12/12/2025
안녕하세요 여러분 🙇♀️
102 회 topik exam မှာ မင်မင် lvl 6 ရရှိခဲ့ပါတယ်💌 topik certificate ထုတ်ဖို့ အခက်အခဲ ရှိတဲ့ သူတွေ ရှိရင် certificate ဝိုင်းကူ ထုတ်ပေးပါမယ်နော်၊ မကြာခင် 103 회 results တွေ ထွက်တော့မှာမို့လို့ certificate ထုတ်ပေးဖို့ လိူအပ်ရင် လာပြောထားလို့ ရပါတယ်ရှင့်🤗 Cbမှာ ခုံနံပါတ် နဲ့ မွေးသက္ကရာဇ်တော့ ပို့ပေးထားပေးပါနော်၊ လာပြောထားတဲ့သူ အစဥ်လိုက်အတိုင်း ထုတ်ပေးထားပါ့မယ်ရှင့်၊ 수고했어요, 여러분^^
그리고 진심으로 축하해요 🥳🎉
08/12/2025
안녕하세요 여러분~ 🙇♀️
ယောရောဘွန်းတို့ အတွက် မကြာခင် ကျရောက်တော့မယ့် Christmas ကာလမှာ
Christmas present 🎁 အနေနဲ့ Korean level test စစ်ရင်း free certificate ထုတ်လို့ ရတဲ့ နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ☃️❄️ အရင်က Yejiin ကိုယ်တိုင် ခဏခဏ level test စစ် ဖြစ်တဲ့ Website လေး နှစ်ခုပါ၊ စာလဲလေ့ကျင့်ရင်းနဲ့ certificate လဲ ရတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့နော် 🤭 ပထမ တစ်ခုကတော့ languagetrainers.com/korean-level-test ဖြစ်ပါတယ်၊ ဒီ website မှာတော့ reading multiple choice ပုံစံနဲ့ ဖြေရတာပေါ့နော်၊ ဒုတိယ တစ်ခုကတော့ တော်တော်များများလဲ သိပြီးသားလဲ ဖြစ်လောက်တဲ့ Sejong websiteက https://nuri.iksi.or.kr/front/page/participation/onlineLevelTest/main.do
မှာ level test ဖြေပြီး certificate ပါ ထုတ်လို့ ရတာလေး ဖြစ်ပါတယ်၊ အချိန် ပေးနိုင်ရင်တော့ ဒီမှာ level test ဖြေတာကို recommend
ပေးလိုပါတယ်၊ listening & reading နှစ်ခုလုံး
ဖြေပြီးမှ certificate ထုတ်လို့ ရတာဖြစ်ပြီး ကိုယ့်ရဲ့ result ကို အသေးစိတ် ဖော်ပြပေးထားပါသေးတယ်၊ တချို့ Korea ကကျောင်းတွေဆို ဒီ website က certificate ဆို အသိအမှတ်ပြုတာလဲ ရှိသလို Korea ကို ကျောင်းလျှောက်ဖို့ try နေတဲ့ ကျောင်းသားတွေအနေနဲ့ education gap အတွက် ပြရာမှာလဲ အထောက်အကူ ဖြစ်မှာပါရှင့်☃️ ဒါဆို အောက်က ပုံတွေမှာ အသေးစိတ် ရှင်းပြပေးထားပါမယ်နော် 🤗 နောက်ပြီး Sejong website level test ဖြေနည်း guide book လေး လိုအပ်ရင်လဲ Cb မှာ လာယူလို့ ရပါတယ်ရှင့်၊ ယောရောဘွန်းတို့ အတွက် ဒီ content လေးက အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်🙇♀️
끝까지 읽어 주셔서 감사합니다 💌
21/11/2025
안녕하세요 여러분 🙇♀️
ဒီတစ်ခေါက်မှာတော့ Topik လေ့လာနေတဲ့ ယောရောဘွန်းတို့ အတွက် Recommend ပေးချင်တဲ့ YouTube channel လေး ၃ခု ကို sharing လုပ်ပေးချင်လို့ပါ🤗 YouTube မှာတော့ Topik နဲ့ ပတ်သက်တဲ့ channel တွေ အများကြီး ရှိပေမယ့် ကိုယ်နဲ့ အဆင်ပြေတဲ့ channel လေးကို ရှာတွေ့ပြီးရင် အဲ့ဟာကိုပဲ ဆက်တိုက် ကြည့်ပြီး လေ့လာတာဟာ ပိုကောင်းပါတယ်ရှင့်၊ ဒီ Channel လေး ၃ ခုကတော့ Yejiin တော့ပစ် လေ့လာရင် မကြာခဏကြည့်ဖြစ်တဲ့ channel လေးတွေပေါ့နော်👀
Topik ကို လေ့လာနေတဲ့ ယောရောဘွန်းတို့အတွက် ဒီ content လေးက အထောက်အကူပြုဖို့ရာမျှော်လင့်ပါတယ် 💌
08/11/2025
FYI pr, 여러분!!
