01/01/2026
[ သားသမီးအတွက် ဘော်ဒါဆောင်ရွေးရခက်နေတဲ့ မိဘများအတွက် သတင်းကောင်း! ] 📣
"စာလည်းတော်စေချင်တယ်၊ စည်းကမ်းလည်းရှိစေချင်တယ်၊ စားသောက်နေထိုင်ရေးလည်း စိတ်ချချင်တယ်" ဆိုရင်တော့ အောင်မိုးဟိန်းပညာ့ရိပ်သာ ရှိပါတယ်။
🔹 လုံခြုံစိတ်ချရမှု: သဘာဝဘေးအန္တရာယ် ကင်းဝေးပြီး ကျယ်ဝန်းသန့်ရှင်းတဲ့ ကျောင်းပရဝုဏ်။
🔹 ပညာရည်ထူးချွန်မှု: မန္တလေးမြို့ရဲ့ အတွေ့အကြုံရင့် ဆရာကြီး၊ ဆရာမကြီးများက စေတနာအပြည့်နဲ့ အနီးကပ် ကြီးကြပ်သင်ကြားပေးခြင်း။
🔹 ခေတ်မီပညာရေး: 21st Century Education နဲ့အညီ Cambridge ဘာသာရပ်များနှင့် English 4 Skills ကိုပါ ကျွမ်းကျင်အောင် သင်ကြားပေးခြင်း။
🔹 မိဘအိမ်ကဲ့သို့ နွေးထွေးမှု: အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် ပြုစုပျိုးထောင်ပေးမှု။
ပညာရေးသက်တမ်း (၂၂) နှစ်တာ အတွေ့အကြုံတွေနဲ့ သင့်ကလေးရဲ့ အနာဂတ်ကို အတူတူ တည်ဆောက်ကြပါစို့။ 🤝
တည်နေရာ: ၅၈A လမ်း၊ ၂၆ လမ်း နှင့် ၂၂B ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
📞 ဆက်သွယ်ရန်: 09-2038790, 09-960900038, 09-962038790
31/12/2025
ပညာရေးဟာ ဘဝအတွက် အခြေခံအုတ်မြစ်ဖြစ်သလို၊ ဒီအရေးကြီးတဲ့ အချိန်ကာလကို အောင်မိုးဟိန်း Boarding School တွင် နေထိုင်သင်ယူပြီး ဖြတ်သန်းခြင်းက လူကြီးမင်းတို့၏သားသမီးများအတွက် ထူးခြားတဲ့ အတွေ့အကြုံနဲ့ အခွင့်အလမ်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်။
✅ ဘော်ဒါဆောင်နေပြီးပညာသင်ယူခြင်းအကျိုးကျေးဇူးများ -
· ➡️စာသင်ချိန် အမြင့်မားဆုံး - ကျောင်းနဲ့နီးလို့ ခရီးပန်းခြင်း ကင်းဝေး၊ အားလုံးကို စာလေ့လာချိန်နဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေးအတွက် အာရုံစိုက်နိုင်ပါတယ်။
· ➡️မိမိကိုယ်ကို စီမံနိုင်စွမ်း တိုးတက် - မိဘများနဲ့ ဝေးရသည့်အတွက် ကိုယ်ပိုင်အချိန်ဇယား၊ ဘဏ္ဍာရေး၊ လူမှုဆက်ဆံရေးတွေကို စနစ်တကျ စီမံတတ်လာမယ်။
· ➡️အပြိုင်အဆိုင် သင်ယူမှုပတ်ဝန်းကျင် - ရည်မှန်းချက်ကြီးမားတဲ့ မိတ်ဆွေတွေနဲ့ ဝန်းရံထားရပြီး တစ်ယောက်ကိုတစ်ယောက် ကူညီ၊ အားပေး၊ ယှဉ်ပြိုင်သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်ကို ရရှိမယ်။
·➡️လူမှုရေး စွမ်းရည် ဖွံ့ဖြိုး - မတူညီတဲ့ ကျေးလက်နဲ့မြို့ပြ ဘဝကနေ လာတဲ့ သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးပြီး ဘဝတစ်သက်တာ မိတ်ဆွေကောင်းတွေ ရနိုင်ပါတယ်။
·➡️ကျောင်းလှုပ်ရှားမှုများတွင် စွမ်းစွမ်းတမံ ပါဝင် - ကျောင်းရဲ့ အားကစား၊ ယဉ်ကျေးမှု၊ စွမ်းရည်ဖွံ့ဖြိုးရေး အစီအစဉ်တွေကို အချိန်ပြည့်နီးပါး လွယ်လွယ်ကူကူ ပါဝင်ဆင်နွှဲနိုင်မယ်။
➡️ကျောင်းသားကျောင်းသူတို့ရဲ အဓိက အန္တရာယ်ဖြစ်တဲ့ ဖုန်း /Social Media /Game တွေနဲ့ အတော်လေးဝေးသွားလို့ စာအပေါ်မှာပိုမိုအာရုံစိုက်လာနိုင်မည်။
🎯 ဘယ်သူတွေအတွက် သင့်တော်သလဲ?
· 👍🏽ပညာရေးကို ပြင်းပြင်းထန်ထန် အာရုံစိုက်လိုသူများ
· 👍🏽မိမိကိုယ်ကို စီမံခန့်ခွဲတတ်စေချင်သူများ
· 👍🏽လူမှုဆက်ဆံရေးနဲ့ ဘဝအတွေ့အကြုံ ကျယ်ပြန့်စေချင်သူများ
· 👍🏽ကြုံလာရမဲ့ ဘဝရဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေကို အမြင့်ဆုံး အသုံးချလိုသူများ
📍 လိပ်စာ 58Ax22Bထောင့် အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့
📞092038790📞09960900038
#ဘော်ဒါဆောင် #အထက်တန်းပညာရေး #ကျောင်းသားဘဝ #မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်း #ပညာသင်နေထိုင်ခန်း #အောင်မြင်မှုလမ်းစ
23/12/2025
သားသမီးကို စာသင်ကျောင်းပို့တဲ့အခါ "အရေအတွက်" လား "အရည်အသွေး" လား?🤔📚
မိဘတော်တော်များများ သတိမထားမိတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား (၃၀) အထက် ရှိနေတဲ့အခါ ဖြစ်ပေါ်လာတဲ့ "သင်ကြားရေး အဟန့်အတားများ" ပါပဲ။
ကျောင်းသားဦးရေ များလွန်းတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်သလဲ? 👇
❌ ၁။ အနီးကပ် ဂရုစိုက်မှု လျော့နည်းခြင်း
ကျောင်းသားဦးရေ (၃၀) ကျော် (၄၀) နီးပါးရှိတဲ့ အခန်းထဲမှာ ဆရာတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို လိုက်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ စာလိုက်မမီတဲ့ ကလေးက ကျန်ခဲ့တတ်ပါတယ်။
❌ ၂။ မေးခွန်းမေးဖို့ ဝန်လေးလာခြင်း
လူအများကြီးကြားမှာ မိမိမသိတာကို မေးမြန်းဖို့ ကလေးတွေက ရှက်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ သိလိုစိတ်ကို သတ်ပစ်လိုက်သလို ဖြစ်စေပြီး "နားမလည်လည်း ငြိမ်နေရမယ်" ဆိုတဲ့ အကျင့်ဆိုးကြီး ပါလာတတ်ပါတယ်။
❌ ၃။ ဆူညံမှုနှင့် အာရုံစူးစိုက်မှု အားနည်းခြင်း
လူများတဲ့အခါ အတန်းထဲမှာ ဆူညံမှုတွေ ပိုများလာပြီး ကလေးရဲ့ အာရုံစိုက်နိုင်စွမ်း (Concentration) ကို ကျဆင်းစေပါတယ်။ ဆရာ့အသံထက် ဘေးကသူငယ်ချင်းတွေအသံက ပိုကျယ်နေတတ်ပါတယ်။
❌ ၄။ စာစစ်စနစ် အားနည်းခြင်း
ကျောင်းသားများတဲ့အခါ ဆရာအနေနဲ့ နေ့စဉ် စာမေး၊ စာစစ်ဖို့ အချိန်မလောက်တော့ပါဘူး။ ဒါဟာ ကလေးရဲ့ ပညာရေးတိုးတက်မှုကို ပုံမှန် မစောင့်ကြည့်နိုင်တော့တဲ့ အခြေအနေကို ရောက်သွားစေပါတယ်။
✅ အောင်မိုးဟိန်း ပညာ့ရိပ်သာက ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းသလဲ?
