Study Guide In Maubin

Study Guide In Maubin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study Guide In Maubin, Education, Maubin.

08/04/2022
5/6/7/8 အတန်းတွေအတွက် english grammarနဲ့ essay letter ရေးနည်း အတန်းဖွင့်ပါမယ်။ fundraising classပါ။ ရသမျှကို 100% မြန်မာ...
10/07/2021

5/6/7/8 အတန်းတွေအတွက် english grammarနဲ့ essay letter ရေးနည်း အတန်းဖွင့်ပါမယ်။ fundraising classပါ။ ရသမျှကို 100% မြန်မာနိုင်ငံအနှံ့ အဘက်ဘက်က လိုအပ်နေတဲ့နေရာတွေကို ပြန်လှူမှာဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့သင်မှာလဲ?????
အချိန်မရွေး , နေရာမရွေး, zoomထဲဝင်နေရင်း လိုင်းကျသွားမှာ မပူရပဲ ကိုယ်အားတဲ့အချိန်မှာ ဝင်ရောက်လေ့လာလို့ရတဲ့ power point slide videoတွေနဲ့ သင်မှာပါ။

ဆရာမကိုရော စာမေးလို့ရလား????
yes, 24နာရီကြိုက်တဲ့အချိန် လာမေးပါ။ videoကြည့်နေရင်း နားမလည်တာရှိရင် ညသန်းခေါင်ဖြစ်ဖြစ် လာမေးလို့ရပါတယ်။

သင်တန်းကြေး???
​တစ်ယောက်ကို မြန်မာငွေ ၂သောင်းကျပ်ပါ။ တစ်ခါပဲသွင်းရမှာပါ။ (အကုန်လုံးအဆင်ပြေအောင်မို့ ဒီစျေးဖြစ်တာပါ၊ ပေါတယ်လို့လည်းမထင်ပါနဲ့၊ သေချာသင်မသင်ကိုတော့ စာသင်ရင် ကြည့်လိုက်ပါ၊ )

ဘယ်သူသင်မှာ????
ကျမရယ် ကျမသူငယ်ချင်း volunteerတွေရယ်ပါ။ အကယ်၍များ profileသိချင်ရင် အချိန်မရွေး လာရောက်စုံစမ်းလို့ရပါတယ်ရှင်။

ဘယ်တော့စမှာ???
Julyလကုန်ပါ။

အလယ်တန်းဆို လူကြီးတွေရောမရဘူးလား???
yes ရပါတယ်။ အခြေခံကနေ စပြီး သိချင်တဲ့ဘယ်သူမဆိုjoinလို့ရပါတယ်။

ဟိုဟိုဒီဒီတွေမှာ လိုအပ်နေတာမြင်ရတော့ စိတ်မကောင်းရုံကလွဲပြီး လုပ်နိုင်တာတစ်ခုခုရှိချင်လို့ပါ။ အခုရော လှူမနေဘူးလားဆိုတာကတော့ ဘေးနားကလူတွေအသိဆုံးပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး ကိုယ်တတ်နိုင်သမျှ ပါဝင်ပေးချင်တာပါပဲ။ ထပ်ပြောပါမယ်နော်။ ရသမျှ အကုန်ပြန်လှူမှာပါ။ အထူးသဖြင့် oxygenမရလို့ အသက်ဆုံးရှုံးသွားတာမျိုးမဖြစ်ရအောင် oxygenလိုအပ်တဲ့​နေရာတွေဆီ လှူမှာပါ။

အားလုံးကို Study Guide In Maubin Pageမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ Study Guide Pageကို ဆက်သွယ်ပေးကြတဲ့ မိဘတွေကို အထူး...
01/06/2021

အားလုံးကို Study Guide In Maubin Pageမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။
Study Guide Pageကို ဆက်သွယ်ပေးကြတဲ့ မိဘတွေကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင်။
ဒီနေ့မှာတော့ သားသားမီးမီးလေးတွေအတွက် ဝေါဟာရတိုးတက်စေဖို့ worksheetတွေကို ဝေမျှပေးလိုက်ပါတယ်။

Worksheetတွေနဲ့ လေ့လာရင် ဘယ်လိုကောင်းကျိုးတွေရမလဲ။? ? ............................................................................

💌 မီးနင်းတွေကို ဘာပုံမှမပါတဲ့ မီးနင်းစာအုပ်ကြီးနဲ့ ကျက်နေရင် ကျက်တုန်းခဏပါပဲ။ ပြီးရင် မေ့သွားတာ ဟုတ်တယ်ဟုတ်။ ဒီworksheetလေးတွေကတော့ ပိုပြီး ကြာကြာမှတ်မိစေတယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။

🗂colourfulဖြစ်ပြီး ပျော်စရာကောင်းတာမို့ ကလေးတွေလည်း မပျင်းစေဘဲ စာထဲကို စိတ်ပိုရောက်လာမှာဖြစ်ပါတယ်။

🏆What's this? What's that? Do you know this?What Colour is this? Let's spell together လို့ guide ဆရာကမေးပြီး သင်ပေးတဲ့အခါ speakingအတွက်လည်း အလေ့အကျင့်ရတာပေါ့။

🥉worksheetတွေဟာ ကလေးတွေရဲ့ တွေးတောနိုင်စွမ်း စဥ်းစားနိုင်စွမ်းကို ပိုကောင်းစေပြီး စပ်စုချင်စိတ်ကိုလည်း ပိုဖြစ်စေပါတယ်။

ဒါဆိုရင် အခုပဲ သင်ပေးကြည့်နော်။ အကယ်၍ study guideတွေနဲ့ တူတူလေ့လာချင်တယ်ဆိုလည်း တက်ကြွပြီး ဖျတ်လတ်နေတဲ့ guideတွေက အဆင်သင့်ရှိနေပါတယ်။

