Win Preschool and Learning Center

Win Preschool and Learning Center Vision
Win Preschool is committed to inspire the joy of learning through a positive and nurturing atmosphere with rich learning opportunities.

09/08/2026

ဒီလမှာတော့ ကလေးတွေဟာ ရာသီအလိုက်ပွဲတော်များအကြောင်းကိုသင်ယူကြရပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်
နေ့) ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် ဝါဆိုသင်္ကန်းကပ်ခြင်း၊ ပန်းကပ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းတို့ကို လေ့လာသင်ယူခဲ့ရပါတယ်။ ရိုးရာဓလေ့များကို ချစ်မြတ်နိုးတတ်စေဖို့နဲ့ ငယ်စဉ်ကတည်းက ကျောင်းကန်၊ဘုရားပတ်ဝန်းကျင်အလိုက် အနေအထိုင်၊အပြောအဆို၊အပြုအမူ စသည့် ယဉ်ကျေးမှူဓလေ့များနဲ့ ရင်းနှီးစေရန်ရည်ရွယ်၍ ဝါဆိုသင်္ကန်း၊ ဆွမ်းကပ်လှူခြင်း၊ နဝကမ္မအလှူငွေတို့ကို ကိုယ်တိုင်ကိုယ်ကျ ကပ်လှူစေခဲ့ပါတယ်။

ဒါ့အပြင် သူငယ်ချင်းများနဲ့အတူ စုပေါင်းသွားရခြင်း၊ မိမိကိုယ်ကိုအားကိုးတတ်စေသည့် အမူအကျင့်များရရှိစေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှု တိုးစေခြင်းနဲ့ ကျောင်းကန်ဘုရားပတ်ဝန်းကျင်၏ ဆိတ်ငြိမ်အေးချမ်းမှုတို့ကို ခံစားတတ်စေမည့် ငယ်ဘဝ အမှတ်တရ အလှူမှတ်တမ်းကို မျှဝေပါရစေရှင်။

Win Preschool ၏ (Nursery +Pre-KG+ KG )မှ ကလေးများ၊ ဆရာမများ၊ မိဘများအားလုံး ရဲ့ နှစ်ဦး အလှူလည်းဖြစ်တဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆွမ်း၊ အချိုပွဲနှင့် ဝတ္ထုငွေကပ်လှူခြင်းကို အတန်းအားလုံးကိုယ်စား KGတန်းမှ ကလေးများနှင့် ဆရာမများက သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ Win မိသားစု၏ ပြုသမျှ ကုသိုလ်အစုစုတို့ကို မျှဝေပေးပါတယ်။ ကျွန်ုပ်တို့အားလုံးနှင့်အတူ ကုသိုလ်များ ထပ်တူရရှိနိုင်ကြပါစေ 🙏🙏🙏

05/08/2026

🌸📚 Grade 1 / Grade 2 Maths Class 📚🌸

သားသားမီးမီးတို့ရဲ့ သင်္ချာအခြေခံစွမ်းရည်များကို ခိုင်မာတိုးတက်လာစေရန်
Grade 1 & Grade 2 Maths Class ကို စနစ်တကျ သင်ကြားပေးနေပါပြီရှင့် 💕

🍀📊သင်္ချာဆိုတာ တွက်ချက်ခြင်းတစ်ခုတည်းမဟုတ်ဘဲ
စဉ်းစားတွေးခေါ်နိုင်မှု၊ နားလည်ဖြေရှင်းနိုင်မှုနှင့် ယုံကြည်မှု တို့ကို တည်ဆောက်ပေးတဲ့ အရေးကြီးသော ဘာသာရပ်တစ်ခုဖြစ်ပါတယ် 🍀📈
🌷 ဘာကြောင့် Maths Class တက်သင့်လဲ?
✔️ ကျောင်းသင်ရိုးအတိုင်း သင်ခန်းစာများကို ပိုမိုနားလည်စေရန်
✔️ အခြေခံတွက်ချက်မှုစွမ်းရည်များ ပိုမိုကောင်းမွန်လာစေရန်
✔️ စာမေးပွဲအတွက်သာမက နေ့စဉ်အသုံးချနိုင်သော Maths Skills များ ရရှိစေရန်
✔️ Maths ကို ကြောက်ရွံ့ခြင်းမရှိဘဲ ပျော်ရွှင်စွာ သင်ယူနိုင်စေရန်
✔️ နောင်အတန်းများအတွက် ခိုင်မာသော အခြေခံကောင်းတစ်ခု တည်ဆောက်ပေးနိုင်ရန်

