Fu Xiao Chinese Language Online Class

Fu Xiao Chinese Language Online Class

Share

15/03/2025
Photos from FITC's post 04/03/2025
Photos from Fu Xiao Chinese Language Online Class's post 21/02/2025

-3

Photos from Fu Xiao Chinese Language Online Class's post 15/02/2025

Hsk2အတန်း Feedback လေး🥰🥰🥰

22/01/2025

告诉 。。。说

ဒီနေ့ Sharig လုပ်ပေးမယ့်စာလုံးကတော့ 告诉နဲ့ 说ဖြစ်ပါတယ်။

告诉-gàosu ပြောသည်
说-ပြောသည်
告诉နဲ့说 ၂ခုလုံးက စကားပြောသည်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။

说 - shuō

她告诉我下个月三日是老师的生日。
她对我说下个月三日是老师的生日。
အပေါ်စာကြောင်းနှစ်ခုလုံးက နောက်လ၃ရက်နေ့က ဆရာ့မွေးနေ့လို့ သူက ငါ့ကိုပြောတယ်ဆိုပြီး အဓိပ္ပာယ်ရပေမယ့်“他她说我”ဆိုပြီး 说နောက်က (我)objectလိုက်လို့မရပါဘူး။objပါလာခဲ့ရင်
“对+obj+说”,“跟+obj+说”ဆိုပြီးသုံးလို့ရတယ်။

例如:
他对朋友们说他的学校很大。
爸爸跟妈妈说明天去旅行。

告诉 - gàosu

告诉 ရဲ့နောက်မှာတော့ Object ကပ်ရတယ်၊အဲ့နောက်မှာ ပြောချင်တဲ့ အကြောင်းအရာလိုက်လို့ရတယ်။

她告诉我老师在上课。
姐姐告诉妈妈昨天去看电影。
班长告诉我们明天有体育课。

06/01/2025

怎么。。。如何
ဒီနေ့ Sharing လုပ်ပေးမယ့်စာလုံးကတော့ 怎么နဲ့如何ဖြစ်ပါတယ်။

怎么(zěnme)

(1) 问方法+V နည်းလမ်းတွေကို မေးတဲ့အခါမှာ သုံးတယ်။နောက်ကVerbကပ်ပြီးသုံးတယ်။
*口语စကားပြောမှာ အသုံးများတယ်။
例如:我们怎么学好汉语?
你知道这个字用韩语怎么读?
你今天是怎么来的?

(2) 问原因+V အကြောင်းပြချက်တွေကို မေးတဲ့အခါမှာသုံးလို့ရတယ်။နောက်ကနေVerbလိုက်တယ်။

例如:今天怎么这么冷?ဒီနေ့ ဘာလို့ဒီလောက်တောင်အေးတာလဲ။
他怎么没来上课?သူဘာလို့ အတန်းမလာတာလဲ။

(3) 可用于首句表示惊讶
စာကြောင်းရဲ့ရှေ့ဆုံးမှာထားပြီး အံ့သြထူးဆန်းဖြစ်တယ် လို့ ပြောချင်တဲ့အခါမျိုးမှာသုံးလို့ရတယ်။

例如:怎么,你不认识我?!
怎么,他请你吃个饭!

如何(rúhé)

(1) 问方法+V နည်းလမ်းတွေကို မေးတဲ့အခါမှာ သုံးတယ်။နောက်ကVerbကပ်ပြီးသုံးတယ်။
书面语မှာ စာအရေးအသားမှာအသုံးများတယ်။

例如:我们如何学好汉语?
你知道这个字用韩语如何读?

***如何ကို စာသုံးမှာအသုံးများတာကြောင့် “မင်း ဒီနေ့ ဘယ်လိုလာတာလဲ “ စတဲ့ စကားပြောပုံစံမှာဆိုရင်
你今天是怎么来的?ဆိုပြီး 怎么ကိုသုံးသင့်တယ်။

(2)放在句子最后,问情况,问想法
စာကြောင်းရဲ့ နောက်ဆုံးမှာထားပြီးသုံးတယ်။
(၁)အခြေအနေကို မေးတယ်
(၂)အမြင်သဘောထားကိုမေးတယ်။

例如:昨天的考试如何?(အခြေအနေကိုမေး)
最近身体如何?
下周我们去旅游,如何?(အမြင်သဘောထားကိုမေး)
我觉得应该用这个方法解决问题,如何?

