Mi Mi Htun

Mi Mi Htun Helping you release inner blocks, reconnect with your true self, and live a life of purpose and alignment.✨✨

✨ From Chasing to Alignment✨

နေ့စဉ် အလုပ်တွေ ဆက်တိုက်လုပ်နေရာက လပြည့် လကွယ် ဥပုလ်သီလဆောက်တည်ခြင်း က ကိုယ့်အတွက် အကျိုးအများကြီးပေးပါတယ်ကိုယ့်ခန္ဓာကို...
13/08/2026

နေ့စဉ် အလုပ်တွေ ဆက်တိုက်လုပ်နေရာက လပြည့် လကွယ် ဥပုလ်သီလဆောက်တည်ခြင်း က
ကိုယ့်အတွက် အကျိုးအများကြီးပေးပါတယ်

ကိုယ့်ခန္ဓာကိုယ် အတွက်လဲ fasting လုပ်ပြီး နောက်နေ့မနက်ဆို သန့်ရှင်းစေပြီး အသားရည် ကြည်လင်စေပါတယ်

ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးလိုက်သလို
စိတ်ကို တည်ကြည်အောင် clarity ဖြစ်အောင် အထောက်ကူပြုပေးပါတယ်

ကိုယ့်စိတ်ထဲက မရှင်းလင်းရသေးတဲ့ ပြဿနာတွေကိုလဲ ရှင်းရှင်းလင်းလင်း သိမြင်လာစေတယ်

ကိုယ့်သွားမယ့် directionတွေကို alignment ဖြစ် တည့်မတ်အောင် ဘာတွေကိုလွတ်ချရမလဲ နောက်ထပ်ဘာတွေလုပ်ဆောင်ရမလဲဆိုတာ awareness ရှိရှိ သိမြင်လာအောင် ကူညီပေးပါတယ်

ကိုယ့်ရဲ့ emotional state ကိုလဲ ဘယ်အဆင့်မှာရှိနေလဲ ဆိုတာပြန်လည်သုံးသပ်လာနိုင်ပါမယ်

ဒါတွေအားလုံး ထက် အကျိုးများစေတာက ၈ပါး ဥပုလ်သီလ ဆိုတာ အထက်နတ်ဗြမာတွေ ကျင့်သုံးတဲ့ သီလဖြစ်လို့
ကိုယ်က ကျင့်သုံးခွင့်ရတာက
အလွန်ကံကောင်းပြီး ဒီဘဝ အတွက် သာမက နောက်ဘဝ တွေ အတွက် ပါ ကုသုလ်ထူးတွေ အများကြီးရတဲ့နေ့ ဖြစ်ပါတယ်

အားလုံး ပူပန်သောက တွေ ကင်းဝေးပြီး စိတ်ကြည်လင်

အေးချမ်း ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်

🙏🏻🙏🏻🙏🏻

Alignment

#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု

#ဥပုလ်သီလ

10/08/2026

ဘဝကိုပြောင်းလဲချင်တဲ့ identity အတိုင်းနေထိုင်ရမယ်💡💡💡

#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု

09/08/2026

I didn’t become cold.
I became clear.

I still care.
I still love deeply.
I still want to help people.

But I no longer abandon myself to be accepted by others.

“Which OLD ME are you ready to leave behind?” ❗️❗️








06/08/2026

တစ်ခါတလေ စွမ်းအင်မြင့်မားတယ် (High Energy) ဆိုတာ အမြဲတမ်း တက်ကြွလှုပ်ရှားနေတာမျိုး မဟုတ်ပါဘူး။ သင့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့ အပြင်ဘဝ အနိမ့်အမြင့်တွေကို ဘယ်လို တုံ့ပြန်သလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။
သင့်မှာရော ဒီလက္ခဏာတွေ ရှိနေပြီလားဆိုတာ စစ်ဆေးကြည့်ရအောင်👇

မိမိကိုယ်ကို အပြစ်တင်ဝေဖန်မှုတွေနဲ့ ဘဝကို ရှေ့ဆက်နေသရွေ့ ငါတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေမှာပါ ...
06/08/2026

မိမိကိုယ်ကို အပြစ်တင်ဝေဖန်မှုတွေနဲ့ ဘဝကို ရှေ့ဆက်နေသရွေ့ ငါတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေမှာပါ 😔✨

ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာအများစုဟာ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိုးရိမ်စိတ်၊ ဒေါသနဲ့ ခွင့်မလွှတ်နိုင်မှုတွေရဲ့ ရောင်ပြန်ဟပ်မှုတွေပဲ ဖြစ်ပါတယ် 🌿

ဒါကြောင့် "Mind-Body Connection" ကို နားလည်ပြီး မိမိကိုယ်ကို ပြန်လည်healလုပ်ဖို့ အရမ်းအရေးကြီးပါတယ် ❤️

ဘဝကို ပြောင်းလဲပစ်ဖို့ အစွမ်းထက်ဆုံး သော့ချက် (၃) ချက် 🔑✨

၁။ Self-Love (မိမိကိုယ်ကို ချစ်ခြင်း) 💖

မိမိရဲ့ လိုအပ်ချက်နဲ့ အမှားတွေကို အရှိအတိုင်း လက်ခံပေးပါ။
သူများတွေအတွက် တောင်းဆိုနေတာထက် မိမိကိုယ်ကို အပြည့်အဝ အသိအမှတ်ပြု ချစ်ပေးတာဟာ အောင်မြင်မှုနဲ့ ငြိမ်းချမ်းမှုရဲ့ အခြေခံသော့ချက်ပါ🌈

၂။ Positive Affirmationsများပြောဆိုခြင်း🗣️✨

မနက်တိုင်းမှာ "ငါ့မှာ ပြည့်စုံတဲ့ စွမ်းအားရှိတယ်"၊ "ငါ့ကိုယ်ငါ ချစ်တယ်၊ အပြည့်အဝ လက်ခံတယ်" ဆိုတဲ့ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို သတိရှိရှိ ပြန်လည်ပြောဆိုပေးပါ။
Subconscious mind ဟာ သင် ရွေးချယ်လိုက်တဲ့ စကားလုံးတွေအတိုင်း ဘဝကို ပုံဖော်ပေးပါတယ် 🧠💫

၃။ Release & Healing (လွှတ်ချခြင်းနှင့် ကုစားခြင်း) 🕊️🍃
စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်တဲ့အခါ စိတ်အေးချမ်းရုံတင်မကဘဲ ခန္ဓာကိုယ်ရဲ့ ဝေဒနာတွေပါ သက်သာပျောက်ကင်းလာပါလိမ့်မယ် ☘️

ဒီနေ့ကစပြီး မိမိကိုယ်ကို အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ပဲ နှုတ်ထွက်ပြောဆိုပေးကြရအောင်🌟✨

❤️LiveWithPurpose





လူ့ဘဝ  မကြာခင် ဘယ်အချိန်သေမယ် ရခဲတယ် တိုလွန်းတယ်ဆိုတာတာဝတိံသာနတ်ပြည်ရဲ့ တစ်ရက်ဟာ လူ့ပြည်ရဲ့ နှစ် (၁၀၀) နဲ့ ညီမျှတယ်ငါတို...
02/08/2026

လူ့ဘဝ မကြာခင် ဘယ်အချိန်သေမယ် ရခဲတယ် တိုလွန်းတယ်ဆိုတာ

တာဝတိံသာနတ်ပြည်ရဲ့ တစ်ရက်ဟာ လူ့ပြည်ရဲ့ နှစ် (၁၀၀) နဲ့ ညီမျှတယ်
ငါတို့ရဲ့ လူ့ဘဝဆိုတာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးစာ ခဏတာလေးပါ။
ဘယ်အချိန် သေမလဲဆိုတာ မသိနိုင်သလို ရခဲလှတဲ့ ဒီတိုလွန်းလှတဲ့ အချိန်လေးမှာ စဉ်းစားကြည့်မိတယ်။

အဲဒီလို အသိဝင်လာတဲ့အခါ လူတွေ အရေးကြီးတယ်လို့ သတ်မှတ်ထားကြတဲ့—

သူတစ်ပါးရဲ့ အကဲဖြတ်မှုတွေ
"ငါ အနိုင်ရမှဖြစ်မယ်" ဆိုတဲ့ အတ္တတွေ
ပြိုင်ဆိုင်မှုနဲ့ မာနတွေ

ပခုံးထက်က မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ...
လုံးဝ အရေးမကြီးတော့ဘူးဆိုတာ သဘောပေါက်လာရပါတယ်။

တကယ်တမ်း ဘဝမှာ အရေးကြီးပြီး တန်ဖိုးထားရမှာတွေက လွန်စွာ ရိုးရှင်းပါတယ်-

၁။ အခု လက်ရှိစက္ကန့် (Presence): နောင်တတွေ၊ စိုးရိမ်မှုတွေကို လွှတ်ချပြီး ယခုအချိန်မှာ သတိရှိရှိ၊ အသိရှိရှိ ငြိမ်းချမ်းစွာ သက်ဝင်လှုပ်ရှားခြင်း။

၂။ စိတ်၏ သန့်စင်မှုနဲ့ တရားအသိ (Inner Wisdom): ခန္ဓာကိုယ် စွန့်ခွာရတဲ့အခါ ပါသွားမှာက ကိုယ်ပြုခဲ့တဲ့ ကံစိတ်ထားကောင်းနဲ့ စေတနာတွေပဲ ဖြစ်ခြင်း။

၃။ မေတ္တာနှင့် ကျေးဇူးသိတတ်မှု (Love & Gratitude): မိသားစု၊ ချစ်ရသူများနှင့် ပတ်ဝန်းကျင်အပေါ် အေးမြတဲ့ စွမ်းအင်တွေ ဝေမျှပေးခြင်း။

ဘဝက
တိုတိုလေးပါ။

လက်ရှိအချိန်မှာ စိတ်ကို ငြိမ်းချမ်းအောင်ထားဖို့၊
ချစ်ရသူတွေကို တန်ဖိုးထားဖို့နဲ့၊

မနက်ဖြန်အတွက် ပါသွားမယ့် ကုသိုလ်နဲ့ တရားအသိကို ပိုင်ဆိုင်ထားဖို့ပါပဲ။

With love ❤️

Alignment

#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု — feeling human.

မနက်ခင်း မရှိမဖြစ် သတိထားရမယ့် အချက်တစ်ချက်... 💡​မျက်လုံးပွင့်တာနဲ့ ကိုယ့်ကိုယ်ကို ဘာတွေပြောနေမိလဲ ဆိုတာ သတိထားကြည့်ပါ။​...
01/08/2026

မနက်ခင်း မရှိမဖြစ် သတိထားရမယ့် အချက်တစ်ချက်... 💡
​မျက်လုံးပွင့်တာနဲ့ ကိုယ့်ကိုယ်ကို ဘာတွေပြောနေမိလဲ ဆိုတာ သတိထားကြည့်ပါ။

​အများအားဖြင့် စိတ်ညစ်စရာတွေ၊ စိုးရိမ်စိတ်တွေ၊ အပျက်သဘောဆောင်တဲ့ စကားတွေကို အလိုအလျောက် ရေရွတ်နေမိတတ်ကြပါတယ်။

​ဒီလိုဖြစ်လာရင် ချက်ချင်း သတိလေးကပ်ပါ။❗️

အပျက်သဘော တွေးမိနေတာကို သိလိုက်တာနဲ့ အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ ပြန်အစားထိုးပေးပါ။
​“ကိုယ့်ကိုယ်ကို ပြောတဲ့ စကားလုံးတွေက ကိုယ့်ရဲ့ လက်တွေ့ဘဝကို ပုံဖော်တာပါ။”

​ဒီနေ့မနက်ကစပြီး ကိုယ့်ကိုယ်ကို အားရှိစေမယ့် အပြုသဘောဆောင်တဲ့ စကားတွေပဲ စတင်ပြောပေးလိုက်ရအောင်။ ☀️💪

​“ငါ ဒီနေ့နေ့သစ်ကို ကောင်းကောင်းဖြတ်သန်းနိုင်တယ်”

​“ငါ့မှာ အခွင့်အရေးတွေ ရှိသေးတယ်”

​“ဒီနေ့ဟာ ငါ့အတွက် တိုးတက်ဖို့ အခွင့်အရေးပဲ”

​သင် သတိထားလိုက်တဲ့ စိတ်ကူးတစ်ခုချင်းစီက သင့်တစ်နေ့တာလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။ 🌿✨





PersonalGrowth
Purpose
GrowthMindset
InnerGrowth
Alignment

"ငါ့ဘဝက ဘာလို့ တစ်နေရာတည်းမှာ တန့်နေပြီး ဘာမှ မပြောင်းလဲတာလဲ" လို့ ခံစားနေရတဲ့အခါ …..​ဘဝမှာ တိုးတက်မှုအသစ်တွေ မဝင်လာနိုင...
30/07/2026

"ငါ့ဘဝက ဘာလို့ တစ်နေရာတည်းမှာ တန့်နေပြီး ဘာမှ မပြောင်းလဲတာလဲ" လို့ ခံစားနေရတဲ့အခါ …..

​ဘဝမှာ တိုးတက်မှုအသစ်တွေ မဝင်လာနိုင်တာဟာ ငါတို့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ အရာတွေကို မလွှတ်ချနိုင်သေးလို့ ဖြစ်တတ်ပါတယ် 🎒

မလိုအပ်တဲ့ ဝန်တွေကို မချရသေးဘဲ အသစ်တွေကို တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။


ဒါကြောင့် သင့်ဘဝ ဘာလို့ မပြောင်းလဲသေးတာလဲဆိုတာကို သိချင်ရင် မလွှတ်ချနိုင်သေးတဲ့ အရာ (၃) ခု ကို ပြန်ကြည့်ဖို့ လိုပါတယ် 🔍


၁။ Relationship ဆက်ဆံရေးများ 💔
​စွမ်းအင်ကုန်ခွဲစေသော ဆက်ဆံရေးများ (Toxic Relationships): သင့်ကို အစဉ်အမြဲ စိတ်ဓာတ်ကျစေတဲ့၊ သင့်တန်ဖိုးကို မမြင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေကို တွယ်ကပ်ထားမိနေသလား 🥀

​အတိတ်မှာ ပိတ်မိနေခြင်း: ပြီးသွားခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ပျက်စီးသွားခဲ့တဲ့ ဆက်ဆံရေးတွေပေါ်မှာ နာကျည်းချက်၊ တမ်းတချက်တွေနဲ့ အတိတ်မှာပဲ သံသရာလည်နေသလား ⏳

​သံယောဇဉ်အမှားများ: ကိုယ့်အတွက် မကောင်းမှန်း သိပေမဲ့ "မခွဲနိုင်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆွဲထားမိနေသလား ⚓
​မလိုအပ်တဲ့ ဆက်ဆံရေးတွေကို မလွှတ်ချနိုင်သမျှ ကောင်းမွန်တဲ့ ဆက်ဆံရေးအသစ်တွေ သင့်ဘဝထဲ ဝင်လာဖို့ နေရာလွတ် မရှိနိုင်ပါဘူး ✨

​၂။ ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်း (Environment & Social Circle) 🌿

​Comfort Zone ဇုံထဲမှာ ပိတ်မိနေခြင်း: တိုးတက်မှုမရှိတော့မှန်း သိပေမဲ့ စိန်ခေါ်မှုတွေကို ကြောက်လို့ လက်ရှိ ပတ်ဝန်းကျင်မှာပဲ သက်တောင့်သက်သာ နေနေမိသလား 🛋️

​သင့်ကို အောက်ဆွဲချနေသော အသိုင်းအဝိုင်း: သင့်အိမ်မက်တွေကို လှောင်ပြောင်တတ်တဲ့၊ အပျက်သဘောဆောင်တဲ့ စကားတွေကိုပဲ ပြောတတ်တဲ့ ပတ်ဝန်းကျင်မှာ သွားလာနေမိသလား 🗣️

​အကျင့်ဟောင်းများနှင့် နေရာဟောင်းများ: ဘဝပြောင်းလဲချင်တယ်လို့ ပြောပြီး နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ နေရာတွေ၊ လုပ်နေတဲ့ အကျင့်ဆိုးတွေကို မပြောင်းလဲဘဲ မူလအတိုင်း ထားနေမိသလား 🔄

​ငါးတစ်ကောင်ရဲ့ ကြီးထွားမှုဟာ ကန်ရဲ့ အရွယ်အစားပေါ်မှာ မူတည်သလို၊ သင့်တိုးတက်မှုဟာလည်း သင့်ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပါတယ် 🌊


၃။ ကိုယ့်ရဲ့ အတွေးအခေါ်နှင့် စိတ်ဒဏ်ရာများ (Mindset & Inner Self) 🧠
​အပြောင်းအလဲကို ကြောက်ရွံ့မှု: သစ်လွင်တဲ့ အပြောင်းအလဲတစ်ခုကို စတင်ဖို့၊ မသေချာမှုကို ရင်ဆိုင်ဖို့ ကြောက်နေသလား 😨

​အတိတ်က အမှားများပေါ် နောင်တရနေခြင်း: "ငါသာ အဲ့တုန်းက မမှားခဲ့ရင်..." ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ အပြစ်တင်နေမိသလား တွင်းနက်ထဲမှာ ကျန်ခဲ့သလား တွင်းနက်ထဲမှာ ကျန်ခဲ့သလား 🕳️

​"ငါ မလုပ်နိုင်ပါဘူး" ဆိုတဲ့ ကန့်သတ်ချက်များ: ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘဲ စွမ်းဆောင်ရည်တွေကို ကိုယ်တိုင် ဘောင်ခတ်ထားမိနေသလား 🚧

​သင့်ဘဝကို ရှေ့ဆက်ဖို့အတွက် ဒီနေ့ပဲ ဒီမေးခွန်း (၃) ခုကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ 🤔

​"ငါ့စွမ်းအင်တွေကို ကုန်ဆုံးစေပြီး ဘာတိုးတက်မှုမှ မပေးတဲ့ ဆက်ဆံရေး သို့မဟုတ် လူတစ်ယောက်ကို ငါ တွယ်ကပ်ထားမိနေသလား။" 🔋

​"ငါ့ရည်မှန်းချက်တွေနဲ့ မကိုက်ညီတော့တဲ့ ပတ်ဝန်းကျင်/အကျင့်တွေကို ငါ ကြောက်လို့ ဖက်တွယ်ထားမိနေသလား။" 🛑
​"အနာဂတ်ကို သွားဖို့အတွက် ငါ့ရဲ့ ဘယ်အတိတ်က အနာဂတ်/အမှားကို ငါ ခွင့်လွှတ် လွှတ်ချရမလဲ။" 🕊️

💡💡💡အရာရာကို လွှတ်ချလိုက်တာဟာ ရှုံးနိမ့်တာ မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ပိုမိုကောင်းမွန်တဲ့ အရာတွေ ဝင်လာနိုင်ဖို့ နေရာလွတ် ဖန်တီးပေးခြင်း သာ ဖြစ်ပါတယ် 🌈

Coach Mimihtun 💡
#

#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု

"ကိုယ်လိုချင်တာတွေ တကယ်ရဖို့ဆိုရင် Capacity to Receive  ရှိဖို့ လိုတယ်" ဆိုတဲ့အမြင်က အရမ်းကို နက်နဲပြီး လေ့ကျင့်ယူရပါမယ်...
26/07/2026

"ကိုယ်လိုချင်တာတွေ တကယ်ရဖို့ဆိုရင် Capacity to Receive ရှိဖို့ လိုတယ်" ဆိုတဲ့အမြင်က အရမ်းကို နက်နဲပြီး လေ့ကျင့်ယူရပါမယ်…

….တခါတလေ ကိုယ်က စိတ်ထဲကပဲဖြစ်ဖြစ်၊ ကြိုးစားမှုနဲ့ပဲဖြစ်ဖြစ် အကြာကြီး တောင်းဆိုနေပေမဲ့ တကယ်တမ်း လက်ထဲရောက်လာတဲ့အခါ (ဒါမှမဟုတ် ရောက်ခါနီးမှာ) ကိုယ်တိုင်လည်း မသိလိုက်ဘဲ ငြင်းပယ်မိနေတာ၊ တွန်းထုတ်မိနေတာမျိုးတွေ ရှိတတ်လို့ပါ။

ငယ်ငယ်ကတည်းက ကျွန်မတို့ သင်ခဲ့ရတာက 'ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်' ဆိုတာပဲ။

အရာရာကို ကိုယ်တိုင် ရုန်းကန်၊ ကိုယ်တိုင် ဖြေရှင်းပြီး ခရီးပေါက်ခဲ့ရတဲ့နေ့တွေက များလာတော့ မသိစိတ်ထဲမှာ Shield တစ်ခု ကာမိသွားတယ်။

'ငါ့မှာ ငါပဲရှိတယ်၊ ငါတစ်ယောက်တည်းလည်း အကုန်လုပ်နိုင်တယ်' ဆိုတဲ့ စိတ်က ကာကွယ်မှုတစ်ခု ဖြစ်ခဲ့တာ မှန်ပေမယ့်၊

တစ်ဖက်မှာတော့ အဲဒီစိတ်ကပဲ ကိုယ့်ဆီလာမယ့် အကူအညီတွေ၊ အခွင့်အလမ်းတွေကို ပိတ်ဆို့ထားတဲ့ တံတိုင်းကြီး ဖြစ်လာတတ်တယ်။

ကြိုးစားအားထုတ်မှု (Giving) energy (Masculine Energy) နဲ့ ရှေ့သို့ တိုးထွက်တာဆိုရင်၊
အခွင့်အလမ်းတွေကို လက်ခံရယူခြင်း (Receiving) ကတော့ energy (Feminine Energy) နဲ့ စီးဆင်းစေတာပါ။

ကျွန်မတို့က ကမ္ဘာကြီးကို လက်သီးဆုပ်ပြပြီး 'ငါ တစ်ယောက်တည်း ရတယ်' လို့ အမြဲ အော်နေရင်၊ တစ်ဖက်က ကမ်းပေးလာမယ့် လက်တွေကို ဘယ်လိုလုပ် ဆုပ်ကိုင်နိုင်တော့မှာလဲ။

လက်သီးဆုပ်ထားတဲ့ လက်ထဲကို ဘာမှ ထည့်ပေးလို့ မရပါဘူး။ အရာရာကို တစ်ယောက်တည်း ထမ်းပိုးထားရတဲ့ Hyper-Independent ဖြစ်ခြင်းက အောင်မြင်မှုရဲ့ လက္ခဏာမဟုတ်ဘဲ... လက်ခံဖို့ ခက်ခဲနေတဲ့ မသိစိတ်ရဲ့ အနာဂတ်တစ်ခုပဲ ဖြစ်နေတတ်ပါတယ်။"

ကိုယ့်ဆီ စီးဆင်းလာမယ့် စေတနာတွေ၊ ကူညီမှုတွေ၊ ချီးမွမ်းမှုတွေကို 'ရပါတယ်၊ အားနာစရာကြီး' ဆိုပြီး တွန်းထုတ်မိတဲ့အကြိမ်ပေါင်း မနည်းတော့ဘူး။

