17/03/2025
#ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ်_မူးနေတတ်တယ်
ြည့်များသလို
#အညောင်းထိုင်ရတာများတယ်
#ကျီးပေါင်း များရှိနေလား မသိဘူး။ 🤷♂️
အသက် ၄၀-၅၀ ရှိလာရင် အရိုးကျီးပေါင်းရှိတတ်ပါတယ်။ ရှိပဲရှိတာ ပါ ဒုက္ခမပေးပါဘူး။
👉👉👉
ကျီးပေါင်းကြောင့် မူးတယ်ဆိုတာက 😱 ချာချာလည်အောင်မူးတာပါ
🤷♂️ Dizziness ဆိုတဲ့ ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ် မူးနေတာမဟုတ်ပါဘူး (ဥပမာ- ခေါင်းမော့လိုက်ရင် ချာချာလည်သွားတာပါ)
ဖြစ်ရတဲ့ အကြောင်းက အရိုးအတက်က ဦးနှောက်ကိုသွားတဲ့ သွေးကြောကိုဖိမိလို့ ဖြစ်ရတာပါ။
ခေါင်းမော့လိုက်တဲ့ အချိန် ဖိမိတဲ့အတွက် ချာချာလည်မူးသွားတော့ လန့်ပြီးပြန်ငုံ့လိုက်ရင် သက်သာသွားတတ်ပါတယ်၊
ကျီးပေါင်းက သွေးကြောကို ဖိမိရအောင် ဆိုးနေပြီဆိုရင် တခြားလက္ခဏာတွေရှိကိုရှိရပါမယ်
- လည်ပင်းဂုတ်မှာ နာနေနိုင်သလို၊
- လက်တွေလည်း ကိုက်တာတို့ ကျဉ်တာတို့ဖြစ်သင့်ပါတယ်။
အဲ့လိုမှ ထုံတာကျဉ်တာ မရှိပဲ
ခေါင်းမူးတယ်ဆိုပြီး 🤷♂️
မူးတဲ့ပုံကလည် ချာချာလည်မဟုတ်၊
X-ray ရိုက်ကြည့်ပြီး ကျီးပေါင်းတွေ့တာနဲ့
ကျီးပေါင်းကြောင့် မူးတယ် ဆိုရင် မဟုတ်သေးပါဘူး။
တကယ်က မျက်စိ အာရုံစိုက်ရလွန်းလို့
Refractive Error 👉 cylinder ပြဿနာဖြစ်ဖို့များပါတယ်။ (👨⚕️ မျက်စိ ဆေးခန်းသွားပြီး မျက်စိပါဝါ စမ်းသပ်ပါ - မျက်မှန်ရှိလဲ (၆) လ တစ်ခါ Power ပြန် Check ပါ)
နောက်တစ်ခုက ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အလုပ်လုပ်ရလွန်းလို့ပါ။ (Muscle strain)
-----
- Computer,Telephone, TV အကြည့်များ တဲ့သူတွေ
- စက်ချုပ်တဲ့ Designer
- ပန်းချီအနုပညာရှင်
- အညောင်းထိုင်ရတာများတဲ့ သူတွေ
👉👉👉 ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ် မူးနေရင် ကျီးပေါင်း ဆိုတာထက်
မျက်စိ ပါဝါကြောင့်ဖြစ်ဖြစ်
အာရုံကြောကြောင့် ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်
✅ မျက်စိ ၄၅ မိနစ်ဆက်တိုက်သုံး ပြီးတိုင်း ၁၀-၁၅ မိနစ်အနားပေးပါ (မျက်လုံးမှိတ်တာဖြစ်ဖြစ်၊ အဝေးကိုကြည့်ပြီး လမ်းထလျှောက်တာဖြစ်ဖြစ်)
✅ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပါ
✅ အာရုံကြောအားဆေး သောက်လိုက (Vitamin B1,B6,B12) ပါသောဆေး သောက်ပါ။
✅ ကျီးပေါင်းကြောင့်ဆိုတဲ့ အတွေးဖျောက်လိုက်ပါ
ဒီလေ့ကျင့်ခန်း လုပ်ကြည့်ပါ
https://www.facebook.com/share/r/15sF1zAVew/?mibextid=wwXIfr
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )