21/04/2026
တချို့ လူငယ်ေလးတွေ
အိမ်ထောင်ကျပီးစ လူငယ်တွေကအစ
အိမ်မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ အမှိုက် မသိမ်းချင်ဘူး
ပန်းကန်တောင် မဆေးချင်ဘူး
အဝတ်လျှော်ဖို့ဆိုရင် မနက်ဖြန်ဆိုပြီး ရှောင်တတ်တယ်
ဖုန်းကိုတော့
တစ်နေ့လုံး မလွှတ်နိုင်ဘူး
Social Media မှာတော့ အသံကျယ်တယ်
ဒါပေမယ့် အိမ်ထဲမှာ မိဘကို ပြောစကား နားမထောင်ချင်ဘူး
အခန်းရှင်းဖို့ ပြောရင် စိတ်ဆိုးတတ်တယ်
တာဝန်ယူရမယ်ဆိုရင် အကြောင်းပြတတ်တယ်
ကိုယ့်အမှားကို လက်ခံဖို့ထက်
သူများကို အပြစ်တင်ဖို့ လွယ်တယ်
မိဘက ခက်ခဲကြိုးစားပြီး ထောက်ပံ့ပေးနေတာကို
အမြဲတမ်းရှိနေတဲ့အရာလို ယူတတ်တယ်
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးတောင်
မပြောဖြစ်တော့ဘူး
မိဘကို ဆက်ဆံတဲ့ပုံစံက
တစ်ခါတလေ စိတ်မကောင်းစရာကောင်းတယ်
စကားပြောတဲ့အခါ မလေးစားဘူး
ဖုန်းကြည့်နေပြီး တုံ့ပြန်တတ်တယ်
မိဘရဲ့ ပင်ပန်းမှုကို မမြင်ဘူး
ဒါပေမယ့်
ကမ္ဘာကြီးကိုတော့ ပြောင်းချင်တယ်လို့ ပြောတတ်တယ်
Leadership ကို သင်ချင်တယ်လို့ ပြောတတ်တယ်
အောင်မြင်ချင်တယ်လို့ အိမ်မက်ကြီးကြီး တွေ့တတ်တယ်
အမှန်တော့—
👉 ကိုယ့်အခန်းကို မရှင်းနိုင်သူ
ကမ္ဘာကြီးကို မရှင်းနိုင်ဘူး
👉 ကိုယ့်အိမ်ထဲမှာ မလေးစားနိုင်သူ
အပြင်လောကမှာလည်း မလေးစားခံရခဲတယ်
👉 မိဘကို ကျေးဇူးတင်မှု မရှိသူ
အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကို မနားလည်သေးဘူး
ကမ္ဘာကြီးကို ပြောင်းချင်ရင်—
အရင်ဆုံး ကိုယ့်ကိုယ်ကို ပြောင်းပါ
အိမ်ထဲက အပြုအမူက
ဘဝတစ်လျှောက် အကျင့်ဖြစ်သွားမယ်
သေးငယ်တဲ့ တာဝန်တွေကို မလုပ်နိုင်ရင်
ကြီးမားတဲ့ အိမ်မက်တွေက စကားလုံးသာ ဖြစ်နေမယ်
မိဘတွေ ပျိုးထောင်တတ်အောင်သင်ယူပါ။
ကလေး ငယ်ကတည်း
မိဘချစ်မေတ္တာက
ကလေးကိုယ်တိုင်ရပ်တည်တတ်ဖို့ ဖြစ်ရပါမယ်။
မိဘလူကြီးကိုပဲ အားကိုးတတ်ဖို့ မသင်ကြပါနဲ့။
ကလေးဘဝကစပြီး
လူငယ်လူကြီးဖြစ်သည်အထိ တကယ့် ဒုက္ခိတမဟုတ်ပဲ
ဒုက္ခိတခံယူချက်နဲ့
ဘာမှ မလုပ်နိုင်သော
ဒုက္ခိတဘဝရနေကြပါတယ်။
မိဘပျိုးထောင်ပေးမှုမမှန်ရင်
ခြေလက်အစုံပါ
အတန်းပညာလက်မှတ်စာရွက်
အစုံထားရဲ့သားနဲ့
သာမာန်လူဘဝရထားတာကနေ
ကိုယ်စိတ် မကျန်းမာသော
ဒုက္ခိတဘဝအတိ
ဖြစ်သွားရတာပါပဲ
မိဘပြင်မှ ကလေးကို ပြင်လို့ရပါမယ်။
“If you want to change the world,
start with how you treat your parents
and how you take care of your own space.”
အဆင်ပြေကြပါစေ
နန်းမေသဲအေး
03/02/2026
ကလေးက အတန်းငယ်ပါသေးတယ် စာမလုပ်ခိုင်းသေးဘူး အတန်းကြီးမှ ဖိလုပ်ခိုင်းတော့မယ်ဆိုတဲ့ အယူအဆ မိဘတော်တော်များများမှာရှိကြတာတွေ့ရတယ် မှန်သင့်သလောက်တော့မှန်ပါတယ် ဒီအရွယ်လေးပဲ ဘဝမှာ စိတ်လွတ်ကိုယ်လွတ်ပျော်လို့ရတာဆိုတော့ ဒါပေမယ့် အင်္ဂလိပ်စာအခြေခံအုတ်မြစ်တည်ဆောက်ရင်း ပျော်ရွှင်ခွင့် လွတ်လပ်ခွင့်လေးပေးထားမယ်ဆိုရင် ကလေးအတွက်ပိုကောင်းပါတယ် ဒါမှ အတန်းကြီးရင် အဖိခံနိုင်မှာပါ
ကိုယ်တွေငယ်ငယ်ကဆို အလယ်တန်းလောက်ထိ မြောက်ရှုံးအောင်ကစားခဲ့တယ် ပြန်တွေးကြည့်ရင်ပျော်စရာအကောင်းဆုံးအချိန်လို့တောင် သတ်မှတ်လို့ရတယ် စိတ်ရောလူရောလွတ်လပ်ပေါ့ပါးတဲ့အချိန်တစ်ခုပေါ့
နောင်တရတာတစ်ခုတော့ရှိတယ် ဘာလဲဆိုတော့ ငါသာ ငယ်ငယ်က အင်္ဂလိပ်စာကို အဓိကထားပြီးသေသေချာချာအချိန်တစ်ခုပေး လေ့လာခဲ့မယ်ဆိုရင် ဖြတ်သန်းရတဲ့ကျောင်းသားဘဝတစ်လျှောက်က ပိုပျော်စရာကောင်းပြီး ဒိထက်မကပိုအောင်မြင်မှာဆိုတဲ့နောင်တ ဘဝနဲ့ရင်းပြီးရခဲ့တယ်
ဒါပေမယ့် လှုပ်ရှားနိုင်တဲ့အရွယ်ကနေ အသက် ၁၈ နှစ်အတွင်း ကိုယ်လက်လှုပ်ရှားကစားခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်တယ်ဆိုတာ သိလိုက်ရတော့ မြောက်ရှုံးအောင်ကစားတာလည်း အကျိုးရှိပါလားလို့ သိလိုက်ရတယ်
ဘယ်အရာမဆိုကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတာ သဘာဝပါ
အခုလို ဒစ်ဂျစ်တယ်ခေတ်ရောက်လာတော့ အင်္ဂလိပ်စာလေ့လာစရာ ပလက်ဖောင်းတွေ အများကြီးရှိလာပါပြီ များလွန်းအားကြီးလို့ မရွေးတတ်မှာတောင် စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ မိဘတွေရဲ့ အသိတရားနဲ့ ဉာဏ်ပညာ အင်မတန်မှ အရေးကြီးတဲ့ခေတ်ရောက်လာပါပြီ မိဘတွေရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်က ကလေးရဲ့ပညာရေးအပေါ် သက်ရောက်မှုကြီးပါတယ် မိဘတစ်ယောက်ဖြစ်ရတာ အင်မတန်မှ တာဝန်ကြီးပါတယ်
မိဘများ ရွေးချယ်မှုမှန်ကန်ပြီး ကလေးများအားလုံး ဆရာကောင်းဆရာမွန်များနဲ့ သင်ကြားခွင့်ရကြပါစေ
Tr. Thiri
Tr. Thiri English Camp
Online မဟုတ်ပါဘူးရှင့် Classroom based သင်တန်းပါ
စတင်ဖွင့်မယ့်နေ့ March 2!
Grammar + Phonics သင်တန်းကို စိတ်ဝင်စားသူများ စာရင်းပေးသွင်းနိုင်ပါပြီ
Learn, Play, Grow
09-96600-4741
113 B ၊ 52-53 မန္တလေးမြို့
G1G4 & G5G8 | မနက်/ညနေ အတန်းများ
TrThiriEnglishCamp
---
18/01/2026
အတန်းတွေကြီးလာတာနဲ့အမျှ အင်္ဂလိပ်လို ပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကို ဖတ်နိုင်ဖို့ နားလည်နိုင်ဖို့ လိုအပ်လာပါတယ်
စာဖတ်စွမ်းရည်အတွက် အခြေခံလိုအပ်ချက်က Phonics နဲ့ Grammar ပါ
ဒီအခြေခံအုတ်မြစ်ခိုင်မာသွားပြီဆိုရင် ရေရှည်မှာ ပညာသင်ယူဖို့အတွက် အဆင်ပြေသွားပါလိမ့်မယ်
ဒီနှစ်နွေရာသီမှာ အခြေခံကောင်းတွေတည်ဆောက်ဖို့သင့်ကလေးကိုအခွင့်အရေးပေးလိုက်ပါ
"Learn Phonics & Grammar, Build Confidence"
09/01/2026
ဆရာနဲ့ အနီးကပ်သင်ယူရမှ ကျေနပ်အားရတဲ့ ကျောင်းသားမိဘတွေအတွက် Tr. Thiri ရဲ့ Classroom-based နွေရာသီသင်တန်း
Summer English Class ရှိပါတယ်ရှင့်
အပြေးပြိုင်ပွဲမှာ တာထွက်ကောင်းဖို့အရေးကြီးသလို ပညာသင်တဲ့အခါမှာလည်း Entry level က အရေးအကြီးဆုံးပါ
အခြေခံကောင်းကောင်း၊ အရှိန်အဟုန်ကောင်းကောင်းနဲ့ စထွက်နိုင်ရင် နောက်ပိုင်းပညာသင်ယူရာမှာ အဆင်ပြေလွယ်ကူသွားပါလိမ့်မယ်
ဒါကြောင့် Young Learner တွေကို အဓိက ဦးစားပေးဖွင့်လှစ်မယ့် သင်တန်းဖြစ်ပါတယ်
ဘာတွေသင်ပေးမှာလဲ?
English က ဘာသာရပ်မဟုတ်ဘဲ Language ဖြစ်တာကြောင့် အခြေခံ Foundation ဖြစ်တဲ့
Phonics နဲ့ Grammar ကို သေသေချာချာလေး သင်ကြားပေးမှာပါ
ဘယ်လိုသင်မှာလဲ?
G1 to G4 အတွက် Phonics ကို Jolly နည်းနဲ့ သင်ပေးပြီး Basic Grammar နဲ့ တွဲသင်ပေးမှာပါ
G5 to G8 တွေအတွက်ကတော့
International Phonetic Alphabet (IPA) နဲ့ Jolly ကို ယှဉ်တွဲပြီးသင်ကြားပေးမှာဖြစ်ပါတယ် Advanced level ထိ သင်ကြားပေးမှာပါ
Grammar အတွက်
- Sentence အမျိုးအစားများနဲ့ တည်ဆောက်ပုံ
- Clause အမျုးအစားများနဲ့ တည်ဆောက်ပုံ
- Phrase အမျိုးအစားများနဲ့ တည်ဆောက်ပုံ
- Word အမျိုးအစားများဖြစ်တဲ့ Eight Parts of Speech
- Grammar Rules များ၊ Spelling Rules များကိုသင်ကြားပေးမှာဖြစ်ပြီး Sentence တည်ဆောက်ပုံံများကို မြန်မာသဒ္ဒါနဲ့ နှိုင်းယှဉ်သင်ကြားပေးမှာပါ
ကလေးများအတွက် အမြင်အားဖြင့်မှတ်မိစေသောနည်း၊ အကြားအားဖြင့်မှတ်မိစေသောနည်း၊ နားလည်သဘောပေါက်ခြင်းအားဖြင့် မှတ်မိစေသောနည်းများ
ဖြင့် ထိထိရောက်ရောက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
သင်ကြားပေးတဲ့ဆရာတစ်ယောက်အနေနဲ့ စေတနာ၊ ဝါသနာ သာမက ဉာဏ်ရည်ထက်မြက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုနဲ့ ကလေးများရဲ့ သဘောသဘာဝတွေကို သိရှိနားလည်မှု ရှိဖို့လည်း လိုအပ်ပါတယ်
မိဘတွေအနေနဲ့ သားငယ်သမီးငယ်တွေရဲ့ ပညာမျိုးစေ့ကို ကောင်းမွန်စွာပေါက်ရောက်ရှင်သန်ကြီးထွားနိုင်စေဖို့ မြေဆီမြေကောင်းရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်
စာသင်ချိန်အတွင်း ကလေးများဘေးကင်းလုံခြုံရေးနဲ့ အင်္ဂလိပ်စာအခြေခံကောင်းများရရှိရေး ဆောင်ရွက်ပေးပါမယ် ကလေးများအတွက် မြေဆီမြေကောင်းဖြစ်ဖို့က တီချယ်တို့တာဝန်ပါ
ယုံကြည်စိတ်ချစွာ အပ်နှံပေးဖို့က မိဘတို့တာဝန်ပါ
🐣 Give your child the chance to grow in English this summer!
လိပ်စာကတော့
အ.ထ.က (၃၅) ရဲ့ အရှေ့ဘက်ကလမ်း 113 B၊ 52-53 ကြားမှာပါရှင့်
လမ်းထဲရောက်ရင် 09-96600-4741 ကို ဆက်သွယ်လိုက်ပါရှင့် စောင့်ကြိုနေပါမယ်
သင်တန်းကြေးကတော့
နွေသုံးလအတွက် ၃ သိန်း
(မတ်လ ၂ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ)
ပထမဆုံး စာရင်းပေးသွင်းတဲ့ အယောက် (၂၀) ကို 50% Discount ပေးသွားပါမယ်
09-96600-4741 ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ
သင်ကြားမှုထိရောက်စေဖို့အတွက် တစ်ချိန်ကို သင်တန်းသား(၁၀)ဦးသာ လက်ခံသွားမှာဖြစ်ပါတယ်
သင်ကြားချိန်ကတော့
၁ ရက်မှာ ၁ ချိန်
၁ ချိန်ကို မိနစ် ၉၀
၁ ပတ်ကို ၄ ရက်
(တနင်္လါ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး)
အဆင်ပြေတဲ့အချိန်ရွေးချယ်နိုင်စေဖို့ Session ၂ ခုခွဲထားပါတယ်
G1 to G4 အတွက်
Session 1
8:30 AM - 10:00 AM
Session 2
10:30 AM - 12:00 Noon
G5 to G8 အတွက်
Session 1
1:00 PM - 2:30 PM
Session 2
3:00 PM - 4:30 PM
ဘယ်သူသင်မှာလဲ?
သင်ကြားပေးမယ့်ဆရာမကတော့
ပညာရေးအသိုင်းအဝိုင်းကပေါက်ဖွားလာသူဖြစ်ပြီး ဆရာ တပည့် သင်ကြားရေးအတွေ့အကြုံအနေနဲ့ ၅ နှစ်ကျော်၊ ရွယ်တူချင်းပြန်သင်တဲ့အတွေ့အကြုံကတော့ ၃ တန်းကျောင်းသားဘဝကနေ ပြည်ပ မဟာဘွဲ့ရတဲ့အချိန်ထိပါ
ပြည်တွင်းမဟာဘွဲ့၊ ပြည်ပမဟာဘွဲ့ တက်ရောက်ခဲ့ပြီး ပညာရေးလိုအပ်ချက်တွေကို သိမြင်လာတဲ့အတွက် ဒီနယ်ပယ်ထဲဝင်ရောက်လာသူပါ
ပြည်ပမဟာဘွဲ့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) ရဲ့ ၁၀၀% ပညာသင်ဆုရရှိခဲ့သူပါ
ကလေးများအရေးကို စိတ်ဝင်စားပြီး Smart Kids College (SKC) မှ ပို့ချသော သင်တန်းမျိုးစုံကိုလည်း လေ့လာသင်ယူနေသူဖြစ်တဲ့အတွက် မိဘများယုံကြည်စိတ်ချနိုင်သူဖြစ်ပါတယ်
သင်ကြားမှုထိရောက်ရေးကိုသာ ဦးစားပေးတဲ့အတွက် စာသင်ချိန်တစ်ချိန်မှာ Class size ကို ၁၀ ဦးသာ သတ်မှတ်ထားတာကြောင့် အမြန်ဆုံးဆက်သွယ် စာရင်းပေးလိုက်ပါ
၂၀၂၆ ခုနှစ် ၊ မတ်လ ၂ ရက် (တနင်္လါနေ့) သင်တန်းစပါမယ်
🎯 Phonics sounds + Grammar rules = Strong Foundation
⛳ Improve speaking, listening, reading, and writing step by step.
သင်တန်းဆိုင်ရာ အချက်အလက် အသေးစိတ်စုံစမ်းလိုပါက
📞09- 966004741 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်
မြန်မာသဒ္ဒါ နဲ့ သင်္ချာ အခက်အခဲရှိသော ကျောင်းသားများလည်းဆက်သွယ်နိုင်ပါတယ်ရှင့်