တကယ်တော့ Receive လုပ်တယ်ဆိုတာ အားနည်းတာ မဟုတ်ပါဘူး။
အခွင့်အလမ်းတွေ၊ ကောင်းချီးတွေ ကိုယ့်ဆီ စီးဆင်းလာတဲ့အခါ နှိမ့်ချတဲ့စိတ်နဲ့ အေးအေးချမ်းချမ်း ခံယူတတ်ခြင်းကလည်း ရင့်ကျက်တဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ 💪🏻

ကိုယ့်ရဲ့ တံခါးကို အမြဲပိတ်၊ အမြဲ ရုန်းကန်နေမယ့်အစား... ကမ်းပေးလာတဲ့ လက်တွေကို ကျေးဇူးတင်စိတ်နဲ့ လက်ခံတတ်ဖို့ ခွင့်ပြုလိုက်တဲ့အခါမှသာ ကိုယ်လိုချင်တဲ့ Universe ရဲ့ ကောင်းချီးတွေက အဟန့်အတားမရှိ စီးဝင်လာမှာ ဖြစ်ပါတယ်။"

"ဒါဆိုရင် ကိုယ့်ရဲ့ လက်ခံနိုင်စွမ်းကို ပိုမိုကျယ်ပြန့်လာအောင် ဘာတွေ လုပ်ကြမလဲ။

ဒါဟာ တစ်ညတည်းနဲ့ ပြောင်းလဲသွားမှာ မဟုတ်ပေမဲ့ လက်တွေ့ကျတဲ့ ခြေလှမ်းလေးတွေနဲ့ စတင်လို့ ရပါတယ်။

၁။ အသေးအဖွဲ ချီးမွမ်းမှုလေးတွေကနေ စပြီး 'ကျေးဇူးတင်ပါတယ်' လို့ လက်ခံပါ✨✨
တစ်ယောက်ယောက်က 'ဒီနေ့ ဝတ်ထားတာလေး လှတယ်နော်' လို့ ပြောတဲ့အခါ 'အော်… မဟုတ်ပါဘူး၊ အဟောင်းကြီးပါ' ဆိုပြီး ချက်ချင်း ငြင်းပယ်တာမျိုး မလုပ်ပါနဲ့တော့။
အားနာစရာမလိုဘဲ အပြုံးတစ်ခုနဲ့ 'ကျေးဇူးတင်ပါတယ်' လို့ပဲ တည့်တည့် လက်ခံလိုက်ပါ။ ☺️
ဒါဟာ 'ငါ ကောင်းမွန်တာတွေနဲ့ ထိုက်တန်တယ်' လို့ ကိုယ့်မသိစိတ်ကို လေ့ကျင့်ပေးတဲ့ ပထမဆုံး ခြေလှမ်းပဲ။

၂။ ကူညီခွင့် ပေးလိုက်ပါ✨✨

အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က 'ကူညီပေးရမလား' လို့ ကမ်းလှမ်းလာရင် 'ရတယ်၊ ငါ့ဘာသာလုပ်လိုက်မယ်' ဆိုတဲ့ စကားကို ခဏထိန်းပြီး 'အဆင်ပြေရင် ကူညီပေးပါဦး၊ ကျေးဇူးပဲနော်' လို့ ပြောကြည့်ပါ။
တခြားသူတွေကို ကိုယ့်ဘဝထဲ ကူညီခွင့်ပေးခြင်းက ကိုယ့်ရဲ့ လက်ခံနိုင်စွမ်း ခွက်ကြီးကို ပိုကြီးအောင် ချဲ့လိုက်တာနဲ့ တူတူပါပဲ။