***怎么လို အကြောင်းပြချက်တွေကို မေးတဲ့အခါမှာ သုံးလို့မရပါဘူး။

Photos from Fu Xiao Chinese Language Online Class's post 29/12/2024

Hsk1နှင့်Hsk2 ကို Zoom class 100% free တက်ရောက်နိုင်မယ့်အတန်းလေး

Fu Xiao Chinese Language Online Class မှ basic, Hsk1နှင့် Hsk2 အတန်းများကို January လ 11ရက်နေ့မှစတင်ပြီး ဖွင့်တော့မှာဖြစ်ပါတယ်။
ဒီအတန်းတွေအတွက် နှစ်သစ်ကူး promotion အနေနဲ့ December 30ရက်နေ့မှ Januaryလ 11ရက်နေ့အထိ သင်တန်းအပ်နှံတဲ့သူတိုင်းကို 20% discount ချပေးသွားမှာဖြစ်ပြီး ပထမဆုံးအပ်နှံသူ 5ယောက်ကို 50% discount ချပေးမှာ ဖြစ်ပါတယ်ရှင့်။ဒါအပြင် 100% free တက်ရောက်ခွင့်အစီအစဉ်‌လေးလဲရှိပါတယ်။

Basic – တရုတ်စာ အခုမှစပြီးလေ့လာမယ့်သူများ အခြေခံမရှိသူများတက်ရောက်လို့ရပါတယ်။
• အခြေခံ ဗျည်း/သရများ
• အသံတုံးများ
• Pinyinပေါင်းစပ်ပုံများ
• အခြေခံစုတ်ချက်ရေးဆွဲနည်းများ
• အခြေခံတရုတ်စာလုံးများ စတာတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

Hsk1နှင့် Hsk2 အတန်းများမှာလဲ Hskစာအုပ်ထဲမှ အကြောင်းအရာများအပြင် levelနဲ့ ကိုက်ညီတဲ့ စာပိုဒ်များကိုလဲ ထည့်သွင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ ကျောင်းသားအများစုဖြစ်လေ့ရှိတဲ့ Hsk1,2 သင်ပြီးရင်တောင်မှ Hanzi ပဲဆို မဖတ်တတ်တာမျိုး Pinyin ပါမှ ဖတ်တတ်မျိုး မဖြစ်ရအောင် ရေးနည်းကစ စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်ခန်းစာပြီးဆုံးရင်လဲ Hsk စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် မေးခွန်းဟောင်း၁၀စုံ ကိုပါထည့်သွင်း လေ့ကျင့်ပေးသွားမှာပါ။
Zoom Class ဖြစ်တာကြောင့် စာမေးချင်တာဖြစ်ဖြစ် ၊သိချင်တာမရှင်းတာရှိ ရင် တစ်ခါတည်း မေးလို့ရပါတယ်။အတန်းပျက်ကွက်ပါကလဲ recording ပြန်ပေးမှာမို့ စိတ်ပူစရာမလိုပါဘူးနော်။

Hsk 1 အတန်းတွက်သင်တန်းကြေးကတော့ ၄၀၀၀၀ဖြစ်ပြီး ၁လ ၂၀၀၀၀စီ ခွဲသွင်းလို့ရပါတယ်။ပထမဆုံးလာအပ်တဲ့သူ၅ယောက် ကို 50% discount ချပေးမှာမို့ ၂၀၀၀၀တည်းနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Januray လ11ရက်နေ့အထိ လာအပ်တဲ့သူများကို 20% discount ပေးအုံးမှာပါရှင့်။Hsk 2 အတွက်လဲ discountတွေက တူတူပဲနော်။
နောက်ဆုံး Hsk1နှင့်Hsk2 ကို Zoom class 100% free တက်ရောက်နိုင်မယ့်အတန်းလေးလဲ ရှိပါသေးတယ်။
ဒီအစီအစဉ်လေးမှာ ပါဝင်ချင်ရင်တော့ Fu Xiao Chinese Language Class ကို Like and Follow လုပ်ထားတဲ့ screenshot လေးကို Postအောက်မှာ comment မန့်ပေးရင်ရပါပြီ

Hsk1,2 တစ်တန်းစီအတွက် ၃ယောက်စီ စုစုပေါင်း၆ယောက် ကံထူးသူများကို January ၈ရက်နေ့မှာ Pageမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းအကြောင်းအသေးစိတ်ကိုတော့ Page messengerမှာ လာရောက်စုံစမ်းလို့ရပါတယ်ရှင့်။

24/12/2024

又。。。再

ဒီနေ့ Sharig လုပ်ပေးမယ့်စာလုံးကတော့ 又နဲ့ 再ဖြစ်ပါတယ်။

又နဲ့ 再နှစ်ခုလုံးက ထပ်ပြီး ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။သူတို့ရဲ့နောက်မှာ Verbတွေလိုက်လေ့ရှိပါတယ်။
又迟到、又买、又来、又说。。。
再迟到、再买、再来、再去。。。

နှစ်ခုလုံးရဲ့အဓိပ္ပာယ်ကလဲ တူတယ်၊Verbလိုက်ရတာလဲ တူတယ်။ဒါဆို ဘယ်နားမှာ ကွဲသွားလဲဆိုတာ ကြည့်ကြည်ရအောင်နော်။

又ကို အဖြစ်အပျက်တစ်ခုက အတိတ်မှာ ထပ်ပြီးဖြစ်ပျက်ခဲ့တယ်၊ဒါမှမဟုတ် ဖြစ်ရိုးဖြစ်စဉ် ထပ်ဖြစ်နေတယ် စတဲ့အခြေအနေမျိုးတွေမှာသုံးတယ်။