103 ကြိမ်မြောက် Topik exam အတွက် guidelines ထွက်လာပါပြီနော်, ပထမဆုံး ဖြေမယ့် သူတွေဆို စည်းကမ်းချက်လေးတွေ ကြိုပြီး သေချာဖတ်ထားဖို့ အကြံပေးလိုပါတယ်💌 စာမေးပွဲဖြေတဲ့ နေ့မှာ tape correction လဲ ယူသွားလို့ ရပါတယ်, နောက်ပြီး ရာသီဥတု အရ သက်တောင့်သက်သာ ဖြစ်တဲ့ အဝတ်အစားလေးတွေ ရွေးချယ်ပြီး ဝတ်သွားကြပါနော်, အဲ့ဒါမှ ပိုပြီး အာရုံ စိုက်နိုင်မှာပါ👀 အကုန်လုံး ရည်မှန်းထားတဲ့ level အထိ ဖြေဆိုနိုင်ကြပါစေနော် 🙇♀️🍀
05/10/2025
안녕하세요 여러분 ^^
🪔미얀마의 더딘줏, 🌕 한국의 추석
다른 이름, 같은 마음🎀
사랑하는 가족과 함께 따뜻한 명절 보내세요
행복이 가득하시길 바랍니다 🙇♀️✨️
မြန်မာတို့ရဲ့ သီတင်းကျွတ် အခါသမနဲ့ Korean ရဲ့ Chuseok ပွဲတော်ရက်မှာ
ချစ်ရတဲ့ မိသားစုတွေနဲ့ အတူတူ ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် 🙇♀️🍀
10/09/2025
안녕하세요🙇♀️ 여러분 ~
오래만이에요 ^^
ဒီတစ်ခေါက်မှာတော့Topik exam လဲ နီးလာပြီဆိုတော့ စာမေးပွဲအတွက် self-study နဲ့ လေ့ကျင့်လို့ အဆင်ပြေတဲ့ ဒီ စာအုပ် file ကို sharing လုပ်ပေးချင်လို့ပါရှင့်, ဒီ စာအုပ်လေးမှာ ဆိုရင်ဖြင့် lvl အလိုက် သိသင့် သိထိုက်တဲအကြောင်းအရာတွေ တော်တော်များများ ပါဝင်ပြီး self-study အတွက်လဲ အရမ်းကို အဆင်ပြေတဲ့ စာအုပ်လေးပါ
တကယ်လို့ self-study လုပ်ဖို့ စာအုပ်ဖိုင်လေး& audio file ကို cb က နေတဆင့် လာပြောပြီး ယူလို့ရပါတယ်ရှင့်
အခုတလော မင်မင် လဲ မအားတာနဲ့ content တွေ updated မလုပ်နိုင်ပေမယ့် ရှေ့လျှောက်လဲ sharing လုပ်နိုင်အောင် ကြိုးစားသွားပါဦးမယ်ရှင့် 🥹
제가 알려 준 것이 토픽을 공부하고 있는 여러분을 위해서 조금이라도 도움이 됐으면 좋겠어요 🤗🎀
22/07/2025
လတ်တလော စိတ်နဲ့ လူနဲ့ မကပ်သော
မင်မင့် အခြေအနေပေါ့နော် 🥹
22/07/2025
Topik ဖြေမယ့် ယောရောဘွန်းတို့ အခုတည်းက စပြီး စာတွေစလုပ်လို့ ရပါပြီနော် hee🤭
Topik စာမေးပွဲနဲ့ ပတ်သက်နဲ့ ကြေငြာချက်ကို အောက်မှာ post linkလေးလဲ ထည့်ပေးထားလိုက်ပါတယ်နော် 💌
https://m.facebook.com/story.php?story_fbid=661707986930609&id=100092742405635&mibextid=Nif5oz
05/07/2025
친구: 요즘 뭐해?
바쁜가봐~
Fri: အခုတလော ဘာတွေ လုပ်နေတာလဲ? အလုပ်များတဲ့ ပုံပဲနော်
나 : 아니, 요즘 나
드라마만 보고 있어 ㅋㅋㅋ
Me: ဘယ်ကသာ အခုတလော drama တွေပဲ ကြည့်နေလို့ 🤣
မင်မင် pageမှာ active မဖြစ်ရင် drama ကြည့်နေလို့ပါ 여러분 ㅋㅋㅋ😸
27/06/2025
안녕하세요 여러분~ 🤗
ဒီနေ့မှာတော့ speaking မှာ အသုံးဝင်ပြီး 금요일 နဲ့ ပတ်သက်တဲ့ 재미있는 표현 လေး တစ်ခု ပြောပြပေးချင်လို့ပါ ၊ အဲဒီ စကားလုံးကတော့ 불금 ဆိုတဲ့ 표현လေးပါ, 불금 ဆိုတာက" 부*타는 금요일" ဆိုတဲ့ အဓိပ္ပာယ် ရပြီးတော့ Engလို TGIF ဆိုတဲ့စကားစုလေးပါ၊ တပတ်အတွင်း စုထားတဲ့ stress တွေကို ဖြေဖျောက်တဲ့ အနေနဲ့ စိတ်လွတ်လက်လွတ် ပျော်ကြမယ်ဆိုတဲ့ ပုံစံမျိုးပါ၊ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်အပန်းဖြေတာတော့ မတူဘူးပေါ့နော် 😁 ~ ဒီစကားလုံးလေးက လူငယ်တွေကြားထဲမှာ အသုံးများပြီးတော့ Yejiinလဲ သိသလောက် knowledge အနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင့် 🎀 ဥပမာ စာကြောင်းလေးတွေလဲ ရေးပြထားလိုက်ပါတယ်နော်^^
예; 1.오늘 불금인데 뭐할 거야?