ကျွန်ုပ်တို့ဆီမှာတော့ "စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၂၅ ဦးသာ" အကန့်အသတ်နဲ့ လက်ခံပါတယ်။
✨ ၂၅ ဦးသာ လက်ခံရခြင်းရဲ့ ရလဒ်ကတော့ -
• ဆရာက ကလေးတစ်ယောက်ချင်းစီကို မျက်ခြေမပြတ် ကြည့်နိုင်တယ်။
• ကလေးက မရှင်းတာရှိရင် အားမနာတမ်း ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်တယ်။
• တိတ်ဆိတ်အေးချမ်းပြီး သင်ကြားမှုအပေါ်မှာပဲ အာရုံစိုက်နိုင်တယ်။
• ညပိုင်းစာကျက်ချိန်တွေမှာပါ တစ်ဦးချင်းစီကို Guide များက ထိထိရောက်ရောက် စစ်ဆေးပေးနိုင်တယ်။
"လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားမှသာ ညံ့သူအောင်ပြီး တော်သူ ဂုဏ်ထူးထွက်မှာပါ"
သားသမီးရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ သင်ကြားမှုဝန်းကျင်ကို ရွေးချယ်ပေးဖို့ မိဘများအားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။ 🤝
📅 ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် လူဦးရေကန့်သတ်ပြီး စတင်လက်ခံနေပါပြီ!
📍 ၅၈ လမ်း (A) x ၂၂ လမ်း (B) ထောင့်၊ မန္တလေးမြို့။
📞092038790📞09960900038
#အောင်မိုးဟိန်းပညာ့ရိပ်သာ
20/12/2025
အောင်မိုးဟိန်း ပညာ့ရိပ်သာမှာ
2026 - 2027ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ စာရင်းသွင်းလက်ခံနေပါပြီ ။
G5မှ G12ထိ လက်ခံပေးနေပါပြီ။
ပေ၁၄၀ ပတ်လည် ခြံဝန်းအတွင်း
ဆိတ်ငြိမ်အေးချမ်းပြီး သန့်ပြန့်ကောင်းမွန်သည့် ပတ်ဝန်းကျင်ကောင်းမှာ
အေးဆေးတည်ငြိမ်စွာပညာသင်ကြားလိုသူများအတွက်
အောင်မိုးဟိန်း ပညာ့ရိပ်သာ
AMH Boarding School
58Ax22Bထောင့်မန္တလေးမြို့ 092038790
09960900038
09962038790----------------------------
နေထိုင်ရေး
လေဝင်လေထွက်ကောင်းမွန်ပြီးသဘာဝဘေးဖြစ်သော ငလျှင်ဒဏ် ၊မိုးသက်လေပြင်းဒဏ်တို့အတွက်လုံခြုံစိတ်ချရသောယောက်ျားလေးဆောင်နှင့် မိန်းကလေးဆောင် သီးသန့် ထားရှိပြီး
ကျောင်းသား/သူများ တိတ်ဆိတ်အေးချမ်းစွာ အိပ်စက်နိုင်ဖို့အတွက် ပန်ကာများစွာပါရှိပြီး အဆောင်နေ ဆရာ ဆရာများနှင့်အတူ ဟောခန်းတွင် တစ်ယောက်အိပ်ကုတင်များဖြင်လ စနစ်တကျ သီးသန့်စီစဉ်ထားပါသည်။အိပ်ဆောင်တွင် ရေချိုးခန်းနှင့် အိမ်သာတွဲလျှက် ပါရှိပါသည်။
