EduEdge

EduEdge

Share

EduEdge is an Educational Institute delivering internationally recognized programs with a focus of Excellence and Innovation

07/05/2025

Mitosis Vs Meiosis 🔬

GED Science ဖြေခါနီးသူတွေအတွက် Life science မှာပါတဲ့ Mitosis နဲ့ Meiosis ကို ပြန်နွှေးကြရအောင် 🐳🌟

Cell တစ်လုံးကနေပြီးတော့ နောက်ထပ် cell အသစ်တွေ ဖြစ်လာတဲ့ဖြစ်စဉ်ကို “cell division” လို့ခေါ်ပါတယ်။ ဒီလို cell division ဖြစ်စဉ်က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတဲ့အခါ၊ ဒဏ်ရာဖြစ်တဲ့အချိန်မှာ ပြန်ပြီး recovery ဖြစ်တဲ့အခါနဲ့ မျိုးပွားခြင်းဖြစ်စဉ်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Cell Division မှာ အဓိကအားဖြင့် နှစ်မျိူးခွဲပြီး လေ့လာနိုင်ပါတယ် 💁🏻‍♀️
Body cells တွေမှာ ဖြစ်လေ့ရှိတဲ့ “Mitosis”
Reproductive cells တွေမှာ ဖြစ်လေ့ရှိတဲ့ “Meiosis” တို့ပဲဖြစ်ပါတယ်။

ပိုပြီးနားလည်လွယ်အောင်လို့ Diagram နဲ့ လေ့လာကြည့်ရအောင် 🎯

07/05/2025

GED အတွက် ကုန်ကျစရိတ် 🧾📊

အကြောင်းအမျိူးမျိူးကြောင့် အထက်တန်းဆက်မတက်ဖြစ်တော့တဲ့ မောင်လေး၊ညီမလေးတွေအတွက် နိုင်ငံတကာပညာရေးလမ်းကြောင်းဖြစ်တဲ့ “GED” ကို စိတ်ဝင်စားတယ်ဆိုရင် GED အတွက် ပြင်ဆင်စရိတ်က ဘယ်လောက်ရှိမလဲ ⁉️
စာမေးပွဲအတွက် ကုန်ကျစရိတ်တွေကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ် 🐳🌟

အသက်ဘယ်လောက်မှာ GED စဖြေနိုင်လဲ ⁉️
အသက် 16 ကစပြီး ဖြေဆိုနိုင်ပါတယ်။
( 18 မပြည့်သေးတဲ့သူတွေကတော့ Parent Consent from လိုအပ်ပါတယ်။)

Exam အတွက် ပြင်ဆင်စရိတ် ⁉️

ကျောင်းသားတွေရဲ့ education background က တစ်ယောက်နဲ့တစ်ယောက် မတူတာရယ်၊
သင်တန်းတွေရဲ့ ကုန်ကျစရိတ်ကလဲ မတူတာရယ်ကြောင့် ကိုယ့်ရဲ့ education background နဲ့ရော budget နဲ့ပါ ကိုက်ညီမဲ့ သင်တန်းကို ရွေးချယ်ဖို့ လိုပါတယ်။ resources တော်တော်များများက free ဖြစ်တာကြောင့် self-study နဲ့လဲ ဖြေဆိုတဲ့သူတွေ ရှိသလို free class တွေလဲ ရှိပါတယ် 💁🏻‍♀️

အကြမ်းဖျဉ်းအားဖြင့် Pre GED (Foundation class), Preparation Class, Intensive Class (Exam Practice Class)ဆိုပြီး ရှိပါတယ်။
သင်တန်းတွေ၊ ကျောင်းတွေအလိုက် ကွာနိုင်သေးတာကြောင့် တစ်ခုချင်းစီ တက်လို့ရတဲ့ ကျောင်းတွေလဲ ရှိသလို Pre+Preparation ပေါင်းသင်တဲ့ကျောင်းတွေလဲ ရှိ‌ပါတယ်။ Campus ဖွင့်လဲကျောင်းတွေလဲရှိသလို online class တွေလဲရှိပါတယ်။

Pre GED (Foundation class) ဆိုတာဘာလဲ ⁉️

အတန်းပညာ အနည်းဆုံး Grade 8 အောင်မြင်ထားပြီး English Level က Intermediate level အောက်မှာရှိတယ်၊ အသက်ကလဲ 18 အောက်ဆိုရင် အခြေခံကောင်းမွန်ဖို့အတွက် သေချာပြင်ဆင်ချင်တဲ့သူတွေဆိုရင်တော့ Pre GED က စတက်သင့်ပါတယ် 🎯

Preparation Class ဆိုတာဘာလဲ ⁉️

English Level Intermediate နဲ့ Intermediate level ရဲ့အထက်ရှိတဲ့သူတွေအတွက် သင့်တော်ပါတယ်။ Preparation Class မှာဆိုရင် GED ဖြေဆိုဖို့အတွက် သက်ဆိုင်ရာ textbook တွေနဲ့အတူ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ Preparation Class က အများအားဖြင့် ကျောင်းတွေအပေါ် မူတည်ပြီး 4လ ကနေ 6လအတွင်း ကြာတတ်ပါတယ်။

Intensive Class (Exam Practice Class) ဆိုတာဘာလဲ ⁉️

Preparation Class ပြီးသွားပေမဲ့ ထပ်ပြီး study လုပ်ဖို့လိုသေးတယ်ဆိုရင်တော့ Practice Questions တွေ အများဆုံးလေ့ကျင့်ပေးတဲ့ Intensive Class တက်ဖို့ သင့်တော်ပါတယ်။

📌 ဒါကြောင့်မလို့ ကိုယ့်ရဲ့ education background နဲ့ရော budget နဲ့ပါ ကိုက်ညီမဲ့ သင်တန်းကို ရွေးနိုင်ဖို့က အရေးကြီးပါတယ်။

📌 EduEdge မှာဆိုရင်တော့ Preparation Class ကို 4လသင်ကြားပေးမှာ ဖြစ်ပြီးတော့ 1လကို 4ဘာသာလုံးအတွက် 200,000 MMK ပဲကျသင့်မှာ ဖြစ်ပါတယ်။ Early Bird Promotion လေးလဲ ရှ်ိသေးတာမလို့ အသေးစိတ်ကို Page Messenger မှာ စုံစမ်းလို့ ရပါပြီရှင် 🤩🌟

Exam ဖြေဆိုတဲ့အခါ ဘယ်လောက်ကုန်ကျမလဲ ⁉️

ကိုယ်က exam ဖြေဆိုဖို့အတွက် အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Exam Schedule လုပ်ထားလို့ ရပါပြီ။
Ready test အနေနဲ့ တစ်ဘာသာကို US $6.99 ကျသင့်မှာ ဖြစ်ပြီးတော့
Real test အနေနဲ့ကတော့ တစ်ဘာသာကို US$ 85 ကျင့်မှာ ဖြစ်ပါတယ် 💁🏻‍♀️

EduEdge နဲ့အတူ ပိုမိုကောင်းမွန်တဲ့ ပညာရေးအခွင့်အလမ်းတွေကို ဆွတ်ခူးကြရအောင် 🎓🎉


ုန်ကျစရိတ်

05/05/2025

Common Grammar Mistakes in RLA ‼️
🖇️Part 2

Extended response (Er) ရေးရင် 6 မှတ် အပြည့်ရချင်တဲ့ သူတွေအတွက် မှားတတ်တဲ့ Grammar ပုံစံလေးတွေကို သတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ် 🐳✨

Pronoun-Antecedent Agreement 🔖
⚠️ ကိုယ်သုံးလိုက်တဲ့ pronoun ကနေ ပြန်ညွှန်းတဲ့ number (antecedent) က တစ်ဦးတစ်ယောက်ထဲလား၊ အများလားဆိုတာကို သတိထားဖို့လိုပါမယ်။
Incorrect: "Everyone should bring their pencil." ❎
Correction: "Everyone should bring his or her pencil." ✅
📍Tip: Everyone, someone, anybody တို့လို singular indefinite pronouns တွေက singular pronoun နဲ့ ပြန်ညွှန်းဖို့ လိုပါတယ်။

Wrong Verb Tense 🔖
⚠️ Sentence တစ်ခုထဲမှာ tense မတူတာတွေ သုံးမိတတ်ပါတယ်။
Incorrect: "She goes to school and ate lunch." ❎
Correction: "She went to school and ate lunch." ✅
📍Tip: Past tense ဆိုရင် sentence တစ်ခုလုံးက past tense သုံးထားလား ပြန်စစ်ပါ။

Redundancy 🔖
⚠️ အဓိပ္ပာယ်တူတဲ့ စကားလုံးနှစ်ခုစီကို တပြိုင်နက် တပြန်တလှန်သုံးမိတာမျိုးကို သတိထားဖို့ လိုပါမယ်။
Incorrect: "He returned back to the classroom." ❎
Correction: "He returned to the classroom." ✅
‼️Return already means "go back" — no need to add “back.”

Incorrect: They collaborated together on the project. ❎
Correction: They collaborated on the project.✅
‼️ Collaborate already means working together.

Incorrect: Please repeat again what you said.❎
Correct: Please repeat what you said.✅
‼️Repeat already means to say again
📍Tip: ကိုယ်ထပ်သုံးမဲ့ စာလုံးရဲ့အဓိပ္ပာယ်က ထပ်သုံးမဲ့စာလုံးနဲ့ အဓိပ္ပာယ်တူနေလား ပြန်စစ်ပါ။

Confusing “That” vs “Which” 🔖
⚠️“That” နဲ့ “Which” နှစ်ခုက အနည်းငယ်တူသလိုရှိတာကြောင့် မှားသုံးမိရင် အဓိပ္ပာယ်လွဲနိုင်ပါတယ်။ ဒါ့ကြောင့်မလို့ ဘယ်အချိန်မှာ “that” သုံးမလဲ၊ ဘယ်အချိန်မှာ “which” သုံးမလဲဆိုတာ သိထားဖို့လိုပါတယ်။
“That” - အရေးကြီးတဲ့အကြောင်းအရာတွေကို ပြောချင်တဲ့အခါမှာ သုံးပါတယ်။
Example - The book that I borrowed from you is great.
‼️ "The book is great." → This is general. We don’t know which book.
"The book that I borrowed from you is great." → Now it's clear you're talking about a specific book — the one you borrowed.
“Which” - အခြေနေတစ်ခုမှာ အသေးစိတ်ထပ်ပြီးပြောချင်တဲ့ အခါမျိူးမှာသုံးပါတယ်။ ဒီအပိုအချက်မပါလဲ အဓိပ္ပာယ်နားလည်နိုင်ပါတယ်။ (non-essential info)
*Don't ရော၊ No ရော ပါနေတာကြောင့် အချင်းချင်း cancel ဖြစ်သွားပြီး "I need help." ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ (non-essential info/extra info)
• Comma အသုံးပြုဖို့ လိုပါမယ်။
‼️ Example - The movie, which we watched last night, was amazing.
"The movie, which we watched last night, was amazing." → Specific. Adds extra info about the movie.
📍Tip: That -> essential info (comma မလို)
Which -> non-essential info (comma လို)

RLA ဖြေဆိုတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်ရှင် 🥰✨

Common Grammar Mistakes in RLA ‼️
Part-1 https://m.facebook.com/story.php?story_fbid=122115971564680257&id=61570407725419

03/05/2025

GED Test Centers in Thailand 🌟

ထိုင်းမှာ GED ဖြေမယ်ဆို ဘာတွေလိုအပ်မလဲ 🤔⁉️

GED system က internationalized system ဖြစ်တာကြောင့် နိုင်ငံပေါ်လိုက်ပြီး ကွာခြားနိုင်တာတွေရှိနိုင်တာကလွဲလို့ တော်တော်များများ process တွေက တူပါတယ် 💁🏻‍♀️

ဘာတွေ ကွာခြားမှုရှိနိုင်မလဲ ⁉️

ထိုင်းနိုင်ငံသားမဟုတ်တာကြောင့် စာမေးပွဲဖြေဆိုဖို့အတွက် Passport လိုအပ်ပါမယ်။

ကိုယ်နဲ့ နီးစပ်ရာTest Center မှာ ဖြေဆိုနိုင်ဖို့အတွက် Location တွေ သိထားဖို့ လိုပါမယ်။

Central Thailand (Bangkok and nearby)

1. Paradigm Education
2nd Floor, Alma Link Building (next to Central Chidlom), Lumpini, Pathumwan, Bangkok
Phone: 02-255-8889, 092-063-5599

2. Pearson Professional Centers – Bangkok
10th Floor, BB Building, Asok Montri Road, Sukhumvit 21, Bangkok
Phone: 02-664-3563

3. King Mongkut’s University of Technology Thonburi (KMUTT)
126 Pracha Uthit Road, Bangmod, Thung Khru, Bangkok
Phone: 080-963-6015

4. Assumption University (Suvarnabhumi Campus)
88 Moo 8, Bang Na-Trad Km. 26, Bang Sao Thong, Samut Prakan
Phone: 02-300-4543

Northern Thailand

1. Movaci Technology – Chiang Mai
420/11-13 Charoenrat Road, Chiang Mai
Phone: 053-920-555

2. Payap University – Chiang Mai
Chiang Mai–Lamphun Superhighway, Chiang Mai
Phone: 053-851-478

Northeastern Thailand

1. Greater Good Education – Khon Kaen
Located in Khon Kaen Office Park
Phone: 080-260-1383

Southern Thailand

1. Phuket Academic Language School (PALS)
66/19 Wichit Songkram Road, Kathu, Phuket
Phone: 081-417-0978

Test Fee အပြောင်းအလဲရော ရှ်ိလား ⁉️

Ready test အနေနဲ့တစ်ဘာသာကို US $6.99 ကျသင့်မှာဖြစ်ပြီးတော့
Real test ကတော့ တစ်ဘာသာကို US $85 ကျသင့်မှာဖြစ်ပါတယ်။

ကိုယ်မျှော်မှန်းထားတဲ့ desired scores ရကြပါစေရှင် 🐳🌟

Education နဲ့ သက်ဆိုင်တဲ့ knowledge တွေကို telegram channel မှာလဲ အမြဲ share ပေးနေမှာဖြစ်လို့ join ထားလို့ ရပြီနော် 🤩🌟
https://t.me/eduedge18




Photos from EduEdge's post 28/04/2025

GED မှာ Social Studies ကို စိတ်ဝင်စားပေမဲ့
University မှာ ဘာ major ယူရမလဲ ?
ဘယ်လို အလုပ်ကိုင်၊အခွင့်လမ်းမျိူးရှိလဲ? မသိဘူးဖြစ်နေတယ်ဆိုရင်
EduEdge ကနေ Pathway Guide လေးလုပ်ပေးချင်ပါတယ် 😉🎯

အားလုံး သိထားကြတဲ့အတိုင်းပဲ Social Studies မှာ Civics and Government, US.History, Economics နဲ့ Geography အဓိက လေ့လာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ majors ရွေးချယ်တဲ့အခါမှာလည်း လေ့လာခဲ့ရတဲ့ အရာတွေနဲ့ ဘယ် majors တွေက ဆက်နွယ်နေမလဲ? ဘယ်လို career တွေရွေးချယ်နိုင်လဲ? ဆိုတာ ကြည့်လိုက်ကြရအောင် 😉🌟

Education နဲ့ သက်ဆိုင်တဲ့ knowledge တွေကို telegram channel မှာလဲ အမြဲ share ပေးနေမှာဖြစ်လို့ join ထားလို့ ရပြီနော် 🤩🌟

https://t.me/eduedge18

ပုံထောက်ပြီးဆက်လက်ဖတ်ရှုရန်

23/04/2025

Social Studies ရဲ့ Civic and government အပိုင်းမှာ သိကိုသိထားသင့်တဲ့
“Check and Balances System” အကြောင်း 🎯

ဒီနေ့မှာတော့ Social Studies Exam မှာပါနေကြဖြစ်တဲ့
Check and Balance System ကို လွယ်ကူ နားလည်အောင် Tr. Eain Thu Nyein မှရှင်းပြပေးသွားမှာ ဖြစ်ပါတယ် 😉🌟

Check and Balance System ဆိုတာအစိုးရတစ်ရပ်နဲ့ တစ်ရပ်ကြားမှာ ပါဝါညီမျှမှုရှိနေအောင် ထိန်းညှိပေးတဲ့အရာပဲ ဖြစ်ပါတယ် 💁🏻‍♀️

