07/01/2026
✨ဒီအပတ်မှာတော့ ကျောင်းသားအများစု ကြောက်ကြတဲ့ Extended Response ဆိုတဲ့ ER Writing အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
GED 📝 Reasoning Through Language Arts (RLA) မှာပါတဲ့ Extended Response ဆိုတာက သတ်မှတ်ထားတဲ့အချိန် (45) မိနစ်အတွင်းမှာ ပေးထားတဲ့စာပိုဒ်တွေကိုဖတ်ပြီး ရေးသားရတာပါ။
Writing ဆ်ိုပြီး စာဖတ်ရသေးတာလားဆိုရင်?
ဖတ်ရပါတယ်။ ✅
စာပိုဒ်ရှည် (၂) ပုဒ်ကို ဖတ်ပြီး Analyse လုပ်ရပါတယ်။ 📌 ဘယ်စာပိုဒ်က ပိုပြီးတော့ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ နဲ့ Stronger ဖြစ်အောင် ရေးထားတယ်ဆိုတာကို ပြန်လည်ရေးသားဖော်ပြပေးရတဲ့ Writing အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ ⏳Time Management ဆိုတာ အင်မတန် အရေးကြီးပါတယ်။ရေးရတာတွေက စာပိုဒ် 4 ပိုဒ်ကနေ 7 ပိုဒ်အတွင်းကိုမှ 3 to 7 sentences စီရေးပေးရတာဖြစ်ပါတယ်။
🤖 စစ်ပေးတာကလည်း 0. ai (0% AI) ဖြစ်တဲ့အတွက်ကြောင့် AI ကနေ Generated လုပ်ထားတဲ့ Text တွေကိုမှ တိုက်ရိုက်ကျက်ပြီးရေးတာဆိုမရပါဘူး။ Word Count အနေနဲ့လည်း 300 ကနေ 500 ကြား ဖြစ်ပြီးတော့ Word count နည်းလွန်းရင်လည်း အမှတ်က အော်တို သုံညဖြစ်သွားမှာပါ။
ရေးတဲ့အခါမှာတော့ ပုံမှန် 📋 Essay ရေးရတဲ့အတိုင်း နိဒါန်း၊ စာကိုယ်၊ နိဂုံး ဆိုပြီး အပိုင်း(၃)ပိုင်း နဲ့ရေးပေးရပါတယ်။
👉 နိဒါန်း (Introduction)
Intro အပိုင်းမှာတော့ ကိုယ်ရေးမယ့် အကြောင်းအရာ တွေကိုအရင် မိတ်ဆက်ပေးရပါတယ်။ ပြီးတော့မှ ကိုယ်ဖတ်ခဲ့တဲ့ စာပိုဒ်ထဲမှာ ဘယ် စာပိုဒ်က ပိုပြီး 💪Strong ဖြစ်တယ်ဆိုတဲ့ Evidence အနည်းငယ်ပါဝင်တဲ့ Thesis Statement တစ်ခုကို ရေးပေးရပါတယ်။
ဒါတွေကို စာပိုဒ်တစ်ပိုဒ်တည်းနဲ့ အပြီးရေးပေးရပါတယ်။
🎯 စာကိုယ် (Body)
ပေးထားတဲ့စာပိုဒ်တွေထဲမှာပါတဲ့ အချက်အလက် 🔎 ( Scientific Evidence / Supporting Details) တွေကို ရေးပေးရတဲ့ အပိုင်းဖြစ်ပါတယ်။ တစ်ဖက် Strong မဖြစ်တဲ့စာပိုဒ်အတွက်လည်း ဘယ်အချက်တွေကြောင့် ဆိုတာကို စာကိုယ်မှာရေးပေးလို့ရပါတယ်။
ဒီအပိုင်းမှာတော့ အနည်းဆုံး စာပိုဒ်(၂)ပိုဒ်လောက်ရေးပေးရပါတယ်။
ဒီမှာရေးနေတာတွေအကုန်လုံးက နိဒါန်းမှာ ကိုယ်ရေးခဲ့တဲ့ Thesis Statement ကို ထောက်ခံဖို့အတွက်ပဲဖြစ်ပါတယ်။
🚩 နိဂုံး (Conclusion)
နိဂုံးမှာတော့ Thesis Statement ကိုပြန် Paraphrase လုပ်ပြီး ကိုယ်ရေးခဲ့တဲ့ အကြောင်းအရာတွေအကုန်လုံးကို Summarize လုပ်ပေးရပါတယ်။
