Korean Class by Ye Htut

Korean Class by Ye Htut အရင် follower 6.5k ရှိတဲ့ Page က ပျက်သွားလို့ပါ

ရုံးဆင်းချိန် အိမ်မှာရှိနေတဲ့ တစ်နာရီခွဲလောက်ကို အကျိုးရှိရှိ အသုံးချချင်သူများအတွက် Yonsei Level 1 Class အသစ် ဖွင့်လှစ်...
26/05/2026

ရုံးဆင်းချိန် အိမ်မှာရှိနေတဲ့ တစ်နာရီခွဲလောက်ကို အကျိုးရှိရှိ အသုံးချချင်သူများအတွက် Yonsei Level 1 Class အသစ် ဖွင့်လှစ်လိုက်ပါပြီ📚✨

ကိုရီးယားဘာသာစကားကို Grammar တွေအပိုင်အနိုင်နဲ့ Level 1 ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့ Tr. Thida (TOPIK Level - 5) ကိုယ်တိုင် သင်ကြားပြသပေးမယ့် Yonsei Level 1 Zoom Online Class ကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်!

📅 အတန်းစတင်မည့်ရက်: ၃.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
⏰ အတန်းနေ့ရက် - ဗုဒ္ဓဟူး မှ သောကြာအထိ
🗓️ အတန်းအချိန် - ည (၈:၀၀-၉:၃၀)
⏳ သင်တန်းကာလ: ၁၄ ပတ် (၃ လခွဲနီးပါး)
💵 သင်တန်းကြေး: ၁၈၀,၀၀၀ ကျပ်

နေရာကန့်သတ်ချက် ရှိနိုင်တာမို့ အမြန်ဆုံး အတန်းအပ်နှံပြီး သင်ခန်းစာတွေကို အတူတူ လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ! ဆရာမနဲ့အတူ အတန်းထဲမှာ တွေ့ကြဖို့ အတန်းအပ်နှံချင်ရင်တော့ Page Messenger ကို လာရောက်ဆက်သွယ်နိုင်ပါပြီခင်ဗျာ….💻🇰🇷

18/05/2026

Special Basic Class ကို သင်ကြားနေတဲ့
Tr.Thida (TOPIK 5)ရဲ့ အတန်းပါ 👩‍🏫

အခြေခံ foundation ကို ပိုင်နိုင်အောင် သင်ကြားပေးတဲ့အပြင် အသံထွက်တွေကို မှန်ကန်အောင် အသေးစိတ်ပြင်ပေးတဲ့ 쌤 👏🏼

ကိုရီးယားစာကို အခြေခံကနေ စပြီးသင်ယူဖို့အတွက်ဆိုရင်တော့ Korean Class by Ye Htut မှာ One on One Class တွေ/ Group Class တွေကို အချိန်ညှိနှိုင်းပြီး တက်ရောက်နိုင်ပါပြီခင်ဗျာ ❤️

10/05/2026

Yonsei Level 2 Class ကို သင်ကြားနေတဲ့
Tr.Nawarad (TOPIK 4)ရဲ့ အတန်းပါ 👩‍🏫

စာကို သေသေချာချာ အသေးစိတ်သင်ပြပေးတဲ့အပြင် 문법 တွေကိုလည်း ကိုယ်တိုင် presentation လုပ်ပြီး ရှင်းပြပေးတဲ့ 쌤 ပါ👏🏼

ကိုရီးယားစာကို ထပ်ပြီး Level အဆင့်ဆင့် သင်ယူဖို့အတွက်ဆိုရင်တော့ Korean Class by Ye Htut မှာ One on One Class တွေကို အချိန်ညှိနှိုင်းပြီး တက်ရောက်နိုင်ပါပြီခင်ဗျာ ❤️

G 12 ဖြေဆိုပြီးခါစ ကျောင်းသားတွေနဲ့ ကိုရီးယားစာကို ရည်မှန်းချက်အပြည့် ထပ်ပြီး လေ့လာချင်သူတွေအတွက် အထူးစီစဉ်ထားတဲ့ Summer...
06/05/2026

G 12 ဖြေဆိုပြီးခါစ ကျောင်းသားတွေနဲ့ ကိုရီးယားစာကို ရည်မှန်းချက်အပြည့် ထပ်ပြီး လေ့လာချင်သူတွေအတွက် အထူးစီစဉ်ထားတဲ့ Summer Special Classes တွေ လာပါပြီ! ☀️🇰🇷

ကိုရီးယားဘာသာစကားက လူငယ်တွေကြားမှာတင်သာမက လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်မှာပါ "ခေတ်ရေစီးကြောင်းအရ အလိုအပ်ဆုံး” ဘာသာစကားတွေထဲက တခုဖြစ်လာတဲ့အတွက် အားလပ်ရက်မှာ အချိန်တွေကို အလကားမဖြစ်အောင် မိမိနဲ့ အဆင်ပြေတဲ့အတန်းကို တက်ရောက်သင့်ပါတယ်ခင်ဗျာ!

🎓 ဖွင့်လှစ်မည့် အတန်းများ

1️⃣ Basic + Level 1 Class
G 12 ဖြေဆိုပြီးလို့ ကိုရီးယားစာကို ဝါသနာအရဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ အခြေခံကနေ စတင်ပြီး Level တစ်ခုအထိ 4 skill ကျကျ လေ့လာချင်သူများအတွက် အသင့်တော်ဆုံးအတန်းပါ! ရလဒ်အနေနဲ့ကတော့ ကိုရီးယားစာကို ကိုယ်တိုင် ဖတ်တတ်၊ ရေးတတ်ရုံတင်မကဘဲ စာကြောင်းများကို ကိုယ်တိုင် ကျွမ်းကျင်စွာ ရေးသား ပြောဆိုနိုင်ပါမယ်!

2️⃣ TOPIK II Preparation Class
လာမယ့် ၁၀ လပိုင်း မှာ ကျင်းပမယ့် TOPIK စာမေးပွဲမှာ Level 4 နဲ့ အောင်မြင်ချင်သူများအတွက် သီးသန့်ရည်ရွယ်ထားတဲ့အတန်းပါ။

TOPIK II ရဲ့ ခက်ခဲတဲ့ Meaning တွေအတွက် Topik vocabulary 2300, Listening နဲ့ Reading အတွက် 합격레시피 သင်ရိုးအပြင် အရေးကြီးဆုံးဖြစ်တဲ့ Writing ပိုင်းကို Topik 쓰기의 모든 것 စာအုပ် စုစုပေါင်း သင်ရိုးစာအုပ် သုံးအုပ်ဖြင့် လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

3️⃣ One on One Class (Private Class)
“အများနဲ့မတက်ချင်ဘူး၊ ကိုယ်တိုင်ပဲ သီးသန့် အာရုံစိုက်ပြီး ဆရာနဲ့ အနီးကပ် သင်ယူချင်တယ်" ဆိုသူများအတွက် အထိရောက်ဆုံး အတန်းပါ။

မိမိအဆင်ပြေတဲ့အချိန်မှာ သင်ယူနိုင်ပြီး သင်ယူလိုတဲ့ အပိုင်းကိုလည်း စိတ်ကြိုက် ညှိနှိုင်းနိုင်လို့ အချိန်တိုအတွင်း အထိရောက်ဆုံးနဲ့ တိုးတက်မှုတစ်ခုကို ရရှိစေပါတယ်

💡 ဘာကြောင့် ကျွန်တော်တို့ဆီမှာ တက်သင့်တာလဲ?
✅ Zoom Premium Class: အပြန်အလှန် မေးမြန်းနိုင်တဲ့ တိုက်ရိုက်သင်ကြားမှုစနစ်။
✅ High Qualification: TOPIK Level 5/6 ရရှိထားသည့် ဆရာ/ဆရာမများက သင်ကြားပေးခြင်း။
✅ Effective Results: စာမေးပွဲအတွက်ရော စကားပြောအတွက်ပါ ထိရောက်တဲ့ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားခြင်း။

📅 အတန်းချိန်အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ ထည့်ထားတဲ့အပြင် သင်တန်းသားဦးရေကိုလည်း ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းထားဖို့တော့ လိုပါတယ်ခင်ဗျာ…..

📩 အသေးစိတ် စုံစမ်းမေးမြန်းဖို့အတွက် Korean Class by Ye Htut ရဲ့ Page Messenger မှာ လာျရောက်ဆက်သွယ်နိုင်ပါပြီ!

#ကိုရီးယားဘာသာစကား

မနေ့ညက ကြည့်ဖြစ်တဲ့ The King’s Warden ဇာတ်လမ်းထဲက ကွပ်မျက်ခံခဲ့ရတဲ့ ဘုရင်ဒန်ဂျုံးအကြောင်းကို သိသလောက်လေး sharing လုပ်ပေး...
01/05/2026

မနေ့ညက ကြည့်ဖြစ်တဲ့ The King’s Warden ဇာတ်လမ်းထဲက ကွပ်မျက်ခံခဲ့ရတဲ့ ဘုရင်ဒန်ဂျုံးအကြောင်းကို သိသလောက်လေး sharing လုပ်ပေးပါရစေ 📜

ကိုရီးယားသမိုင်းကို စိတ်ဝင်စားသူတွေအတွက် ဂျိုဆွန်းမင်းဆက် (Joseon Dynasty) အကြောင်းဟာ ရုပ်ရှင်တွေထဲမှာ အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းနေဆဲပါ။ ဂျိုဆွန်းခေတ်က ၁၃၉၂ ခုနှစ်မှာ ထယ်ဂျိုမင်းကြီး (King Taejo) က ကိုလျော (Goryeo) ကို အောင်နိုင်ခဲ့ပြီး နိုင်ငံရဲ့ နာမည်သစ်ကို သတ်မှတ်ရာက စတင်ခဲ့တာဖြစ်ပီးတော့ ၂၇ ဆက်မြောက်မင်း ဆွန်းဂျုံး (King Sunjong) အထိ နှစ်ပေါင်း ၅၀၀ နီးပါး ကြာရှည်ခဲ့တဲ့ မင်းဆက်တစ်ခု ဖြစ်ပါတယ်။

ဒီသမိုင်းတလျှောက်မှာ လူအပြောအများဆုံးနဲ့ ကြေကွဲစရာအကောင်းဆုံးမင်းဆက်ကတော့ (၆) ဆက်မြောက်ဘုရင် ဒန်ဂျုံး (Danjoing) ပဲ ဖြစ်ပါတယ်။💔

နန်းသက်တိုပြီး အဖြစ်ဆိုးခဲ့ရတဲ့ လူငယ်ဘုရင်
ဘုရင်ဒန်ဂျုံး (အီဟုန်းဝီ) ဟာ ဂျိုဆွန်းခေတ် ဘုရင်တွေထဲမှာ နန်းသက်အတိုဆုံးနဲ့ အနိဋ္ဌာရုံအရှိဆုံး ဘဝကို ပိုင်ဆိုင်ခဲ့ရသူပါ။ သူ့ရဲ့ အဖေ ဘုရင်မွန်ဂျုံး ကွယ်လွန်သွားချိန်မှာ ဒန်ဂျုံးဟာ အသက် (၁၂) နှစ်သား အရွယ်ဘဲ ရှိပါသေးတယ်။ ငယ်ရွယ်လွန်းတဲ့ ဘုရင်လေးက နန်းတွင်းအမတ်တွေနဲ့ မိမိရဲ့ ဦးလေးတော်စပ်သူ စူယန်းမင်းသား (နောက်ပိုင်း ဘုရင်ဆယ်ဂျို) ရဲ့ အာဏာလုယူမှုကို ခံခဲ့ရပါတယ်။ အာဏာကို လက်လွှတ်ပေးလိုက်ရရုံတင်မကဘဲ ဝေးလံတဲ့ အရပ်(မြန်မာပြည်ဆို မဲဇာတောင်ခြေလိုမျိုး) ကို နယ်နှင်ဒဏ် ပေးခြင်းခံခဲ့ရပါတယ်။

🕯️ အသက် (၁၇) နှစ်မှာ နယ်နှင်ဒဏ်ခံနေရစဉ်မှာပဲ "ပုန်ကန်မှု ကြံစည်တယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် (၁၇) နှစ်အရွယ်မှာတင် ကွယ်လွန်ခဲ့ရပါတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး "The King's Warden: 왕과 사는 남자" ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။မကြည့်ရသေးတဲ့သူတွေကို ကြည့်စေချင်ပါတယ်။ ဇာတ်လမ်းသဘောအရ လုပ်ထားတာလေးတွေကို ရှိပေမဲ့ သမိုင်းမှာ တကယ်ဖြစ်ခဲ့တဲ့အဖြစ်ပျက်မလို့ပါ။

အဲချိန်ကတည်းက ဘုရင်အဖြစ် အသိအမှတ်မပြုခံခဲ့ရပေမယ့် နှစ်ပေါင်းများစွာအကြာ ဘုရင်ဆွတ်ဂျုံး (King Sukjong) လက်ထက်မှာတော့ ဒန်ဂျုံးကို ဘုရင်အဖြစ် ပြန်လည်အသိအမှတ်ပြုပြီး သမိုင်းမှတ်တမ်း တင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘုရင်ဒန်ဂျုံးရဲ့ ဂူဗိမာန် (Jangneung) ကို ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီးတော့ ဂန်ဝန်းဒို၊ယောင်ဝေါလ် (Yeongwol) ဒေသမှာ သေချာလေး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်လို့ ဆိုပါတယ်။

ကိုရီးယားသမိုင်းကို ဒါရိုက်တာတွေက သေချာရိုက်ပြတတ်တော့ ဒီလို စိတ်ဝင်စားစရာ အပိုင်းအစလေးတွေဟာ လက်ရှိခေတ်မှာလည်း ရုပ်ရှင်တွေထဲမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

April 11 ရက်နေ့မှ 17 ရက်နေ့အထိ Online Class များ အားလုံး အတန်းပိတ်ပါတယ်ခင်ဗျာ! ❤️နှစ်ဆန်းနှစ်ရက်နေ့မှ အတန်းအားလုံး ပြန်ဖ...
08/04/2026

April 11 ရက်နေ့မှ 17 ရက်နေ့အထိ Online Class များ အားလုံး အတန်းပိတ်ပါတယ်ခင်ဗျာ! ❤️

နှစ်ဆန်းနှစ်ရက်နေ့မှ အတန်းအားလုံး ပြန်ဖွင့်ပါမယ်!

ယောရောဘွန်းတို့အားလုံး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းတဲ့ သကြင်္န်ပိတ်ရက်ကို ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ…✨💦

06/04/2026

Basic Speaking Class (one on one) Class ကို သင်ကြားနေတဲ့ Tr.Ei Ei Khin (TOPIK 4) ရဲ့ အတန်းပါ 👩‍🏫

Speaking အတန်းမှာလည်း Reading ကို သင်ကြားဖို့ လိုပါတယ်။ Reading ကောင်းမှ ကိုရီးယားလူမျိုးတွေ ပြောသလို အတွေးအခေါ် idea နှင့် ဝေါဟာရတွေ ကြွယ်ဝလာမှာပါ။ များများဖတ်ပေးမှ အသံနေအသံထားလည်း ကောင်းမွန်လာပြီး Speaking အပိုင်းမှာလည်း တိုးတက်လာမှာ ဖြစ်ပါတယ် 👏🏼

Speaking Class မှာ Basic Level နဲ့ Intermediate Level ဆိုပြီး နှစ်မျိုးရှိတာမလို့ Korean Class by Ye Htut မှာ Speaking အတွက် One on One Class တွေကို အချိန်ညှိနှိုင်းပြီး တက်ရောက်နိုင်ပါပြီခင်ဗျာ ❤️

03/04/2026

Yonsei Level 2 (one on one) Class ကို သင်ကြားနေတဲ့
Tr.Yu Yu (TOPIK 6) ရဲ့ အတန်းပါ 👩‍🏫

ဆရာမကလည်း အသင်အပြကောင်းတဲ့အပြင် ကျောင်းသူကလည်း စာကြိုးစားတယ်ဆိုတော့ အရမ်းကို Chemistry မိတဲ့ အတန်းလေးပါ👏🏼

ကိုယ်တတ်ပြီးသား Level ကို ထပ်ပြီး Upgrade မြှင့်ဖို့အတွက်ဆိုရင်တော့ Korean Class by Ye Htut မှာ One on One Class တွေကို အချိန်ညှိနှိုင်းပြီး တက်ရောက်နိုင်ပါပြီခင်ဗျာ ❤️

27/03/2026

“Korean For Kids” အတန်းကို သင်ကြားနေတဲ့
Tr.Shoon Lae (TOPIK 5) ရဲ့ အတန်းပါ 👩‍🏫

အခြေခံကနေ စပြီး သင်ကြားပေးခဲ့တာ အခုဆိုရင် တလမပြည့်သေးခင်မှာဘဲ အသတ်သံတွေကို ရေးတတ်ဖတ်တတ်တဲ့ အနေအထားကိုတောင် ရောက်နေပါပြီ 👏🏼

မိမိတို့ရဲ့ သားသမီးတွေကို ကိုရီးယားဘာသာစကားသင်ပေးဖို့အတွက်ဆိုရင် Korean Class by Ye Htut မှာ One on One Class တွေကို အချိန်ညှိနှိုင်းပြီး တက်ရောက်နိုင်ပါပြီခင်ဗျာ ❤️

Basic ကတည်းက ဆရာရဲထွဋ်နဲ့ သင်လာတဲ့ ကျောင်းသူအစ်မကြီးက အခုဆို Baekseok University ကို D2 visa နဲ့ ရောက်သွားပါပြီခင်ဗျာ! 축...
21/03/2026

Basic ကတည်းက ဆရာရဲထွဋ်နဲ့ သင်လာတဲ့ ကျောင်းသူအစ်မကြီးက အခုဆို Baekseok University ကို D2 visa နဲ့ ရောက်သွားပါပြီခင်ဗျာ! 축하드립니다!🥳

လက်ရှိမှာလဲ TOPIK II Preparation Class ကို online ကနေ ဆက်ပြီး သင်ကြားနေဆဲမလို့ တကယ်ကို အားရကျေနပ်ရပါတယ် 🥰

ကျွန်တော်တို့ရဲ့ Korean Class by YE HTUT က ကျောင်းနဲ့ ချိတ်ဆက်ပေးနေတဲ့ Agency တစ်ခုမဟုတ်ပေမဲ့ Korean Language နဲ့ ပတ်သက်လာရင်တော့ ဘယ်ရောက်ရောက် မျက်နှာမငယ်စေရအောင် သင်ကြားပေးနေဆဲပါ! 🔥

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Korean Class by Ye Htut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share