PYIN NYAR KYAW

PYIN NYAR KYAW

Share

“ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ အသိပညာများ၊ Study Tips များနှင့် အောင်မြင်မှုအတွက်လမ်းရဲ့အစကို ပညာကျော်မှာ ရှာဖွေစို့"

11/03/2026

ယနေ့ ၁၁.၃.၂၀၂၆ နေ့မှစ၍
တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် Grade-12 ဒွါဒသမတန်း ကျောင်းသား၊ ကျောင်းသူလေးများအကုန်လုံး အဆင်ပြေပြေနှင့် အောင်မြင်မှုအသီးသီး ခူးဆွတ်နိုင်ကြပါစေကြောင်း ဆုမွန့်ကောင်းပေးအပ်ပါသည်။

#တက္ကသိုလ်ဝင်ခွင့်အောင်မြင်ကြပါစေ

#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း

Photos from PYIN NYAR KYAW's post 11/03/2026

🎊ဂုဏ်ပြုလွှာ🎊

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်း မှ မြန်မာစာဆရာ ဦးကျော်သူရ ၏ တပည့်ဖြစ်သူ၊ ဧကာဒသမတန်းတွင် ပညာသင်ကြားလျက်ရှိသော မောင်စိုင်းရန်လင်းရွှေ သည် မင်္ဂလာမောင်မယ် စာနယ်ဇင်း တွင် ကျင်းပပြုလုပ်သော “လူငယ်နှင့် ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အကောင်းဆုံး စာစီစာကုံးဆု ကို ထပ်မံရရှိခူးဆွတ်နိုင်ခဲ့ကြောင်း သိရှိရသဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။
ယခုကဲ့သို့ ပညာရေး၊ စာပေအရည်အချင်းများဖြင့် ထူးချွန်အောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသကဲ့သို့ လူငယ်များအတွက်လည်း အားတက်ဖွယ် စံနမူနာကောင်းတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်း၏ အုပ်ချုပ်သူ၊ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ နှင့်အတူ ကျောင်းသားကျောင်းသူများအားလုံးက ဤအောင်မြင်မှုအတွက် ထပ်တူဝမ်းမြောက်ဂုဏ်ယူကြောင်း နှင့် ဆက်လက်၍ ပညာရေး၊ စာပေ၊ လူမှုရေး ကဏ္ဍများတွင် ထူးချွန်အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုအပ်ပါသည်။


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#ချမ်းမြသာစည်မြို့နယ်
#မန္တလေးတိုင်းဒေသကြီး

#အကောင်းဆုံးစာစီစာကုံးဆုရှင်
#မင်္ဂလာမောင်မယ်

27/02/2026

📣 ၂၇.၂.၂၀၂၆ ရက် – ကျက်သရေ မင်္ဂလာ နံနက်ခင်း

၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက်
မြန်မာ့ကြေးမုံ သတင်းစာမှ ထုတ်ပြန်ချက်အရ—

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေနယ်တွင် ဖွင့်လှစ်ထားသော

"ပညာကျော်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ
Grade (11) ကျောင်းသား မောင်စိုင်းရန်လင်းရွှေ သည် ဗဟိုအဆင့် လူရည်ချွန်အဖြစ် ထပ်မံ ခူးဆွတ်နိုင်ခဲ့ပါသည်။

🎉 ထူးချွန်အောင်မြင်မှုအတွက် အထူးဂုဏ်ပြုပါသည်။


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#ဗဟိုအဆင့်လူရည်ချွန်
#မြို့နယ်လူရည်ချွန်အဆင့်
#ချမ်းမြသာစည်မြို့နယ်
#မန္တလေးတိုင်းဒေသကြီး

#ပညာရေးကဏ္ဍ

Photos from PYIN NYAR KYAW's post 27/02/2026

🌟 ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းကောင်း 🌟
မြန်မာ့ကြေးမုံ သတင်းစာမှ ကြေငြာချက်။
၂၇.၂.၂၀၂၆ ရက် – ကျက်သရေ မင်္ဂလာ နံနက်ခင်း။

၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် မှ ထုတ်ပြန်ကြေညာချက်အရ—
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာမြို့နယ်တွင် ဖွင့်လှစ်ထားသော *ပညာကျော်* ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade (11) ကျောင်းသား မောင်စိုင်းရန်လင်းရွှေ သည် 🏆 ဗဟိုအဆင့် လူရည်ချွန် အဖြစ် ထပ်မံ ခူးဆွတ်နိုင်ခဲ့ပါသည်။

မြို့နယ်အဆင့် လူရည်ချွန်ကို ထူးချွန်စွာ ရရှိခဲ့ပြီးနောက် ရှမ်းလူမျိုး ဖခင် ဦးမောင်အောင် ၏ သားဖြစ်သူ မောင်စိုင်းရန်လင်းရွှေ သည် ဗဟိုအဆင့် လူရည်ချွန်အဖြစ် နောက်တစ်ဆင့် ထပ်မံ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

🎓 ဤသို့ ဂုဏ်ယူဖွယ် အောင်မြင်မှု ရရှိခဲ့သည့်အတွက် *ပညာကျော်* ကိုယ်ပိုင်အထက်တန်းကျောင်းမှ တည်ထောင်သူ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အားလုံးက—
✨ အင်မတန် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အထူးဂုဏ်ပြုအပ်ပါသည်။ ✨

🎉 ဆက်လက်၍ ပိုမို ထူးချွန်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#ဗဟိုအဆင့်လူရည်ချွန်
#မန္တလေးတိုင်းဒေသကြီး
#ချမ်းမြသာစည်မြို့နယ်
#မဟာအောင်မြေ

#မြို့နယ်လူရည်ချွန်အဆင့်
#ပညာရေးကဏ္ဍ

Photos from PYIN NYAR KYAW's post 19/02/2026

"ပညာကျော်" ကိုယ်ပိုင်အထက်တန်းကျောင်း မှ အားကစားဆောင်ပုဒ်လေးတစ်ခု။ 💥

“ပညာလည်းပြည့်ဝ၊ အားကစားလည်းထူးချွန်”

ကျောင်းစာပညာကို စနစ်တကျ သင်ကြားပေးသကဲ့သို့ကျောင်းသားလူငယ်များအား ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေးအတွက် နေ့စဉ် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်စေပါသည်။ ☄

“လူငယ်နှင့် အားကစား” ဟူသော ဆောင်ပုဒ်အတိုင်း
အားကစားနှင့် လူငယ်တို့ တစ်စိတ်တစ်ဝမ်းတည်းရှိမှသာ နိုင်ငံတော် အနာဂတ် တောက်ပဖွံ့ဖြိုးနိုင်မည် ဖြစ်သည်ဟု ယုံကြည်ပါသည်။ 🌤

"ပညာကျော်" ကိုယ်ပိုင်အထက်တန်းကျောင်း
အားကစားလေ့ကျင့်ရေးအိုဆောင်မှ စည်းကမ်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ခေါင်းဆောင်မှုစွမ်းရည်များကိုစနစ်တကျ လေ့ကျင့်ပျိုးထောင်လျက်ရှိပါသည်။ 🌠

၁။ပညာတိုးတက်စေရန်၊
၂။ကိုယ်ကျန်းမာစေရန်၊
၃။အနာဂတ်အောင်မြင်စေရန် ရည်ရွယ်၍ သင်ကြားဆောင်ရွက်ပေး​သော မိဘသဖွယ်ကျောင်းတော်တစ်ခု ဖြစ်ပါသည်။ ခင်ဗျာ။🌫

ယနေ့မှစ၍ ပညာကျော်နှင့်အတူ လူငယ်ဘဝကို အောင်မြင်စွာ လှမ်းလှမ်းလျှောက်လှမ်းလိုက်ပါ။🌊


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#လူငယ်နှင့်အားကစား
#မန္တလေးတိုင်းဒေသကြီး
#ချမ်းမြသာစည်မြို့နယ်
#ပညာရေးကဏ္ဍ

Photos from PYIN NYAR KYAW's post 17/02/2026

၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်

🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉
လူရည်ချွန် မြို့နယ်အဆင့် ပြိုင်ပွဲတွင် ပညာတန်ဖိုးကို သန့်ရှင်းသပ်ရပ်စွာ ထမ်းဆောင်လျက် ကြိုးစားအားထုတ်မှု၏ သီးနှံလှကို ရိတ်သိမ်းနိုင်ခဲ့သည့် Grade – 11 မှ
"ပညာကျော်" ကိုယ်ပိုင်အထက်တန်းကျောင်း၏
"ဦးမောင်အောင်" ၏ သား "မောင်စိုင်းရန်လင်းရွှေ" အား ကျောင်းသားဘဝ၏ ကြိုးစားသံ၊ မိဘ၏ မျှော်လင့်ခြင်းအလင်းရောင်၊ ဆရာ ဆရာမတို့၏ အားပေးညွှန်ကြားမှုများ ပေါင်းစည်းကာ လူရည်ချွန် အဆင့်မြင့်တန်းသို့ ရောက်ရှိနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊

ပညာသည် အနာဂတ်ကို လင်းစေသည့် မီးအိမ်ဖြစ်ပြီး ကြိုးစားမှုသည် အောင်မြင်မှုကို ဖွင့်လှစ်ပေးသည့် သော့ချက်ဖြစ်ပါသည်။
ယခုရရှိခဲ့သော ဂုဏ်တော်သည် အနာဂတ်အောင်မြင်မှုများအတွက် အခြေခံသစ်တစ်ပင် ဖြစ်ပါစေ။ 🤩

ဤအောင်မြင်မှုနောက်ကွယ်တွင်
တည်ထောင်သူ ဦးစိုင်းကျော်စိုးမိုး၊✅
အဘက်ဘက်မှ လမ်းညွှန်ပေးခဲ့သည့်
ကျောင်းအုပ်ဆရာမကြီး၊ ဘာသာရပ်ဆရာ၊ဆရာမများ အားလုံး၏ သွန်သင်ညွှန်ကြားမှု၊ စေတနာနှင့် အားထုတ်မှုများကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်။✅

🎊ထို့အပြင် ပညာကျော်မှ ကျောင်းသား၊ကျောင်းသူများ၏ ဝမ်းမြောက်ဂုဏ်ယူစိတ်များနှင့်အတူဤအောင်မြင်မှုသည် ကျောင်းဂုဏ်ကို တိုးမြှင့်စေသည့် တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်နေပါသည်။🎉
💥ရှေ့ဆက်လျှောက်မည့် ပညာလမ်းကြောင်းတွင်
အလင်းရောင်ပိုမိုလင်းပွင့်ကာ အောင်မြင်မှုသစ်များ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။💥


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#မြို့နယ်လူရည်ချွန်အဆင့်
ျမ်းမြသာစည်မြို့နယ်လူရည်ချွန်အဆင့်
#မန္တလေးတိုင်းဒေသကြီး
#ချမ်းမြသာစည်မြို့နယ်
#ပညာရေးကဏ္ဍ

16/02/2026

新年快乐 我们希望在新的一年里每个人都能度过一生中幸运的一天。将拥有新的生命和优秀的人才。 🎉🙏🎆🙏🎉

Happy Chinese New Year 🎆
From Pyin Nyar Kyaw

ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ
တရုတ်နှစ်ကူးအခါသမယတွင် မိဘဆရာ၊ ကျောင်းသားကျောင်းသူများနှင့် လူကြီးမင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားလာဘ်လာဘ တိုးတက်ပြည့်စုံကာ ကံကောင်းခြင်း၊ အောင်မြင်ခြင်းများနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်သစ်မှာ စိတ်သစ်၊ အတွေးသစ်များဖြင့် ပညာရေးလမ်းကြောင်းပေါ်တွင် ထူးချွန်အောင်မြင်မှုများ ရရှိကြပါစေ။ မိသားစုတိုင်း ပျော်ရွှင်စိုပြည်၍ သာယာချမ်းမြေ့သော နှစ်သစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
📚 ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်း တွင်
၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူအသစ်များကို ယခုအခါမှစ၍ လာရောက်အပ်နှံနိုင်ပြီ ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ပညာရည်တိုးတက်ရေးနှင့် လူ့ဂုဏ်ရည်မြင့်မားရေးကို အဓိကထားသော သင်ကြားရေးစနစ်ဖြင့် သားသမီးတို့၏ အနာဂတ်အတွက် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါသည်။

📞 Contact
Founder – 09444666438
Admin – 09402317360
📍 Address – 109th, 46/47 th street,
Chanmya Tharsi Township, Mandalay Region