This essay is NOT about your opinion. ❌
သတိထားရမှာတွေက❗️
- ER မှာကိုယ့်ရဲ့ Personal Opinion တွေကို လုံးဝ ထည့်မရေးရပါဘူး။
- စာပိုဒ်(၂)ပုဒ်ထဲမှာ မပါတဲ့ ပြင်ပ အကြောင်းအရာတွေကို လုံးဝ ရေးလို့မရပါဘူး။
- ကိုယ်ရေးမယ့် အကြောင်းအရာက ပေးထားတဲ့ စာပိုဒ်(၂)ပုဒ်ကိုပဲ မူတည်ပြီးရေးပေးရတာပါ။
- ဘယ် Position က Stronger ဖြစ်လဲဆိုတာကိုပဲ ရွေးပြီး Strong ဖြစ်ကြောင်း သက်သေတွေနဲ့တကွ ရေးသားပေးရတဲ့ Essay ပုံစံမျိုးဖြစ်ပါတယ်။
- "I think that...", "I agree because...", "In my opinion,..." စတဲ့ ကိုယ့်ရဲ့ Personal Opinion ကို ဖော်ပြတဲ့ Phrase တွေ သုံးလို့မရပါဘူး။
- ကိုယ်ထောက်ခံတာ မထောက်ခံတာကို ရေးရတာ မဟုတ်ဘဲနဲ့ ( ကိုယ်က )Agree ဖြစ်စေ Disagree ဖြစ်စေ အကြောင်းအရာပိုခိုင်မာတဲ့ စာပိုဒ်ကိုပဲ ရွေးပေးရတာဖြစ်ပါတယ်။
ဘယ် Position က ပိုပြီး Strong ဖြစ်တယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲ❓
- Stronger Evidence တွေမှာ လောလောလတ်လတ်ကမှ ထုတ်ထားတဲ့ 📊 Statistics ၊ ပညာရှင်တွေရဲ့ Opinions တွေ ၊ နာမည်ကြီး 🎓 တက္ကသိုလ်တွေရဲ့ Study Cases တွေပါဝင်တတ်ပြီး
- Weak Evidence မှာဆိုရင်တော့ တိုက်ရိုက် Supports လုပ်မထားတဲ့ 🌀 Unclear Evidence တွေ ၊ ဘယ်အဖွဲ့အစည်းက ထုတ်ပြန်ထားမှန်း မသေချာတဲ့ Sources တွေ ၊ Personal opinions တွေ နဲ့ 🕰 Outdated Statistics တွေပါဝင်တတ်ပါတယ်။
✨ဒီလိုဆိုရင်တော့ ER တစ်ပုဒ်ကို အစ၊လယ်၊ဆုံး ကောင်းကောင်းရေးနိုင်သွားပြီလို့ ယုံကြည်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့ အတွက်လည်း ကျေးဇူးအထူးတင်ရှိအပ်ပါတယ်။
ER Format By Tr.Khant Kyaw Khine
Content By Zwe Arkar Lwin
Graphic By Wanna Aung
25/12/2025
Merry Christmas🎄
ယနေ့ကြရောက်တဲ့ December 25 ရက်နေ့မှာ ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းရင်း ပျော်ရွှင်ဖွယ် အခိုက်အတန့်တွေကို ဖန်တီးနိုင်တဲ့ခရစ္စမတ်ဖြစ်ပြီး
GED ဖြေဆိုကြမယ့်ကျောင်းသူ၊ ကျောင်းသားတွေအတွက်လည်း December ဆောင်းရဲ့အငွေ့အသက်ကိုခံစားရင်း ဖြေဆိုမယ့်ဘာသာရပ်တွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်ကြပါစေလို့ ကျွန်တော်တို့ The Catalyst အဖွဲ့သားများက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ✨။
12/12/2025
🎯 Goal vs. System
လူအတော်များများက နေ့စဉ်ဘဝမှာ အလုပ်တစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် မပြီးဆုံးခင်အတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်အကြီးကြီးတွေ ပေးတက်ကြပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ⚙️ Daily System တွေထက်ရည်းမှန်းချက် နဲ့ 🏆 Goal Setting ကိုပိုပြီးအာရုံစိုက်ခဲ့မိတာပါ။ ဒါပေမယ့် နောက်ဆုံးကြတော့ "လုပ်မယ်လုပ်မယ်" ဆိုပြီး အပြီးမသတ်နိုင်တဲ့ ဆင်ခြေဆင်လက် တွေနဲ့ပဲပြီးဆုံးသွားတက်ကြပါတယ်။
တကယ်တမ်းကြတော့ အဲ့ဒီအရာကို ရဖို့ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ⚙️ Daily routine တစ်ခုတည်ဆောက်ဖို့ကိုမေ့နေကြတာပါ။
ဒါကြောင့်ပဲ❗
- ကိုယ်လုပ်နေတဲ့အလုပ်တွေအပေါ်မှာ တစိုက်မတ်မတ် မလုပ်နိုင်ဘဲ မှန်းထားတဲ့အရာကိုပုံမှန်ထက် 💤နောက်ကျပြီးမှရတာတွေ
- ဖြစ်နိုင်မဖြစ်နိုင်မစဉ်းစားဘဲ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့် 🥀 စိတ်ပျက်အားလျော့တာတွေဖြစ်တက်ကြပါတယ်။
Goal မရှိဘဲနဲ့ရော system တစ်ခုတည်ဆောက်လို့ရလား ❓
👉 ဒါနဲ့ပတ်သတ်ပြီး ဉပမာတစ်ခုသွားကြည့်ရအောင်။ ကိုယ်က အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး Fluency ကောင်းချင်တယ်ပဲဆိုပါတော့။ ဒါက Goal တစ်ခုသတ်မှတ်လိုက်တာပါ။ System ကတော့ တစ်နေ့ကို
✅ စာလုံး ၅ လုံးလေ့လာပြီး
✅ အဲ့ဒါကို ၁၀ မိနစ် Speaking Practise
စတဲ့ အလေ့အထပုံစံကိုပြောတာပါ။ ကိုယ်ဘယ်အချိန်မှာတော့ ဘယ်လောက် တိုးတက်မှုရှိရမယ်ဆိုပြီး Goal ဆိုတာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ နေ့စဉ်ပုံမှန်လုပ်ရင်း အချိန်ကြာလာတာနဲ့ 🚀 တဖြည်းဖြည်းတိုးတက်မှု (Slow progress)ကို ရရှိမှာပဲဖြစ်ပါတယ်။
⚠️ဒီလို စဉ်ဆက်မပြတ်ကြိုးစားလုပ်ဆောင်တဲ့အခါမှာဘမလုပ်ဖြစ်တာတွေ ရှိနိုင်ပါတယ်။
ငါဘယ်လောက်ကြီးကို လုပ်လိုက်မှစိတ်ကျေနပ်သွားမှာ၊ အဆင်ပြေမှာဆိုတဲ့ ✨ပြီးပြည့်စုံခြင်း (Perfection) ဆိုတာထက်ကို မပျက်မကွက်နဲ့ စနစ်တကျ လုပ်နိုင်ဖို့ကိုအာရုံစိုက်ထားသင့်တာပဲဖြစ်ပါတယ်။
🏁 Long-term Impact
ရည်မှန်းချက်ထားတယ်ဆိုတာက တကယ်တော့ မှားတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် 💡တကယ်တမ်း သေချာပြန်သုံးသပ်ရရင် ကိုယ့်ရဲ့စိတ်ကူးအတွေးထဲမှာပဲ ရှင်သန်နေတဲ့အရာကြီးကို အမှီခိုပြုပြီး အလုပ်လုပ်နေတာထက် နေ့စဉ်ပုံမှန်လုပ်နေတဲ့ ကိုယ့်ရဲ့အပြုမှုတွေကိုပိုပြီး ဂရုပြုသင့်တာပါ။
ဉပမာတစ်ခုထပ်ကြည့်ရအောင်