E.g 前天他来了,昨天他又来了。(အတိတ်မှာ ထပ်ပြီးဖြစ်တာ)
Qiántiān tā láile, zuótiān tā yòuláile。

昨天晚上我念了几遍课文,今天早上我又念了两遍。(အတိတ်မှာ ထပ်ပြီးဖြစ်တာ)
Zuótiān wǎnshang wǒniànle jǐbiàn kèwén, jīntiān zǎoshang wǒyòu niànle liǎngbiàn.
မနေ့ညက ကျွန်တော် ဖတ်စာကို လေးငါးခေါက်လောက် ဖတ်ခဲ့တယ်။ခုမနက်၂ခေါက်ထပ်ပြီးဖတ်ခဲ့တယ်။

今天星期四,明天又是星期五了。(ဖြစ်ရိုးဖြစ်စဉ်ထပ်ဖြစ်တာ)
jīntiān xīngqīsì, míngtiān yòushì xīngqīwǔle。

再 ကို အဖြစ်အပျက်တစ်ခုက အခု၊အနာဂါတ် ဒါမှမဟုတ် အချိန်တစ်ခုမှာ ထပ်ပြီးဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်။

E.g
这本书我想再看一遍。
你们明天再来吧。
我们再玩儿一会儿吧。

20/12/2024

举办 Vs 举行

ဒီနေ့ Sharing လုပ်ပေးမယ့် စာလုံးကတော့ 举办နဲ့ 举行ပါ။

举办-ကျင်းပသည်

ကျင်းပဖို့ တိုင်ပင်သည်၊စီစဉ်သည်၊မကျင်းပရသေးတဲ့ အခြေအနေတွေမှာ 举办ကိုသုံးတယ်။

E.g
商场会举办各种各样的活动。
我们学校想要举办演唱会。

举行-ကျင်းပသည်

行က 进行(ကိစ္စတစ်ခုဖြစ်ပွားနေပြီ၊စတင်လုပ်ဆောင်နေပြီ)က လာတာဖြစ်ပြီး 举行ဆိုရင် တစ်ခုခု ကျင်းပပြီဆိုတဲ့ အချိန်မှာ သုံးတယ်။

E.g.
我们的商店今天举行一个活动。
昨天学校举行一场运动会。

နောက်ရက်တွေမှာလဲ ခုလို Sharing လုပ်ပေးမှာမို့ စောင့်ကြည့်ပေးပါအုံးနော်😍

19/12/2024

国外 Vs 外国

ဒီနေ့ sharing လုပ်ပေးမယ့်စာလုံးကတော့ 国外နဲ့ 外国ပါ။

国外-နိုင်ငံအပြင်ဘက်က

国外ကို သုံးရင် ရှေ့က 从(cóng)、在(zài)ထည့်သုံးလေးရှိတယ်။သူ့ရဲ့နောက်မှာ Verb လိုက်တယ်။စကားပြောမှာ ပိုအသုံးများတယ်။

从/在+国外+verb

E.g 这些是从国外买来的。
她在国外学习中文。

外国-ပြည်ပနိုင်ငံ

外国ကများသောအားဖြင့် nounတွေကို的 သုံးပြီး အထူးပြုတယ်။的မပါပဲလဲသုံးတယ်။国外 ကတော့ nounလိုက်လို့မရပါဘူး။

外国+的+Noun or 外国+Noun

E.g 外国的巧克力、外国的饭馆,外国人、外国语、。。。

နောက်ရက်တွေမှာလဲ ခုလို Sharing လုပ်ပေးမှာမို့ စောင့်ကြည့်ပေးပါအုံးနော်😍

18/12/2024



ဒီနေ့ Sharingလုပ်ပေးမယ့် စာလုံးလေးကတော့ 空ပါ။hànziစာလုံးက တူပေမယ့် kōng နဲ့ kòng ဆိုပြီး tone မတူတဲ့အခါ အသုံးပြုတဲ့နေရာတွေလဲ ကွဲသွားတယ်။

Kōng ကို လေဟာနယ် (ရာသီဥတုကို ပြောင်းလဲစေတဲ့လေထု)၊ဗလာဖြစ်သောနဲ့ပတ်သက်ပြီးသုံးတယ်။

E.g 空姐(kōngjiě)-လေယာဉ်မယ်、空话(kōnghuà)-အပြောပဲရှိပြီး အလုပ်မရှိတဲ့စကား、空气(kōngqì)-လေထု

Kòng ကို အချိန်နဲ့ပတ်သက်ပြီးသုံးတယ်။

E.g 今天有空儿吗?
Jīntiān yǒu kòngr ma?
ဒီနေ့ အချိန်ရှိလား။အားလား။

我没有空儿。
Wǒ méiyǒu kòngr。
ငါအချိန်မရှိဘူး။မအားဘူး။

空စာလုံးတွေ့တိုင်း ဘယ်tone နဲ့ ဖတ်ရမလဲ ဆိုတာ သတိပြုမိလောက်ပါပြီနော်။

နောက်ရက်တွေမှာလဲ ခုလို Sharing လုပ်ပေးမှာမို့ စောင့်ကြည့်ပေးပါအုံးနော်😍

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay