𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞 - 𝓜𝓪𝓷𝓭𝓪𝓵𝓪𝔂

𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞 - 𝓜𝓪𝓷𝓭𝓪𝓵𝓪𝔂

Share

Build your dream with us.

11/01/2026

Pentagon ရဲ့ အောင်မြင်မှုမှတ်တိုင်သစ် - မြို့တော်ကြီး (၃) မြို့မှာ ဆုံတွေ့ကြရအောင်✨

"Pentagon Engineering College” အနေနဲ့ အင်ဂျင်နီယာထူးချွန်လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ ကြိုးစားလာခဲ့တာ အခုဆိုရင် တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့တော်ကြီး (၃) မြို့လုံးမှာ အောင်မြင်စွာ ခြေဆန့်နိုင်ခဲ့ပါပြီ။

📍 ရန်ကုန် | မန္တလေး | နေပြည်တော်

“Pentagon ရဲ့ ရည်မှန်းချက်ကတော့ ဘယ်နေရာမှာပဲရှိရှိ နိုင်ငံတကာအဆင့်မီ ပညာရေးကို တပြေးညီ ရရှိစေဖို့ပဲ ဖြစ်ပါတယ်။
အောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို PEC ရဲ့ Campus အသီးသီးမှာ ကြိုဆိုနေပါရစေ။"

Build your dream with us !

Address🏡
📍Yangon Campus: No.3, 3rd Floor, Yoma Bank, Yangon-Insein Road, (9) Quarter, Hlaing Township, Yangon.
📍 Naypyitaw Campus:Ground floor, Nay Pyi Taw Wholesale, Naypyidaw.
📍 Mandalay Campus: C4/51, 64C လမ်းသွယ်, 108×109ကြား၊မန္တလေးမြို့။

05/01/2026

♥️🫶🏻♥️
PEC ၏ အတန်းများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

Starting Date
▫️PIE (10.1.2026)
▫️Arduino & Raspberry Pi PICO (10.1.2026)
▫️Lincoln Diploma (17.1.2026)
▫️AutoCAD (18.1.2026)

Enroll now❗️
အတန်းဖွင့်ရက် အမှီလေး အပ်ပေးကြနော်။

See you all 👋

04/01/2026

M & E Engineering Diploma နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အကြောင်းအရာများကို M & E Engineering Diploma ကို ဦးဆောင်တာဝန်ယူ သင်ကြားပေးနေပါသော ဆရာဦးထိပ်တင်ချစ်ညီညီထွဋ် နဲ့ တွေ့ဆုံမေးမြန်း မျှဝေပေးထားပါတယ်ရှင်❤️

ဒီ Video လေးကို နားထောင်ပြီး M & E Engineering Diploma နဲ့ ပတ်သက်ပြီး ဗဟုသုတများ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်💝

အားလုံးပဲ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပြီးး ‌တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် အောင်မြင်ကြပါစေ 🌹🌹🌹

ဆက်သွယ်ရန်

ဖုန်းနံပါတ်များ: 09269036699, 09798429974, 09767990914, 09760764551, 09970331703

𝐁𝐮𝐢𝐥𝐝 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐰𝐢𝐭𝐡 𝐮𝐬!

03/01/2026



4-1-2026 ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်သောကြောင့် PEC ၏ Online & Campus အတန်းများအားလုံး ပိတ်ပါတယ်ရှင်။

ပျော်ရွှင်စရာပိတ်ရက်ဖြစ်ပါစေရှင်

03/01/2026

အင်ဂျင်နီယာတစ်ယောက်ရဲ့ အိပ်မက်ကို PEC နဲ့အတူ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ! 🏗️✨
🎓 နိုင်ငံတကာအဆင့်မီ ပညာရေးကို မြန်မာပြည်မှာပဲ ရယူမယ်
မလေးရှားနိုင်ငံရဲ့ Five Star Excellent Award ရရှိထားတဲ့ Lincoln University နဲ့ ETVA တို့ရဲ့ တရားဝင်အသိအမှတ်ပြု Diploma များ ဖြစ်လို့ သင်ယူရတဲ့ ပညာရပ်တိုင်းဟာ ပြည်တွင်းတင်မက ပြည်ပမှာပါ အလုပ်အကိုင် အခွင့်အလမ်း ခိုင်မာစေမှာပါ။
📚 ဇန်နဝါရီလမှာ ဖွင့်လှစ်မယ့် တန်းခွဲသစ်များ (January Intake):
🔹 Mini MBA (Engineering Management)
🔹 Diploma in Civil Structural Engineering
🔹 Diploma in Embedded System Engineering
🔹 Diploma in Network Engineering
🔹 Diploma in Mechanical and Electrical Engineering
🔹 Diploma in Electrical and Electronics Engineering
💡 PEC မှာ ဘာကြောင့် တက်သင့်တာလဲ?
✅ Project-Based Learning စနစ်ကြောင့် လက်တွေ့အလုပ်ခွင်နဲ့ မစိမ်းတော့ဘူး။
✅ ဝါရင့် Engineer ကြီးများရဲ့ Theory (Online) + နေပြည်တော်မှာ ပြုလုပ်မယ့် လက်တွေ့ (Practical) သင်ခန်းစာများ။
✅ လိုအပ်ပါက On Job Training (OJT) စီစဉ်ပေးခြင်း။
များကြောင့်အတန်းပြီးတဲ့အခါ လေ့ကျင့်သားပြည့်ပြည့်ဝဝနဲ့အလုပ်ခွင်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
ETVA (malaysia) diplomaမှာရရှိပြီးပါက
malaysia /sngapore အစ ရှိတဲ့ နိုင်ငံများတွင် technician
အဖြစ်အလုပ်အကိုင်များရရှိနိုင်မည်ဖြစ်ပါတယ်။

📍 ကျောင်းလိပ်စာ:
အခန်းမငှားရသေးခင် ယာယီ Mandalay Address
င4/51၊64C လမ်းသွယ်၊108×109ကြား၊မန္တလေးမြို့။

📞 အသေးစိတ်စုံစမ်းရန်: 09269036699, 09970331703, 09798429974, 09760764551, 09767990914, 09797222911, 09259769321

03/01/2026

အင်ဂျင်နီယာတစ်ယောက်ရဲ့ အိပ်မက်ကို PEC နဲ့အတူ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ! 🏗️✨

🎓 နိုင်ငံတကာအဆင့်မီ ပညာရေးကို မြန်မာပြည်မှာပဲ ရယူမယ်
မလေးရှားနိုင်ငံရဲ့ Five Star Excellent Award ရရှိထားတဲ့ Lincoln University နဲ့ ETVA တို့ရဲ့ တရားဝင်အသိအမှတ်ပြု Diploma များ ဖြစ်လို့ သင်ယူရတဲ့ ပညာရပ်တိုင်းဟာ ပြည်တွင်းတင်မက ပြည်ပမှာပါ အလုပ်အကိုင် အခွင့်အလမ်း ခိုင်မာစေမှာပါ။

📚 ဇန်နဝါရီလမှာ ဖွင့်လှစ်မယ့် တန်းခွဲသစ်များ (January Intake):
🔹 Mini MBA (Engineering Management)
🔹 Diploma in Civil Structural Engineering
🔹 Diploma in Embedded System Engineering
🔹 Diploma in Network Engineering
🔹 Diploma in Mechanical and Electrical Engineering
🔹 Diploma in Electrical and Electronics Engineering

💡 PEC မှာ ဘာကြောင့် တက်သင့်တာလဲ?
✅ Project-Based Learning စနစ်ကြောင့် လက်တွေ့အလုပ်ခွင်နဲ့ မစိမ်းတော့ဘူး။
✅ ဝါရင့် Engineer ကြီးများရဲ့ Theory (Online) + နေပြည်တော်မှာ ပြုလုပ်မယ့် လက်တွေ့ (Practical) သင်ခန်းစာများ။
✅ လိုအပ်ပါက On Job Training (OJT) စီစဉ်ပေးခြင်း။
များကြောင့်အတန်းပြီးတဲ့အခါ လေ့ကျင့်သားပြည့်ပြည့်ဝဝနဲ့အလုပ်ခွင်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ETVA (Malaysia) diplomaမှာရရှိပြီးပါက
malaysia /sngapore အစ ရှိတဲ့ နိုင်ငံများတွင် technician
အဖြစ်အလုပ်အကိုင်များရရှိနိုင်မည်ဖြစ်ပါတယ်

📍 ကျောင်းလိပ်စာ:
င4/51၊64C လမ်းသွယ်၊108×109ကြား၊ မန္တလေး

📞 အသေးစိတ်စုံစမ်းရန်: 09269036699, 09970331703, 09798429974, 09760764551, 09767990914, 09797222911, 09259769321

Photos from 𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞 - 𝓜𝓪𝓷𝓭𝓪𝓵𝓪𝔂 's post 03/01/2026

𝐀𝐛𝐨𝐮𝐭 𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞
💙 𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞 ဖြစ်ပေါ်လာပုံလေးကို ပြောပြခွင့်ပြုပါရှင်

2019 ခုနှစ် covid 19 နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာမှာ ပညာရေးလောကအတွက် ဂယက်များစွာ ရိုက်ခတ်ခဲ့ရပါတယ်။ Online learning education ဘက်ကို ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ပညာရေးလောကကြီးဟာတရွေ့ရွေ့နဲ့ ခရီးဆက်နေရပါတယ်။

နောက်ပိုင်းမှာတော့ ပညာရေးလောကတခုလုံး အရှိန်အဟုန်နဲ့ နိုင်ငံတကာပညာရေးစနစ် ရရှိနိုင်အောင် အခြေခံပညာရေးစနစ်မှ အစပြုပြီး ကြိုးစားလာကြပါပြီ။နည်းပညာဆိုတာ နောက်ပိုင်းမှာ ကလေးတွေ အတွက် မရှိမဖြစ်လိုအပ်လာမယ့် အရာဖြစ်ပါတယ်။

အခြေခံပညာရေးအဆင့် အောင်မြင်ပြီးမြောက်ပြီး လမ်းပျောက်နေကြတဲ့လူငယ်တွေရဲ့ စိတ်ကူးယဉ် အနာဂါတ်တွေကို အမြန်ဆုံးပေါ်ပေါက်လာအောင် ကျွန်မတို့ သူငယ်ချင်း (8) ယောက်မှ အတူတကွ လက်တွဲပြီး Pentagon ဆိုတဲ့ အမည်လေးကို စတင်ရွေးချယ်ပြီး ပြင်ဆင်ခဲ့ကြပါတယ်။
ကျွန်မတို့ (8) ယောက်လုံးဟာ engineering & teaching ပိုင်းမှာ နိုင်ငံတကာ သင်ရိုးတွေကို ပိုင်နိုင်ကြပြီး လက်ရှိမှာလဲ အခြား Engineering College နဲ့ International Schools တွေကို တည်ထောင်ထားကြတဲ့ Founders တွေလည်းပဲ ဖြစ်ပါတယ်။

Engineering လမ်းကြောင်းကို သွားချင်ပြီး
နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့တွေကို ပြည်တွင်းမှာ ဘယ်လိုရရှိနိုင်မလဲ၊ ခိုင်မာမှန်ကန်ရဲ့လားလို့ မယုံမရဲ ဖြစ်နေတဲ့သူတွေအတွက် ဒီလို အရမ်းကောင်းတဲ့ လမ်းကြောင်း၊ ငွေကုန်ကြေးကျ သက်သာတဲ့ လမ်းကြောင်းတွေ ရှိကြောင်း ကျွန်မတို့ရဲ့ နှစ်ပေါင်းများစွာရှိထားတဲ့ အတွေ့အကြံုတွေကနေတဆင့် လူငယ်တွေကို လက်ဆင့်ကမ်းပေး မြှင့်တင်ပေးချင်ပါတယ်။
ရှေ့ဆက်ပြီး အင်ဂျင်နီယာပညာရေးလမ်းကြောင်းအခက်အခဲရှိကြသူတွေအတွက် နိုင်ငံတကာမှ စံချိန်မီ ဘွဲ့များ ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားပါမယ်။

အခုလိုလက်တကမ်းမှာ ရှိနေတဲ့ အခွင့်အရေးတွေကို ရရှိနိုင်အောင် ၊ Engineering field စိတ်ဝင်စားတဲ့ ကလေးတွေကို လမ်းပေါ်ရောက်အောင် ပင့်တင်ပေးလိုတဲ့ ဆန္ဒ ကျွန်မတို့မှာရှိပါတယ်။
ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် အဖက်ဖက်ကနေ အဆင်သင့်ပြင်ဆင်ပေးထားလိုပါတယ်။

ပထမဦးစွာ ဒီprogram တွေကို စီစဉ်ထားရှိပါတယ်။
Lincoln University ရဲ့ ETVA program ကို တရားဝင်ရယူထားပြီး စစ်မှန်တဲ့ လမ်းကြောင်းပေါ်ကနေ လူငယ်တွေ ပညာရေးအတွက် ရှေ့ဆက် နိုင်အောင် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိနိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်ရှင်။

Program (7) မျိုးကတော့
✅ Mini MBA in Engineering Management
✅ Diploma in Civil Structural Engineering
✅ Diploma in Embedded System Engineering
✅ Diploma in Network Engineering
✅ Diploma in Electrical & Mechanical Engineering
✅ Electrical and Electronics Engineering
✅ Aircon Maintenance စတာတွေ ဖြစ်ပါတယ်။

Entry ဝင်ခွင့်အတွက် အချက်အလက် အသေးအစိတ်ကို post (1) ခုချင်းစီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

🌟တောက်ပတဲ့ အနာဂါတ်ကြယ်ပွင့်များစွာ ပေါ်ထွန်းလာပါစေ။

Build your dreams with us
Thank you
𝐏𝐞𝐧𝐭𝐚𝐠𝐨𝐧 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐠𝐞

🏫Address
င4/51၊ 64C လမ်းသွယ်၊108×109ကြား

📞 အသေးစိတ်စုံစမ်းရန်: 09269036699, 09970331703, 09798429974, 09760764551, 09767990914, 09797222911, 09259769321

03/01/2026

🎓 Diploma in Civil Structural Engineering သင်တန်း Brief Interview အတွက် အချိန်ပေးဖြေကြားပေးပါသော တီချယ် စောစန္ဒာဦးအား ကျေးဇူးတင်ပါတယ်ရှင်။ 🙏🏻

🎓 Diploma in Civil Structural Engineering
(International Diploma – Lincoln University, ETVA Program) 📍 Pentagon Engineering College

✅သင်တန်းအကြောင်းအရာ

Diploma in Civil Structural Engineering သင်တန်းသည် Reinforced Concrete (RC) Structure Design နှင့် Concrete Building Design တို့ကို အခြေခံသဘောတရားမှစပြီး သုံးသပ်ဖန်တီးနည်းအထိ အသေးစိတ်သင်ကြားပေးသော နိုင်ငံတကာအသိအမှတ်ပြု Diploma သင်တန်း ဖြစ်ပါတယ်။ သင်တန်းသည် Project-Based Learning နဲ့ Practical Approach ကို အခြေခံသင်ကြားပေးပြီး Lincoln University ၏ ETVA Program အဖြစ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

✅သင်ကြားမည့် အကြောင်းအရာများ

Fundamentals of RC Structure Design
RC Structures အခြေခံသဘောတရားများ
Building Structural Analysis and Design Project
Structural Analysis လုပ်ဆောင်ပုံနှင့် Design Project တင်ပြနည်းများ
Concrete Building Design
Concrete Structure Design အခြေခံကနေ သုံးစွဲနည်းများအထိ

✅တက်ရောက်နိုင်သူများ

Civil Engineering နှင့် Structural Design ကို စိတ်ဝင်စားသူများ
စနစ်ဟောင်း (၁၀) တန်းအောင်၊ စနစ်သစ် (၁၂) တန်းအောင်
GED, IGCSE စနစ်များမှ အောင်မြင်ပြီးသူများ

✅သင်တန်းကာလ – စုစုပေါင်း 96 နာရီ

✅ ဆက်သွယ်ရန်
ဖုန်းနံပါတ်များ: 09269036699, 09798429974, 09767990914 09760764551, 09970331703

𝐁𝐮𝐢𝐥𝐝 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐰𝐢𝐭𝐡 𝐮𝐬!

📢 နေရာကန့်သတ်ထားရှိသဖြင့် စာရင်းပေးသွင်းလိုသူများ အမြန်ဆုံး ဆက်သွယ်ပေးပါနော်။

03/01/2026

🚀 တစ်ယောက်တည်း အိပ်မက်မက်မလား? အတူတကွ လက်တွေ့အကောင်အထည်ဖော်မလား?

✅​"တစ်ယောက်တည်းဆိုရင်တော့ မြန်မြန်သွားနိုင်ပေမယ့်၊ အများနဲ့အတူသွားမှ ခရီးဝေးဝေး ရောက်နိုင်မှာပါ" ဆိုတဲ့ စကားအတိုင်းပါပဲ။
✅​လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုအကြီးကြီးတွေ ရယူနိုင်ဖို့ဆိုတာ "Teamwork" (အသင်းအဖွဲ့ စိတ်ဓာတ်) မရှိဘဲ မဖြစ်နိုင်ပါဘူး။ 💯
❓​ဘာကြောင့် Teamwork က ဒီလောက်တောင် အရေးပါရတာလဲ? 👇

1️⃣အိုင်ဒီယာအသစ်တွေ ပေါင်းစပ်နိုင်ခြင်း (Diverse Perspectives) 💡
‼️လူတစ်ယောက်တည်းရဲ့ ဦးနှောက်က ထွက်လာတဲ့ အကြံဉာဏ်ထက်၊ နောက်ခံမတူညီတဲ့ လူများစွာရဲ့ အကြံဉာဏ်တွေ ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီး ဆန်းသစ်ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ ထွက်ပေါ်လာစမြဲပါ။

2️⃣လုပ်ရည်ကိုင်ရည် ပိုမိုမြန်ဆန်လာခြင်း (Increased Efficiency) ⚡
‼️အလုပ်တာဝန်ကြီးတစ်ခုကို တစ်ယောက်တည်း ပိုက်လုပ်နေမယ့်အစား၊ အဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှုအလိုက် ခွဲဝေလုပ်ကိုင်လိုက်တဲ့အခါ အလုပ်ပြီးမြောက်မှုက ပိုမြန်ဆန်ပြီး ထိရောက်မှု ရှိပါတယ်။

3️⃣အပြန်အလှန် အားဖြည့်ပေးနိုင်ခြင်း (Mutual Support) 🤝
‼️Teamwork ရဲ့ အလှတရားက ဒီမှာပါ။ ကိုယ်မကျွမ်းကျင်တဲ့အပိုင်းကို အဖွဲ့ထဲက ကျွမ်းကျင်သူက ဝင်ကူညီမယ်၊ သူအားနည်းတဲ့အချိန် ကိုယ်က ဖေးမမယ်။ ဒီလိုနဲ့ အားလုံး အတူတကွ တိုးတက်လာကြတာပါ။
4️⃣ အမှားအယွင်း နည်းပါးခြင်း (Fewer Mistakes) 🛡️
‼️တစ်ယောက်တည်းလုပ်ရင် ကိုယ့်အမှားကိုယ် မမြင်တာမျိုး ရှိနိုင်ပါတယ်။
‼️ Teamwork နဲ့ လုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် Cross-check လုပ်ပေးနိုင်တာကြောင့် အမှားတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

5️⃣ပိုမိုကြီးမားတဲ့ ရလဒ်ကို ဖန်တီးနိုင်ခြင်း (Synergy Effect) 🔥
‼️ဒါကတော့ မှော်ဆန်တဲ့ အချက်ပါပဲ။
Teamwork ကောင်းရင် "၁ + ၁ = ၂" မကဘဲ "၃" သို့မဟုတ် "၄" အထိ ဖြစ်လာနိုင်တဲ့ စွမ်းအား (Synergy) ကို ရရှိစေပါတယ်။

​💡 အတွေးစ
"Teamwork ဆိုတာ အတူတူ အလုပ်လုပ်နေရုံနဲ့ မလုံလောက်ပါဘူး၊ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိပြီး ပန်းတိုင်တစ်ခုတည်းကို အတူတကွ လျှောက်လှမ်းမှသာ အစစ်အမှန် ဖြစ်မှာပါ" ✨