ကျွန်တော်က ဒီလ 📝 Writing အပုဒ် ၂၀ ပြီးအောင်လေ့ကျင့်ပါမယ်။ ပြီးမပြီးကိုကျွန်တော်မသိပါဘူး။ တစ်ရက်လေး Motivational Quotes တွေ၊ ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ) စာအုပ်တွေဖတ်လိုက်တာနဲ့ လုပ်ချင်ကိုင်ချင်တဲ့စိတ်၊ တစ်နည်းအားဖြင့် 🔥အောင်မြင်ချင်စိတ် (Success mindset) တွေပေါ်လာပါတယ်။
ဖြစ်နိုင်တာက တစ်လပြည့်လို့ 📌 သတ်မှတ်ထားတဲ့ပမာဏ (Targeted Quantity) ထက်လျော့သွားရင် အဲ့တာကြီးကိုအရှုံးတစ်ခုလို ယူဆပြီး စိတ်ဓာတ်ကျသွားတာမျိုးဖြစ်နိုင်ပါတယ်။
တကယ်က အဲ့ဒီ Goal ကိုရောက်ဖို့ဘယ်လိုနည်းလမ်းသုံးရမလဲဆိုတာကို ရေးဆွဲဖို့လိုနေတာပါ။
ဒါဆိုရင်တော့ 💡ကိုယ်ပိုင်အတွေးတစ်ခုစီရသွားမယ်လို့ယုံကြည်ပါတယ်။ Lifelong Learning အတွက်နေ့စဉ် Study Habit ကိုပိုပြိီးအာရုံစိုက်ထားရင် Failure(ရှုံးနိမ့်မှု) ကြောင့်စိတ်ပျက်အားလျော့တာတွေ နဲ့ သတ်မှတ်ထားတာကို အောင်မြင်ပြီးသွားတိုင်း Burn out ဖြစ်လို့ ရှေ့ဆက်မတိုးနိုင်တာတွေလည်းမရှိတော့မှာအသေချာပါပဲ။
, , ,
Content By Zwe Arkar Lwin
Graphic By Wanna Aung
19/11/2025
ထင်ထားတာထက် ပိုအသုံးများနေတဲ့ Percentage
(%) ဒီသင်္ကေတလေးက ဒီအတိုင်းကြည့်ရင်တာ့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် စာမေးပွဲဖြေဆိုတဲ့နေရာတစ်ခုသာမဟုတ်ဘဲ လက်တွေ့ ဘ၀လုပ်ငန်းခွင်အပါအ၀င်၊ Research လုပ်ထားတဲ့ သုသေသနစာတမ်းတွေ ၊ အခွန်ငွေ၊ ဘဏ်အတိုး နဲ့ စျေးအရောင်းအဝယ်လုပ်တဲ့နေရာအထိပါ အသုံး၀င်တဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်နော်။
ဒီတော့ တစ်ခါတည်းလေ့လာကြည့်ကြရအောင်နော်.....
Percentage ဆိုတာဘာလဲ❓
( % ) ရာခိုင်နှုန်းဆိုတာက ၁၀၀ ပေါ်မှာအခြေခံထားတဲ့ပုံစံတစ်ခုဖြစ်ပြီးတော့ ဘယ်လောက်ပဲ နည်းသည်ဖြစ်စေ ၊ များလွန်းသည်ဖြစ်စေ မည့်သည့်ကိန်းဂဏန်းတွေကိုမဆို ၁၀၀ ပေါ်မှာအခြေခံပြီး တန်ဖိုးတူကိန်ဂဏန်းတစ်ခုကို ပြောင်းလဲဖော်ပြပေးနိုင်တဲ့ တွက်ချက်နည်းတစ်ခု ဖြစ်တယ်။
50% ဆိုတာက အပုံ ၁၀၀ မှာ ၅၀ ကိုပြောတာဖြစ်ပြီး အခြားရာခိုင်နှုန်းတွေလည်း ဒီအတိုင်း အပုံ ၁၀၀ ကိုအခြေခံထားကြတာဖြစ်ပါတယ်။
ဉပမာပြောရရင်
ကျောင်းကစာမေးပွဲဖြေဆိုတဲ့အခါမှာ ကိုယ်မှန်တဲ့အမှတ်တွေကို ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး ဖော်ပြကြတာမျိုးကြုံဖူးကြတယ်မလား။ ဒီနေရာမှာ မေးခွန်း ၁၀၀ ရှိတဲ့ထဲမှာ ကိုယ်မှန်အောင်ဖြေဆိုနိုင်ခဲ့တဲ့ ရမှတ်ကိုပြနေတာနဲ့တူပါတယ်။
အောက်ကတစ်ပုံချင်းစီမာ Strategy တစ်ခုချင်းစီကိုဖော်ပြထားပါတယ်နော်..