ဒါဆိုရင်
Executive Branch Vs Legislative Branch Vs Judicial Brach အချင်းချင်း တစ်ခုနဲ့တစ်ခု ဘယ်လိုမျှတအောင် ထိန်းကြလဲ ❓

Exam အတွက် အထောက်ကူဖြစ်စေမဲ့ အချက်တွေပါ လွယ်ကူနားလည်စေမှာဖြစ်လို့ အခုပဲ study list ထဲထည့်ထားလိုက်တော့နော် 😉🎯



19/03/2025

“GED Graduate မှသည် ထိုင်းနိုင်ငံမှ Ranking #2 ရှိ Mahidol University ဆီသို့ 🤩🎓”

GED အောင်မြင်ထားပြီးတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် top-tier University တစ်ခုဖြစ်တဲ့ Mahidol University ရဲ့ International Programs မှာ ထားရှိပေးထားတဲ့ majors တွေ၊ Application Timeline နဲ့ Admission Requirements တွေကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ် 🐳🌟

BA အတွက်ရွေးချယ်နိုင်တဲ့ majors တွေကတော့ 💁🏻‍♀️

📌 Business Administration Division at MUIC (BA)
Major in Business Economics
Major in Finance
Major in International Business
Major in Marketing

📌 Science Division at MUIC
Major in Applied Mathematics
Major in Biological Sciences
Major in Chemistry
Major in Computer Engineering
Major in Computer Science
Major in Creative Technology
Major in Food Science and Technology
Major in Physics

📌 Fine and Applied Arts Division at MUIC
Major in Communication Design
Major in Media and Communication

📌 Social Science Division at MUIC
Major in International Relations and Global Affairs (IRGA)

📌 Intercultural Studies and Languages at MUIC
Major in Intercultural Studies and Languages

📌 Travel and Service Business Entrepreneurship at MUIC
Major in Travel and Service Business Entrepreneurship

Application Timeline 🕰️

📌 Trimester 1 Entry : 15 May - 1 July 2025
Acceptance announcement - 22 July 2025
Instruction begins - 15 September 2025

📌 Trimester 2 Entry : 15 August - 1 October 2025
Acceptance announcement - 21 October 2025
Instruction begins - 5 January 2026

📌 Trimester 3 Entry : 14 November 2025 - 8 January 2026
Acceptance announcement - 5 February 2026
Instruction begins - 20 April 2026

Requirements 📑

Requirements အနေနဲ့ကတော့ major မတူတဲ့အလျှောက် ကွဲပြားမှုတွေရှိနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ High School ပြီးဆုံးကြောင်းဖြစ်တဲ့ အထောက်အထားတွေထဲက တစ်ခုပြနိုင်ရပါမယ် 🎯
Grade 12 (US Curriculum)
AS/A-Level
IB Programme (IBDP)/(IBCR)
GED

English Requirements အနေနဲ့ကတော့
📌 PTE
Overall 50, writing 50

📌 IELTS
Overall 6.0, Writing 6.0

📌 TOEFL
Overall 69, writing 22

Science, Engineering, Creative Technology, Business Administration, Media and Communication, Travel and Service Business Entrepreneurship major တွေအတွက်ကတော့ ACT/SAT လိုအပ်ပါတယ်။

Communication Design, Intercultural Studies and Languages, International Relations and Global Affairs (IRGA) major တွေအတွက်ကတော့ ACT/SAT math score ပြစရာမလိုအပ်ပါဘူး။

အသေးစိတ်အချက်လက်တွေကိုတော့ Mahidol University ရဲ့ official Website မှာ လေ့လာနိုင်ပါတယ် 💁🏻‍♀️

ဒီလိုမျိူး နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်တွေကို တက်ရောက်ဖို့ GED နဲ့စတင်ပြင်ဆင်ချင်ရင်တော့ EduEdge မှာ GED preparation class တွေဖွင့်လှစ်နေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေရှင် 🥰🌟

အသေးစိတ်သိရှိလိုပါက
Page Messenger သို့မဟုတ် ဖုန်းနံပါတ် 09-780808845 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ် 🐳🌟




