရှိပြီး ကျန်တဲ့လတွေကို ရှောင်ကြဉ်ကြပါတယ်။ အောက်ပါလများဟာ အိမ်ဆောက်ရန် အထူးသင့်လျော်တဲ့လများ ဖြစ်ပါတယ် :

· တန်ခူးလ - ချမ်းသာကြွယ်ဝမှုကို ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။

· ကဆုန်လ - ဆန်ရေစပါး ပေါများခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

· ဝါခေါင်လ - ပစ္စည်းဥစ္စာ တိုးပွားခြင်းကို ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။

· နတ်တော်လ - ကျော်စောထင်ရှားခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

· ပြာသိုလ - လူအများ၏ ချီးမွမ်းခြင်းကို ခံရစေတယ်လို့ ယုံကြည်ကြပါတယ်။

· တပေါင်းလ - ချမ်းသာခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဒီလ (၆) လ မဟုတ်တဲ့ ကျန်တဲ့ မြန်မာလတွေဖြစ်တဲ့ ဒုတိယဝါဆို၊ ဝါခေါင် (တချို့သတ်မှတ်ချက်)၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း စတဲ့လတွေမှာ အိမ်ဆောက်လေ့မရှိကြပါဘူး။

ဘာကြောင့် ဒီလတွေကို ရှောင်ကြသလဲ?

ဒီလတွေကို ရှောင်ရတဲ့ အကြောင်းရင်းတွေက ဗေဒင်ယုံကြည်မှုအပြင် လက်တွေ့ကျတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။

၁။ ဗေဒင်နှင့် နက္ခတ်ဆိုင်ရာ အကြောင်းပြချက်

· အသက်နှင့် မကိုက်ညီခြင်း - ရှေးလင်္ကာတစ်ခုမှာ "အိမ်သစ်ဆောက်လိုများလူဗိုလ်၊ သက်ကိုရှစ်ခုစား။ တစ်ခုကြွင်းမူသူဌေးယူ၊ နှစ်မူသူကြွယ်သား။ ... သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊အိမ်သစ်မဆောက်အပ်တဲ့" လို့ ဆိုထားပါတယ် ။ ဆိုလိုတာက မိမိအသက်ကို (၈) နဲ့စားလို့ အကြွင်း ၃၊ ၆၊ ၇ ရတဲ့နှစ်မှာ အိမ်မဆောက်သင့်ဘူးလို့ ဆိုလိုတာပါ။ ဒါက သတ်မှတ်ထားတဲ့လတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

· ဂြိုဟ်များ၏ သွားလာမှု - တချို့လတွေမှာ မကောင်းတဲ့ဂြိုဟ်များ စိုးမိုးတယ်လို့ ယုံကြည်ကြပြီး အဲဒီအချိန်မှာ အိမ်ဆောက်ရင် အိမ်ရှင်အတွက် ဘေးဥပဒ်ဖြစ်စေတယ်၊ စီးပွားပျက်စေတယ်လို့ ယူဆကြပါတယ်။

· ရာသီအချိန်အခါနဲ့ မသင့်တော်ခြင်း - တချို့လတွေဟာ မိုးများတဲ့လ၊ လေပြင်းတိုက်ခတ်တဲ့လတွေဖြစ်ပြီး အုတ်မြစ်ချတာ၊ အိမ်ဆောက်တာက အိမ်ရဲ့ခိုင်ခံ့မှုကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ကြတာလည်း ဖြစ်ပါတယ်။

၂။ လက်တွေ့ကျတဲ့ အကြောင်းပြချက်

· မိုးရာသီကာလ - ဝါဆို၊ ဝါခေါင်လိုမိုးသည်းတဲ့လတွေမှာ အုတ်မြစ်တူးတာ၊ အုတ်စီတာတွေဟာ အဆင်မပြေနိုင်သလို ဆောက်လုပ်ရေးပစ္စည်းတွေလည်း ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ အကြောင်းပြချက်နဲ့လည်း ရှောင်ကြဉ်ကြတာ ဖြစ်ပါတယ်။

· လယ်ယာစိုက်ပျိုးရေးရာသီ - ရှေးခေတ်က လူအများစုဟာ လယ်လုပ်သားတွေဖြစ်တဲ့အတွက် မိုးဦးကာလ၊ လယ်လုပ်ရာသီတွေမှာ အိမ်ဆောက်ဖို့ထက် လယ်ယာလုပ်ငန်းကို ဦးစားပေးခဲ့ကြရပါတယ်။

· ဘုရားပွဲတော်ရက်များ - သီတင်းကျွတ်၊ တန်ဆောင်မုန်းလိုလတွေမှာ ဘုရားပွဲတော်တွေ၊ လှူဒါန်းမှုတွေ များပြားတဲ့အတွက် အိမ်ဆောက်ခြင်းထက် ကုသိုလ်ရေးကို ဦးစားပေးကြတဲ့ ဓလေ့လည်း ရှိပါတယ်။

ခေတ်သစ်အိမ်ခြံမြေဈေးကွက်အခြေအနေ

စိတ်ဝင်စားစရာကောင်းတာက ဒီရိုးရာအယူအဆဟာ ယနေ့ခေတ် အိမ်ခြံမြေဈေးကွက်အပေါ်မှာလည်း သက်ရောက်မှုရှိနေတာပါပဲ။ အိမ်ခြံမြေကျွမ်းကျင်သူတွေရဲ့အဆိုအရ ဇွန်လကနေ အောက်တိုဘာလအထိ ကို အိမ်ခြံမြေရာသီလို့သတ်မှတ်ကြပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ ဈေးကွက်အေးလေ့ရှိပါတယ် ။ တစ်နည်းအားဖြင့် နတ်တော်၊ ပြာသိုလတွေမှာ ဈေးကွက်အေးတတ်တာက ရှေးထုံးတွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီအချက်တွေဟာ ရှေးယခင်က ဗေဒင်ပညာရှင်တွေရဲ့ ယူဆချက်နဲ့ လက်တွေ့ဘဝအတွေ့အကြုံတွေကို အခြေခံထားတဲ့ ယုံကြည်မှုတွေဖြစ်ပြီး ခေတ်သစ်သိပ္ပံပညာအရ သက်သေမပြနိုင်တဲ့အချက်တွေလည်း ရှိပါတယ်။ ယနေ့ခေတ်မှာတော့ လူအများစုဟာ ကိုယ်ပိုင်အဆင်ပြေမှု၊ ဘဏ္ဍာရေးအခြေအနေနဲ့ ဈေးကွက်အခြေအနေကို ကြည့်ပြီး အိမ်ဆောက်ဖို့ ဆုံးဖြတ်ကြပါတယ်။

အချုပ်အားဖြင့်ဆိုရရင် မြန်မာလများအလိုက် အိမ်ဆောက်ခြင်းကို ရှောင်ကြဉ်တဲ့အယူအဆဟာ ရှေးယခင်က ဗေဒင်ပညာ၊ လက်တွေ့အဆင်ပြေမှုနဲ့ ယဉ်ကျေးမှုအစဉ်အလာတို့ ရောယှက်နေတဲ့ ယုံကြည်မှုတစ်ခုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါတယ်။

မိသားစုဘဝရဲ့ ပထမဆုံး Goal ကို Maha Bithuka နဲ့ ပုံဖော်ရအောင် 🏠🧑‍🧑‍🧒

မိသားစုရယ်လိုမှ ဖြစ်လာပြီဆိုရင် နွေးထွေးတဲ့ အသိုက်အမြုံလေးတစ်ခုကတော့ လိုကိုလိုအပ်တာမလို့ မိသားစုတိုင်းရဲ့ ပထမဆုံး Goal ဆိုရင်

“ 🏠အိမ်တစ်လုံး တည်ဆောက်ဖို့ “ ဖြစ်မှာ အသေအချာပါပဲ 👷‍♂️

ဒီ Goal လေးကို Maha Bithuka က အကောင်းဆုံး ပုံဖော် တည်ဆောက်ပေးပါရစေ 🏗️🏗️

တည်ဆောက်ရေးအပိုင်းမှာတော့ Skilled Labour အဖွဲ့သားများရဲ့ လက်ရာသေသပ်မှု၊ စနစ်ကျမှုနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ကအစ စေတနာပါပါ တည်ဆောက်မှုတွေကြောင့် ရေရှည်ခိုင်ခံ့မှုကို အပြည့်အဝ အာမခံနိုင်ပါတယ် 👷‍♂️👷‍♀️

နောင်နှစ်ပေါင်းများစွာတိုင် မိသားစုတွေ အေးအေးချမ်းချမ်း နေထိုင်သွားမယ့် အိမ်လေးတစ်လုံးဖြစ်ဖို့ Maha Bithukaက အစအဆုံး အသင့်ရှိနေမှာပါ 👷‍♀️👷‍♀️

———————————————————————

မဟာဗိသုကာကအရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်တဲ့ 𝐈𝐧-𝐡𝐨𝐮𝐬𝐞 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞, 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫, 𝐒𝐤𝐢𝐥𝐥𝐬 𝐋𝐚𝐛𝐨𝐮𝐫 တွေပူးပေါင်းပြီး သင့်အတွက် အဘက်ဘက်က အကောင်းဆုံး Luxury Home တစ်လုံးကို ဆောက်လုပ်ပေးဖို့ အသင့်ပါပဲ 👷‍♀️👷‍♀️

အသေးစိတ်သိချင်ရင်တော့ 💬 Page Chat Box (သို့မဟုတ်) ☎️ 09766463498ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🏠ရုံးလိပ်စာ -မော်လမြိုင်မြို့၊မောင်ငံရပ်၊အမှတ်(၂)ကျောင်းရှေ့၊တိုက်လေးလွှာ၊RJG ကုမ္ပဏီရုံး


&decoration
#ဆောက်လုပ်ရေး #အိမ်ဆောက်လုပ်

အချောထည်လုပ်ငန်းပြီးစီးမူ့လေးပါ..
09/03/2026

အချောထည်လုပ်ငန်းပြီးစီးမူ့လေးပါ..

အိမ်ပိုင်ခါနီးကြုံရလေ့ရှိတဲ့နိမိတ်ကောင်း (၆) သွယ်၁။ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်ကောင်းများ မက်ခြင်း  · အိမ်အသစ်ကြီး၊ ကျယ်ဝန်...
09/03/2026

အိမ်ပိုင်ခါနီးကြုံရလေ့ရှိတဲ့နိမိတ်ကောင်း (၆) သွယ်

၁။ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်ကောင်းများ မက်ခြင်း

· အိမ်အသစ်ကြီး၊ ကျယ်ဝန်းတဲ့အိမ်၊ ဒါမှမဟုတ် သန့်ရှင်းလှပတဲ့အိမ်ကြီးကို အိပ်မက်ထဲမှာ မြင်မက်တာ။

· အိမ်ထဲကို ရွှေအိုး၊ ငွေအိုးတွေ သိမ်းဆည်းနေတာမျိုး အိပ်မက်မက်တာ။

· အိမ်ရှေ့က လှေကားကို တက်နေတာ၊ အိမ်ခေါင်မိုးပေါ် ရောက်နေတာမျိုး အိပ်မက်မက်တာ။

· အိပ်မက်ဆိုတာ မသိစိတ်ရဲ့ ရောင်ပြန်ဟပ်မှုလို့ ဆိုကြသလို၊ ရှေးအယူအဆအရ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်ကောင်းတွေဟာ လာမယ့်ကောင်းကျိုးရဲ့ အရိပ်အယောင်ပဲ။ အထူးသဖြင့် အိမ်အသစ်ကြီးကို အိပ်မက်မက်ရင် လူမှုအဆင့်အတန်း မြင့်တက်ခြင်း၊ စည်းစိမ်တိုးပွားခြင်းတို့ ဖြစ်ထွန်းမယ်လို့ ယုံကြည်ကြတယ်။

၂။ ငွေကြေးနဲ့ပတ်သက်တဲ့ အံ့အားသင့်စရာများ

· မျှော်လင့်မထားတဲ့နေရာကနေ ငွေကြေးပြန်ရတာ (ဥပမာ - အရင်ကချေးထားတဲ့ငွေပြန်ရတာ၊ အမွေရတာ၊ ဆုကြေးငွေရတာ)။

· အလုပ်မှာ ရာထူးတိုးတက်လို့ လစာတိုးတာ၊ ဒါမှမဟုတ် လုပ်ငန်းမှာ အမြတ်အစွန်း ပိုရလာတာ။

· ငွေစုဖို့ အစီအစဉ်မရှိဘဲ မထင်မှတ်ဘဲ ငွေစုမိသွားတာ။

· အိမ်ဆောက်ဖို့ ဒါမှမဟုတ် အိမ်ဝယ်ဖို့အတွက် အဓိကလိုအပ်ချက်က ငွေကြေးပါ။ ဒီလိုမျိုး ငွေကြေးစီးဆင်းမှု ကောင်းလာတာဟာ အိမ်ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးတွေ စုမိလာတော့မယ့် နိမိတ်လို့ ယူဆကြတယ်။ တစ်နည်းအားဖြင့် စကြာဝဠာက သင့်အတွက် ငွေကြေးလမ်းကြောင်း ဖွင့်ပေးနေတာပါပဲ။

၃။ အိမ်နဲ့ပတ်သက်တဲ့ ကမ်းလှမ်းမှုများ ရလာခြင်း

· အရင်က အိမ်ဝယ်ဖို့ စိတ်ကူးမရှိဘဲနဲ့ မိတ်ဆွေတစ်ယောက်ယောက်က "အိမ်လေးတစ်လုံးဝယ်ထားလား" လို့ လာမေးတာ။

· အိမ်ခြံမြေအကြောင်း စဉ်းစားနေချိန်မှာပဲ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဆီက ဖုန်းဝင်လာတာ။

· လမ်းသွားရင်း အိမ်ရောင်းမယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရတာ။

· ဒါဟာ "တိုက်ဆိုင်မှု" သက်သက်မဟုတ်ဘဲ သင့်ရဲ့ အာရုံစူးစိုက်မှုကို အိမ်ဆီ ဦးတည်စေတဲ့ နိမိတ်လို့ ယူဆလေ့ရှိပါတယ်။ ရှေးလူကြီးတွေက "စိတ်ကူးရှိရာ လားရောက်တတ်တယ်" လို့ ဆိုစကားရှိတဲ့အတိုင်း အိမ်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ ကမ်းလှမ်းမှုတွေ ပေါ်လာတာဟာ သင့်ပန်းတိုင်ကို ရောက်ဖို့ နီးကပ်လာပြီဆိုတဲ့ အချက်ပြမှုပါပဲ။

၄။ တိရစ္ဆာန်များရဲ့ အပြုအမူ

· အိမ်မှာ ပျားအုံ လာဝင်တာ။
· မြွေဟောက် (ဒါမှမဟုတ်) မြွေဖြူ အိမ်ထဲ ဝင်လာတာ။
· ဇီးကွက်လေး အိမ်ပေါ်မှာ လာနားတာ။
· အိမ်ဆောက်မယ့်မြေကွက်ထဲမှာ နွားနို့စို့အုံတာ။