✨ Our Class Highlights
🍀 ကလေးများ နားလည်လွယ်စေရန် ပေါ့ပေါ့ပါးပါးနှင့် စနစ်တကျ သင်ကြားပေးခြင်း
🍀 ကလေးတစ်ဦးချင်းစီ၏ နားလည်မှုအလိုက် ဂရုတစိုက် လမ်းညွှန်ပေးခြင်း
🍀 လေ့ကျင့်မှုများမှတစ်ဆင့် တွက်ချက်မှုနှင့် စဉ်းစားနိုင်စွမ်း တိုးတက်စေခြင်း
🍀 Maths ကို ယုံကြည်မှုရှိရှိ ဖြေရှင်းတတ်သော ကလေးများ ဖြစ်လာစေရန် ပံ့ပိုးပေးခြင်း

💕 သားသားမီးမီးတို့ရဲ့ အနာဂတ်သင်ယူမှုအတွက်
အခြေခံကောင်းများကို နွေးထွေးစွာ တည်ဆောက်ပေးနေပါတယ်ရှင့် 💕
📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် (09-968 685 338)

26/07/2026

ဒီတစ်ပတ်မှာတော့ Pre-KG သားသားမီးမီးလေးတွေဟာ သူငယ်ချင်းတွေနဲ့အဖွဲ့လိုက် လက်ဆင့်ကမ်းဘောလုံးသယ်တာ၊ ပုံမှာပြထားတဲ့အတိုင်း ပုံစံတူပြုလုပ်တာ စတဲ့ activity လေးတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို activity လေးတွေက ရိုးရှင်းလွယ်ကူတယ်လို့ ထင်ရပေမဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အားသာချက်တွေ အများကြီး ရှိလို့နေပါတယ် 🎈
ဒီလိုကစားနည်း‌တွေကနေ ကလေးတွေ ဘာတွေရရှိသွားမလဲဆိုရင်...
👀 ၁။ အမြင်စွမ်းရည်နှင့် ပေါင်းစပ်ညှိနှိုင်းမှု (Visual-Spatial & Fine Motor Skills)
နမူနာပုံစံကို သေချာကြည့်ပြီး လက်ချောင်းလေးတွေနဲ့ တုတ်ချောင်းကို နေရာတကျ ပြန်စီရတာကြောင့် အမြင်စွမ်းရည်နဲ့ လက်-မျက်လုံး ပေါင်းစပ်လှုပ်ရှားမှုစွမ်းရည်ကို သိသိသာသာ တိုးတက်စေပါတယ်။
🧠 ၂။ စဉ်းစားတွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving & Critical Thinking)
"ဒီပုံစံအတိုင်းဖြစ်ဖို့ တုတ်ချောင်း ဘယ်နှစ်ချောင်းလိုမလဲ"၊ "ဘယ်လိုထောင့်ချိုးရမလဲ" ဆိုတာကို ကလေးက ဦးနှောက်သုံးပြီး အလိုလို စဉ်းစားတွေးခေါ်ရတာကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးစေပါတယ်။
🤝 ၃။ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပေါင်းသင်းဆက်ဆံရေး (Social & Teamwork Skills)
သူငယ်ချင်းတွေနဲ့ အတူတူ ကစားရတာဖြစ်လို့ "တလှည့်စီ ကစားရမယ်" ဆိုတဲ့ စည်းကမ်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထကောင်းတွေကို ရရှိသွားပါတယ်။
❤️ ၄။ အာရုံစူးစိုက်မှုနှင့် စိတ်ရှည်မှု (Focus & Patience)
ပုံစံတူအောင် ဖြည်းဖြည်းချင်းကြိုးစားပြုလုပ်ရတဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်း (Concentration Span) ပိုကောင်းလာပြီး စိတ်ရှည်သည်းခံတတ်တဲ့ အလေ့အကျင့် ရသွားပါတယ်။
⚖️ ၂။ ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စွမ်းနှင့် ကြွက်သားဖွံ့ဖြိုးမှု (Balance & Physical Coordination)
ဘောလုံးကို ပြုတ်မကျအောင် ထိန်းရင်း လက်ဆင့်ကမ်းကစားရတာကြောင့် ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စွမ်း (Balance) ပိုကောင်းလာပြီး ကြွက်သားကြီးများ (Gross Motor Skills) နဲ့ကြွက်သားငယ်များ (Fine Motor Skills) ကိုပါ တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးစေမှာပဲ ဖြစ်ပါတယ်ရှင့်။
❤️❤️❤️



💕💕💕Preschool အရွယ် ကလေးတို့ကို နေ့စဉ် Routine ပုံမှန်လေ့ကျင့်ပေးခြင်း၏ အကျိုးကျေးဇူးများ💕💕💕🍁စိတ်လုံခြုံမှုနှင့် ကိုယ့်ကိ...
21/07/2026

💕💕💕Preschool အရွယ် ကလေးတို့ကို နေ့စဉ် Routine ပုံမှန်လေ့ကျင့်ပေးခြင်း၏ အကျိုးကျေးဇူးများ💕💕💕

🍁စိတ်လုံခြုံမှုနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးတက်လာခြင်း (Emotional Security & Confidence)
ကလေးများသည် ဘာပြီးရင် ဘာလုပ်ရမည်ကို ကြိုတင်သိရှိနေသည့်အတွက် စိုးရိမ်စိတ် လျော့နည်း သွားပါတယ်။
"ငါ ကိုယ်တိုင် လုပ်နိုင်တယ်" ဆိုသည့် စိတ်ဓာတ်မျိုး စတင်ဝင်ရောက်လာပြီး မိမိကိစ္စကို မိမိကိုယ်တိုင် ဆောင်ရွက်လိုစိတ် (Independence) တိုးတက်လာပါတယ်။

🍁 စည်းကမ်းနှင့် အလေ့အကျင့်ကောင်းများ စွဲမြဲသွားခြင်း (Self-Regulation)
ငယ်စဉ်ကတည်းက Routine အတိုင်း လိုက်ပါလုပ်ဆောင်ရသည့်အတွက် မိမိလုပ်ရမည့်အရာများကိုအလိုလို စနစ်တကျဖြင့် လုပ်ဆောင်တတ်လာပါတယ်။
ဥပမာ - Circle Time ပြီးရင် ဘာလုပ်ရမည်၊ အိမ်သာတက်ပြီးလျှင် လက်ဆေးရမည် စသည်ဖြင့် စည်းကမ်းများကို သဘာဝကျကျ သဘောပေါက်သွားပါတယ်။

🍁 ဦးနှောက်နှင့် ဘာသာစကားဖွံ့ဖြိုးမှု (Cognitive & Language Development)
ကဗျာများ၊ သီချင်းများကို နေ့စဉ် သီဆိုခြင်းဖြင့် ဝေါဟာရစကားလုံးသစ်များကို လျင်မြန်စွာ မှတ်မိလာပါတယ်။
သီချင်း သို့မဟုတ် သံစဉ်များမှတစ်ဆင့် သင်ယူခြင်းသည် ဦးနှောက်၏ မှတ်ဉာဏ်အပိုင်း (Memory) ကို ပိုမို အားကောင်းစေပါတယ်။

🍁 ကိုယ်တိုင်ပါ၀င်လုပ်ဆောင်နိုင်စွမ်း ရည်ကြောင့် (independence) တိုးတက်စေသည်။
Routine ကို သိရှိလာသောအခါ ဆရာမ (သို့) မိဘ က အမြဲသတိပေးရန်မလိုဘဲ ကိုယ်တိုင်လုပ်ဆောင်တတ်လာပါသည်။

ဒါ့ကြောင့် သားသား မီးမီးတို့ကို Routine တစ်ခုကို အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်နေ့စဉ် လေ့ကျင့်ပြီး အထက်ဖော်ပြပါ ဖွံ့ဖြိုးမှုလေးတွေကို ပံ့ပိုးပေးကြရအောင်‌ေနာ် 🥰🥰🥰😊

✨ ဖေဖေမေမေတို့ရေ... ဒီတစ်ပတ်မှာတော့ သားသားမီးမီးတို့ဟာ "အစေ့လေးတစ်စေ့ကနေ အပင်ကြီးတစ်ပင်ဆီသို့" ဆိုတဲ့ ခရီးစဉ်လေးကို လေ့လ...
21/06/2026