၃။ ရုန်းကန်ခြင်းထက် စီးဆင်းခြင်း (Flow) ကို ရွေးချယ်ပါ✨✨
နေ့တိုင်း တိုက်ပွဲဝင်နေရသလို စိတ်အခြေအနေ (Survival Mode) ထဲကနေ ထွက်ပါ။
'အရာရာကို ငါ လိုက်ထိန်းချုပ်နေမှ ဖြစ်မှာ' ဆိုတဲ့ စိတ်ကို လွှတ်ချပြီး၊ ကိုယ့်ဆီ ရောက်လာမယ့် အခွင့်အလမ်းကောင်းတွေကို စိတ်အေးလက်အေးနဲ့ စောင့်ကြိုလက်ခံနိုင်တဲ့ လုံခြုံမှုမျိုး (Safe Space) ကို ကိုယ့်စိတ်ထဲမှာ ဖန်တီးပေးရပါမယ်။"

💡💡သတိရပါ… Universe က ကိုယ့်ကို ပေးချင်လွန်းလို့ စောင့်နေတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်ကပဲ လက်သီးကို တင်းတင်းဆုပ်၊
တံခါးကို ပိတ်ထားတာမျိုး ဖြစ်နေတတ်တယ်။

ဒီနေ့ကစပြီး လက်သီးကို ဖြေလျော့၊ လက်ဖဝါးကို ဖြန့်ပြီး 'ငါဟာ ကောင်းမွန်တဲ့အရာအားလုံးကို လက်ခံဖို့ အဆင်သင့်ပဲ' လို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုချက် ပေးလိုက်ကြရအောင်။" ✨✨✨

Mindset
#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု







မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ပြင်ပက Distractions တွေ၊ Notification တွေနောက်ကို စိတ်အာရုံ မပါသွားခင်... မိနစ်အနည်းငယ်လ...
11/07/2026

မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ပြင်ပက Distractions တွေ၊ Notification တွေနောက်ကို စိတ်အာရုံ မပါသွားခင်...

မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို ငြိမ်းချမ်းအောင် အရင်လုပ်ကြည့်ရအောင်။

​✨ ၁။ ငါ ဒီနေ့ ဘယ်လိုခံစားရသလဲ?
(စိတ်လှုပ်ရှားနေတာလား၊ ပင်ပန်းနေတာလား၊ ဒါမှမဟုတ် အေးချမ်းနေသလား။ ဘာပဲဖြစ်ဖြစ် အကောင်းအဆိုး မခွဲခြားဘဲ ကိုယ့်စိတ်အခြေအနေကို ရိုးရိုးသားသား အသိအမှတ်ပြုပေးပါ။)

​✨ ၂။ ငါ့အတွက် ဘာလုပ်ချင်သလဲ?
(ဒီနေ့တော့ စိတ်အေးလက်အေး ကော်ဖီသောက်မလား၊ ကိုယ့်ကိုယ်ကို အနားပေးမလား၊ ဒါမှမဟုတ် စွမ်းအင်အပြည့်နဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို အာရုံစိုက်မလဲ။ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ပေးခြင်း (Self-Care) ရဲ့ အစပါ။)

​✨ ၃။ ငါ ဒီနေ့ ဘာတွေလက်ခံချင်သလဲ?
(ကြုံလာရမယ့် အခွင့်အလမ်းသစ်တွေ၊ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေနဲ့ စိတ်အေးချမ်းမှုတွေကို စိတ်နှလုံးဖွင့်ပြီး ကြိုဆိုလိုက်ပါ။)

ကျွန်မတို့ရဲ့ နေ့ရက်တွေကို Reaction (ပတ်ဝန်းကျင်အပေါ် တုံ့ပြန်ရုံသက်သက်) နဲ့ မဖြတ်သန်းဘဲ၊ Intention (ရည်ရွယ်ချက်ရှိရှိ) နဲ့ ဖြတ်သန်းနိုင်ဖို့ ဒီမေးခွန်းတွေက ကူညီပေးပါလိမ့်မယ်။



#ကိုယ်ကိုယ်ကိုသိမြင်ခြင်း
#တိုးတက်ခြင်း
#ဘဝရည်ရွယ်ချက်
#အတွင်းစိတ်ဖွံ့ဖြိုးမှု

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mi Mi Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category