2.이번주에 너무 힘들었는데 드디어
불금이다.
그럼 즐거운 불금이 되세요, 여러분 🤭💌
26/06/2025
안녕하세요 여러분 🤗
Topik result ကြည့်ဖို့ရာ အဆင်မပြေလို့ ရှိရင် page messager မှာ ခုံနံပါတ်နဲ့ မွေးသက္ကရာဇ်ကို ပို့ထားပေးပါရှင့် ၊ Yejiin ကူပြီး ကြည့်ပေးပါမယ်နော်, ကိုယ်ရည်မှန်းထားတဲ့ results လေးတွေ ရပါစေနော် hee🤭💌
18/06/2025
안녕하세요 여러분 🤗💌
ဒီနေ့မှာတော့ Topik-IIကို self-study လုပ်ရာမှာ အသုံးဝင်မယ့် tips လေး တချို့ကို sharing လုပ်ပေးသွားပါမယ်ရှင့်၊ Yejiin ကိုယ်တိုင်လဲ self-study လုပ်ခဲ့ရာမှာ အမြဲလေ့ကျင့်ဖြစ်တဲ့ website & YouTube channel လေးတွေပါ၊ တော်တော်များများ သိပြီးသား သူလဲ ရှိမှာဖြစ်သလို အခုမှ စပြီး try မယ့်သူတွေအတွက် အသုံးဝင်ဖို့ရာ မျှော်လင့်ပါတယ်နော်🎀
1. Topik guide website
ဒီ website လေးမှာတော့ လေ့ကျင့်ဖို့ရာ
မေးခွန်းဟောင်း အစုံတွေ တော်တော်များများရှိတဲ့ အတွက်ကြောင့် ဒီ website ကို recommended ပေးခြင်းဖြစ်ပါတယ် ၊ နောက်ပြီး Yejiin သဘောကျတဲ့ အချက်ကတော့ Mock test ဆိုပြီး စာမေးပွဲအချိန်အတိုင်း timer နဲ့လဲ ဖြေလို့ ရတဲ့ဟာ ရှိတဲ့အတွက်ကြောင့် စာမေးပွဲ ပုံစံလိုမျိုး မေးခွန်းလေ့ကျင့်ချင်တဲ့သူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်၊ ဒီ website မှာ Topik I အတွက် မေးခွန်းဟောင်း အစုံတွေလဲ အတူတူ
ရှိပါတယ်ရှင့်၊ ကိုယ် ကြိုက်နှစ်သက်ရာကို လေ့ကျင့်လို့ရပါတယ်၊ website link ကို ပို့စ်မှာ တစ်ခါတည်း ထည့်ပေးထားပါတယ်နော်
https://www.topikguide.com/
2. Hanjemi Channel
ဒီ channel ကတော့ တော့ပစ် လေ့လာတဲ့ သူတွေ မသိတဲ့သူ မရှိသလောက်ပါပဲ၊ တော့ပစ်နဲ့ ပတ်သက်တဲ့ video တော်တော်များများ ရှိပြီးတော့ သေချာနားလည်အောင် ရှင်းပြပေးထားလို့ အရမ်း သဘောကျတဲ့ channel လေးဖြစ်ပါတယ်၊Topik နဲ့ပတ်သက်တဲ့ YouTube channel တွေ အများကြီး ရှိပေမယ့် Yejiin ကတော့ ကိုယ်နဲ့ ကိုက်ညီပြီးအဆင်ပြေတဲ့ channel တစ်ခုကိုပဲ ကြည့်ဖြစ်တဲ့ အထဲပါတော့ ဒီ channel လေးကို recommend ပေးရခြင်း ဖြစ်ပါတယ်ရှင့်💌
https://youtube.com/?si=dSiikK4CffFsihMs
အားလုံးပဲ Topik-II လေ့လာရာမှာ အဆင်ပြေကြပါစေနော်
끝까지 읽어 주셔서 감사합니다 🙇♀️💙
:MyOwnRoad