18/08/2025
Teacher Poe ရဲ့ လက်ရှိ စာသင်ချိန်လေးတွေ ပါရှင် ….
English ကတော့ 4 skills သင်ပေးတာဖြစ်ပါတယ်
Maths လဲ မိဘတွေက လေ့ကျင့်ပေးဖို့တောင်းဆိုလို့ သင်ပေးနေပါတယ် ….
( IS + private) ဆိုတာကတော့ International school နဲ့ private school က ကလေးတွေကို ကျောင်းဆင်းချိန် ဘာသာစုံ tutoring ပြန်လုပ်ပေးတာပါ
Online အတန်းနဲ့ အိမ်အတန်းလေးတွေ ဖြစ်ပါတယ်ရှင်
မနက်ခင်း - 9 to 10 နဲ့ 11 to 12 လေးက တစ်ချိန်စီ ရပါဦးမယ်ရှင်
နေ့ခင်း ( 1 to 3 ) ကတော့ ခန နားချိန်လေးမလို့ ပေးတော့ဖူးနော် 😹
08/08/2025
Angela 🎀👧🏻 ( No-3 ) ( Year-2 ) ( 7 years old)
English , Maths , Science, Myanmar, ICT
သင်တန်းမှာ ပြန်train ပေးသမျှ
အမှတ်တွေ အကုန် အားရတယ်ရှင်
တော်တဲ့သူတွေကို သင်ပေးခွင့်ရလို့
ကျေးဇူးတင်ပါတယ် 🌷
တီချယ်ရှေ့မှာရော ကွယ်ရာမှာရော အများကြီး
ကြိုးစားထားတယ်ဆိုတာ သူ့ရဲ့ အကြမ်းစာအုပ်
ဖွင့်ကြည့်ရုံနဲ့တင် သိပြီးသားပါ 🌷
စာကြိုးစားချင်တဲ့စိတ်လေးရှိအောင် ပျိုးထောင်ပေးတဲ့ ဖေဖေ ၊ မေမေတို့ကိုလဲ ကျေးဇူးတင်ပါတယ် …..
တီချယ်တို့ ဆက်ကြိုးစားကြမယ် 🎀
06/08/2025
မေမေ ၊ ဖေဖေတို့ရေ အတန်းသစ်လေးနဲ့
မိတ်ဆက်ပါရစေ 🌷
Teacher Poe က 9 လပိုင်း ( September ) မှာ
သားသား မီးမီး တို့အတွက် Writing အတန်းလေး
စသင်ပါမယ် …..
Level -3 ခု ရှိပါမယ်
📕Level -1 ( book -1 ) ကတော့
Pre-writing & Tracing Skills အတွက် ဖြစ်ပြီး အသက် ၆ နှစ်က စပါမယ်
📗 Level -2( Book 2 ) ကတော့ Basic Sentence Writing ဖြစ်ပြီး Creative Writing အပိုင်းကို
အခြေခံစတင် ပေးပါတယ် အသက် ၇ နှစ်က စပါမယ်
📙 Level -3 (Book 3 ) ကတော့
Guided Story Writing ပါ 🌷
ကလေးတွေအတွက် ပုံပြင် ပုံစံလေးတွေနဲ့ စိတ်ဝင်စားစေပြီး တဖြည်းဖြည်းနဲ့ Paragraph
ရေးတတ်အောင် လေ့ကျင့်ပေးတဲ့ စာအုပ်မျိုးပါ
အသက် ၉ နှစ်ကစ သင်လို့ရပါတယ်
ဒီစာအုပ်လေးတွေက Dialogue writing, sequencing pictures, writing with prompts
စတာတွေနဲ့ နောက်ထပ် Creative Thinking တိုးတက်လာစေပြီး Phonics သင်ထားပြီးနောက် Writing သို့ ပြောင်းချင်သူများအတွက်
ရွေးချယ်သင့်တဲ့ စာအုပ်လေးတွေပါ
Online နဲ့ရော သင်တန်းမှာရော သင်လို့ရတဲ့အတွက်
အဆင်ပြေတာ ရွေးချယ်ပြီး စာရင်းပေးသွင်းနိုင်ပါပီရှင်
Level 1 ခုကို လူဦးရေကန့်သတ်ထားပါတယ်ရှင် 🌷
အတန်းချိန်လေးကတော့ နေ့လည်ဖြစ်ပါမယ်ရှင်
02/08/2025
လကုန်ရက်ရောက်ရင် သင်တန်းအပ်သူလေးတွေ
ရောက်လာပြီ 😻
26/07/2025
Teacher Poe ဘယ်သွားသွား လိုက်မှာတဲ့ 😘
22/07/2025
ညပိုင်း 8 - 9:00 နာရီ သင်ရတဲ့ Year-1 ( Tutoring )
ကလေးလေးတွေ အရမ်းချစ်ဖို့ကောင်းသလို
Active အရမ်းဖြစ်လို့ စာသင်ချိန်ဘယ်လိုကုန်သွားမှန်းကို မသိဖူးရယ် ………
မေမေတို့အားလုံးကလဲ ဘေးကနေ ထိုင်ပြီး
အတူလေ့လာပေးကြတာ ပျော်ပျော်ပါးပါးနဲ့ အလွန်ပျော်စရာကောင်းတဲ့ အတန်းလေးပါ ….