------------------------------
စားသောက်ရေး
အရသာပြည့်စုံ၍ အာဟာရပြည့်ဝသော အစားသောက်များကိုသာ ချက်ပြုတ်သောကြောင့် မိဘအိမ်မှာကဲ့သို့ အဆင်ပြေပြေနှင့် သန့်ရှင်းစွာ စားသောက်ရပါမည်။ နံနက်စာကို ပဲပြုတ်ထမင်းကြော် ထမင်းဆီဆမ်းပဲပြုတ် လက်ဖက်ထမင်း တို့ကိုစားသုံးရပါမည်
နေ့လည်စာနှင့် ညနေစာအတွက် အသား၊ ငါး၊ အရွက်ကြော်၊ အသုပ်၊ အရည်သောက်၊ ငပိရည် နှင့် တို့စရာများကို မထပ်အောင် စီစဉ်ပေးပါသည်။
နေ့စဥ်မပါမဖြစ် အသားဟင်း+အသီးရွက်ကြော်+ဟင်ရည်သောက် ပုံမှန် 3မျိုးစီစဥ်ပေးထားပါသည်။
------------------------------
ဝတ်ဆင်မှု
တစ်ရက်လျှင် အဝတ်အစား (၁) စုံနှုန်းဖြင့် လျှော်ဖွတ်၊ မီးပူတိုက်ပေးပါသည်။
------------------------------
သင်ကြားရေး
တည်ထောင်သူဆရာနှင့်ဆရာမ မှ မိသားစု သဖွယ်အနီးကပ်ကြီးကြပ်သင်ကြားပေးသည့်အပြင်
တစ်ဘာသာလျှင် ဝါရင့်ဆရာ၊ ဆရာမကြီး များဖြင့် မနက် (7) နာရီမှ ညနေ (၃) နာရီခွဲအထိ သင်ကြားပို့ချပေးနေပါသည်။
ညံ့သူအောင် တော်သူဂုဏ်ထူးထွက်စေရန် ဂုဏ်ထူးရှင်များ နှစ်စဉ်မွေးထုတ်ပေးနေသော ဝါရင့် ဆရာ၊ ဆရာမများဖြင့် အနီးကပ် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အခန်းစုံကို နားလည်တတ်ကျွမ်းစေရန် သင်ရိုးနှင့် မေးခွန်းဟောင်းများကို တွဲဖက်၍ အမှတ်ပေး စည်းမျဉ်းနှင့်အညီ သင်ကြားပေးနေပါသည်။
------------------------------
လေ့ကျင့်ရေး
နေ့လည်ဘက်တွင် သင်ကြားထားသော သင်ခန်းစာများကို ညနေ (၅)နာရီခွဲမှ ည (၇) နာရီခွဲအထိ ဂုဏ်ထူးရှင် အတွေ့အကြုံရှိ Guide များဖြင့် စနစ်တကျ လေ့ကျင့်ပေးနေပါသည်။ ည (၈) နာရီမှ (၁၁) နာရီအထိ စာကျက်ခြင်း၊ စာမေးခြင်း၊ စာဖြေခြင်း၊ စာစစ်ခြင်းများ ပြုလုပ်ပေးပါသည်။ အပတ်စဉ် စနေနေ့တိုင်းတွင် တစ်ပါတ်စာ သင်ထားသမျှ ဖြေရပါမည်။ အခန်းဆုံး စာမေးပွဲနှင့် လပါတ်စာမေးပွဲများ ပုံမှန် စစ်ဆေးပါသည်။
23/11/2025
2025-26 Academic Year
Bagan Trip
18th-19th-20th November 2025
education