Research By Tr.Khin Sandar Tun
Content By Zwe Arkar Lwin
Graphic By Ayicor
27/10/2025
ဒီအပတ်ရဲ့🔐 Unlock the Riddles ဆိုတဲ့ Challenge ကနေကြိုဆိုလိုက်ပါတယ်။
Riddle ဆိုတာဘာလဲ ❓
Riddle ဆိုတာ ဉာဏ်စမ်းစကားထာဖြစ်ပြီး စကားလုံးတစ်လုံးမှာ အဓိပ္ပာယ် (၁) ခုထက်ပိုရှိနေတဲ့အခါမှာ အခုလိုစကားထာတွေထွက်လာတတ်ပါတယ်။
"အသီးပေါ်အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်"❓
ဒီမြန်မာစကားထာက လူသိများတဲ့ မြန်မာစကားထာ တွေထဲက တစ်ခုဖြစ်ပြီး ဒီနေရာမှာ"အသီး" ရဲ့အပေါ်မှာသိသာမြင်လွယ်တဲ့ Crown နဲ့တူတဲ့ အရွက်ပုံသဏ္ဌာန် ရှိနေတာက “အသီးပေါ်အပင်ပေါက်“ ဆိုတာကို ဆိုလိုပြီး၊ အပင်တစ်ပင်လုံးက ရှင်သန်ကြီးထွားဖို့ကို ပင်စည်တစ်ခုတည်းနဲ့သာ ထောက်ပံ့ပေးထားတာက “ ခြေထောက်တစ်ချောင်းထောက် “ ဆိုတာကိုဆိုလိုတာကြောင့်
ဒီစကားထာနဲ့ ကိုက်ညီတဲ့ အသီးတစ်မျိုးကတော့
✅ နာနတ်သီး ပဲဖြစ်ပါတယ်။
🚨 ဒါပေမယ့် ဒီ Challenge မှာ ခန့်မှန်းရမယ့် Riddle အားလုံးက Classic ဆန်တဲ့ English Riddle တွေချည်းဖြစ်တာကြောင့်
📌 ဝေါဟာရ အသုံးအနှုန်းတွေကို လေ့လာနိုင်မယ့်အပြင်
📌 GED ကျောင်းသားတွေအတွက်လည်း Reasoning ကို အခြေခံတဲ့ Science Related Riddle အချို့ကို ထည့်သွင်းထားတာကြောင့်
များစွာသော ဗဟုသုတတွေ တိုးပွားလာမှာ အသေချာပါပဲ။
🔎 Riddle တွေကိုဖြေရှင်းတဲ့အခါမှာ အတက်နိုင်ဆုံးဘာအကူအညီမှမပါဘဲ အဖြေတွေကို ဘယ်လောက်အထိ အနီးစပ်ဆုံး ခန့်မှန်းနိုင်လဲဆိုတာကို သိရှိနိုင်ဖို့ကလည်း ဒီ Challenge ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ကိုယ်ဖြေထားတဲ့ အဖြေတွေကို Comment ထဲမှာ 💡အလင်းပြခဲ့ဖို့လည်းမမေ့ပါနဲ့နော်
ဒီအပတ် 🔐 Unlock the Riddles အစီအစဉ်ရဲ့ ရွေးချယ်ထားတဲ့ Riddle တွေကိုပုံတွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။
Content By Zwe Arkar Lwin
Graphic By Wanna Aung
Comment Your Answer Below 💬
13/10/2025
ကျောင်းသားအများစုသတိမထားမိတဲ့ Type of Government (၅) ခု 📌
အစိုးအရဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် အစိုးရမရှိတဲ့ လူနေမှုအဖွဲ့အစည်း ဆိုတာရောရှိနေနိုင်လား ❓
GED 🌐 Social Studies ဘာသာရပ်မှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်နေပြီး ကျောင်းသားအများစု သတိမထားမိတဲ့ အုပ်ချုပ်ပုံစနစ်တွေကို တစ်နေရာထဲမှာ အလွယ်တကူမှတ်သားနိုင်ပါတယ်။
GED မေးခွန်းတွေအတွက် စဉ်းစားတဲ့အခါ ကိုယ်သိထားတဲ့ 💡Knowledge တွေကို အခြေခံပြီး Logic ကျကျ နဲ့စဉ်းစားနိုင်တယ်ဆိုရင် 📖 Narrative Passage နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို အလွယ်တကူဖြေနိုင်မှာအသေချာပါပဲနော်။
06/10/2025
✨မြန်မာ့ရိုးရာဓလေ့တွေထဲမှာ ထင်ရှားတဲ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လရဲ့ ပွဲတော်အချိန်အခါကိုရောက်ရှိလို့လာပါပြီ။