✨ ဖေဖေမေမေတို့ရေ... ဒီတစ်ပတ်မှာတော့ သားသားမီးမီးတို့ဟာ "အစေ့လေးတစ်စေ့ကနေ အပင်ကြီးတစ်ပင်ဆီသို့" ဆိုတဲ့ ခရီးစဉ်လေးကို လေ့လာသင်ယူခဲ့ကြပါတယ်ရှင်။

🌱 ​ဒီတစ်ပတ်မှာ ကလေးတို့ အကြိုက်ဆုံးနဲ့ စိတ်လှုပ်ရှားမှုအရှိဆုံးကတော့ အစေ့မှ အပင်ပေါက်လာပုံအဆင့်ဆင့်ကို ပုံပြင်လေးနဲ့ ချိတ်ဆက်ပြီး အဖွဲ့လိုက် သရုပ်ဖော် တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

🌱 ​ကလေးတွေဟာ လက်ထဲမှာ အစေ့ပုံလေးတွေ၊ အပင်ပေါက်ပုံလေးတွေကို ကိုင်ထားပြီး မြေကြီးထဲက အစေ့အိပ်ပျော်နေတဲ့ အဆင့်ကနေ... မိုးရေစက်လေးတွေသောက်၊ နေရောင်ခြည်လေးခံယူပြီး တဖြည်းဖြည်း အမြစ်တွယ်၊ အပင်ပေါက်လေးဖြစ်ကာ အပင်ကြီးအထိ ကြီးထွားလာပုံကို ခန္ဓာကိုယ်လှုပ်ရှားမှုလေးတွေနဲ့ တက်တက်ကြွကြွ သရုပ်ပြခဲ့ကြပါတယ်။ ပုံလေးတွေကိုင်ပြီး တစ်ဆင့်ချင်းစီ သရုပ်ဆောင်နေတဲ့ ကလေးတို့ရဲ့ ပုံစံလေးတွေက တကယ့်ကို ချစ်စရာကောင်းလှပါတယ်။
ဒါ့ပြင် သင်ယူထားတဲ့ အပင်အစိတ်အပိုင်းလေးတွေကို ပိုမှတ်မိစေဖို့ ရေဆေးလေးတွေနဲ့ စိတ်ကြိုက် ခြယ်သခဲ့ကြပါတယ်။

🌱 ​အပင်ကြီးတွေနဲ့ အပင်သေးသေးလေးတွေကို ဂိမ်းလေးတွေဆော့ရင်း ခွဲခြားတတ်လာကြသလို၊ အပင်ရဲ့ အစိတ်အပိုင်းတွေရဲ့ အသုံးဝင်ပုံတွေကိုပါ ပျော်ပျော်ပါးပါး ပြောပြဆွေးနွေးခဲ့ကြပါတယ်ရှင်။

​✨ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ပြရတဲ့ သင်ယူမှုပုံစံ (Experiential Learning) ကြောင့် ကလေးတို့ဟာ သဘာဝတရားရဲ့ ဖြစ်တည်ပုံကို ပိုမိုနားလည်ပြီး တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ပေးကြတာကိုလည်း တွေ့ရပါတယ်။

​သားသားမီးမီးတို့ လက်ထဲမှာ အစေ့ပုံ၊ အပင်ပုံလေးတွေ ကိုင်ပြီး ပါဝင်သရုပ်ပြနေတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင် 💚


သားသားမီးမီးတို့ရဲ့ လက်ရေးလှလှလေးတွေက... သူတို့လေးတွေရဲ့ ယုံကြည်မှုကို စတင်စေပါတယ် ✨✨✨✨✨​🎨 ကလေးတစ်ယောက်ရဲ့ စာရေးသားခြင်း...
09/06/2026

သားသားမီးမီးတို့ရဲ့ လက်ရေးလှလှလေးတွေက... သူတို့လေးတွေရဲ့ ယုံကြည်မှုကို စတင်စေပါတယ် ✨✨✨✨✨
​🎨 ကလေးတစ်ယောက်ရဲ့ စာရေးသားခြင်းခရီးလမ်းမှာ "လက်ရေး" ဆိုတာ အလွန်အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခုပါ။ လက်ရေးလှရုံတင်မကဘဲ စနစ်တကျနဲ့ မှန်ကန်စွာ ရေးတတ်ဖို့က အနာဂတ်ပညာရေးအတွက် အခြေခံအုတ်မြစ်ပါပဲ။

