တရုတ်စာကို အခြေခံကစပြီး ကိုယ်တိုင်လေ့လာတယ်... ဘယ်ကစရမှန်းမသိဘူး၊ အသံထွက်ကလည်း မှန်ရဲ့လား မသေချာဘူးဖြစ်နေရင်...
Ei Laoshi ရဲ့ အခြေခံအွန်လိုင်းအတန်းမှာ...
စာလုံးအလွတ်ကျက်စရာမလိုဘဲ အသံထွက် (Pinyin) မှန်မှန်ကန်ကန်နဲ့ စကားစပြောနိုင်အောင် သင်ပေးမှာပါ။
စာသင်ချိန်တင်မကဘဲ အပြင်မှာပါ တကယ်သုံးလို့ရမယ့် စာကြောင်းတည်ဆောက်ပုံတွေကို အဓိကထားသွားမှာဖြစ်လို့... အခုဘဲသင်တန်းလာတက်လိုက်ကြတော့နော်
#တရုတ်စာအခြေခံ #တရုတ်စာနေ့စဉ်သုံးစကားများ
Ei Laoshi
တရုတ်စာခက်ခဲတယ်လို့ထင်နေတာတွေကိုမေ့လိုက်တော့နော်�
23/05/2026
#ငယ်ဘဝကကိုယ့်ကိုယ်ကိုယ်တစ်ခွန်းပဲပြောခွင့်ရမယ်ဆိုရင်မင်းဘာပြောမလဲ...?
အသက်အရွယ်တဖြည်းတဖြည်းကြီးလာပေမဲ့ ပျော်ရွှင်မှုတွေကတော့ တဖြည်းဖြည်း နည်းပါးလာတယ်။
年纪渐长,快乐却变得原来越少。
Niánjì jiàn zhǎng, kuàilè què biànde yuánlái yuè shǎo.
#တရုတ်စာ
23/05/2026
#ကိုယ့်မှာbackgroundမရှိရင်ကိုယ်တိုင်ကbackgroundဖြစ်ရမယ်
没有 背景 , 就 让自己 成为 背景。
Méiyǒu bèijǐng ,jiù ràng zìjǐ chéngwéi bèijǐng.
ုတ်စာလေ့လာမယ်
ုတ်စာအဆိုအမိန့်များ
22/05/2026
#ကျွန်တော့်ရဲ့တစ်နေ့တာ
我的一天
Wǒ de yītiān
早上 起床 后 ,我 洗脸 ,吃 早饭 , 然后 洗澡 ,打扮 ,九 点 去 上班 。到 了 公司 后 ,我做 我 的 本职 工作 。 十二 点 吃 午饭 ,一 点 就 要 继续 上 班 。三 点的 时候 有 二 十分钟 的 休息 时间 , 然后 六 点 下 班 。下 班 回 家 路上 ,我 顺 便 去 商店买 了 一些 水果 当作 玩 餐.吃完 晚餐 后 ,我 就 上 床 睡觉 了。 大家 晚安噢 !
ZǎoShang qǐchuáng hòu , wǒ xǐliǎn , chī zǎofàn , ránhòu xǐzǎo , dǎban , jiǔ diǎn qù shàngbān. Dào le gōngsī hòu wǒ zuò wǒ de běnzhí gōngzuò . shíèr diǎn chī wǔfàn, yī
diǎn jiù yào jìxù shàngbān . Sān diǎn de shíhòu yǒu èrshí fēnzhōng de xiūxi shíjiān , ránhòu liù diǎn xiàbān . Xiàbān huíjiā lùshàng , wǒ shùnbiàn qù shāngdiàn mǎi le yīxiē shuǐguǒ dàngzuò wǎncān . Chī wán wǎncān hòu , wǒ jiù shàngchuáng shuìjiào le. Dàjiā wǎnān Lou !