18/03/2025

Academic Pathway Guide 📑🎯

IGCSE တက်ဖို့ပြင်ဆင်နေတဲ့ ညီ‌လေး၊ညီမလေးအတွက် ကိုယ်မျှော်မှန်းထားတဲ့ career နဲ့ တထပ်ထဲကျနိုင်ဖို့အတွက် ဘယ်လို Subject တွေယူသင့်လဲဆိုတာကို Subject Selection Guide လေးလုပ်ပေးချင်ပါတယ် 🐳🌟

Subject Selection Guide ထဲမှာ ကျောင်းသား၊ကျောင်းသားတွေ အရွေးများတဲ့ Pathway တွေဖြစ်တဲ့
📌 Engineering, Computer Science & IT, Medical Pathway, Business Major တွေအတွက် Suggestion လုပ်ပေးသွားမှာဖြစ်ပါတယ် 💁🏻‍♀️

Engineering 👩🏻‍🔧

- English As Second Language (Or) EFL (Eng as first language)
- Further Pure Maths
- Mathematics B
- Physics
- Chemistry
- ICT

📌 Engineering နဲ့ပတ်သတ်တဲ့ majors တွေကို ရွေးချယ်ဖို့ရှိတဲ့သူတွေဆိုရင်တော့
Engineering အတွက် အခြေခံ subjects တွေဖြစ်တဲ့ Physics, Chemistry နဲ့ Maths subject တွေကို ယူသင့်ပါတယ်။

Computer Science & IT 👩🏻‍💻

- English As Second Language (Or) EFL (Eng as first language)
- Further Pure Maths
- Mathematics B
- Physics
- Computer Science
- ICT

📌 Computer Science နဲ့ပတ်သတ်တဲ့ majors တွေကို ရွေးချယ်ဖို့ရှိတဲ့သူတွေဆိုရင်တော့
Computer Science အတွက် အခြေခံ subjects တွေဖြစ်တဲ့ Computer Science, Mathematics B, ICT subjects တွေကို ယူသင့်ပါတယ်။

Medical Pathway 👩🏻‍⚕️

- English As Second Language (Or) EFL (Eng as first language)
- Further Pure Maths
- Mathematics B
- Physics
- Chemistry
- Biology
- ICT

📌 ဆေးပညာ နဲ့ပတ်သတ်တဲ့ majors တွေကို ရွေးချယ်ဖို့ရှိတဲ့သူတွေဆိုရင်တော့
Medical Pathway အတွက် အခြေခံ subjects တွေဖြစ်တဲ့ Biology, Chemistry, Physics subjects တွေကို ယူသင့်ပါတယ်။

Business Pathway 💼

- English As Second Language (Or) EFL (Eng as first language)
- Mathematics B
- Economics
- Business
- Accounting

📌 Business နဲ့ပတ်သတ်တဲ့ majors တွေကို ရွေးချယ်ဖို့ရှိတဲ့သူတွေဆိုရင်တော့
Business Pathway အတွက် အခြေခံ subjects တွေဖြစ်တဲ့ Business, Economics, Mathematics B subjects တွေကို ယူသင့်ပါတယ်။

EduEdge နဲ့အတူ ကိုယ်နဲ့ကိုက်ညီနဲ့ Subjects တွေကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်နိုင်တာကစလို့ ကိုယ့်ရဲ့ desired career ထိပါရွေးချယ်ကြရအောင် 🐳🎯

EduEdge နဲ့အတူ ပိုကောင်းတဲ့ ပညာရေး အခွင့်လမ်းတွေများစီသို့ 🎓 🎉



17/03/2025

GED RLA Exam မှာပါနေကြဖြစ်တဲ့ Inference လုပ်တဲ့ အပိုင်းကို ပြန်နွှေးရင်း EduEdgeမှာ “အခမဲ့”ဖြေကြည့်ရအောင်🧏🏻‍♀️

Inference လုပ်တယ်ဆိုတာ ဘာလဲ ⁉️

Passage မှာ အကြောင်းအရာကို တိုက်ရိုက်ပေးတာထားတာမျိုး မရှိဘဲ descriptive clue တွေကနေတဆင့် ဘာပြောချင်လဲ၊ဘာအကြောင်းအရာလဲ ဆိုတာကို ကောက်ချက်ချရတာ
ဖြစ်ပါတယ် 💁🏻‍♀️