✨ ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်း
“ပညာတတ်မှ အနာဂတ်တောက်ပမည်” ✨

🎉

#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#မန္တလေးတိုင်းဒေသကြီး
#ချမ်းမြသာစည်မြို့နယ်
#ပညာရေးကဏ္ဍ

15/02/2026

ဆရာကြီး ဦးစိုင်းကျော်စိုးမိုး(U Sai Kyaw Soe Moe)
B.E (CIVIL) ဦးစီးတည်ထောင်သော
"ပညာကျော်"ကိုယ်ပိုင်အထက်တန်းကျောင်း တွင်
🌟 နည်းပညာနှင့်အတူ အနာဂတ်ဆီ လျောက်လှမ်းရန် ဖိတ်ခေါ်ပါသည်ခင်ဗျ။! 🌟

၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် KG မှ G12 ထိ ကျောင်းသား/သူများအား စတင်လက်ခံနေပါပြီ။

ပညာကျော် ကိုယ်ပိုင်အထက်တန်း​ကျောင်း တွင် သင်ကြားမှုကို အခြေခံခိုင်မာစွာ တည်ဆောက်ပေးပြီး နားလည်မှတ်မိလွယ်အောင် စနစ်တကျ သင်ကြားပေးပါသည်။

📚 KG TO G-12 ထိသင်ကြားပေးမည့် ဘာသာရပ်များအား အသီးသီဖော်ပြပေးခြင်း။

⭐မြန်မာစာ – စာဖတ်၊ စာရေးစွမ်းရည် မြှင့်တင်ပေးပြီးအနက်ရှိုင်းနားလည်နိုင်စေရန် လေ့ကျင့်ပေးသည်။

⭐အင်္ဂလိပ်စာ – Grammar Basic၊ Vocabulary နှင့် 4 Skills (Reading, Writing, Listening, Speaking) ကို အခြေခံမှစ၍ ခိုင်မာစေသည်။

⭐သင်္ချာ – အဆင့်လိုက်ရှင်းပြ၍ လေ့ကျင့်ခန်းများဖြင့် သဘောတရားနားလည်အောင် သင်ကြားသည်။

⭐ဓာတုဗေဒ / ဇီဝဗေဒ / ရူပဗေဒ – သီအိုရီနှင့် လက်တွေ့ဥပမာများ ပေါင်းစပ်သင်ကြားပြီး သိပ္ပံအမြင်ဖွံ့ဖြိုးစေသည်။

⭐ဘောဂဗေဒ – လက်တွေ့ဘဝနှင့် ဆက်စပ်သင်ကြားကာ စီးပွားရေးအမြင် ကျယ်ပြန့်စေသည်။

⭐သမိုင်း / ပထဝီ – အတိတ်အတွေ့အကြုံများနှင့် ကမ္ဘာ့အမြင်များကို ချိတ်ဆက်သင်ကြားကာ အတွေးအခေါ်ပြည့်ဝစေသည်။

💻 နည်းပညာပေါင်းစပ် သင်ကြားမှုစနစ် ခေတ်မီသင်ကြားနည်းများကို အသုံးပြု၍ စိတ်ဝင်စားဖွယ် သင်ခန်းစာများဖြင့် ကျောင်းသားများ၏ အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။

🏃‍♂️ ကိုယ်ကာယနှင့် အနုပညာဖွံ့ဖြိုးရေး
အပတ်စဉ် ကိုယ်ကာယလေ့ကျင့်ခန်းများ၊ အနုပညာလှုပ်ရှားမှုများဖြင့် ကိုယ်ရည်ကိုယ်သွေးနှင့် ယုံကြည်မှု တိုးတက်စေပါသည်။

👨‍👩‍👧 မိဘများအတွက် ယုံကြည်စိတ်ချရသော ရွေးချယ်မှု၊ စနစ်တကျ စီမံခန့်ခွဲမှု၊ အရည်အချင်းပြည့်ဝသော ဆရာ/မများနှင့် ကျောင်းသားတစ်ဦးချင်းစီအပေါ် ဂရုစိုက်သင်ကြားပေးမှုကြောင့် မိဘများအတွက် စိတ်ချမ်းသာစေပါသည်။