"မနက်ခင်း အိပ်ရာထပြီးနောက် မျက်နှာသစ်၊ မနက်စာစားတယ်၊ ပြီးရင် ရေချိုး အလှပြင်ပြီး ကိုးနာရီမှာ အလုပ်သွားပါတယ်။ အလုပ်ကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့ တာဝန်ရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်။ ၁၂ နာရီမှာ နေ့လည်စာစားပြီး၊ ၁ နာရီမှာတော့ အလုပ်ပြန်ဝင်ရပါတယ်။ ၃ နာရီအချိန်မှာ မိနစ် ၂၀ အနားယူချိန် ပေးပြီး၊ ၆ နာရီမှာတော့ အလုပ်ဆင်းပါတယ်။ အလုပ်ဆင်းပြီး အိမ်အပြန်လမ်းမှာ ညစာအတွက် အသီးအနှံတချို့ကို စတိုးဆိုင်ကနေ တစ်ခါတည်း ဝင်ဝယ်ခဲ့ပါတယ်။ ညစာစားပြီးတဲ့နောက်မှာတော့ ကျွန်တော် အိပ်ရာဝင်လိုက်ပါပြီ။ အားလုံးပဲ ဝမ်အန်းပါနော်။"
#我的一天 #工作 #တစ်နေ့တာအလုပ်
#ဒီကိစ္စကျွန်တော်နဲ့မဆိုင်ဘူး
ဒီနေ့မှာတရုတ်လို老师ကဒီကိစ္စကျွန်တော်နဲ့မဆိုင်ဘူး ဆိုတာကိုပြောနည်းသင်ပေးမယ်နော်
这 (zhè): ဒီ / ယခု
件事情 (jiàn shìqing): ကိစ္စ
跟我 (gēn wǒ): ကျွန်မနှင့် / ကျွန်တော်နှင့်
没关系 (méi guānxi): မပတ်သက်ဘူး / မဆိုင်ဘူး
👉这件事情跟我没关系。
Zhè jiàn shìqing gēn wǒ méi guānxi
"ဒီကိစ္စက ကျွန်မနဲ့ ဘာမှမပတ်သက်ပါဘူး။" (သို့မဟုတ်) "ဒီကိစ္စက ကျွန်မနဲ့ မဆိုင်ပါဘူး။"
#တရုတ်စာ #တရုတ်စကားပြော #မြန်မာ
#တရုတ်စာလေ့လာနေတဲ့သူတွေအတွက်အသုံးအဝင်ဆုံးဖြစ်မယ့်ကိုယ့်ကိုယ်ကိုမိတ်ဆက်နည်း၁၀ကြောင်း
တရုတ်လို ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်း
(自我介绍 - Zìwǒ jièshào)
1.မင်္ဂလာပါလူကြီးမင်းတို့ခင်ဗျာ၊ ကိုယ့်ကိုယ်ကို မိတ်ဆက်ခွင့်ပြုပါ။
您好,让我自我介绍一下。
Nín hǎo, ràng wǒ zìwǒ jièshào yīxià.
2.ကျွန်မ နာမည်ကတော့ [နာမည်] ဖြစ်ပါတယ်။
我叫 [Name]。
Wǒ jiào [Name].
3.ကျွန်မ အသက်ကတော့ [အသက်] နှစ်ရှိပါပြီ။
我今年 [အသက်] 岁。
Wǒ jīnnián [အသက်] suì.
4.ကျွန်မက မြန်မာလူမျိုးဖြစ်ပြီး မန္တလေးမှာ နေပါတယ်။
我是缅甸人,主在曼德勒。
Wǒ shì Miǎndiàn rén, zhù zài Màndélè.
5.ကျွန်မက တရုတ်စာဆရာမတစ်ယောက် ဖြစ်ပါတယ်။
我是一名汉语老师。
Wǒ shì yī míng Hànyǔ lǎoshī.
6.အွန်လိုင်း အဝတ်အထည် လုပ်ငန်းလည်း လုပ်ကိုင်နေပါတယ်။
我也做服装电商生意。
Wǒ yě zuò fúzhuāng diànshāng shēngyì.
7.ကျွန်မရဲ့ ဝါသနာကတော့ အဝတ်အထည် ဒီဇိုင်းဆွဲရတာကို ကြိုက်ပါတယ်။
我的爱好是设计服装。
Wǒ de àihào shì shèjì fúzhuāng.
8.အားလပ်ချိန်တွေမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရတာကို သဘောကျပါတယ်။
我业余时间喜欢做运动。
Wǒ yèyú shíjiān xǐhuān zuò yùndòng.
9.အားလုံးနဲ့ သိကျွမ်းခွင့်ရတာ အလွန်ဝမ်းသာပါတယ်။
很高兴认识大家。
Hěn gāoxìng rènshi dàjiā.
10.နောင်လည်း အများကြီး ကူညီစောင့်ရှောက်ပေးကြပါဦးခင်ဗျာ။
请多多关照。
Qǐng duōduō guānzhào
#တရုတ်စာ #တရုတ်စကားပြော #မြန်မာ
#တရုတ်ပြည်ရောက်ရင်ဘဏ်ကိုသွားဖို့လမ်းဘယ်လိုမေးမလဲ?
🧑🦱- 请问 ,银行 在 那儿 ?
Qǐngwèn, yínháng zài nǎr ?
ကျေးဇူးပြု၍မေးပါရစေ ,ဘဏ်ကဘယ်မှာလဲ ?
🧔- 在 前边 。
Zài qiánbiān.
ရှေ့ဘက်မှာ
🧑🦱 -怎么 走 ?
Zěnme zǒu ?
ဘယ်လိုသွားရမလဲ ?
🧔- 往 右 拐 。
Wǎng yòu guǎi.
ညာဘက်ကွေ့
🧑🦱 - 远 吗 ?
Yuǎn ma ?
ဝေးလား ?
🧔 - 不 远 ,银行 在 商店 旁边 。
Bù yuǎn , yínháng zài shāndiàn pángbiān.
မဝေးဘူး ,ဘဏ်ကစတိုးဆိုင်ရဲ့နံဘေးမှာဘဲ ။
🧑🦱 - 谢谢 !
Xiè xiè !
ကျေးဇူးတင်ပါတယ် ။
🧔 - 不 客气 。
Bù kèqi .