· မြန်မာ့ယုံကြည်မှုအရ ပျားအုံလာဝင်တာဟာ ရွှေအိုးလာဝင်တာနဲ့ တူတယ်လို့ ဆိုပါတယ်။ စည်းစိမ်ဥစ္စာ တိုးပွားခြင်းရဲ့ သင်္ကေတပါ။

· မြွေဟောက်နဲ့ မြွေဖြူတို့ဟာ မြေအောက်က ရတနာတွေကို စောင့်ရှောက်တဲ့ နတ်များရဲ့ အသွင်အပြင်လို့ ယူဆကြပြီး အိမ်ထဲဝင်လာတာဟာ ကံကြမ္မာကောင်းခြင်းရဲ့ အရိပ်အယောင်ပါ။

· ဇီးကွက်လေး လာနားတာဟာ အိမ်ရှင်အတွက် ကျော်စောထင်ရှားခြင်းနဲ့ ပညာဉာဏ်တိုးပွားခြင်းကို ဖော်ဆောင်တယ်လို့ ယုံကြည်ကြတယ်။

၅။ မိသားစုအတွင်း စည်းလုံးညီညွတ်မှု တိုးတက်လာခြင်း

· အရင်က စကားများတတ်တဲ့ မိသားစုဝင်တွေ ပိုပြီးညီညွတ်လာတယ်၊ ချစ်ခင်ရင်းနှီးမှု တိုးလာတယ်။

· အိမ်နဲ့ပတ်သက်တဲ့ အနာဂတ်အစီအစဉ်တွေကို မိသားစုဝင်အားလုံး ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးဖြစ်လာတယ်။

· အိမ်ရဖို့အတွက် မိသားစုဝင်အားလုံး တစ်ဦးတစ်ယောက်ချင်းစီက ပါဝင်ကြိုးစားလာကြတယ်။

· အိမ်ဆိုတာ မိသားစုချစ်ခြင်းမေတ္တာတွေ စုဝေးရာနေရာပါ။ မိသားစုဝင်တွေ စည်းလုံးညီညွတ်လာတာဟာ အိမ်တစ်လုံးရဲ့ အုတ်မြစ်ကို စတင်တည်ဆောက်နေတာနဲ့ တူပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအိမ်သာမက စိတ်ပိုင်းဆိုင်ရာအိမ်အတွက်ပါ နိမိတ်ကောင်းတစ်ခုပါ။

၆။ အခွင့်အလမ်းကောင်းများ ပေါ်လာခြင်း

· လုပ်ငန်းခွင်မှာ အခွင့်အလမ်းကောင်းတွေ ရောက်လာတာ (ပရောဂျက်ကောင်းရတာ၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့ တွဲရတာ)။

· အိမ်ဝယ်ဖို့ ဒါမှမဟုတ် အိမ်ဆောက်ဖို့အတွက် အဆင်ပြေတဲ့ အစီအစဉ်တွေ၊ အကူအညီတွေ ရောက်ရှိလာတာ။

· အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အသိပညာတွေ ရုတ်တရက် တိုးပွားလာတယ်လို့ ခံစားရတာ။

· ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဆိုတဲ့ သက်သေပါပဲ။ အခွင့်အလမ်းတွေ ဆက်တိုက်ပေါ်လာတာဟာ လုပ်ဆောင်နေတဲ့ အားထုတ်မှုတွေကို စကြာဝဠာက ပြန်လည်တုံ့ပြန်တာလို့ ယူဆလို့ရပါတယ်။

ဒီနိမိတ်ကောင်းတွေဟာ အိမ်တစ်လုံးရတော့မယ့် လက္ခဏာအုပ်စုတွေအဖြစ် ရှေးယခင်က ယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့် အဓိကအကျဆုံးအချက်ကတော့ မိသားစုရဲ့ ဆက်လက်အားထုတ်မှု၊ ဇွဲလုံ့လနဲ့ မျှော်လင့်ချက် ပါပဲ။

ဒီနိမိတ်တွေကို သတိပြုမိရင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါ။ ဒါပေမယ့် မတွေ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့။ တကယ့်အစစ်အမှန်နိမိတ်ကောင်းကြီးကတော့ သင်နဲ့ သင့်မိသားစုရဲ့ လက်ရှိကြိုးစားနေမှုတွေပါပဲ။
မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံး အမြန်ဆုံးရရှိပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

(၅)လပိုင်း ပထမအပတ်မှာ အိမ်စတင်ဆောက်လုပ်ချင်တဲ့ Clientများက လာရောက်စုံစမ်းခဲ့တာကို ပြောပြချင်ပါတယ်။အိမ်ဆောက်ဖို့ ဘယ်ကစရမလ...
08/03/2026