တီချယ်ဆီပို့ချင်တာ ရန်ကုန် နဲ့ မန္တလေး ဖြစ်နေလို့
Online ပဲ join ကြတဲ့ group လေး (。•ᴗ•)ノ゙ʸᵒ
အစကတော့ အချိန်ကြောင့် ကလေးတွေ
အိပ်ချင်နေမလားဆိုပြီး စိတ်ပူမိတာ အခုတော့ အကုန်အဆင်ပြေရောရှင် 🫶🏻
22/07/2025
ဥပုသ် ၊ တနင်္ဂနွေ ( မနက် ၉:၃၀ to ၁၀:၃၀ )
Online အတန်းလေး ရှိပါတယ်နော် 🌷
21/07/2025
မနက် 7:30 class မှာ
သူငယ်ချင်း နှစ်ယောက် အခုမှ ပြန်ဆုံကြတယ် 🫶🏻
အလွမ်းသယ်လို့လဲ မပြီးကြဖူး
လေကလဲ အရမ်းပေါနေကြတာနဲ့ တစ်ယောက်ကို
မြန်မာစာလုပ်ခိုင်းလိုက်တယ် ပါးစပ်ပိတ်သွားရော
မြန်မာစာကို မကြောက်အောင် train ပေးရတော့မှာ
သင်တန်းမှာလဲ IS ကလေးတွေများတော့
ဘာသာစုံကို မျှအောင်လုပ်ပေးရတာ
အချိန်တိုးခေါ်ရတော့မယ်ထင်တယ် ……
စာသင်ချိန် တစ်နာရီက မလောက်တော့ဖူးရှင် ……
18/07/2025
📚 ကျောင်းမှာ သင်ခဲ့တဲ့ စာတွေ နားမလည်တာလား?
အခုတော့ မေးလို့ရ၊ နားလည်အောင် ပြန်သင်ပေးမယ့် Online Teacher တစ်ယောက်ရှိနေပါပြီ
အထူးသဖြင့် 🌷
– ကျောင်းစာနားမလည်သူများအတွက်
- မိဘက အိမ်စာ ကူလုပ်မပေးနိုင်သူများ
– စာမေးပွဲအောင်အောင် ပြင်ချင်သူများအတွက်
- Guide ဆရာ/မ ခေါ်ဖို့ ငွေကြေး မတက်နိုင် ၊ အချိန်မပေးနိုင်သူများအတွက်
ကျောင်းမှာသင်ခဲ့တာကိုပြန်နွေးပေးပြီး မေးခွန်းတွေလည်းဖြေရှင်းပေးပါတယ်ရှင်
တီချယ်နဲ့ စာအတူ လုပ်ကြမယ်ရှင် ….. ဘေးကနေ အမြဲ ရှိနေမှာပါ 🌷
📚 သင်ကြားပေးမယ့်ဘာသာရပ်များ
- English ( Grammar + other skills )
- Maths
💻 Online Class – Zoom
🕘 Friday , Saturday, Sunday ( အချိန်ညှိနိုင် )
👩🏫 Teacher Poe
📩 စိတ်ဝင်စားသူများ Message ပို့၍ စုံစမ်းနိုင်ပါပီရှင် ✨