​📱 ဖုန်း၊ Tablet တွေနဲ့ ရင်းနှီးနေတဲ့ ဒီဘက်ခေတ်မှာ ကလေးလေးတွေ စာရွက်ပေါ်မှာ စနစ်တကျနဲ့ လှလှပပ ရေးခြစ်နိုင်ဖို့ဆိုရင် အချိန်မီ လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်နော်။ 💕

​🌟 ဒါကြောင့် Win Preschool မှာ ကလေးတို့အတွက် "လက်ရေးသင်တန်း" လေးကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင်။ 🌟

​💡 ဒီသင်တန်းကနေ ကလေးတွေ ဘာတွေရရှိမလဲ?
✏️ အရစ်အဆွဲ မှန်ကန်ပြီး သပ်ရပ်တဲ့ လက်ရေးအခြေခံကို ရရှိခြင်း
✏️ ခဲတံကို စနစ်တကျ ကိုင်တတ်ခြင်း (Fine Motor Skills)
✏️ အာရုံစူးစိုက်မှု (Focus) ပိုမိုကောင်းမွန်လာခြင်း
✏️ ပျော်စရာ Activity လေးတွေကြောင့် စာရေးရမှာကို နှစ်သက်လာစေမှာ ဖြစ်တဲ့အတွက် အရေးအသားပိုင်းမှာ ကလေးတို့အတွက် စိတ်ပူစရာ မလိုတော့ပါဘူးနော်✨

​🎁 ဖေဖေမေမေတို့ရေ... ကလေးတို့ရဲ့ အနာဂတ်မှာ စနစ်ကျစွာ သပ်ရပ်လှတဲ့ အရေးအသားအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီရှင်။

​📩 သင်တန်းအသေးစိတ်နှင့် အပ်နှံရန်:
09 965 228 226 ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

​ #လက်ရေးသင်တန်း

07/06/2026

📚 ကလေးတွေ နေ့စဥ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့ရာ ပုံပြင်တွေရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်။

✨✨✨✨✨

📚 ခံစားချက်တွေ ပြောပြဖို့ ဖွင့်ဟတတ်ဖို့ စကားလုံးတွေ အများကြီး မရှိသေးတဲ့ ကလေးတွေရဲ့ အခက်အခဲကို ပုံပြင်ပြောပြခြင်းနှင့် စာဖတ်ပြခြင်းတို့ကို ပြုလုပ်ပေးခြင်းမှတစ်ဆင့် စကားလုံးဝေါဟာရ ကြွယ်ဝလာခြင်း၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်လာနိုင်ခြင်း၊ ခံစားချက်တွေကို ပြောပြတတ်လာခြင်းအပြင် စာရေး၊စာဖတ်ဖို့ စိတ်အားထက်သန်လာစေတဲ့ အခြေခံကျသော စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းမျိုးလည်း ဖြစ်ပါတယ်။

📚 ပုံပြင်ဖတ်ပြခြင်းဟာ မိဘနဲ့ သားသမီးဖြစ်စေ၊ ဆရာနဲ့ ကလေးများဖြစ်စေ အချင်းချင်း ဆက်ဆံရေး ပိုမိုရင်းနှီးစေပြီး သံယောဇဥ်လေးတွေ ပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောဆိုဆုံးမခြင်းကို နားလည်လွယ်သော၊ နာခံတတ်သော ကလေးလေးတွေဆိုတာ ပုံပြောကောင်းတဲ့ လက်ဦးဆရာတွေကို ပိုင်ဆိုင်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဘဝတစ်လျှောက် အမှတ်တရလေးတွေ အဖြစ် ကျန်ရစ်စေမယ့် ပုံပြင်လေးတွေ၊ ဇာတ်ကောင်လေးတွေအကြောင်းကို လူကြီး၊မိဘများပြောပြခဲ့တာကို အခုထိ မှတ်မိ သတိရနေတုန်းဆိုတာ ယခုစာဖတ်သူဖေဖေ၊မေမေတို့ကိုယ်တိုင် တွေးမိသွားမယ်လို့ ထင်ပါတယ်။