(၅)လပိုင်း ပထမအပတ်မှာ အိမ်စတင်ဆောက်လုပ်ချင်တဲ့ Clientများက လာရောက်စုံစမ်းခဲ့တာကို ပြောပြချင်ပါတယ်။အိမ်ဆောက်ဖို့ ဘယ်ကစရမလဲဆိုတာ အချိန်ဇယားနဲ့တကွ ရှင်းပြပေးပါမယ်။

ပထမဆုံးအနေနဲ့ သိထားရမှာက အိမ်ဆောက်တယ်ဆိုတာ တစ်ခါတည်း ပြီးတာမျိုးမဟုတ်ပါဘူး။ အနည်းဆုံး ၃ လကနေ ၆ လလောက် ကြိုတင်ပြင်ဆင်ရပါတယ်။ ဒါကြောင့် မေလဆိုတော့ အခု ကတည်းက စတင်သင့်ပါပြီ။

အဆင့် ၁။ အိမ်ပုံစံရေးဆွဲခြင်း (၃-၄ ပတ်)

ပထမဆုံးလုပ်ရမှာက ကိုယ်လိုချင်တဲ့အိမ်ပုံစံကို ဗိသုကာနဲ့ သေချာဆွေးနွေးတာပါ။

ဒီအဆင့်မှာ -

· ကိုယ့်မိသားစုအတွက် အခန်းဘယ်နှစ်ခန်းလိုမလဲ
· အိမ်သုံးပစ္စည်းတွေ ဘယ်လိုနေရာချမလဲ
· အလင်းရောင်၊ လေဝင်လေထွက်ကောင်းဖို့ ဘယ်လိုစီမံမလဲ
· အိမ်ရှေ့အိမ်နောက် ခြံဝန်းကို ဘယ်လိုအချိုးအစားနဲ့ထားမလဲ
· ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပုံစံက ဘယ်လိုမျိုးလဲ

ဒါတွေကို သေချာဆွေးနွေးပြီး ပုံဆွဲရတာ အနည်းဆုံး ၂ ပတ်ကနေ ၁ လလောက် ကြာပါတယ်။ အလျင်စလိုဆွဲခိုင်းပြီး နောက်မှ ပြင်ရတာထက် အခုအချိန်ယူတာက ပိုကောင်းပါတယ်။

အဆင့် ၂။ မြေစမ်းသပ်ခြင်း (၂ ပတ်)

အိမ်ပုံစံအကြမ်းရပြီဆိုရင် ကိုယ့်မြေကို စမ်းသပ်ဖို့လိုပါတယ်။ မြေစမ်းသပ်ခြင်းက -

· မြေသားအမျိုးအစားကို သိရှိစေတယ်
· မြေရဲ့ခိုင်ခံ့မှုကို သိရှိစေတယ်
· မြေအောက်ရေအခြေအနေကို သိရှိစေတယ်
· အုတ်မြစ်ဘယ်လောက်နက်အောင်ချရမလဲဆိုတာ သိရှိစေတယ်

ဒီလုပ်ငန်းစဉ်က တစ်ပတ်ကနေ နှစ်ပတ်လောက်ကြာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားမှ ကိုယ့်အိမ်က လုံခြုံစိတ်ချရမှာပါ။ မြေစမ်းသပ်တာမလုပ်ဘဲ အုတ်မြစ်ချရင် နောက်ပိုင်းအိမ်ပျက်စီးတာ၊ အက်ကွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဆင့် ၃။ အိမ်ခိုင်ခံ့မှုတွက်ချက်ခြင်း (၂-၃ ပတ်)

မြေစမ်းသပ်ချက်ရလဒ်ရပြီဆိုရင် အဲဒီရလဒ်ကိုအခြေခံပြီး အင်ဂျင်နီယာက အိမ်ရဲ့ခိုင်ခံ့မှုကို တွက်ချက်ရပါတယ်။

ဒီအဆင့်မှာ -

· အုတ်မြစ်ဘယ်လောက်နက်အောင်ချရမလဲ
· ကွန်ကရစ်ဘယ် Grade နဲ့သွန်းရမလဲ
· သံချောင်းဘယ်အရွယ်အစား၊ ဘယ်လောက်အကွာအဝေးထည့်ရမလဲ
· အိမ်ရဲ့အလေးချိန်ကို ခံနိုင်ဖို့ ဘယ်လိုတွက်ချက်ရမလဲ

ဒါတွေကို တွက်ချက်ရတာ ၂ ပတ်ကနေ ၃ ပတ်လောက်ကြာတတ်ပါတယ်။

အဆင့် ၄။ စည်ပင်သာယာပါမစ်တင်ခြင်း (၁-၂ လ)

ဒါက အတော်လေး အချိန်အကြာဆုံးအဆင့်ပါ။ စည်ပင်သာယာက ခွင့်ပြုချက်မရသေးဘဲ အိမ်ဆောက်လို့မရပါဘူး။

ပါမစ်တင်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေက -
၁။ မြေပိုင်ဆိုင်မှုအထောက်အထား
၂။ အိမ်ပုံစံ (မူလပုံမူပွား ၃ စုံ)
၃။ မြေစမ်းသပ်ချက်ရလဒ်
၄။ အိမ်ခိုင်ခံ့မှုတွက်ချက်ချက်
၅။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်
၆။ မီးသတ်ဌာနခွင့်ပြုချက်
၇။ အိမ်နီးချင်းလက်မှတ်