🕯️ယခုလို သီတင်းကျွတ် အခါသမယမှာ ကာယသုခ၊ စိတ္တသုခ (၂) ဖြာသောသုခအဖြာဖြာတို့နဲ့ ပြည့်စုံကြပြီး စိတ်ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးနိုင်ကြပါစေလို့ ကျွန်တော်တို့ The Catalyst အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
⏳ယခုလိုအခါသမယမှာ ဘာသာရေးအရ ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတဲ့အပြင် မြန်မာလူမျိုးတို့အတွက် ကျေးဇူးတရားနဲ့ ရိုသေကိုင်းရှိုင်းမှုတွေကိုသိသိသာသာ ဖော်ပြနိုင်တဲ့ ကာလတစ်ခုဖြစ်လို့ အားလုံး ကိုယ်ချစ်ရတဲ့ 🍀မိသားစု၊သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပြီး
🎯GED ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း ကိုယ်ရည်မှန်းထားတဲ့ အမှတ်တွေ ကိုယ်စီ ရရှိတဲ့အပြင် ရှေ့ဆက်လျှောက်မယ့် အနာဂတ်ခရီးလမ်းမှာ ပိုမိုထွန်းလင်းတောက်ပလာတဲ့ 🌟ကြယ်ပွင့်လေးတွေအဖြစ်နဲ့ ရှိနေနိုင်ပါစေလို့ ထပ်လောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
02/10/2025
မင်္ဂလာပါခင်ဗျာ
The catalyst ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Pre-GED program လေးစတင်တော့မယ်ဆိုတာကိုသတင်းကောင်းပါးပါရစေ။ 🎊
The catalyst ရဲ့ free Pre-GED two-month program လေးပြန်လည်ဖွင့်ပါတော့မယ်ဗျ။
GED နဲ့ရင်းနှီးစေဖို့ပဲဖြစ်စေ ၊ GED ကိုစတင်လေ့လာနေသည်ပဲဖြစ်စေ၊ self study နဲ့ပဲဆက်လေ့လာချင်သည်ပဲဖြစ်စေ ဒီအတန်းလေးမှာအဆင်ပြေအောင်ပြင်ဆင်ပေးသွားမှာပါ။
💁🏻✨Class information
🗓️Starting date - 13th October
⏰ CLass time - 1.5 hour per subject
⌛ Duration - 2 months (Oct - Nov)
🖥️ Platform - Online class (Zoom)
🔰 Classroom size - 20 students (maximum)
အတန်းရဲ့ timetable လေးကိုတော့အောက်မှာဖော်ပြထားတဲ့ပုံလေးထဲမှာအသေးစိတ်ကြည့်နိုင်ပါတယ်ဗျ။
🙋🏻Requirements
🔸 မိမိသည် အသက် ၁၅ နှစ်နှင့်အထက်ဖြစ်ရပါမည်။
🔸 အတန်းချိန်များအားမပျက်မကွက်တက်ရောက်နိုင်ရမည်။
🔸 အတန်းချိန်များတွင် Camera ဖွင့်ထားနိုင်ရပါမည်။
ဒီ Two-month Course လေးမှာဆိုရင်တော့ GED ကိုဆက်လက်လေ့လာနိုင်ဖို့အတွက် အခြေခံ Lessons တွေ အပြင် Tests တွေ၊ လေ့ကျင့်ခန်းတွေနဲ့ပါ ဖြည့်စွက်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။
‼️အတန်းအတွက်စာရင်းမသွင်းခင် အချိန်ဇယားကိုသေချာစွာငြှိဖို့မေတ္တာရပ်ခံပါသည်။‼️
အတန်းလေးကို Join ချင်တယ်ဆိုရင်တော့ Telegram Acc () မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။
Happy Learning ❤️
17/09/2025
We’re welcoming new tutors to our Catalyst family! 🎉📚
They’re here to share their knowledge, guide you step by step, and cheer you on as you prepare for success. 💪✨
Let’s give them a big warm welcome! 🙌
10/08/2025
Hello Hello👋
သတင်းကောင်းလေးရှိတယ်ဗျို့📢
အားလုံးစောင့်မျှော်နေကြတဲ့ Free Pre-GED Batch-2လေး မကြာခင်ဖွင့်တော့မှာပါဗျ🥳။
ဒါကြောင့် အားလုံးပဲ "The Catalyst " pageလေးကို နေ့စဉ် Check လုပ်ဖို့မမေ့ကြပါနဲ့ပါဗျ✨