Pyin Nyar Shwe Latt Preschool

Pyin Nyar Shwe Latt Preschool

Share

Preschool

03/05/2026

🌸 မူကြိုစတက်တော့မယ့် သားသားမီးမီးတို့ရဲ့ မေမေတို့ဆီသို့ မေတ္တာစကား 🌸
ကလေးတစ်ယောက်ရဲ့ ပထမဆုံးသော လူမှုပတ်ဝန်းကျင်ခြေလှမ်းဟာ မူကြိုကျောင်း ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးကို တစိမ်းတစ်ယောက်လက်ထဲ ပထမဆုံးအပ်နှံရတာမို့ စိုးရိမ်စိတ်ရှိနေမှာကို ဆရာမတို့ နားလည်ပါတယ်ရှင်။ ဒါပေမဲ့...
• ယုံကြည်မှုက အခြေခံပါ
မေမေတို့က ဆရာမတွေအပေါ် ယုံကြည်မှုအပြည့်ရှိမှသာ ကလေးကလည်း ကျောင်းကို စိတ်အေးချမ်းသာစွာ တက်နိုင်မှာပါ။ ကလေးတွေဟာ လူကြီးတွေရဲ့ ခံစားချက်ကို အာရုံခံနိုင်စွမ်းရှိတာမို့ မေမေတို့က စိတ်ချလက်ချ ယုံကြည်ပေးဖို့ လိုအပ်ပါတယ်ရှင်။
မူကြိုဆရာမဆိုတာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စနစ်တကျ လေ့လာသင်ကြားထားသူတွေ ဖြစ်ပါတယ်။ သားသားမီးမီးတို့ ငိုယိုတာ၊ အစားဂျေးများတာကအစ ဆရာမတို့က မေတ္တာနဲ့ စိတ်ရှည်လက်ရှည် ကိုင်တွယ်ဖြေရှင်းပေးသွားမှာပါ။
ကလေးတစ်ယောက်ရဲ့ ပညာရေးနဲ့ စာရိတ္တဟာ ကျောင်းနဲ့ အိမ် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာပါ။ "ဆရာမတွေအပေါ် ယုံကြည်ပေးပါ" လို့ ဆိုတဲ့နေရာမှာ တစ်စုံတစ်ရာ အခက်အခဲရှိရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပေးကြဖို့ မျှော်လင့်ပါတယ်ရှင်။
"စိတ်ကောင်းအရင် ပညာသင်၊ လူတော်လူကောင်းဖြစ်စေမည်" ဆိုတဲ့ ရည်မှန်းချက်အတိုင်း မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေကို ဆရာမတို့က အကောင်းဆုံး ပြုစုပျိုးထောင်ပေးသွားပါ့မယ်ရှင်💖🌈

☎️ 09 692 222 026
☎️ 09 429 170 619

📌ဟုန်းပန်းကွက်သစ် ၊ပလိပ်မြို့


Photos from Pyin Nyar Shwe Latt Preschool's post 07/04/2026

"ပညာရွှေလက်ကျောင်းရဲ့ ရင်ခွင်မှာ ပျော်ရွှင်စွာ ပညာသင်ကြားရင်း အနာဂတ်အတွက် အားမာန်တွေနဲ့ လှပနေတဲ့ သားငယ်၊ သမီးငယ်လေးတွေရဲ့ သင်္ကြန်အကြိုပုံရိပ်လွှာများ... 🌟

02/04/2026

ဖေဖေ မေမေတို့ခင်ဗျာ...
လာမည့် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျွန်ုပ်တို့ကျောင်း၏ KG နှင့် Grade-1 အတန်းများအတွက် ကျောင်းသား/သူ အသစ်များကို ယခုမှစတင်၍ လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✨ KG တန်း
လူဦးရေ ကန့်သတ်ချက်ရှိသဖြင့် ဦးရာလူစနစ်ဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။
✨Grade-1 တန်း
Grade-1 တက်ရောက်မည့် ကျောင်းသား/သူများအတွက် ဝင်ခွင့်စစ်ဆေးမှု (Entrance Exam) ပြုလုပ်၍ အရည်အချင်းအလိုက် လက်ခံသွားမည်ဖြစ်ပါသည်။

📌သင်ကြားရေးအရည်အသွေးကို ထိန်းသိမ်းရန်အတွက် ကျောင်းသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ပါသဖြင့် (30.4.2026) သတ်မှတ်ရက်မတိုင်မီ လာရောက်စုံစမ်းစာရင်းပေးသွင်းနိုင်ပါရန် တိုက်တွန်းအပ်ပါသည်ခင်ဗျာ…..