ဒီစာရွက်စာတမ်းတွေကို စုဆောင်းပြီး စည်ပင်သာယာကို တင်ရတယ်။ စည်ပင်သာယာက စစ်ဆေးတယ်။ လိုအပ်တာရှိရင် ပြင်ခိုင်းတယ်။ အနည်းဆုံး ၁ လကနေ ၂ လလောက်အထိ ကြာတတ်ပါတယ်။

အဆင့် ၅။ ကန်ထရိုက်တာရွေးချယ်ခြင်း (၂-၃ ပတ်)

ပါမစ်တင်ထားချိန်မှာ ကန်ထရိုက်တာရွေးချယ်တာကို လုပ်လို့ရပါတယ်။

ကန်ထရိုက်တာရွေးတဲ့အခါ -

· အတွေ့အကြုံရှိသူကို ရွေးပါ
· အရင်ကဆောက်ခဲ့တဲ့အိမ်တွေကို သွားကြည့်ပါ
· ဈေးနှုန်းနဲ့ အရည်အသွေးကို ယှဉ်ကြည့်ပါ
· စာချုပ်ချုပ်တဲ့အခါ အချိန်ဇယား၊ ကုန်ကျစရိတ်၊ ပစ္စည်းအရည်အသွေးကို အတိအကျထည့်ပါ

ဒီအဆင့်က ၂ ပတ်ကနေ ၃ ပတ်လောက်ကြာတတ်ပါတယ်။

အဆင့် ၆။ ဆောက်လုပ်ရေးပြင်ဆင်ခြင်း (၂ ပတ်)

ပါမစ်ရပြီး ကန်ထရိုက်တာရွေးပြီးဆိုရင် ဆောက်လုပ်ရေးအတွက် ပြင်ဆင်ရပါမယ်။

ဒီအဆင့်မှာ -

· လုပ်သားတွေစီစဉ်ခြင်း
· ပစ္စည်းတွေမှာယူခြင်း
· ဆောက်လုပ်ရေးကိရိယာတွေ စီစဉ်ခြင်း
· အိမ်နီးချင်းတွေကို အကြောင်းကြားခြင်း

ဒါတွေက ၂ ပတ်လောက်ကြာတတ်ပါတယ်။

အဆင့် ၇။ အုတ်မြစ်ချခြင်းနဲ့ ဆောက်လုပ်ခြင်း

ဒါကတော့ မေလ ပထမအပတ်မှာ စတင်နိုင်မယ့် အဆင့်ပါ။

ဒီအဆင့်ကို ရောက်ဖို့ဆိုရင် အပေါ်ကအဆင့်တွေ အားလုံးကို ဖြတ်ကျော်ပြီးမှပါ။ အခု ဖေဖော်ဝါရီလကနေ စတင်မယ်ဆိုရင် -

· ဖေဖော်ဝါရီလမှာ ပုံဆွဲခြင်းနဲ့ မြေစမ်းသပ်ခြင်း
· မတ်လမှာ ခိုင်ခံ့မှုတွက်ချက်ခြင်းနဲ့ ပါမစ်တင်ခြင်း
· ဧပြီလမှာ ပါမစ်စောင့်ခြင်းနဲ့ ကန်ထရိုက်တာရွေးခြင်း
· မေလ ပထမအပတ်မှာ စတင်ဆောက်လုပ်ခြင်း

ဒီလိုအချိန်ဇယားနဲ့ ဆောင်ရွက်နိုင်ပါတယ်။

သတိထားရမယ့်အချက်များ

၁။ အချိန်ကို လက်တွေ့ကျကျ ခန့်မှန်းပါ။ အရာရာက ခန့်မှန်းချက်အတိုင်း အမြဲမဖြစ်ပါဘူး။

၂။ ကုန်ကျစရိတ်မှာ အရန်ငွေ အနည်းဆုံး ၂၀ ရာခိုင်နှုန်း ချန်ထားပါ။

၃။ စာချုပ်စာတမ်းတွေကို သေချာချုပ်ဆိုပါ။

၄။ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ၊ ဗိသုကာနဲ့ လုပ်ဆောင်ပါ။

၅။ စည်ပင်ပါမစ်ကို မဖြစ်မနေ ရယူပါ။

အိမ်ဆောက်ဖို့ စဉ်းစားတဲ့အချိန်က မေလဆိုတော့ အခုကတည်းက စတင်ပြင်ဆင်ဖို့ လိုပါမယ်။ ဒီအဆင့်တွေကို စနစ်တကျလုပ်ဆောင်မယ်ဆိုရင်ခိုင်ခိုင်မာမာနဲ့ လှလှပပ ဖြစ်လာမှာပါ။

ဒီအဆင့်တွေကို ကျွန်မတို့ရုံးက ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ အိမ်ပုံစံဆွဲတာကနေ ပါမစ်တင်တာ တည်ဆောက်ပြီးတာအထိ ကျွန်မတို့က အတူတကွ လက်တွဲဆောင်ရွက်ပေးပါမယ်။