Inference question 5 ပုဒ်ကို လေ့ကျင့်ကြည့်ရအောင် 🥰🌟

ဖြေဆိုရန် link 🔗👇
https://docs.google.com/forms/d/e/1FAIpQLSeBjLpslKBLe3MoxnyEIqwpGw4YQTrd6jGfhd4ksYTggRoapw/viewform?usp=header

14/03/2025

WE ARE HIRING ‼️

GED အောင်မြင်ထားပြီး သင်ကြားရေးပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက်
EduEdge မှာ GED Tutor အနေနဲ့ လျှောက်ထားနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါချင်ပါတယ် 😉

📍လိုအပ်နေတဲ့ Position တွေကတော့
✅ GED Maths
✅ GED Science
✅ GED Social Studies
✅ GED RLA အတွက် လာရောက်လျှောက်ထားနိုင်ပါတယ် 💁🏻‍♀️

Requirement 🎯

🌟 GED အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
🌟 သင်ကြားမဲ့ဘာသာအလိုက် teaching experience နဲ့အတူ သင့်တော်တဲ့ အရည်အချင်းရှိရပါမယ်။

ကိုယ့်မှာရှိတဲ့ အတွေ့အကြုံ‌၊အသိပညာတွေကို လက်ဆင့်မျှဝေဖို့ စိတ်အားထက်သန်တဲ့သူတစ်ယောက်ဖြစ်ပြီး EduEdge နဲ့ အတူလက်တွဲဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Page Messenger သို့မဟုတ်
[email protected] တွင် CV နှင့် Portfolio များပေးပို့ရ်ျ လျှောက်ထားနိုင်ပါပြီရှင် 🐳🌟


08/03/2025

"International Women's Day"
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့

ယနေ့ မတ်လ ၈ ရက်နေ့ဟာဆိုရင် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုကျင်းပကြတဲ့ အပြည်ပြည်ဆိုင်ရာ
" အမျိူးသမီးများနေ့" ပဲဖြစ်ပါတယ်ရှင်။ ၁၉၁၁ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး လူမှုရေး၊နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေး စတဲ့ ဂဏ္ဍမျိုးစုံမှာ ပါဝင်နေကြတဲ့ အမျိူးသမီးများကို ဂုဏ်ပြုခြင်းအထိန်းအမှတ်အနေနဲ့ ယနေ့ထိတိုင်ကျင်းပကြနေဆဲဖြစ်ပါတယ်။
အမျိူးသမီးတွေအနေနဲ့ ကြုံတွေ့နေရတဲ့ ကျားမတန်းတူညီမျှမှု မရှိတာတွေ၊ ခွဲခြားဆက်ဆံခံရမှု‌တွေ၊ အမျိူးသမီးတစ်ဦးအနေနဲ့ ရသင့်တဲ့အခွင့်အရေးနဲ့ အခွင့်အလမ်း မရရှိတာတွေ၊ ရိုးရာဆိုတဲ့ စကားစုအောက်မှာ ကြုံတွေ့‌နေရတဲ့ လွဲမှားတဲ့အမြင်၊ အယူအဆတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ ဒါတွေအကုန်လုံးကို ကျွန်မတို့အမျိူးသမီးတွေဟာ တူညီစွာလက်တွဲပြီး တန်းတူညီမျှများဆီ လျှောက်လှမ်းကြရအောင်။ ဂဏ္ဍပေါင်းစုံ စီးပွားရေးစသဖြင့် အခြား နယ်ပယ်တွေမှာပါ ထူးချွန်တဲ့အမျိူးသမီးတွေ ပေါ်ထွက်လာဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုတွေဟာလည်း တစ်စိတ်တစ်ပိုင်းဖြစ်လို့နေပါတယ်။ နယ်ပယ်ပေါင်းစုံမှာ တိုးတက်မှုတွေရှိလာစေဖို့ တန်းတူညီမျှမှုကိုထွေးပွေ့ကာ
အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ကို အသိအမှတ်ပြုကြရအောင်လားရှင်။
ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ကို အားလုံးနဲ့အတူ ကျွန်မတို့ရဲ့ Edu Edge team မှလည်း ဂုဏ်ပြုလိုက်ရပါတယ်ရှင် 💕

