Sharing 日本語

  • Home
  • Sharing 日本語

Sharing 日本語 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing 日本語, Education Website, .

🇯🇵 ဂျပန်နိုင်ငံ၊ Hokkaido (ဟော့ကိုင်းဒိုး) တွင် အလုပ်လုပ်ရန် ဓာတ်လှေကား အင်ဂျင်နီယာ (Elevator Engineer) လိုအပ်နေပါသည်။ 🇯...
03/02/2026

🇯🇵 ဂျပန်နိုင်ငံ၊ Hokkaido (ဟော့ကိုင်းဒိုး) တွင် အလုပ်လုပ်ရန် ဓာတ်လှေကား အင်ဂျင်နီယာ (Elevator Engineer) လိုအပ်နေပါသည်။ 🇯🇵
အင်ဂျင်နီယာဘွဲ့ရပြီး ဂျပန်စာ N2 ရှိသူများ လျှောက်ထားနိုင်ပါသည်။ အလုပ်ချိန် တစ်နေ့ (၆) နာရီသာ လုပ်ကိုင်ရမည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ လျှောက်ထားနိုင်ပါတယ်။ မြန်မာကဆိုရင် Visa Support ရှိပါမယ်။
📍 အလုပ်ခေါ်ယူသည့်ကုမ္ပဏီနေရာ

နေရာ - Hokkaido, Sapporo City (ဟော့ကိုင်းဒိုး၊ ဆပ်ပိုရိုမြို့)
📋 အလုပ်ရာထူးနှင့် တာဝန်များ (Job Description)
• ရာထူး: ဓာတ်လှေကား အင်ဂျင်နီယာ (Elevator Engineer)
• တာဝန်: ဓာတ်လှေကား တပ်ဆင်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ (Installation, Maintenance & Inspection)
👨‍🎓 လိုအပ်ချက်များ (Requirements)
• ကျား (၁) ဦး (အသက် ၂၀ မှ ၃၀ နှစ်ကြား)
• ပညာအရည်အချင်း: တက္ကသိုလ်ဘွဲ့ရ (University Graduate)
• အထူးပြုဘာသာရပ်: Electronic / Mechanical / Electrical Engineering ဘွဲ့ရရှိထားသူဖြစ်ရမည်။
• ဂျပန်စာ: JLPT N2 နှင့်အထက် (သို့မဟုတ် ညီမျှသော အရည်အချင်းရှိသူ)
💰 လစာနှင့် ခံစားခွင့်များ (Salary & Benefits)
• အခြေခံလစာ: 235,000 JPY ~ (အရည်အချင်းပေါ်မူတည်၍ တိုးမြှင့်ပေးမည်)
• လက်ထဲကျန်လစာ (Net Salary): 203,000 JPY ဝန်းကျင် (ခန့်မှန်း)
• အလုပ်ချိန်: မနက် 7:00 (သို့) 8:00 မှ ညနေ 15:00 (သို့) 16:00 ထိ
• ✨ အမှန်တကယ် အလုပ်လုပ်ချိန်: တစ်နေ့ (၆) နာရီသာ
• နားချိန်: ၁၂၀ မိနစ် (၂ နာရီ)
• ပိတ်ရက်: တနင်္ဂနွေနေ့၊ နှစ်သစ်ကူး၊ Golden Week နှင့် နွေရာသီပိတ်ရက်များ
• အခြား: လူမှုဖူလုံရေးအာမခံ (Social Insurance) ပါရှိသည်။ အဆောင်ကို ကုမ္ပဏီမှ စီစဉ်ပေးမည် (လစာထဲမှ ပေးဆောင်ရမည်)။
💻 အင်တာဗျူးပုံစံ: Zoom Interview
စိတ်ဝင်စားသူများ CV ပေးပို့ လျှောက်ထားနိုင်ပါသည်။

🇯🇵 【エンジニア募集】北海道でエレベーターの技術者として働きませんか?
札幌市の企業で、エレベーターの設置・保守点検を行うエンジニアを募集しています。実働6時間という働きやすい環境です!
📍 勤務地: 北海道札幌市
🛠 業務内容:
• エレベーター設置施工業務
• エレベーター整備・保守点検管理のメンテナンス業務
📝 応募要件:
• 募集人数: 男性 1名(20代~30代希望)
• 学歴: 大学卒業
• 専攻: 電子工学 / 機械工学 / 電気工事設置についての学科を勉強された方
• 日本語: JLPT N2以上(同等の方もOK)
💴 待遇・条件:
• 月給: 235,000円 ~(能力による)
• 手取り額(概算): 約 203,000円
• 勤務時間: 7:00or8:00 ~ 15:00or16:00
• ✨ 実働: 6時間(休憩120分)
• 休日: 日曜日、年末年始、GW、夏季休暇
• 福利厚生: 社会保険完備、交通費実費支給
💻 面接方法: Zoom面接
興味のある方はぜひご応募ください!
#ဂျပန်အလုပ်အကိုင်

28/01/2026

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် အင်ဂျင်နီယာ ဝန်ထမ်းခေါ်ယူခြင်း
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး (Hokkaido) ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အင်ဂျင်နီယာရာထူးဖြင့် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူနေပါသည်။ (ဂျပန်ပြည်တွင်းကနေဖြစ်ဖြစ် မြန်မာကနေဖြစ်ဖြစ် လျှောက်လို့ရပါတယ်)

တည်နေရာ: Otaru City, Hokkaido (ဟော့ကိုင်းဒိုး၊ အိုတာရုမြို့)
၁။ ရာထူးနှင့် လုပ်ငန်းတာဝန်
• ရာထူး: အင်ဂျင်နီယာ (Engineer)
• လုပ်ငန်းခွင်အမျိုးအစား: ဆောက်လုပ်ရေးလုပ်ငန်း (Construction)
• တာဝန်: မြို့ပြအင်ဂျင်နီယာ ဒီဇိုင်းရေးဆွဲခြင်း (Civil Engineering Design) နှင့် လုပ်ငန်းခွင်စီမံခန့်ခွဲခြင်း (Site Engineer)
၂။ လိုအပ်ချက်များ
• လူဦးရေ: ၁ ဦး
• ကျား/မ: ကျား
• အသက်: ၂၈ နှစ်အောက်
• ပညာအရည်အချင်း: တက္ကသိုလ်ဘွဲ့ရ (မြို့ပြအင်ဂျင်နီယာ Civil သို့မဟုတ် ဗိသုကာ Architecture မေဂျာဖြစ်ရမည်,EP, MP သမားတွေလည်း အတွေ့အကြုံရှိရင် ဆွေးနွေးပေးမည်)
• ကျန်းမာရေး: ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
• အခြား: ဆေးလိပ်/အရက် သောက်သုံးမှု ကန့်သတ်ချက်မရှိ (တက်တူး မရှိရ)။
၃။ လစာနှင့် ခံစားခွင့်များ
• အခြေခံလစာ: ၂၄၀,၀၀၀ ယန်း (လစာ)
• အချိန်ပိုကြေး (Fixed Overtime): ၃၀,၀၀၀ ယန်း (နာရီ ၂၀ စာ)
• စုစုပေါင်းလစာ: ၂၇၀,၀၀၀ ယန်း
• ဖြတ်တောက်မှုများ:
o အခွန်နှင့် လူမှုဖူလုံရေးကြေး: ခန့်မှန်းခြေ ၃၀,၀၀၀ ယန်း
o အဆောင်ခ: ၂၀,၀၀၀ ယန်း
o ရေမီးခ: သုံးသလောက်ပေးဆောင်ရမည်
• လက်ထဲရရှိမည့် ခန့်မှန်းလစာ: ၂၁၅,၀၀၀ ယန်း နှင့်အထက်
• အပိုဆုကြေး (Bonus): ရှိသည် (တစ်နှစ်လျှင် ၂ ကြိမ်)
• လစာတိုးမြှင့်ခြင်း: ရှိသည်
၄။ အလုပ်ချိန်နှင့် အားလပ်ရက်
• အလုပ်ချိန်: မနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိ (နားချိန် ၁ နာရီ ပါဝင်သည်)
• အချိန်ပိုလုပ်ကိုင်ရမှု: တစ်လလျှင် ပျမ်းမျှ ၁၀ နာရီမှ ၂၀ နာရီခန့် ရှိနိုင်ပါသည်။
• အားလပ်ရက်: တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
• တစ်နှစ်လုပ်ငန်းခွင်ချိန်: ၂၀၈၀ နာရီ
၅။ နေထိုင်ရေးနှင့် အာမခံ
• နေထိုင်ရေး: ကုမ္ပဏီပိုင်အဆောင် (Shared Room) စီစဉ်ပေးမည်။
• အာမခံ: ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ အပြည့်အစုံပါရှိသည်။
၆။ လျှောက်ထားရန်
• ခန့်မှန်းခြေ ဝင်ရောက်လုပ်ကိုင်ရမည့်ကာလ: ၂၀၂၆ ခုနှစ်၊ မေလ ခန့်
• လူတွေ့စစ်ဆေးမည့်ပုံစံ: အွန်လိုင်းမှတဆင့် (WEB Interview)
စိတ်ပါဝင်စားသူများအနေဖြင့် သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

【エンジニア募集】北海道で土木技術者として働きませんか?
北海道小樽市の建設会社にて、エンジニア(土木工事設計・施工管理者)を募集しています。

勤務地: 北海道小樽市
1. 募集職種・仕事内容
• 職種: エンジニア (Engineer)
• 業務区分: 建設業
• 仕事内容: 土木工事の設計、および施工管理業務
2. 応募条件
• 募集人数: 1名
• 性別: 男性
• 年齢: 28歳以下
• 学歴: 大学卒業(土木または建築学科専攻)
• その他:
o 健康な方
o 入れ墨(タトゥー)不可
o 喫煙・飲酒は不問
3. 給与・待遇
• 総支給額: 月給 270,000円
o 基本給: 240,000円
o 固定残業手当: 30,000円(20時間分)
• 手取り概算額: 約 215,000円以上
o 控除(税金・保険料): 約 30,000円
o 家賃(宿舎費): 20,000円
o 水道光熱費: 実費
• 昇給: あり
• 賞与: あり(年2回)
4. 勤務時間・休日
• 勤務時間: 8:00 ~ 17:00(休憩 1時間)
• 残業: 月平均 10~20時間程度
• 休日: 日曜日、祝日
• 年間労働時間: 2080時間
5. 福利厚生・生活
• 社会保険: 完備(協会けんぽ、厚生年金、雇用保険等)
• 住居: 社宅あり(共同部屋/シェアハウス)
o 家賃: 月額 20,000円
6. 選考・入社時期
• 入社予定時期: 2026年5月頃
• 面接方法: WEB面接

ご興味のある方は、ぜひご応募ください。

30/10/2025

Work Visa ကို ဂျပန်စာ N4နှင့် လျှောက်လို့ရလား?

ယခုနောက်ပိုင်း TikTok, Facebook ‌ပေါ်မှာ JLPT N4, N3 ဘွဲ့လက်မှတ်တာရှိရင် ဘာဘွဲ့မဆို အမတို့ဆီ ဆက်သွယ်နော် Work Visa လျှောက်ပေးပါမယ် ဝန်ဆောင်ခ ဘယ်လောက်ဘာညာပေါ့။ မိမိတို့နိုင်ငံအခြေနေကြောင့်မို့လို့ ပညာတတ်ဘွဲ့ရလူငယ်တွေများစွာက ရရာနည်းလမ်းနှင့် ပြည်ပကို ထွက်ဖို့ တချို့ထိုင်းကနေတစ်ဆင့် တစ်ချို့မြန်မာကနေတစ်ဆင့်ပြင်ဆင်နေကြပါတယ်။ ဘယ်ကနေပဲထွက်ထွက် ကိုယ့်နိုင်ငံအခြေအနေကိုယ်တွေအသိဆုံးမို့ ထွက်လာဖို့ကို အားပေးပါတယ် လာကြပါ။ ဒါပေမယ့်အလျှင်စလို ထွက်ချင်တဲ့စိတ်နှင့် ဆုံးဖြတ်ချက်အမှားတွေမလုပ်ဖို့ ကိုယ်ထွက်မယ့်နိုင်ငံရဲ့ ဥပဒေ သိကျွမ်းတဲ့လူတွေကို အရင်မေးမြန်ပါ။ Visa အမျိုးအစားတွေကို General Knowladge လောက်တော့ သိအောင်လုပ်ပါ။ ဂျပန်ကုမ္ပဏီတွေရဲ့အမျိုးအစား အလုပ်လုပ်မည့် စာချုပ်အမျိုးအစား ဂျပန်နိုင်ငံ၏အလုပ်ခန့်အပ်မူပုံစံသည် ရှုပ်ထွေးပါတယ်၊ တချို့အရာတွေက ဂျပန်နိုင်ငံမှာရှိနေတာမဟုတ်ရင် နားမလည်းနိုင်ပါဘူး မြန်မာကနေဂျပန်လောကနှင့် အလှမ်းဝေးတဲ့သူဆို နာလည်းဖို့ပိုတောင်ခက်ပါတယ် မရှင်းပြဘူးဆိုရင်။ အေဂျင်စီတွေကလည်း အသေးစိတ်မရှင်းပြပေးသလို အေဂျင်စီက အမတို့လျှောက်ပေးပါမယ်ပြောတဲ့သူကိုယ်တိုင်တောင် အသေးစိတ်သိချင်မှသိမှာပါ။ သိတယ်ဆိုရင်တောင် မရှင်းပြပါဘူး။
အခုဆို ထိုင်းကနေ ဂျပန်ကို Visit Visaလျှောက်ပေးပြီး ဂျပန်ရောက်ရင် 特定活動ပြောင်း၊ 資格外活動許可တင်ပေးပြီး အချို့အလုပ်လုပ်ခွင့် ၂၈နာရီ၊ အချို့အချိန်ပြည့်ဆို တစ်နှစ်ခွင့်ပြုချက်နှင့်အလုပ်လုပ်ခွင့်ရပါတယ် လက်ရှိချိန်ထိတော့ ဆင်ပြေနေသေးတယ်လို့ သိရပေမယ့် အရမ်းအန္တာရာယ်များတဲ့လမ်းကြောင်းပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကတောင် စာထုတ်ပြန်ရတဲ့အထိပါပဲ ။ တိုက်ရိုက်သတိပေးတာမျိုးတော့မဟုတ်ဘူးဆိုပေးမယ့် ဒီအရာတွေကို မလုပ်ဖို့ သွယ်ဝိုက်တဲ့သတိပေးချက်ပါပဲ။ ထားပါတော့ ယခုပြောမှာက အလည်Visa သမားတွေမဟုတ်ပဲ ဂျပန်စာLevel မလိုတဲ့ Work Visa တွေကို နည်းနည်း ပြောပြချင်လို့ပါ။

ကျွန်ပ်ကျောင်းသားတွေလည်းလာမေးကြပါတယ် Work Visaကို N4 အောင်နှင့်ခေါ်နေတာတွေ့တယ် တစ်ကယ်ရောဟုတ်လားဆိုပြီး လာမေးကြတာရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ အလုပ်ဗီဇာ (Work Visa) နဲ့ COE (Certificate of Eligibility) လျှောက်ထားခြင်းမှာ တရားဝင် သတ်မှတ်ထားသော ဂျပန်စာ အရည်အချင်း (ဥပမာ JLPT N1, N2, N3 စသဖြင့်) ကို အတိအကျ ပြသဖို့ အထွေထွေ လိုအပ်ချက် (General Requirement) အဖြစ် သတ်မှတ်ထားခြင်း မရှိပါ။ ဆိုလိုသည်မှာ COEလျှောက်ဖို့ ဂျပန်စာဘယ်လောက်ရှိရမည်ဆိုတာကို work vsia အတွက်တရားဝင် သတ်မှတ်မထားပါဘူး။ ဒါဆို N4နှင့် ရမရဆိုတာ သိမယ်လို့ထင်ပါတယ်။ တစ်ချို့ ITကုမ္ပဏီကြီးတွေ English စာပဲအသုံးများတဲ့ ကုမ္ပဏီဆို အင်္ဂလိပ်လိုရလည်းလျှောက်လို့ရပါတယ်။ ဂျပန်စာအရည်အချင်းသည့် မိမိဝင်လုပ်မည့် ကုမ္ပဏီရဲ့ requirement ပေါ်မူတည်ပါတယ်။ ဒါဆို မိမိလျှောက်မည့်ကုမ္ပဏီက ဂျပန်စာလည်းသိပ်မလိုဘူး အင်္ဂလိပ်လို ပြောတတ်ရမည် ဆိုတဲ့လိုအပ်ချက်လည်းမပါဘူး။ ဒါဆို ဘယ်လိုကုမ္ပဏီဆိုတာ ကိုယ့်ဘာသာတွေးတတ်မယ်ထင်ပါတယ်။

Work Visa ဆိုတာဘာလဲ?

(技術、人文知識、国際業務) (Engineer/Specialist in Humanities/International Services Visa) အတိုကောက်အနေနဲ့ (技人国) ဒါမှမဟုတ် 労働Visa(Work Visa)ဆိုပြီး ကိုယ်တွေမြန်မာတွေက အလွယ်တကူခေါ်ပါတယ်။
ဂျပန်တွင် ရေရှည် အလုပ်လုပ်ကိုင်လိုသည့် ပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်သူများအတွက် အဓိက အလုပ်ဗီဇာ ဖြစ်သည်။ ဤဗီဇာသည် အောက်ပါ လုပ်ငန်း နယ်ပယ် သုံးခု ပါဝင်ပါတယ်။
技術(Engineer) အလုပ်အမျိုးအစားအနေနဲ့ ဥပမာ IT အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဗိသုကာပညာရှင် တွေဖြစ်ကြပြီး လိုအပ်ချက်အဓိကအချက်ကတော့ နည်းပညာဘာသာရပ်တွင် ပညာရပ်ဆိုင်ရာ ဗဟုသုတလိုအပ်တဲ့အလုပ်တွေဖြစ်ပြီး မြန်မာပြည်ကနေ နည်ပညာဘွဲ့ရ အင်ဂျင်နီယာဘွဲ့ရဖြစ်ဖို့ လိုအပ်ပါတယ်။
人文知識(Specialist in Humanities)ဒီနယ်ပယ်အတွက် အဓိကအလုပ်အမျိုးအစားတွေကတော့ ဥပမာ စာရင်းကိုင်၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံခန့်ခွဲရေး၊ စီးပွားရေး စီမံခန့်ခွဲမှု၊ အရောင်းစတာတွေဖြစ်ပြီး လူမှုသိပ္ပံ/လူမှုရေး ဘာသာရပ်တွင် ပညာရပ်ဆိုင်ရာ ဗဟုသုတ လိုအပ်သောအလုပ်တွေဖြစ်ပါတယ်။
国際業務(International Services) ဒီနယ်ပယ်အတွက်အဓိက အလုပ်အမျိုးအစားတွေကတော့ ဘာသာပြန်/စကားပြန်၊ နိုင်ငံခြား ဘာသာစကား ဆရာ၊ နိုင်ငံတကာ အရောင်း/စျေးကွက်မြှင့်တင်ရေး၊ ဒီဇိုင်း စသည့်အလုပ်တွေဖြစ်ပြီး နိုင်ငံခြား ယဉ်ကျေးမှု ဒါမှမဟုတ် ဘာသာစကားဆိုင်ရာ အသိပညာ လိုအပ်ပါတယ်။
ဒီနယ်ပယ်၃ခုထဲကနေ မိမိရတဲ့ဘွဲ့နှင့် ချိန်ညှိပြီးတော့ ကုမ္ပဏီတွေက COE လျှောက်ပေးတတ်ကြပါတယ်။ ဥပမာ ကျနော်သည် BE.EPနှင့်ဘွဲ့ရဆိုပေမယ့် ကျနော်အင်ဂျင်နီယာနယ်ပယ်မှာ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ကိုယ်ရတဲ့ဘွဲ့နှင့် လုပ်တဲ့အလုပ်က ထပ်တူကျရပါမည်။ အမှန်ဆို ကျနော်သည် BE.EPဖြစ်တဲ့အတွက် ပုံမှန်ဆို Engineerအလုပ်နဲ့ COEတင်ရင် ပြဿနာမရှိပါဘူး။ ခုလုပ်တဲ့အလုပ်က ကျနော့်ဘွဲ့နှင့်မကိုက်ညီတဲ့အတွက် COEတင်တဲ့အခါ 技術者တစ်ယောက်အနေနဲ့ မဟုတ်ပဲ 国際業務ဆိုတဲ့နယ်ပယ်ထဲကနေ ဘာသာပြန် စကားပြန်အလုပ်အနေနဲ့ ထည့်ပြီးလျှောက်ရပါတယ်။ နောက်ခံလုပ်ငန်းအတွေ့အကြုံအနေနဲ့လည်း ဂျပန်စာသင်အတွေ့အကြုံ ၅နှစ်ကျော်၊ အေဂျင်စီမှာလည်း စကားပြန်ဘာသာပြန်အတွေ့အကြုံရှိတဲ့အတွက် ဘယ်လိုလျှောက်လျှောက် ဘွဲ့နှင့်မကိုက်ညီလည်း COEရပါတယ်။ သဘောကတော့ ဘာဘွဲ့ရမဆို စကားပြန် ဘာသာပြန်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လိုသလို ကစားပြီး COE လျှောက်လို့ရပါတယ်။ မိမိကိုလျှောက်ပေးတဲ့ ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မူ (အရှုံးပေါ်နေပြီး အကြွေးနစ်နေတဲ့ကုမ္ပဏီလား ဒါမှမဟုတ် ကုမ္ပဏီအကြီး၊ အသေး၊ အခွန်ငွေ သေချာဆောင်မဆောင်ပေါ်မူတည်ပြီးတော့လည်း COE မြန်တာ နှေးတာ ရတာ မရ ဖြစ်တတ်ပါတယ်။ ကုမ္ပဏီကြီးငွေကြေးခိုင်မာမူရှိတဲ့ကုမ္ပဏီဆိုရင်တော့ COEရတာမြန်တတ်ပြီး Visa စစရတာနှင့် ၃နှစ်ရကြတာများပါတယ်။
Work Visa ကို မြန်မာကနေ ဘယ်လိုလျှောက်လို့ရလဲ။ အများအဖြစ် Work Visa သည် ကြာခံအဖွဲ့အစည်းမလိုအပ်ပါ မိမိအရည်အချင်းရှိရင်ရှိသလို ကိုယ်တိုင်လျှောက်လို့ရပါတယ် ကိုယ်တိုင်လျှောက်ရင်တော့ တကယ်လည်းကိုယ့်ဘက်က အရည်အချင်းရှိဖို့တော့လိုပါတယ်။ Work Visa သည် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခလည်းမရှိပါဘူး။ အရည်အချင်းရှိရင် ဝန်ဆောင်ခ တစ်ပြားတစ်ချက်မှပေးစရာမလိုပါဘူး။ ကိုယ့်ကိုလက်ခံမည့် ကုမ္ပဏီက စာရွက်စာတမ်းတောင်းတဲ့အခါ ကိုယ်တိုင်ပို့ပေးပြီး Visa Support လုပ်ပေးတဲ့ကုမ္ပဏီဆို ပိုက်ဆံမကုန်တဲ့အပြင် လေယာဉ်လက်မှတ်ပါထောက်ပံ့ပေးပါတယ်။
ဒါဆို ဒီလောက်အရည်အချင်းတွေရှိဖို့လိုတဲ့ Visaကို Skill မလို ဘာသာစကားကျွမ်းကျင်ဖို့မလို ဘွဲ့ရရင်ရပြီး လျှောက်ပေးလို့ရနေတာ ဘာကြောင့်လဲ?
အပေါ်မှာပြောခဲ့သလိုပဲ ရိုးရိုးဘွဲ့ရတွေကိုတော့ ဘာသာပြန်စကားပြန်ဆိုတဲ့ခေါင်းစဉ်အောက်ကနေဆွဲထည့်ပြီး လျှောက်ပေးကြပါတယ်။ ဒီလိုလျှောက်ဖို့ကိုလည်း ကိုယ့်ကိုယ်လက်ခံပေးမည့် ကုမ္ပဏီရှိမှဖြစ်တဲ့အတွက် အများအားဖြင့်派遣ကုမ္ပဏီတွေက သူတို့ကုမ္ပဏီမှာအလုပ်ခန့်ဖို့အတွက် ဒါမှမဟုတ် ဘယ်ကုမ္ပဏီအတွက်သူတို့ကတစ်ဆင့်ခေါ်ပေးပါတယ် ဆိုတဲ့ပုံစံနှင့်လျှောက်ပေးကြပါတယ်။ 派遣ကုမ္ပဏီတွေက မြန်မာအေဂျင့် ဒါမဟုတ် ကြာခံလူခေါ်ပွဲစာတွေနှင့်ပေါင်းပြီး အေဂျင့်ခအဆမတန်ယူပြီး ခွဲဝေးမှုများလုပ်ဆောင်ကြပါတယ်။ COEရပြီး Visaလည်းရ ဂျပန်ပြည်တွင်းထဲဝင်ရောက်လာပြီးနောက်မှာ ဒီ 派遣ကုမ္ပဏီတွေက ဂျပန်စာအရည်အချင်းမရှိ တကယ်လည်းအလုပ်အတွေ့အကြုံမရှိလူတစ်ယောက်ကို အမှန်တကယ်အလုပ်ဝင်မည့်နေရာကိုရှာမပေးနိုင်ပဲ အလုပ်မရှိ ဂျပန်မှာ ဒုက္ခရောက်တဲ့သူတွေများကြီးရှိလာပါတော့တယ်။ ဒီတော့ 派遣ကုမ္ပဏီတွေက လုပ်သားက အလုပ်နေရာရှာလို့မရသေးသ၍သူတို့ စားစာရိတ်နေစာရိတ်ထောက်ပံ့ပေးနေရတဲ့အတွက် ရရာအလုပ်တွေကို ထိုးလုပ်ခိုင်းပါတော့တယ် ။ ဥပမာ စက်ရုံးတွေမှာ 単純労働လို့ခေါ်တဲ့သာမန်လုပ်သားတွေလုပ်ရတဲ့အလုပ်တွေကို ထည့်ပြီးလုပ်ခိုင်းပါတော့တယ်။ အမှန်တကယ် work Visaသည် စက်ရုံးတွေမှာရှိတဲ့ သာမန်အလုပ်တွေကို လုပ်ကိုင်ခွင့်မရှိပါဘူး။ ဒီလိုလုပ်မယ်ဆိုရင် မိမိကိုင်ထားတဲ့visa နှင့် လုပ်သည့်အလုပ်မကိုက်ညီခြင်းဆိုတဲ့ လဝက ဥပဒေနှင့်ညှိပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိတာက 派遣ကုမ္ပဏီနှင့်လာပေမယ့် ဂျပန်စာအရည်အချင်းရှိပြီးသားသူတွေ engineerဆို engineer Skill ရှိပြီးသားလူတွေအတွက်ကတော့ 派遣ကုမ္ပဏီက အလုပ်နေရာရှာမပေးနိုင်လည်း မိမိမှာအရည်အချင်းလည်းရှိ ဂျပန်စာစကားလည်ရတဲ့သူတွေအတွက်က ပြဿနာမရှိပါဘူး ကိုယ့်ဘာသာကုမ္ပဏီကောင်းတွေ အလုပ်ရှာပြီး လုပ်နေတဲ့သူတွေများကြီးရှိပါတယ် ဒါကအရည်အချင်းရှိမှာသာဖြစ်ပါတယ်။ မှန်မှန်ကန်ကန်လုပ်တဲ့ 派遣ကုမ္ပဏီကြီးတွေ တကယ်ကောင်းတဲ့ကုမ္ပဏီတွေများကြီးရှိပါတယ်။
派遣ကုမ္ပဏီတွေက ဘယ်လိုကုမ္ပဏီတွေကိုပြောတာလဲ?
派遣ကုမ္ပဏီတွေအကြောင်းမပြောခင် ဂျပန်ကုမ္ပဏီတွေရဲ့လုပ်သားခန့်အပ်မှုပုံစံကို အနည်းငယ်သိထားရင် ပိုကောင်းပါမယ်။ 正社員(အမြဲတမ်းဝန်ထမ်း)、派遣社員(အငှားဝန်ထမ်း)、契約社員(စာချုပ်ဝန်ထမ်း)、バイト(အချိန်ပိုင်းဝန်ထမ်း) စသည့်ပုံစံများနှင့် အလုပ်ခန့်ကြတာများပါတယ်။ 正社員ဝန်ထမ်းဆိုတာကတော့ ကိုယ်တွေမြန်မာနိုင်ငံလုပ်သားခန့်အပ်မှုနှင့်ပုံစံတူတူပါပဲ A company ကကိုယ့်ကိုအလုပ်ခန့်တယ် A ကုမ္ပဏီမှာပဲအလုပ်လုပ်ရတယ် A ကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်တယ်။
派遣社員ဆိုတာကတော့ 派遣会社(လုပ်သားအငှားကုမ္ပဏီ)က အငှားအနေနဲ့စေလွှတ်ထားတဲ့ လုပ်သားတွေဖြစ်ပါတယ်။ 派遣 စနစ်ဆိုတာ ဝန်ထမ်းတစ်ဦးဟာ အလုပ်ရှင် (Agency - 派遣会社) နဲ့ အလုပ်စာချုပ် ချုပ်ဆိုထားပြီး၊လစာ လူမှုဖူလုံရေး အာမခံ(Social Insurance)၊ ခွင့်ရက် (paid Leave)၊ နဲ့အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ရေး(Career Development Support) စသည့်တို့ကို 派遣ကုမ္ပဏီကတာဝန်ယူပေးရပါတယ်။ အဲဒီ အလုပ်ရှင်က ဝန်ထမ်းကို တခြား ကုမ္ပဏီ (Client Company - 派遣先) မှာ သွားရောက် အလုပ်လုပ်ခိုင်းတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် ဆက်ဆံရေး (Triangular Employment Relationship) ဖြစ်ပါတယ်။ 派遣ဝန်ထမ်းသည် 派遣先(Client Company)နှင့်တိုက်ရိုက်စာချုပ်မရှိပဲ မိမိကိုစေလွှတ်တဲ့ မိမိ၏မိခင်ကုမ္ပဏီဖြစ်တဲ့(派遣ကုမ္ပဏီက မိမိလစာကို ပေးချေတာဖြစ်ပါတယ်။ ဒါကြောင့် မိမိစေလွှတ်ခံရတဲ့ အလုပ်လုပ်တဲ့ကုမ္ပဏီက 正社員ဝန်ထမ်းတွေထပ်လစာခေါင်းပုံဖြတ်ခြင်း(Exploitation)နှင့်မမျှတသောလုပ်ခပေးချေခြင်းမျိုးဟာ ဂျပန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကြားမှာကြုံတွေ့ရနိုင်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ 派遣ကုမ္ပဏီတွေဘယ်လိုဝင်ငွေရှာလဲ ဘယ်လိုဝင်ငွေရလဲ။ ဝန်ဆောင်ခ ဖြတ်တောက်ခြင်း (Margin)မှနေပြီး ပိုက်ဆံရကြပါတယ်။ 派遣ကုမ္ပဏီများသည် အလုပ်ရှင် (派遣先Client Company)နှင့် ဝန်ထမ်း ကြားက ကြားခံအနေနဲ့ ဝင်ငွေရှာဖွေကြပါတယ်။ ဝန်ထမ်းကို အလုပ်လုပ်ရမည့်ကုမ္ပဏီကို စေလွှတ်ပြီး အလုပ်လုပ်ချိန်နာရီ ဒါမဟုတ် လ အလိုက် 派遣料金(Dispatch Fee) ကိုကောက်ခံပါတယ်။ ဝန်ထမ်း၏ လုပ်အားခ နှင့် ကုမ္ငဏီတွေထံမှ ရရှိတော့ Dispatch Feeအကြား ကွာခြားချက်ကို ရယူပြီး ဝင်ငွေရှာကြပါတယ်။ စုစုပေါင်းဝင်ငွေ၏ ၇၀%ခန့်သည် ဝန်ထမ်းများ၏ လစာအတွက်ပြန်ပေးရပြီး၊ ကျန် ၃၀% ဝန်ကျင်းမှ ဝန်ထမ်း အာမခံစရိတ်၊ ရုံးခန်းစရိတ်၊ ဗီဇာ ကူညီဆောင်ရွက်ခ စသည့် အုပ်ချုပ်မူ ကုန်ကျစရိတ်တွေကို နှုတ်ပြီးမှ ၁% ကျော်ခန့်သာ အမြတ်အဖြစ် ကျန်ရှိပါတယ်။ ဒါဆို ဥပဒေအကြောင်းအရာမသိ စာချုပ်တောင်မဖတ်တတ်တဲ့ ဂျပန်စာမလိုဘူးဆိုတဲ့လုပ်သားတွေအတွက် တကယ်ရောမျှတတဲ့ လုပ်ခလက်စာရမယ်လို့ထင်လား တွေးကြည့်ရင်သိနိုင်ပါတယ်။
ဂျပန်ရဲ့ 派遣စနစ်ကို 労働者派遣法လို့ခေါ်တဲ့ ဥပဒေကတင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပါတယ်။ လုပ်ငန်းဌာနတစ်ခုချင်းစီအတွက် ကန့်သတ်ချက်(Limitation per work Unit)派遣先ကုမ္ပဏီ တစ်ခုတည်းမှာရှိတဲ့ လုပ်ငန်းဌာနတစ်ခုမှာ အနည်းဆုံး၃နှစ်အထိသာ လက်ခံအသုံးပြုနိုင်ပါတယ်။ ၃နှစ်ပြည့်ရင် ကုမ္ပဏီအနေနဲ့ အဆိုပါဌာနမှာ နောက်ထပ် 派遣社員အသစ်ကိုသာလက်ခံနိုင်ပါမယ်။ ၃နှစ်ပြည့်သွားရင် အခြားဌာနကိုပြောင်းပြီ ဆက်လုပ်နိုင်ပါတယ်။
派遣စနစ်ထဲမှာ 紹介予定派遣(Introduction to Direct Hire)တိုက်ရိုက်ခန့်အပ်ခွင့်လို့ခေါ်တဲ့ အထူးစာချုပ်အမျိုးအစားလည်း ရှိပါတယ်။ ဒီစနစ်ဟာ ပုံမှန်အားဖြင့် ၆လအထိ 派遣社員အနေနဲ့အလုပ်ဝင်ပြီးနောက်၊ ကုမ္ပဏီက သူ့ကို 正社員(Permanent Employee) သို့ 契約社員(contract Employee)အနေနဲ့ တိုက်ရိုက် ခန့်အပ်ဖို့ အခွင့်အရေးပေးရပါတယ်။ ဒါမှ ဝန်ထမ်းက ကုမ္ပဏီအတွက် သင့်တော်ရဲ့လားဆိုတာကို စမ်းသပ်ကြည့်လို့ရမှာဖြစ်ပါတယ်။ ၂၀၂၀ ဥပဒေပြင်ဆင်ချက်အရ 同一労働同一賃金(Equal Pay For Equal Work) စနစ်ကို ကျင့်သုံးရပါတယ်။ မိမိကို စေလွှတ်တဲ့ ကုမ္ပဏီရဲ့ 正社員 တွေနဲ့ လုပ်ငန်းတူညီရင် ၊ အရည်အချင်း တူညီရင် ၊ တာဝန်တူညီရင် အကျိုးခံစားခွင့် တူညီတဲ့လစာနဲ့ ခံစားခွင့်ကို ပေးဖို့လိုအပ်ပါတယ်။ သို့သော် အချို့မရိုးသားသော 派遣ကုမ္ပဏီတွေက နိုင်ငံခြားသား ဝန်ထမ်းအခွင့်အရေး ဂျပန်အလုပ်သမားဥပဒေဆိုင်ရာ အသိပညာ နည်းပါးခြင်းကို အခွင့်ကောင်းယူပြီး ပေးရမည့်နှုန်းထားထက် ပိုမို လျှော့ချထားသော နှုန်းထားများဖြင့် စာချုပ်ချုပ်ဆိုခြင်း။ လူမှုဖူလုံရေး အာမခံ(Social Insurance)ထဲသို့ ဝင်ရောက်ရန် ပျက်ကွက်ခြင်း စာရွက်စာတမ်းမမှန်မကန် ပြုလုပ်ခြင်း၊ အချိန်ပိုလုပ်ခများကို သတ်မှတ်နှုန်းထားအောက် လျှော့၍ပေးချေ ခြင်း၊ နိုင်ငံခြားသား 派遣社員သည် 派遣ကုမ္ပဏီအပေါ် ဗီဇာ ဆက်လက် ထောက်ပံ့ပေးရရန်အတွက် မှီခိုနေရသောကြောင့် ကုမ္ပဏီ၏ မမျှတသော ဆုံးဖြတ်ချက်များကို လက်ခံရန် ဖိအားပေးခံရလေ့ရှိပြီး အလုပ်ပြောင်းရန်၊ သို့ တိုင်တန်းရန် ဆုံးဖြတ်ပါက ဗီဇာ ပျက်ပြယ်မည်ကို စိုးရိမ်ရသောကြောင့် ငြိမ်းခံနေတတ်ကြပါတယ်။
အခုဆို ဂျပန်ရောက်နေတာ ၆လရှိပြီး ၈လရှိပြီး Work Visa နှင့်လာတာ အလုပ်ခုထိမလုပ်ရသေးဘူး လာတဲ့ Agency ကအလုပ်ရှာပေးနေတုန်းပဲ။ အရမ်းစိတ်ညစ်နေပြီး မြန်မာပြည်ကလာတဲ့အကြွေးတွေလည်း အတိုးတွေတက်နေပြီး စသည့် ဘွဲ့ရဆိုတဲ့ အချက်တစ်ခုထဲနဲ့ ပွဲစားတွေရဲ့ စကားအောက်မှာ ကိုယ်ကိုင်ထားတဲ့ Visa နှင့်ကိုက်ညီတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင်ကလည်း ရှာဖို့အရည်အချင်းမရှိ၊ သူတို့ရှာပေးမယ်ဆိုတဲ့အလုပ်ကို မျှော်ရင်းနှင့် စောင့်နေတဲ့သူတွေများစွာရှိလာပါတော့တယ်။ ဒီရောက်လာတော့မှ အလုပ်ရှာပေးမယ် ခေါ်လာပေးတဲ့သူကို။ မဟုတ်ရင် ကျေးဇူးရှင်သဖွယ်နှင့် ဘယ်နေ့အလုပ်ထည့်ပေးမှာလည်း မျှော်နေရပါတော့တယ် ထည့်ပေးသည့်အလုပ်ကရော Work Visaနှင့် လုပ်ခွင့်ရှိတဲ့အလုပ်လား?။ နောက်ပိုင်း visa အာမခံကရောဘယ်လောက်ထိအာမခံပေးနိုင်မလဲ………..။
Tokutei Ginoတာဆို အလုပ်တွေပေါးလို့ အလုပ်လျှောက်ချင်တယ်ပြောလိုက်တာနဲ့ မိတ်ဆက်ပေးမယ့် 登録支援機関တွေ ရိုက်သက်မကုန်ဘူး။
မည်သို့မည်ပုံလာသည်ဖြစ်ဖြစ် Work Visa သည့် Work Visa နှင့် ကိုက်ညီတဲ့အရည်အချင်းရှိပြီးသား လူတစ်ယောက်အတွက်ကတော့ ဂျပန်ပြည်တွင်းရောက်လာရင် သူ့ဟာသူတော့ အခက်ခဲကို ရင်ဆိုင်ကျော်လွှာနိုင်ကြပေးမယ့်။ Work Visa ကိုင်ထားပြီး ဂျပန်ပြည်တွင်းရောက်တော့မှ အလုပ်နေရာမရှာပေးနိုင် ကိုယ်တိုင်အလုပ်ရှာဖို့ကြတော့လဲ ဂျပန်စာအရည်းအချင်းကမရှိ ဂျပန်စာလက်မှတ်ကN4 ကျွမ်းကျင်တဲ့ Skill တစ်ခုမပြနိုင်။ အဲ့တော့ ပြည်တွင်းအလုပ်work Visa အတော်များများသည် အနည်းဆုံး N3 အောင် N2 အောင် Skill တစ်ခုခု ရှိမှ အလုပ်ရှာရလွယ်တဲ့အတွက် ကိုယ်ကိုင်တဲ့ Visa က ကိုယ့်ဒုက္ခကိုပေးသလိုဖြစ်နေပါတော့တယ်။
ဒါကြောင့် work visa နှင့် ဂျပန်ကိုလာဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ skill တစ်ခုခုရအောင် ပြင်ဆင်လာပါ။ နောက်ပြီး ပိုအရေကြီးဆုံးက ဂျပန်စာပါ။ ဒီလောက်ဆို ဘွဲ့ရ ဂျပန်စာသိပ်မလို work visa လျှောက်လို့ရမရဆိုတာ နည်းနည်းသဘောပေါက်မယ်လို့ထင်ပါတယ်။
Min Chan Mon

02/10/2025

(ဂျပန်မှာရှိနေတဲ့ ဗီယမ်နန်သူငယ်ချင်းတွေရှိရင် share ပေးပါအုံးခင်ဗျ။
香川県観音寺市で一緒に働きませんか?�✨ ベトナム人の方を募集しています!✨�👉 国内で転職を考えている方も、海外から応募したい方も大丈夫です!

📌 募集内容
* 職種:教習指導員
* 雇用形態:正社員(試用期間あり)
* 募集人数:若干名
* 国籍・性別:不問(特にベトナム人を歓迎!)
* 年齢層:20〜30代
* 必要資格:普通自動車免許があれば尚可(無くても可)

🏢 勤務地
* 香川県観音寺市 出作町 / 柞田町 / 有明町

🕒 勤務時間
* 閑散期:9:30〜19:00(休憩60分)
* 繁忙期:8:30〜18:05(休憩60分)

🌴 休日
* 閑散期:4勤2休のシフト制
* 繁忙期:3勤1休のシフト制
* 年間休日110日

💰 給与・待遇
* 月給:25万円〜(経験・能力・資格により決定)
* 年収目安:400〜600万円
* 残業:月平均26時間程度
* 手当:通勤・時間外・業務手当 等
* 賞与:年2回(業績・評価による)2〜3ヵ月分/年
* 昇給:年1回(業績・評価による)

🏠 寮・福利厚生
* 寮あり(寮費月2万円・冷蔵庫・洗濯機・エアコン・Wi-Fi完備)
* 社会保険完備・健康診断あり
* 一時帰国:有給を利用して年1回程度可能(会社規定による)

🔎 選考フロー
1. 書類選考
2. オンライン面接
3. 最終面接

📩 興味のある方はお気軽にご連絡ください!�✨ 新しい環境でキャリアをスタートするチャンスです!

17/09/2025

‘ Working Abroad Doesn’t Mean We’re Rich”
လူတွေ အားလုံးရဲ့အထင် နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းသည် ငွေကြေးတစ်ခုကြောင့်တည်းလို့ ထင်တတ်ကြပါတယ်။ သူတို့အမြင်မှာ မင်းက ငွေတွေအပြည့်ဖြည့်ထားတဲ့ ရေကူးကန်ထဲမှာ ကူးခက်နေပြီး ပိုက်ဆံတွေများကြီးဝင်နေမယ်၊ ခမ်းနားစွာနေထိုင်နေမယ်၊ ဘာမဆိုပေါးများပြီး ပြည့်စုံနေတယ်လို့ ထင်ကြပါတယ်။
တကယ်တမ်းကရော ဟုတ်ပါသလား?
အမှန်ကတော့ သူတို့တွေက အလုပ်ကို နှစ်ဆ၊ တစ်ခါတစ်လေ သုံးဆ ပိုလုပ်ကြရတယ်။
သူတို့တွေက မိသာစုနှင့်တူတူဖြတ်သန်းရတဲ့ မွေးနေ့ပွဲတွေ၊ နှစ်ပတ်လည်နေ့တွေ၊ အားလပ်ရက်တွေ၊ အဆုံးသက်မှာ နောက်ဆုံးဖြစ်တဲ့မိသာစုဝင် စ◌ျာပနအခမ်းအနားတွေထိတောင်မှ တစ်ခါတစ်ရံသူတို့ လက်လွှတ်ထားရတယ်။
ဓတ်ပုံတွေထဲမှာ ပြုံးပြနေပေးမယ့် အတွင်းစိတ်ထဲမှာတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နှလုံးသားတွေပါ မောပန်းနေတတ်ကြတယ်။ "ဟုတ်ပါတယ်"၊ ကိုယ့်နိုင်ငံမှာရတဲ့ လစာအနည်းဆုံးထက်တော့ ပိုရကြပါတယ်။ ဒါပေမယ့် ဒီလစာတွေထဲမှာ ဘာတွေပေးဆပ်ရလဲ?
We sacrifice time with our families(မိသာစုအပေါင်းသင်းတွေနှင့် အတူရှိဖို့အချိန်ကို စတေးလိုက်ရတယ်), we eat alone(တစ်ယောက်တည်း စားရတဲ့ထမင်းဝိုင်းတွေ)၊ we celebrate milestones through video calls, we cry ourselves to sleep when no one’s watching(အင်တာနက်ကနေတဆင့် မိသာစုအထူးနေ့ရက်တွေ ဝင်ဆင်နွှဲရတယ်၊ ဘယ်သူမှ မမြင်အောင် အိပ်ရာမဝင်မီ ငိုကြွေးရတဲ့ညတွေ) အိမ််ပြန်ပို့တဲ့ ငွေတွေရဲ့ နောက်ကွယ်မှာ နာရီပေါင်းများစွာ ရပ်ပြီးအလုပ်လုပ်ရတွေ၊ ထမ်းနေရတဲ့အလေးချိန်တွေ၊ ဝန်ဆောင်မူပေးရတာတွေ၊ သန့်ရှင်းရေးလုပ်ရတဲ့အချိန်တွေ၊ ပြုစုစောင့်ရှောက်ရတဲ့ချိန်တွေ၊ sometimes for enduring pain, Loneliness , and disrespect(တစ်ခါတစ်ရံ အထီးကျန်မှုတွေ၊ ဂုဏ်သိက္ခာချိုးနှိမ်မှုတွေကို သည်းခံရတာကနေ ရလာတဲ့ငွေပါ)
ဒါကြောင့် သူတို့ချမ်းသာကြွယ်ဝသူတွေ မဟုတ်ပါဘူး။ သူတို့က တာဝန်ယူမှုရှိသူတွေပါ။ မိသားစုရဲ့ လိုအပ်ချက်ကို ဖြည့်စည်းနေကြတဲ့သူတွေပါ။ ခရီးတွေထွက်တာမြင်တဲ့အခါ အားလပ်ရက်မှာ အိမ်ပြန်တဲ့အခါ ရယ်မောပျော်ရွှင်နေတာတွေကို မြင်ရင် ဒီချိန်လေးတွေက အချိန်ပေါင်းများစွာအလုပ်လုပ်ပြီး စတေးထားရတဲ့ ခဏတာပျော်ရွှင်မူတွေဆိုတာ သိထားပေးပါ။ သူတို့ကို သနားဖို့မလိုဘူး သူတို့ကိုတွေနားလည်ပေးဖို့ပဲ မျှော်လင့်ပါတယ်။ ဇိမ်ခံဖို့အတွက် မဟုတ်ဘဲ ရှင်သန်နေထိုင်ဖို့အတွက် အိမ်ကနေခွဲနေကြတဲ့သူတွေပါ့။
(We didn’t go abroad to get rich. We left home not for luxury but for survival)

10/01/2024

How to count spins

2023 October Nat-Test 4Q(N4) Result合格点 Passing Score   103
20/10/2023

2023 October Nat-Test 4Q(N4) Result

合格点 Passing Score 103

2023 October Nat-Test 3Q Result合格点 99
20/10/2023

2023 October Nat-Test 3Q Result
合格点 99

2023 October Nat-Test 1Q Result合格点 Passing Score 111
20/10/2023

2023 October Nat-Test 1Q Result
合格点 Passing Score 111

2023 October Nat-Test Result 2Q合格点 Passing Score 113
20/10/2023

2023 October Nat-Test Result 2Q
合格点 Passing Score 113

19/10/2023

マスクを脱ぐ

Address


12011

Website

Alerts

Be the first to know and let us send you an email when Sharing 日本語 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sharing 日本語:

Shortcuts

  • Want your school to be the top-listed School/college?

Share