📚 ကိုယ်တိုင်ဖန်တီးပြောရတဲ့ ပုံပြင်ဖြစ်ဖြစ်၊ စာအုပ်ကိုင်ဖတ်ပြရတဲ့ ပုံပြင်ဖြစ်ဖြစ် ပုံပြင်နားထောင်ရတာဟာ စာဖတ်တဲ့ အလေ့အကျင့်ကို နှစ်သက်လာဖို့ သင်ပေးနေတဲ့ လမ်းကြောင်းတစ်ခုအပြင်၊ စာအုပ်ထဲမှာ ပါလာတဲ့ ဇာတ်ကောင်လေးတွေဟာ ကလေးတွေရဲ့ မိတ်ဆွေ ဖြစ်လာနိုင်ပါတယ်။ အသုံးဝင်ပြီး အရေးပါတဲ့ အချက်အလက်၊ နည်းလမ်းဥပဒေတွေကို စာအုပ်ထဲမှာ ရှာလို့ရနိုင်ကြောင်း အသိတရား တိုးတက်မြင့်မားလာဖို့လည်း လမ်းကြောင်းပေးခြင်းဖြစ်ပါတယ်။ ပြန်တွေချင်စရာကောင်းတဲ့ အတိတ်ဆိုတာ ငယ်ငယ်က နားထောင်ဖူးခဲ့တဲ့ ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ဖြစ်နေတတ်တာမို့ ဒီလို အမှတ်တရလေးတွေ ကျန်ခဲ့အောင် Win Preschool က ကလေးလေးတွေကို စနစ်တကျနဲ့ ပုံပြင်လေးတွေ ပြောပြခြင်းနဲ့ စာဖတ်ခြင်းအလေ့အထတွေကို စာသင်ချိန် တစ်ချိန်ထည့်၍ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

📚 ဒါကြောင့် ဒီအပတ် KG အတန်းက ကလေးလေးတွေကို "ဝက်ကလေး သုံးကောင်" ပုံပြင်လေးဖြင့် သရုပ်ဖော် ပြောပြခြင်း၊ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်စေခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးကို ဖန်တီးဖြစ်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်ရှင့်
❤️❤️❤️❤️❤️
WIN PRESCHOOL

🌟 Oxford Phonics English Class 🌟📚 ကလေးငယ်များ  အင်္ဂလိပ်စာလုံးများကို မြင်ရုံဖြင့် မှန်ကန်စွာ အသံထွက်ဖတ်တတ်စေရန်နှင့် စာ...
05/06/2026

🌟 Oxford Phonics English Class 🌟

📚 ကလေးငယ်များ အင်္ဂလိပ်စာလုံးများကို မြင်ရုံဖြင့် မှန်ကန်စွာ အသံထွက်ဖတ်တတ်စေရန်နှင့် စာဖတ်ခြင်း စွမ်းရည် (Reading Skills) တိုးတက်စေရန် ရည်ရွယ်၍ Oxford Phonics Class အတန်းလေးကို ဖွင့်လှစ်လိုက်ပါပြီရှင့်။

✅ မှန်ကန်စွာ အသံထွက်နိုင်ခြင်း (Correct Pronunciation)
✅ စာဖတ်ရာတွင် ယုံကြည်မှုရှိလာခြင်း (Reading Confidence)
✅ စာလုံးပေါင်း တတ်မြောက်ခြင်း (Spelling Skills)
✅ ဝေါဟာရ ကြွယ်ဝလာခြင်း (Vocabulary)
✅ ပျော်ရွှင်ဖွယ် သင်ယူမှု ရရှိခြင်း (Engaging Learning)

🎯 စသည့် အကျိုးကျေးဇူးများ ရရှိစေမည့် အတန်းလေးကို အသက် (4) နှစ်ခွဲမှ စ၍ စတင်တက်ရောက်နိုင်ပါတယ်ရှင့်။ အတန်းများနှင့် အချိန်များကတော့

♦️Phonics Class 3♦️ (အသက် - ၆ မှစ၍)
အချိန် - 4:45 PM to 5:45 PM
နေ့ရက် - Mon, Tue, Wed
သင်တန်းကာလ - 5 months
စတင်မည့်ရက် - 8.6.2026 (Mon)

♦️Phonics Class 2♦️ (အသက် ၅ခွဲမှ စ၍)
အချိန် - 3:30 PM to 4:30 PM
နေ့ရက် -Thurs, Fri, Sat
သင်တန်းကာလ - 5 months
စတင်မည့်ရက် - 11.6.2026 (Thurs)

♦️Phonics Class 1♦️ (အသက် ၄ နှစ်ခွဲမှစ၍)
အချိန် - 4:45 PM to 5:45 PM
နေ့ရက် -Thurs, Fri, Sat
သင်တန်းကာလ - 5 months
စတင်မည့်ရက် - 11.6.2026 (Thurs)

ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင့်။

🌈✨ Oxford Phonics နဲ့ English စာဖတ်ခြင်းကို ပျော်ရွှင်စွာ စတင်လိုက်ကြရအောင်! 🌈✨

🌈 🌈သားသားမီးမီးတို့ ကျောင်းမှာ ဘာတွေသင်ယူခဲ့သလဲ ...🌟🌟🌟🌟🌟​ကျောင်းဆိုတာ စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ လက်တွေ့ဆန်းသစ်တဲ့ Ac...
31/05/2026

🌈 🌈သားသားမီးမီးတို့ ကျောင်းမှာ ဘာတွေသင်ယူခဲ့သလဲ ...

🌟🌟🌟🌟🌟

​ကျောင်းဆိုတာ စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ လက်တွေ့ဆန်းသစ်တဲ့ Activity တွေနဲ့ ကလေးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးတဲ့နေရာတစ်ခုပါ။

​ဒီတစ်ပတ်မှာတော့ ကလေးတွေဟာ "အရောင်များအကြောင်း" ကို စိတ်ဝင်တစား သင်ယူရင်း၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်တဲ့ ကစားနည်းများစွာမှာ စိတ်ပါဝင်စားစွာ ပါဝင်ခဲ့ကြပါတယ်။

​🎨 အရောင်လေးတွေ မှတ်မိစေဖို့ ဆန်းသစ်တဲ့ဂိမ်းများ
​🤸‍♂️ လှုပ်လှုပ်ရှားရှား တက်ကြွမှုပေးတဲ့ အားကစားပုံစံ Activity များ
​🤝 သူငယ်ချင်းအချင်းချင်း ဝေမျှကူညီတတ်တဲ့ အမူအကျင့်ကောင်းများ
🧠 ကလေးတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီး ဖန်တီးပုံဖော်ခြင်းများအပြင်
​ကလေးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပျော်ရွှင်မှုအပြည့်နဲ့ ပုံဖော်နေကြတဲ့ သားသားမီးမီးတို့ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 💖

🌟 WIN Preschool ဟာ ကလေးတို့ရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုအဖြစ် ဖေဖေမေမေတို့ စိတ်ထဲမှာ အမြဲယုံကြည်စိတ်ချရတဲ့ ကျောင်းတစ်ကျောင်းအဖြစ် ရှိနေမှာပါ 🌟



Pre-KG နဲ့ Nursery အတန်းများအတွက် သတ်မှတ်ကလေးဦးရေ ပြည့်သွားပါပြီရှင်။ အတန်းများအားလုံး မေလ (၁၁)ရက်နေ့ စတင်ဖွင့်လှစ်သွားမ...
07/05/2026

Pre-KG နဲ့ Nursery အတန်းများအတွက် သတ်မှတ်ကလေးဦးရေ ပြည့်သွားပါပြီရှင်။

အတန်းများအားလုံး မေလ (၁၁)ရက်နေ့ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Nursery, Pre KG ကလေးများအတွက် ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင်နဲ့ ရင်နှီးမှု၊ သူငယ်ချင်း အချင်းချင်း ရင်းနှီးမှုရစေဖို့ အချိန်ပိုအနေနဲ့ ခေါ်ပေးမှာဖြစ်ပါတယ်ရှင်။

Nursery - 07-05-2026 မှ 08-05-2026 (9:00 to 12:00)

Pre-KG - 09-05-2026 မှ 10-05-2026 (9:00 to 12:00)

ယုံကြည်စွာအပ်နှံပေးကြတဲ့ မိဘအုပ်ထိန်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ကလေးများအတွက် အကောင်းဆုံးကြိုးစားသွားပါမယ် 😊

Address

ရေလဲလမ်း
Maubin
10151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Win Preschool and Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category