Photos from EduEdge's post 04/03/2025

Duolingo အကြောင်း သိကောင်းစရာ 📚‼️


ကျောင်းသားတွေနဲ့ ရင်းနှီးပြီးသား English Test တစ်ခုဖြစ်တဲ့ DET - Duolingo English Test အကြောင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အရာတွေကို EduEdge ကနေ sharing လုပ်ပေးချင်ပါတယ် 🐳🌟

Duolingo English Test ဆိုတာဘာလဲ ❓

ကြားဖူးနားဝ ရှိဖူးပြီးသားဖြစ်တဲ့ IELTS, TOEFL တို့လိုမျိူး ကိုယ့်ရဲ့ English level ကို သိရှိနိုင်မဲ့ test တစ်ခုပဲဖြစ်ပါတယ်။
Level test ဖြစ်တာမလို့
- Reading
- Writing
- Speaking နဲ့
- Listening
skill 4 ခုလုံးကို ဖြေဆိုရမှာဖြစ်ပါတယ် 💁🏻‍♀️

DET ကို ဘယ်လိုလူတွေ ဖြေဆိုသင့်လဲ 🤔⁉️

နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တဲ့သူတွေ အနေနဲ့ အချိန်တိုတိုအတွင်းမှာ ဖြေဆိုလို့ရနိုင်တဲ့ English Test တစ်ခုပဲဖြစ်ပါတယ်။ USA, UK, Canada, Australia, Italy, Ireland စတဲ့ နိုင်ငံတွေအပြင် တက္ကသိုလ်ကျောင်းပေါင်း 4000 ကျော်ကနေ အသိအမှတ်ပြု လက်ခံထားတဲ့ English Test တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်လျှောက်မဲ့ ကျောင်းရဲ့ requirement ကိုသေချာရှာပြီး Duolingo လက်ခံရဲ့လားဆိုတာကို Email ပို့ပြီး မေးတာမျိူးဖြစ်ဖြစ် သေချာအောင်လုပ်စေချင်ပါတယ် 🧏🏻‍♀️

DET ကို ဘယ်မှာဖြေလို့ရနိုင်လဲ 💻⁉️

Duolingo Test ဖြေလို့ရတဲ့ KMD တို့လို exam center တွေရှိသလို ကိုယ့်အိမ်မှာပဲ သူ့ပေးထားတဲ့ သတ်မှတ်ချက်တွေကို လိုက်နာပြီး ဖြေဆိုင်နိုင်ပါတယ်။ Exam pressure ကြောက်တဲ့သူတွေ အနေနဲ့လည်း အိမ်မှာပဲ အေးဆေးဖြေလို့ရတဲ့ Computer based test တစ်ခုပဲ ဖြစ်ပါတယ် 😉

ဖြေဆိုချိန် ဘယ်လောက်ကြာနိုင်လဲ 🤔⁉️

Skill 4 ခုလုံးအတွက် ဖြေဆိုရမှာတွေ ဖြစ်ပါတယ် 👇🏻
Listening Comprehension: listen and type, listen than speak, interactive listening
Reading Comprehension: read and select, interactive reading
Speaking: Read aloud, Read then speak, listen then speak, speaking sample, speak about the photo
Writing: write about the photo, interactive writing, writing sample
Vocabulary and Grammar: Multiple choice, all in the blanks,read and complete
Adaptive test ပုံစံဖြစ်ပြီးတော့ 45မိနစ်ကြာ ဖြေဆိုရမှာဖြစ်ပါတယ် 💁🏻‍♀️

Exam fee ကလဲ $49 ပဲကျသင့်မှာဖြစ်တာကြောင့် Budget save ဖြစ်ဖြစ်နဲ့ English level test တစ်ခုဖြေချင်တဲ့ သူတွေအတွက်တော့ ကွတ်တိပါပဲ 😉🌟


EduEdge နဲ့အတူ ပိုကောင်းတဲ့ ပညာရေး အခွင့်လမ်းတွေကို ဆွတ်ခူးကြရအောင် 🎓🎉


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay
05021