ခင်ဗျားတို့အိမ်လေးကို အကောင်အထည်ဖော်ဖို့ အတူတူခရီးနှင်ကြရအောင်နော်။

ဒီအဆင့် (၁၀) ဆင့်မသိရင်အိမ်မဆောက်သေးပါနဲ့အဆင့် ၁ - အိပ်မက်နဲ့ ဘတ်ဂျက် (Dream & Budget)အိမ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတ...
06/03/2026

ဒီအဆင့် (၁၀) ဆင့်မသိရင်အိမ်မဆောက်သေးပါနဲ့

အဆင့် ၁ - အိပ်မက်နဲ့ ဘတ်ဂျက် (Dream & Budget)
အိမ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း (၃) ခုကို အရင်ဆုံးမေးကြည့်ပါ။

· ကိုယ်ဘယ်လိုအိမ်မျိုးကို တကယ်ဆောက်ချင်တာလဲ? (ခေတ်မီလား၊ ရိုးရာပုံစံလား၊ ဘန်ဂလိုလား)
· ကိုယ့်ရဲ့လက်ရှိဘဏ္ဍာရေးအခြေအနေအရ ဘယ်လောက်အထိ အကုန်ခံနိုင်မလဲ?
· ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခန်းပါတဲ့အိမ်မျိုးကို ဆောက်ချင်တာလဲ?

ဒီနေရာမှာ အရေးကြီးဆုံးအချက်က ဘတ်ဂျက်ပါ။ ကျွန်မအနေနဲ့ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၃၀% ကို မမျှော်လင့်တဲ့ကုန်ကျစရိတ်အတွက် အရန်ရန်ပုံငွေအနေနဲ့ ဖယ်ထားဖို့ အထူးအကြံပြုချင်ပါတယ်။

အဆင့် ၂ - မြေနေရာရွေးချယ်ခြင်း (Land Selection)
ကိုယ်ပိုင်မြေရှိပြီးသားလား၊ အသစ်ဝယ်ယူမှာလား။ မြေနေရာရွေးချယ်တဲ့အခါ ဒီအချက်တွေကို အထူးဂရုပြုစေချင်ပါတယ်။

· သွားလာရေးအဆင်ပြေရဲ့လား။
· မြေနေရာက ရေဝပ်ဒဏ်ခံရနိုင်ခြေရှိလား။
· မြေစာချုပ်စာတမ်း ခိုင်မာမှုရှိရဲ့လား။
· ရေ၊ မီး၊ ဆက်သွယ်ရေးကွန်ရက်တွေ အဆင်ပြေရဲ့လား။

အဆင့် ၃ - ဒီဇိုင်းရေးဆွဲခြင်းနဲ့ ပုံထုတ်ခြင်း (Design & Drawing)
ဒါဟာ ကိုယ့်အိမ်ရဲ့အသက်ပါ။ အတွေ့အကြုံရင့်ကျက်တဲ့ ဗိသုကာပညာရှင် (Architect) ကို ငှားရမ်းပါ။

· ကိုယ်နှစ်သက်တဲ့အိမ်ပုံစံတွေ၊ ရည်ညွှန်းပုံတွေယူသွားပြီး ဆွေးနွေးတိုင်ပင်ပါ။
· အခန်းတွင်းအသေးစိတ် (Interior Layout) နဲ့ အပြင်ပန်းသဏ္ဍာန် (Elevation) တွေကို သေချာလေ့လာပါ။
· အိမ်ရဲ့လေဝင်လေထွက်ကောင်းမွန်မှု၊ နေရောင်ခြည်ရရှိမှုကို အထူးအလေးပေးစေချင်ပါတယ်။

အဆင့် ၄ - ကုန်ကျစရိတ်ခန့်မှန်းခြင်း (Cost Estimation)
ဒီဇိုင်းပုံကြမ်းပြီးစီးပြီဆိုတာနဲ့ Quantity Surveyor (QS) က လိုအပ်မယ့်ပစ္စည်းစာရင်းနဲ့ ခန့်မှန်းကုန်ကျစရိတ် ထုတ်ပေးပါလိမ့်မယ်။

· အကြမ်းထည်ကုန်ကျစရိတ် (Shell Cost)
· အချောထည်ကုန်ကျစရိတ် (Finishing Cost)
· မီးဖိုချောင်နဲ့ ရေချိုးခန်းပစ္စည်းကုန်ကျစရိတ်

အဆင့် ၅ - လုပ်ငန်းအဖွဲ့အစည်းရွေးချယ်ခြင်း (Team Selection)
ကိုယ့်အိမ်ကို တည်ဆောက်ပေးမယ့်အဖွဲ့ဟာ အလွန်အရေးပါပါတယ်။

· Contractor (ကန်ထရိုက်တာ): အတွေ့အကြုံရှိသူ၊ ယုံကြည်ရသူ၊ အလုပ်အာမခံချက်ပေးနိုင်သူကို ရွေးချယ်ပါ။
· Project Manager (ပရောဂျက်မန်နေဂျာ): ကိုယ့်ကိုယ်စား ကြီးကြပ်ကွပ်ကဲမယ့်သူ (သို့) ကိုယ်တိုင်ပါဝင်ကြီးကြပ်မယ်။
· Site Supervisor (ဆိုက်ကြီးကြပ်): နေ့စဉ်လုပ်ငန်းခွင်ကို အနီးကပ်ကြီးကြပ်မယ့်သူ

အဆင့် ၆ - ခိုင်မာတဲ့စာချုပ်ချုပ်ဆိုခြင်း (Strong Contract)
ပါးစပ်ပြောဆိုချက်တွေနဲ့ လုံးဝမလုပ်ပါနဲ့။ ဥပဒေနဲ့အညီ စာချုပ်ချုပ်ဆိုပါ။ စာချုပ်မှာ အောက်ပါအချက်တွေ ပါဝင်ရပါမယ်။

· လုပ်ငန်းပြီးစီးမည့်ရက်
· အရည်အသွေးသတ်မှတ်ချက်
· အဆင့်ဆင့်ငွေပေးချေမည့်အစီအစဉ် (Milestone Payment)
· အသုံးပြုမည့်ပစ္စည်းအမျိုးအစားနဲ့ အမှတ်တံဆိပ်

အဆင့် ၇ - မြေပြင်အလုပ်စတင်ခြင်း (Site Work)

· မြေညှိခြင်း (Leveling): ဆောက်လုပ်မည့်မြေနေရာကို ညှိနှိုင်းပြင်ဆင်ခြင်း
· အုတ်မြစ်ချခြင်း (Foundation): မြေအမျိုးအစားပေါ်မူတည်ပြီး အုတ်မြစ်ချခြင်း။ ဒါဟာ အိမ်ရဲ့ခံနိုင်ရည်အတွက် အဓိကအကျဆုံးအဆင့်ပါ။
· မဏ္ဍိုင်တွေသွန်းလောင်းခြင်း (Column Concreting)

အဆင့် ၈ - အကြမ်းထည်အလုပ်များ (Structure Work)
ဒီအဆင့်မှာ အိမ်ရဲ့ပုံပန်းသဏ္ဍာန် စပေါ်လာပါပြီ။

· အုတ်စီခြင်း (Brick Work)
· အမိုးလွှာနဲ့ မျက်နှာကျက်သွန်းလောင်းခြင်း (Slab/Beam Concreting)
· လျှပ်စစ်နဲ့ ရေပိုက်အကြမ်းထည်တပ်ဆင်ခြင်း (MEP Rough-in)

အဆင့် ၉ - အချောထည်အလုပ်များ (Finishing Work)
ဒါဟာ အိမ်ရဲ့အလှအပနဲ့ နေထိုင်မှုအဆင်ပြေချောမွေ့စေမယ့်အဆင့်ပါ။

· နံရံအင်္ဂတေကွက်ခြင်း (Plastering)
· ကြွေပြားခင်းခြင်း၊ ကပ်ခြင်း (Tiling)
· ဆေးသုတ်ခြင်း (Painting)
· မီးဖိုချောင်နဲ့ ရေချိုးခန်းပစ္စည်းတပ်ဆင်ခြင်း
· တံခါး၊ ပြတင်းပေါက်တပ်ဆင်ခြင်း

အဆင့် ၁၀ - လက်ခံခြင်းနဲ့ ပြောင်းရွှေ့အခြေချခြင်း (Handover & Moving In)
လုပ်ငန်းအားလုံးပြီးစီးပြီဆိုရင် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပါ။

· မီးခလုတ်၊ မီးပေါက်တွေ အလုပ်လုပ်ရဲ့လား
· ရေပိုက်တွေ ယိုစိမ့်မှုရှိလား
· ကြွေပြားတွေ အက်ကွဲ၊ ကွာကျတာရှိလား
· အားလုံးအဆင်ပြေပြီဆိုရင် အိမ်သန့်ရှင်းရေး (Deep Cleaning) လုပ်ပြီး ပြောင်းရွှေ့အခြေချပါ။

ကျွန်မရဲ့အထူးအကြံပြုချက်များ

· နေ့စဉ်မှတ်တမ်း (Daily Diary) ထားရှိပါ။ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ရိုက်ကူးသိမ်းဆည်းထားပါ။
· Contractor နဲ့ အမြဲဆက်သွယ်ပါ။ အပတ်စဉ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါ။
· ပစ္စည်းဝယ်ယူတဲ့အခါ ဈေးနှုန်း (၃) မျိုး အနည်းဆုံးယှဉ်ပြီးမှ ဝယ်ယူပါ။
· အရေးကြီးဆုံးက စိတ်ရှည်သည်းခံပါ။ အိမ်ဆောက်လုပ်ခြင်းဟာ လပေါင်းများစွာကြာမြင့်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

အားလုံးသော အိမ်လေးတွေ လှလှပပနဲ့ စိတ်ချမ်းသာစရာကောင်းတဲ့နေရာတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

Address

11
Yangon
11051

Alerts

Be the first to know and let us send you an email when Maha Bithuka-Constructions and Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share