☎️ 09 692 222 026
☎️ 09 429 170 619

25/03/2026

📣ကျောင်းပိတ်ရက်ကြေညာခြင်း

၂၀၂၆ခုနှစ် မတ်လ ၂၇ ရက် (သောကြာနေ့) သည် တပ်မတော်နေ့ ဖြစ်ပါသောကြောင့် Pyin Nyar Shwe Latt Preschoolကျောင်း (၁) ရက်ပိတ်မည်ဖြစ်ပါသည်။
ပုံမှန်အတန်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် (တနင်္လာနေ့) တွင် ပြန်လည်တက်ရောက်ရမည်ရှင့်။

Pyin Nyar Shwe Latt

Ph : 09 692 222 026 , 09 429 170 619


18/03/2026

🌸 ဆရာမ (၂) ဦး လိုအပ်နေပါသည် 🌸

ကျွန်မတို့ မူကြိုကျောင်းတွင် တာဝန်ထမ်းဆောင်ရန်
ချစ်စရာကောင်းပြီး စိတ်အားထက်သန်သော ဆရာမ (၂) ဦး ကို ဖိတ်ခေါ်ပါသည်ရှင့် 💕

👩‍🏫 အရည်အချင်းများ
• ကလေးများကို ချစ်ခင်စိတ်ရှိပြီး သည်းခံနိုင်ရမည်
• စိတ်ရှည်၍ တာဝန်ယူမှုရှိရမည်
• သင်ကြားရေးနှင့် ကလေးဖွံ့ဖြိုးရေးအပေါ် စိတ်ဝင်စားမှုရှိရမည်
• ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်
• အချိန်မှန်တက်နိုင်ပြီး စည်းကမ်းလိုက်နာနိုင်ရမည်

📍လိပ်စာ
ကားဆိပ်ရပ်ကွက်၊ ပလိပ်မြို့

📞 ဆက်သွယ်ရန်
09-692222026

📩 စိတ်ဝင်စားပါက ဖုန်းဖြင့်ဖြစ်စေ Page Chat မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်လျှောက်ထားနိုင်ပါသည်ရှင့် 💕

01/03/2026

အသီးအမျိုးမျိုးကို ခွဲခြားသိမြင်နိုင်ဖို့ စိတ်အားထက်သန်စွာ လေ့လာနေကြပါတယ်ရှင်🍓🍌🥭

27/02/2026

“အသီးများအကြောင်းကို စိတ်ဝင်တစားနှင့် တက်ကြွစွာ လေ့လာသင်ယူနေကြသော ကျွန်ုပ်တို့၏ ချစ်စရာကလေးငယ်များ 🍓🍎✨

27/02/2026

အသီးများအကြောင်းကို စိတ်ဝင်တစားနှင့် တက်ကြွစွာ လေ့လာသင်ယူနေကြသော ကျွန်ုပ်တို့၏ ချစ်စရာကလေးငယ်များ 🍓🍎✨

09/02/2026

🗣️ English Grammar & Speaking Class

ဒီသင်တန်းမှာ
👦👧 ကလေးများအတွက်
Grammar ကို နားလည်ပြီး Speaking ကို ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်အောင် သင်ကြားပေးပါတယ် ✨

✅ Grammar အခြေခံကို မှန်ကန်စွာ နားလည်နိုင်ရန်
✅ စာကြောင်းဖွဲ့ပြောနိုင်ပြီး Speaking Confidence တိုးတက်စေရန်
✅ ကျောင်းစာ + နေ့စဉ်အသုံးချ English ကို လွယ်ကူစွာ အသုံးပြုနိုင်ရန်

🧸 Kids Chinese Class – HAN YU (汉语)
ကစားရင်း သင်ယူ 📚
နားလည်လွယ် • မှတ်မိလွယ် • အသုံးချလွယ် ✨
ကလေးများရဲ့ စိတ်ဝင်စားမှုကို အဓိကထားပြီး
အရေး / အဖတ် / အပြော ကို အခြေခံမှစ၍ သင်ကြားပေးပါတယ်ရှင့် 💕

🧮 Hand Abacus Class (လက်သုံးပေသီး သင်္ချာ)
ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊
အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းအားကို
တစ်ပြိုင်နက်တည်း တိုးတက်စေမယ့်
ထိရောက်တဲ့ သင်္ချာသင်ကြားနည်း 🌱

ပေသီးကို လက်ချောင်းများဖြင့် အစားထိုးအသုံးပြုပြီး
ကိန်းဂဏန်းများကို မြန်ဆန်မှန်ကန်စွာ
တွက်ချက်နိုင်အောင် အခြေခံမှ စနစ်တကျ သင်ကြားပေးပါတယ် ✋🧮

🎨 Basic Drawing Class – အခြေခံပန်းချီသင်တန်း 🖌

✨ ကိုယ်ပိုင်ဖန်တီးမှုကို ဖော်ထုတ်လိုသူများအတွက်
✨ စိတ်ဖိစီးမှု လျော့ချပေးခြင်း၊ စိတ်ကြိုက်ဖန်တီးနိုင်မှု တိုးတက်စေခြင်း
✨ လက်ချောမွေ့မှု (Fine Motor Skills) နှင့် အာရုံစူးစိုက်မှု မြင့်တက်စေခြင်း

🗓 Monday, Tuesday, Wednesday, Thursday & Friday (5 days per week)
🕒 12-week course
👩‍🏫 Starting Date - 3.3.2026
☎️09 429170619

📌 တစ်တန်းလျှင် လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံသင်ကြားပေးမည်


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Paleik
Mandalay