အားမနာပါနဲ့ ။
#တရုတ်နိုင်ငံမှာဘဏ်သွားချင်ရင်ဒီစကားစုတွေမသိလို့လုံးဝမဖြစ်ဘူးနော်
13/05/2026
#အခုဘယ်နှစ်နာရီရှိပြီလဲ?
ဒီနေ့အိကတရုတ်လိုအချိန်မေးနည်းပြန်ဖြေနည်းသင်ပေးမယ်နော်
1.王红,几 点 了 ?
Wáng Hóng , jǐ diǎn le ?
ဝမ်ဟုန်, ဘယ်နှစ်နာရီထိုးပြီလဲ ?
2.差 一刻 九 点 。
Chà yí kè jiǔ diǎn .
ကိုးနာရီထိုးဖို့ဆယ့်ငါးမိနစ်လို
3. 今天 是 星期 几 ?
Jīntiān shì xīngqī jǐ ?
ဒီနေ့ကဘယ်နှရက်နေ့လဲ ?
4.今天 是 星期 天 。
Jīntiān shì xīngqī tiān .
ဒီနေ့ကတနဂ်နွေနေ့ဖြစ်တယ်
#တနေ့ကိုစာကြောင်းတွေနည်းနည်းစီလေ့လာသွားကြမယ်နော် ုပ်ခဲ့ကြဦးနော် ေးပါ
#သူငယ်ချင်းကကိုယ့်အပေါ်သစ္စာဖောက်ဖူးလား?"
ဒီနေ့မှာအိကကိုယ်ကေတာ့သူငယ်ချင်းလို့သတ်မှတ်ထားပါရက်နဲ့တဖက်သူကကိုယ့်အပေါ်ယုတ်မာရင်တရုတ်လိုဘယ်လိုပြောရမလဲသင်ပေးမယ်နော်
1.捅刀子 (Tǒng dāozi): ဓားနဲ့ထိုးသည်။ (နောက်ကနေ ဓားနဲ့ထိုးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး)
2.背叛 (Bèipàn): သစ္စာဖောက်သည်
သူက ကျွန်မကို သစ္စာဖောက်သွားတယ်။
他背叛了我。(Tā bèipànle wǒ.)
သူငယ်ချင်းအချင်းချင်း ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားမိဘူး။
我没想到作为朋友,他会背叛我。
(Wǒ méi xiǎngdào zuòwéi péngyǒu, tā huì bèipàn wǒ.)
သူက ကျွန်မကို နောက်ကျောကနေ ဓားနဲ့ထိုးခဲ့တယ်။
他在我背后捅了一刀。
(Tā zài wǒ bèihòu tǒngle yī dāo.)
#လောကမှာသူငယ်ချင်းတိုင်းလည်းယုံမရဘူးနော် #ကိုယ့်ကိုယ်ကိုသာချစ်ခင်ပါ
#သင်တန်းအပ်လက်ခံပါတယ်ရှင့် ုပ်ပြီးပြီလား
11/05/2026
ဲ့အစားသောက်တွေဘယ်လိုမှာကြမလဲ
👇
ဒီနေ့အိကphoneနဲ့အစားအသောက်မှာနည်းကိုပြောပြမယ်နော်
☎️ _您 好 (nín hǎo )
မဂ်လာပါ
🧑🦱 _ 请问 现在 可以 订餐 吗 ?
( Qǐngwèn xiànzài kěyǐ dìngcān ma?)
ကျေးဇူးပြု၍မေးပါရစေ အခုအစားသောက်
မှာလို့ရလား ?
☎️ _ 可以,您 要 什么 ?
(kěyǐ , nín yào shénme ?)
ရတယ်,မင်းဘာမှာချင်လဲ ?
🧑🦱 _我 要 订 个 比萨饼
(Wǒ yào dìng ge bǐsàbǐng )
ကျွန်တော်ပီဇာမှာချင်ပါတယ်
☎️ _ 大的 还是 小 的 ?
(Dà de háishi xiǎo de ?)
ကြီးတာလားဒါမှမဟုတ်သေးတာလား ?
🧑🦱 _ 请 送到 北京 大学 西门 吧 。
(Qǐng sòngdào Běijīng dàxué xīmen ba )
ကျေးဇူးပြု၍ပီကင်းတက္ကသိုလ်အနောက်
ပေါက်ပို့ပေးပါ .
☎️ _ 到了 在 给 您 打 电话 。
(Dàole zài gěi nín dǎ diànhuà )
ရောက်ရင်ခင်ဗျားကိုဖုန်းထပ်ဆက်လိုက်ပါ့မ
မယ် ။
🧑🦱 _ 好的 好的
(Hǎode hǎode )
ကောင်းပါပြီ။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay
�
Opening Hours
| Monday | 11:00 - 21:00 |
| Tuesday | 11:00 - 22:00 |
| Wednesday | 11:00 - 22:00 |
| Thursday | 11:00 - 22:00 |
| Friday | 11:00 - 22:00 |
| Saturday | 11:00 - 22:00 |
| Sunday | 11:00 - 22:00 |