✨ ကျောင်းသားများအတွက် ယုံကြည်ရသောသင်ရိုးများ၊ လွယ်ကူမှတ်သားနိုင်မည့်သင်ရိုး။

✨ မိဘများအတွက် ယုံကြည်စိတ်ချရသော ပညာရေးပတ်ဝန်းကျင်။

📩 ဆက်သွယ်ရန် – Page Mailbox သို့ ဆက်သွယ်နိုင်ပါသည်ခင်ဗျ။
📞 Founder – 09444666438
📞 Admin – 09402317360

📍 တည်နေရာ – 109th , 46/47 လမ်းကြား,
ချမ်းမြသာစည်မြို့နယ်, မန္တလေးတိုင်းဒေသကြီး။

💥သင့်ကလေး၏ အနာဂတ်အောင်မြင်မှုအတွက် ယနေ့ပင် ပညာကျော်နှင့်အတူ စတင်လိုက်ပါ။


#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း

#ချမ်းမြသာစည်မြို့နယ်
#မန္တလေးတိုင်းဒေသကြီး
#ပညာရေးကဏ္ဍ

15/02/2026

၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက်
"ပညာကျော်" ကိုယ်ပိုင်အထက်တန်းကျောင်း တွင်
KG မှ G12 ထိ ပညာသင်တက်ရောက်လိုသူများအား လက်ခံသင်ကြားပေးနေပါပြီခင်ဗျ။
━━━━━━━━━━━━━━━
📚 မိသားစုစိတ်ဓာတ်ဖြင့် ပညာသင်ကြားပေးခြင်း။
ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ပိုင်သားသမီးများကဲ့သို့ စောင့်ရှောက်သင်ကြားပေးပြီး စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဦးစားပေးပါသည်။

🎯 ကျောင်းစာများကို ပိုင်နိုင်အောင် သင်ကြားပေးခြင်း။ ရှေးရိုးဆန်သော “ဒါကို မကျက်နိုင်ရင် မဖြစ်ဘူး” ဟူသော စနစ်များကို ပယ်ဖျက်ကာ နားလည်မှုအခြေခံ သင်ကြားမှုဖြင့် စာကို ကျေညက်ပိုင်နိုင်စေပါသည်။ စာမှန်မှန်တက်ရောက်ခြင်း၊ စိတ်ပါဝင်စားမှုတိုးတက်စေရန် လေ့ကျင့်ပေးပါသည်။

🌟 ခေတ်မီသင်ရိုးများဖြင့် သင်ကြားပေးခြင်း
လူငယ်များအတွက် စိတ်ဝင်စားဖွယ် Activities များကို အပတ်စဉ် ဆောင်ရွက်ပေးပြီး
စိတ်ရောကိုယ်ပါ နှစ်မြှုပ်လေ့လာနိုင်ရန် ဖန်တီးပေးပါသည်။
━━━━━━━━━━━━━━━
💥အပတ်စဥ် စနေ၊ တနင်္ဂနွေ နေ့တိုင်း
Activities များလေ့ကျင့်လုပ်ဆောင်ပေးနေပါသည်။💥ကိုယ်ကာယလှုပ်ရှားမှုများ၊ လက်မှုပညာရပ်များ၊ အနုပညာများ နှင့် အခြားသော ပညာရပ်တိို့ကို သင်ကြားပေးနေပါသည်။
━━━━━━━━━━━━━━━
🌞 Summer Class Program
🔹 English Basic Class
🔹 4 Skills & Grammar အထူးသင်တန်း
🔹 Foreign Languages Basic –
🇨🇳 Chinese (တရုတ်ဘာသာ)
🇰🇷 Korean (ကိုရီးယားဘာသာ)
🇺🇸 English (အင်္ဂလိပ်ဘာသာ)
အခြေခံမှ စနစ်တကျ သင်ကြားပေးပါသည်။
━━━━━━━━━━━━━━━
✨ "ပညာရေးမြှင့်တင်ကာ အနာဂတ်ကို လှုပ်ခတ်မည့် လူငယ်များသည်
ပညာကျော်မှာ ပညာကို ကျော်မော်စွာ သင်ယူနိုင်ပါသည်။" ✨
ယနေ့ပဲ လာရောက်လျှောက်ထားနိုင်ပါပြီဗျ။

━━━━━━━━━━━━━━━
📍 လိပ်စာ
အမှတ် 109 လမ်း၊
46/47 လမ်းကြား၊ချမ်းမြသာစည်မြို့နယ်၊
မန္တလေးတိုင်းဒေသကြီး။
📞 ဆက်သွယ်ရန်ပင်မ
Founder - 09 444 666 438
📞အသေးစိတ်ဆွေးနွေးရန်
Admin – 09 402 317 360
━━━━━━━━━━━━━━━

#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#မန္တလေးတိုင်းဒေသကြီး
#ချမ်းမြသာစည်မြို့နယ်
#ပညာရေးကဏ္ဍ

14/02/2026

မင်္ဂလာမောင်မယ်မှာ “ကိုယ်ပိုင်ဥစ္စာ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင်
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၏ အကောင်းဆုံးစာစီစာကုံးဆုရှင်အဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ
ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ
ဧကာဒသမတန်း ကျောင်းသားလေး
မောင်စိုင်းရန်လင်းရွှေ အားဂုဏ်ပြုဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
မောင်စိုင်းရန်လင်းရွှေ၏ စာစီလက်ရာသည်
မြန်မာစာအရေးအသား၏ နူးညံ့သွယ်လျ လှပမှုကို ထင်ဟပ်စေသကဲ့သို့ အတွေးအမြင် ပြည့်ဝသန့်ရှင်း၍ အဓိပ္ပာယ်နက်ရှိုင်းမှုတို့ဖြင့် တရားမူညီကာ ထူးချွန်အောင်မြင်ခဲ့ပါသည်။
အနာဂတ်ပညာလမ်းကြောင်းတွင်လည်း
ဉာဏ်ပညာတောက်ပ၍ ထူးချွန်တက်ကြွသော
လူရည်ချွန်လူရည်မြင့် တစ်ဦးအဖြစ်
ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ထိုသို့ မြန်မာစာဆရာ ဦးကျော်သူရ ၏ တပည့်လေး
မောင်စိုင်းရန်လင်းရွှေ၏ ဂုဏ်ယူဖွယ်အောင်မြင်မှုအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ နှင့်အတူ အားလုံးက ဝမ်းမြောက်ဂုဏ်ပြုကြအပ်ကြောင်း ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝမ်းမြောက်စွာ ဂုဏ်ယူလိုက်ရပါသည်။
#ဂုဏ်ပြုလွှာ
#အကောင်းဆုံးစာစီစာကုံးဆုရှင်
#မင်္ဂလာမောင်မယ်
#မန္တလေးမြို့
#ချမ်းမြသာစည်မြို့နယ်
#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း

14/02/2026

“မင်္ဂလာပါခင်ဗျ။👋
Pyin Nyar Kyaw Private High School Page မှ ကြိုဆိုပါတယ်။
ဒီ Page မှာ ကျောင်းသားများအတွက် အသုံးဝင်တဲ့ Study Tips များ၊ ပညာရေးဆိုင်ရာ Knowledge များကို အမြဲမျှဝေပေးသွားမှာဖြစ်ပါတယ်။
“Empowering Students For A Better Future”
“ပညာသည် အနာဂတ်၏ အလင်းရောင်”
KG မှစ၍ G12 အထိ ပညာရေးသင်ကြားမှု အတန်းများပါ ဖွင့်လှစ်သင်ကြားပေးနေပါတယ်ဗျ။
နယ်ခံမှ လူများအား အသားပေး ဆောင်ရွက်ပေးပေးသော ပညာရေး ကဏ္ဍဖြစ်ပါသည်။
၁၀စု နှစ် တိုင်အောင် ပညာရေးထူးချွန်သောကျောင်းသားများ မွေးထုတ်ပေးသော ကျောင်းဖြစ်ပါသည်။
အသေးစိတ်များသိရှိလိုပါက pageလေးကို
Follow & Share လုပ်ပြီး၊ mailboxမှာ အတူတူ လေ့လာစုံစမ်းကြရအောင်ဗျ 📚✨”

#ပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း
#မန္တလေးမြို့ပညာရေးကဏ္ဍ
#ပညာရေးဒါနကျောင်း

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address

109th , 46/47 Street, Chanmya Tharsi Township
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 18:00
Saturday 00:00 - 00:00
Sunday 00:00 - 00:00