❓​သင်ကော... သင့်အဖွဲ့သားတွေနဲ့ ဘယ်လောက်ထိ Teamwork မိမိ လုပ်ဆောင်နေလဲ?
🔑သင့်ရဲ့ အကောင်းဆုံး Teammate တွေကို ဒီ Post အောက်မှာ Tag တွဲပြီး Appreciation လုပ်ပေးလိုက်ပါဦးနော်! 👇👥

​

02/01/2026

‼️စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုကို လေ့လာရတာဟာ "ဆေးခါးကြီးကို မျိုချရသလို" ခက်ခဲတဲ့ ခံစားချက်မျိုးပါ။ ဒါပေမယ့် စာမေးပွဲအောင်ဖို့၊ ရည်မှန်းချက်ရောက်ဖို့အတွက် ဒီအတားအဆီးကို မဖြစ်မနေ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
‼️​ဒါကြောင့် ကိုယ်မကြိုက်တဲ့ ဘာသာရပ်၊ ခက်နေတဲ့ ဘာသာရပ်တွေကို "ဆေးခါး" ကနေ "အားဆေး" ဖြစ်အောင် ပြောင်းလဲလေ့လာနည်းလေး ဖော်ပြပေးလိုက်ပါတယ်နော်။ 👇

​ 🔑"စိတ်မဝင်စားဘူး... ခက်လည်းခက်တယ်" ဆိုတဲ့ ဘာသာရပ်တွေကို ဘယ်လို "နိုင်" အောင် ထိန်းမလဲ? 🤯📚

❓​ကျောင်းသားတိုင်း၊ လေ့လာသူတိုင်းမှာ ကိုယ်အရမ်းစိတ်ဝင်စားတဲ့ ဘာသာရပ်ရှိသလို၊ စာအုပ်ကိုင်လိုက်တာနဲ့ အိပ်ချင်စိတ်ပေါက်လာစေတဲ့ "အိပ်ဆေး" ဘာသာရပ်တွေလည်း ရှိစမြဲပါ။
❓​ဒါပေမယ့် အဲဒီ မကြိုက်တဲ့အရာတွေကပဲ ကိုယ့်ရဲ့ ရည်မှန်းချက်လမ်းကြောင်းမှာ အရေးကြီးနေတတ်ပါတယ်။ ဒါဆို ဘယ်လို ကျော်ဖြတ်ကြမလဲ?

1️⃣ "အသားညှပ်ပေါင်မုန့်" နည်းလမ်းကို သုံးပါ (Sandwich Method) 🥪
🔑ခက်တဲ့ဘာသာရပ်ကို သီးသန့်ကြီး အကြာကြီးမလုပ်ပါနဲ့။
🔑​အရင်ဆုံး ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ၁၅ မိနစ်လောက် အရင်ဖတ်ပါ။ (စိတ်ကို အရှိန်ယူပါ)
🔑​ပြီးမှ ကိုယ်မကြိုက်တဲ့ ဘာသာရပ်ကို ကြားညှပ်ပြီး လေ့လာပါ။
🔑​နောက်ဆုံးမှာ ကိုယ်ကြိုက်တာတစ်ခုနဲ့ ပြန်ပိတ်ပါ။
✅ဒါဆိုရင် ဦးနှောက်က ငြီးငွေ့မှု သက်သာသွားပါလိမ့်မယ်။

2️⃣အချိန်အတိုလေးတွေပဲ ပေးပါ (The 25-Minute Rule) ⏱️

🔑စိတ်မဝင်စားတဲ့အရာကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်လုပ်ဖို့ မကြိုးစားပါနဲ့။
🔑မိနစ် ၂၀ သို့မဟုတ် ၂၅ မိနစ်လောက်ပဲ Focus ထားပြီးလုပ်ပါ။
✅ "ခဏလေးပဲ သည်းခံလုပ်မယ်" ဆိုတဲ့ စိတ်က စာလုပ်ဖို့ ပိုလွယ်ကူစေပါတယ်။

3️⃣လေ့လာမှုပုံစံ ပြောင်းကြည့်ပါ (Change the Format) 🎬

🔑စာအုပ်ကြီး ဖတ်ရတာ ပျင်းစရာကောင်းနေရင်...
​YouTube မှာ သက်ဆိုင်ရာ Video တွေ ရှာကြည့်ပါ။
🔑​သူငယ်ချင်းကို ပြန်ရှင်းပြကြည့်ပါ။ (မရှိရင် ကိုယ့်ဘာသာ ဆရာလုပ်ပြီး ပြန်သင်ပါ)
🔑​Mind Map လေးတွေ၊ ပုံလေးတွေ ဆွဲပြီး မှတ်သားပါ။

​4️⃣ "ဘာကြောင့်" ဆိုတာကို ရှာဖွေပါ (Find the Connection) 🔗

🔑"ဒါကြီး ငါဘာလို့ သင်နေရတာလဲ" လို့ တွေးမယ့်အစား... "ဒီပညာရပ်က လက်တွေ့ဘဝရဲ့ ဘယ်နေရာမှာ သုံးလို့ရလဲ"၊ "ဒါကိုတတ်ထားရင် ငါ့အတွက် ဘာအကျိုးရှိမလဲ" ဆိုတာကို ချိတ်ဆက် စဉ်းစားကြည့်ပါ။
🔑အကြောင်းပြချက် ခိုင်လုံသွားရင် စိတ်ဝင်စားမှု အနည်းငယ် တိုးလာတတ်ပါတယ်။

5️⃣ကိုယ့်ကိုယ်ကို ဆုပေးပါ (Reward Yourself) 🎁
🔑"ဒီအခန်း ပြီးအောင်ဖတ်နိုင်ရင် ဂိမ်း ၁၀ မိနစ်ဆော့မယ်"၊ "ဒီပုစ္ဆာ ပြီးရင် မုန့်စားမယ်" ဆိုပြီး ဆုပေးတဲ့စနစ် လုပ်ထားပါ။
🔑မကြိုက်တဲ့စာကို လုပ်ရတာ ပင်ပန်းပေမယ့် နောက်က ဆုလာဘ်ကို မျှော်ကိုးပြီး လုပ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။

​💡 Thinking Note:
‼️မကြိုက်တဲ့ ဘာသာရပ်ကို ကျွမ်းကျင်ဖို့ဆိုတာ "Motivation" (စိတ်ပါမှ လုပ်တာ) ထက် "Discipline" (စည်းကမ်းတကျ လုပ်တာ) က ပိုအရေးကြီးပါတယ်။
​ကဲ... မိတ်ဆွေတို့ကော ဘယ်ဘာသာရပ်ကို အကြောက်ဆုံး၊ အမုန်းဆုံးလဲ? Comment မှာ ရင်ဖွင့်ခဲ့လို့ ရပါတယ်နော်။ 👇😂
​

01/01/2026

လုပ်ငန်းခွင်မှာ "Creativity" (ဖန်တီးနိုင်စွမ်း) ဆိုတာ ဒီဇိုင်နာတွေ၊ အနုပညာသမားတွေအတွက်ပဲ လိုအပ်တာ မဟုတ်ပါဘူး။ ဘယ်ရာထူး၊ ဘယ်ဌာနမှာပဲဖြစ်ဖြစ် Creativity ကောင်းသူတွေက သူများထက် ခြေလှမ်းသာနေစမြဲပါ။
​Creativity ရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်👇

🎨 ရုံးသမား၊ ကုမ္ပဏီဝန်ထမ်းတွေအတွက် Creativity က ဘာလို့ အရေးကြီးတာလဲ? 🚀

🔑​"Creativity" (ဖန်တီးနိုင်စွမ်း) ဆိုတာ ပန်းချီဆွဲ၊ သီချင်းရေးမှ လိုအပ်တာ မဟုတ်ပါဘူး။ နေ့စဉ် ရုံးခန်းထဲက အလုပ်တွေမှာလည်း Creativity ရှိသူတွေက သူများထက် ပိုထူးခြား (Stand Out) နေတတ်ပါတယ်။
🔑​လုပ်ငန်းခွင်မှာ Creativity ကောင်းရင် ဘာတွေ အားသာလာမလဲ?
​1️⃣ ပြဿနာကို ထောင့်ပေါင်းစုံက မြင်နိုင်ခြင်း (Innovative Problem Solving) 🧩

✅သူများတွေက ပြဿနာတစ်ခုကို နည်းလမ်းဟောင်း (Traditional Way) နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ၊ Creativity ရှိသူက "Out of the box" တွေးပြီး ထွက်ပေါက်အသစ်၊ နည်းလမ်းအသစ်တွေကို ရှာဖွေတွေ့ရှိတတ်ပါတယ်။

2️⃣အလုပ်တွင်ပြီးမှု ပိုမြန်ဆန်ခြင်း (Efficiency) ⚡
✅"အရင်က ဒီလိုလုပ်နေကျပဲ" ဆိုပြီး ပုံစံခွက်ထဲမှာ နေမနေပါဘူး။ "ဘယ်လိုလုပ်ရင် ပိုမြန်မလဲ၊ ဘယ်လိုလုပ်ရင် လူပိုသက်သာမလဲ" ဆိုတာကို အမြဲကြံဆနေတတ်လို့ Work Hard ထက် Work Smart လုပ်နိုင်သူတွေ ဖြစ်လာပါတယ်။

3️⃣ အပြောင်းအလဲကို ခံနိုင်ရည်ရှိခြင်း (Adaptability) 🦎
✅လုပ်ငန်းခွင်မှာ အပြောင်းအလဲ (Change) ဆိုတာ အမြဲရှိပါတယ်။ Creativity ကောင်းသူတွေက အပြောင်းအလဲတစ်ခု ဖြစ်လာတိုင်း ကြောက်လန့်မနေဘဲ အခြေအနေသစ်နဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကို ချက်ချင်း ဖန်တီးအသုံးချနိုင်စွမ်း ရှိပါတယ်။

4️⃣အစားထိုးဖို့ ခက်ခဲသူ ဖြစ်လာခြင်း (Irreplaceability) 💎
✅နည်းပညာတွေ၊ AI တွေ ဘယ်လောက်တိုးတက်လာလာ လူသားဆန်တဲ့ "ဖန်တီးတွေးခေါ်နိုင်စွမ်း" ကိုတော့ အစားထိုးဖို့ ခက်ခဲပါသေးတယ်။ ဒါကြောင့် ကုမ္ပဏီအတွက် မရှိမဖြစ် ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်လာစေပါတယ်။

5️⃣ စိတ်ဖိစီးမှု လျော့နည်းခြင်း (Less Stress) 😌
✅အလုပ်တစ်ခုတည်းကို ပုံစံတူ ထပ်ခါထပ်ခါ လုပ်နေရရင် ပျင်းစရာကောင်းပြီး စိတ်ဖိစီးလွယ်ပါတယ်။ Creativity ရှိသူတွေကတော့ အလုပ်ကို ပျော်စရာဖြစ်အောင်၊ စိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးလုပ်ကိုင်တတ်ကြပါတယ်။

​💡 Note:
Creativity ဆိုတာ မွေးရာပါ ပါလာမှ ရတာမျိုး မဟုတ်ပါဘူး။ နေ့စဉ် အသစ်အသစ်တွေ စမ်းသပ်လုပ်ကိုင်ရင်း၊ စူးစမ်းလေ့လာရင်းနဲ့ တိုးမြှင့်ယူလို့ ရပါတယ်နော်။ ✨

​သင်ကော... လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ Creativity ကို ဘယ်လိုအသုံးချလေ့ရှိလဲ? Comment မှာ ပြောပြခဲ့ပါဦး။ 👇

31/12/2025


31-12-2025 နှင့် 1-1-2026 ရက်နေ့သည်နှစ်သစ်ကူးပိတ်ရက်များ နေ့ဖြစ်သောကြောင့် PEC ၏ Online & Campus အတန်းများအားလုံး ပိတ်ပါတယ်ရှင်။

လိုင်းအခက်အခဲများကြောင့် ပိုစ့်တင်တာနောက်ကျသွားလို့ တောင်းပန်ပါတယ်ရှင်

♥️🫶🏻♥️

🎄Happy New Year to you All 🎄

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address

62
Mandalay