Thank You

၈ တန်း ၊ ၉ တ​န်း ၊ ၁၀တန်း ကျောင်းပိတ်ရက် ကာလမှာ စာ​တွေ အပြန်ပြန် အလှန်လှန် ရသွားပြီလား ။ တက္ကသိုလ်​ကောင်း​ကောင်းတက်ကြမလာ...
01/06/2021

၈ တန်း ၊ ၉ တ​န်း ၊ ၁၀တန်း ကျောင်းပိတ်ရက် ကာလမှာ စာ​တွေ အပြန်ပြန် အလှန်လှန် ရသွားပြီလား ။

တက္ကသိုလ်​ကောင်း​ကောင်းတက်ကြမလား ။
Grade ​ကောင်း​ကောင်းယူမလား ။
Eng , Maths basic ​ကောင်း​ကောင်းရချင်လား ။
Creative Thinking ပိုင်းတိုးတက်​စေချင်လား ။

အမှတ်​ပေးစနစ် ၊ လက်​ရေးလက်သား ၊ ​မေးခွန်း​​ဟောင်း ၊ ကျက်ပုံ ကျက်နည်း ​တွေနဲ့ စနစ်တကျ ​train ပြီး grade ​ကောင်း​ကောင်း D များများ ရယူဖို့
STUDY GUIDE IN MAUBIN နဲ့ ဆက်သွယ်လိုက်ပါ ။

မိမိတို့ရဲ့ က​လေး ဥာဏ်ရည်အလိုက် အ​ကောင်းဆုံး ​လေ့ကျင့် သင်ကြား​ပေး​နေပါတယ် ။

အ​သေးစိတ် သိရှိလိုပါက Page check box တွင်​မေးမြန်း စုံစမ်း နိုင်ပါတယ်ရှင် ။

ကျွန်တော်တို့ teamက Study Guideက ကျောင်းသားတွေကို ဘယ်လိုကူညီနိုင်လဲ?? .....................................................
30/05/2021

ကျွန်တော်တို့ teamက Study Guideက ကျောင်းသားတွေကို ဘယ်လိုကူညီနိုင်လဲ?? ...........................................................................

📝 စနစ်ကျတဲ့ အလွယ်မှတ်နည်းတွေပေးမှာမို့ ကျောင်းသားတွေ အချိန်နည်းနည်းနဲ့ စာတွေကို များများမှတ်နိုင်မှာပါ

💌 parrot learning (အလွတ်ကျက်) ထက် စာတွေရဲ့ concept သိအောင်လုပ်ပေးနိုင်ပါတယ်။

📋ပြန့်ကျဲနေတဲ့ စာတွေကို တစ်စုတစ်စည်းထဲ မှတ်နိုင်အောင် noteတွေနဲ့ သေသေချာချာ လုပ်ပေးမှာမို့ စာတွေထဲ ကျက်ပြီး ပြန်ထွက်သွားတာမျိုး မဖြစ်တော့ပါဘူး။

📝 နားမလည်တဲ့စာတွေကို နားလည်သည်အထိ သေသေချာချာ ရှင်းပြပေးမှာမို့ ကလေးတွေမှာ ဖိအားနည်းပြီး စာတွေနဲ့ ပိုပျော်လာမှာပါ။

📚 တစ်ပတ်စာ တစ်ပတ် revisionတွေလုပ်ပေးမှာမို့ စာမရမှာ လုံးဝမပူရပါ။

✏ လက်ရေးကအစ သေချာအသေးစိတ် ပြင်ပေးမှာမို့ စာမေးပွဲမှာ လက်ရေးကြောင့် အမှတ်နည်းတာမျိုး နည်းသထက်နည်းသွားမှာပါ။

🥉မေးခွန်းဟောင်းတွေအပြင် ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်တဲ့ ပြင်ပလေ့ကျင့်ခန်းတွေကိုပါ ထပ်ပြီး လေ့ကျင့်ပေးဦးမှာမို့ မေးခွန်းကြောက်တာမျိုးကို အလွယ်လေးကျော်နိုင်ပြီး စိတ်အေးလက်အေးဖြေနိုင်မှာပါ။

⏰အချိန်လည်းညှိလို့ရပါတယ်။

🏆Guideအကို အမတွေကလည်း စိတ်ရှည်သဘောကောင်းတဲ့အပြင် သက်ဆိုင်ရာဘာသာရပ်ကို သေသေချာချာလေ့လာထားတဲ့သူတွေဖြစ်ပါတယ်။
Guideအကို အမတွေဟာ UM 2/ Dental/ Maubin Uni/ Education College / YU တွေက အကုိ အမတွေ ဖြစ်တာအပြင် အခြားcerticificateပေါင်းများစွာကို ရရှိထားတဲ့သူတွေမို့ စိတ်ချယုံကြည်ရပါတယ်။

Thank You
Contact chat box for more details

Study Guide In Maubin Pageမှ ကြိုဆိုလိုက်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသားမီးမီးလေးတွေအတွက် study guideလိုတယ်ဆိုရင်...
30/05/2021

Study Guide In Maubin Pageမှ ကြိုဆိုလိုက်ပါတယ်။

မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသားမီးမီးလေးတွေအတွက် study guideလိုတယ်ဆိုရင် ကျွန်တော်တို့ teamကို ဆက်သွယ်လို့ရပါတယ်။
အသေးစိတ်သိရဖို့အတွက် တစ်ပုံချင်းစီ ဖတ်ပေးပါဗျ။

Address

Maubin

Website

Alerts

Be the first to know and let us send you an email when Study Guide In Maubin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category