12/02/2026
Social Media ခေတ်မှာ Content တစ်ခု၊ Script တစ်ခုရဲ့အသက်ဟာ Hook ပါပဲ 💯
လူတွေရဲ့ Attention (အာရုံစိုက်မှု) ကို
ပထမဆုံး ၃ စက္ကန့်အတွင်းမှာ
ဖမ်းစားနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။
👉 Hook ဆိုတာ
စာဖတ်သူ ဒါမှမဟုတ် ကြည့်ရှုသူကို
Content ရဲ့ အစမှာတင်
"ဟင်... ဒါလေးက ဘာများလဲ" ဒါမှမဟုတ် " ဒီကိစ္စငါနဲ့ဆိုင်သားပဲ" ဆိုပြီး
စိတ်ဝင်စားသွားအောင် ဖမ်းယူလိုက်တဲ့
အဖွင့်စကားလုံး၊ စာသား ဒါမှမဟုတ်
ပုံရိပ်ကို ဆိုလိုတာပါ။ 💯
ငါးမျှားချိတ် (Hook) လို သဘောမျိုးပဲ
လူတွေရဲ့စိတ်ဝင်စားမှုကို လျှပ်တစ်ပြက်အတွင်းမှာ အမိအရဆွဲငင်ယူတာပဲဖြစ်ပါတယ်။
📌 ဘာကြောင့် Hook ယူဖို့ လိုအပ်တာလဲ?
🔹 လူတွေဟာ တစ်နေ့တစ်နေ့
ဖုန်း Screen ပေါ်မှာ
Scroll Time အကြိမ်ပေါင်းများစွာ
ဆွဲနေကြတဲ့အထဲ
Scrolling ကို ရပ်တန့်နိုင်ဖို့ ထူးခြားတဲ့
Hook သာမပါရင်
သင့် Content ကိုကျော်သွားတော့မှာပဲ
ဖြစ်ပါတယ်။
🔹 အစပိုင်းအဖွင့်မှာတင် စိတ်ဝင်စားစရာကောင်းနေမှသာ
ဆုံးအောင်ဆက်ကြည့်မှာဖြစ်ပြီး Like, Comment, Share တွေလုပ်ဆောင်လာမှာပါ။
🔹 အသုံးအများဆုံး Hook ယူရေးသားနည်း (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
အသုံးအများဆုံးနဲ့ အထိရောက်ဆုံး
နည်းလမ်း (၃) ခုက ဘာတွေဖြစ်မလဲဆိုရင် -
(၁) The Problem & Solution (ပြဿနာနှင့်အဖြေ)
လူတွေမှာရှိနေတဲ့ အခက်အခဲတစ်ခုကို ထောက်ပြပြီး အဖြေရှိတယ်လို့သိမ်းသွင်းတာမျိုး ဖြစ်ပါတယ်။
ဥပမာ: "ညဘက်တွေ အိပ်မပျော်လို့ စိတ်ညစ်နေပါသလား? ဒီနည်းလမ်းလေး (၃) ခုကို စမ်းလုပ်ကြည့်လိုက်ပါ။"
(၂) The Negative Hook (ကြောက်စိတ် (သို့)
မဟုတ် အမှားကိုထောက်ပြခြင်း)
လူတွေရဲ့ ကောင်းတာရဖို့ထက် ဆုံးရှုံးမှာကို ပိုကြောက်တတ်တဲ့ သဘောကိုအသုံးချတာပဲဖြစ်ပါတယ်။
ဥပမာ: "ဒီအချက်ကို မသိသေးသရွေ့တော့ သင် ပိုက်ဆံတွေအလဟဿ ကုန်နေဦးမှာပဲ။"
(၃) The Authority / Social Proof
(ယုံကြည်မှု တည်ဆောက်ခြင်း)
အောင်မြင်မှုရလဒ်တွေ ဒါမှမဟုတ်
ကိန်းဂဏန်းတွေနဲ့ အစပျိုးတာမျိုးပဲဖြစ်ပါတယ်။
ဥပမာ: "ကျွန်တော် ဒီနည်းလမ်းကိုသုံးပြီး (၁) လအတွင်းမှာ Follower ၁ သောင်း
ဘယ်လိုရခဲ့လဲဆိုတာ မျှဝေပေးသွားပါမယ်။"
📌 Social Media Post တွေမှာ ဘယ်လို Hook ယူရေးမလဲ?
Social media မှာ Hook ရေးတော့မယ်ဆိုရင်
အောက်ပါအချက်လေးတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
🔹 ပထမဆုံးစာကြောင်းမှာတင် အဆုံးအဖြတ်ပေးပါ
Caption ရေးတဲ့အခါ "See More" ကို မနှိပ်ခင်မှာမြင်ရမယ့် ပထမဆုံးစာကြောင်းကို အကောင်းဆုံးဖြစ်အောင်ရေးဖို့လိုပါတယ်။
🔹 Visual Hook ကိုသုံးပါ
စာသားတင်မကဘဲ ပုံမှာပါတဲ့ စာလုံးကြီးကြီးတွေ၊ ထူးခြားတဲ့အမူအရာတွေနဲ့ ဖမ်းစားတဲ့
နည်းလမ်းကိုလည်း သုံးလို့ရပါတယ်။
🔹 Target ကို တိုက်ရိုက်ခေါ်ပါ
"Online Shop ပိုင်ရှင်တွေအတွက်..." "ကျောင်းသားတွေအတွက်..." စသဖြင့် သက်ဆိုင်တဲ့သူကို တိုက်ရိုက်ခေါ်ပြီးရေးတာမျိုးက
ပိုမိုထိရောက်စေနိုင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘယ်လို Hook မျိုးတွေကိုသုံးရတာ သဘောကျလဲ ❓
အခုကျွန်တော့်ရဲ့ပိုစ့်မှာသုံးထားတဲ့ Hook ကရော ဘာတွေများဖြစ်မလဲဆိုတာ
အချိန်ရရင် Comment မှာ
ပြောသွားပေးပါဦးနော်။ 🍀
04/02/2026
📌 Prompt Engineering ဆိုတာ ဘာလဲ ?📝
လွယ်လွယ်ပြောရရင်တော့ AI (ဥပမာ - ChatGPT, Gemini) ဆီကနေ
ကိုယ်လိုချင်တဲ့ အဖြေကို အတိအကျထွက်လာအောင်
"ညွှန်ကြားချက်တွေကို စနစ်တကျ ရေးသားတဲ့အတတ်ပညာ" ပဲဖြစ်ပါတယ်။ 📝
တစ်နည်းပြောရရင် AI နဲ့ လူနဲ့ကြားမှာ အပြန်အလှန် နားလည်စေမယ့်
"စကားပြန်" အတတ်ပညာလိုမျိူးပေါ့။
📌 ဘာကြောင့် အရေးကြီးတာလဲ ?
AI ဆိုတာ ကိုယ်မေးသလောက်ပဲ ဖြေတတ်တဲ့ သဘောတရားရှိပါတယ်နော်။
ဒါကြောင့် မေးခွန်းတစ်ခုကို သာမန်လေးမေးတာနဲ့
စနစ်တကျ "Prompt" ပေးပြီး မေးတာမှာ
ထွက်လာတဲ့ရလဒ်က ကောင်းကင်နဲ့
မြေကြီးလိုပဲ ကွာခြားသွားနိုင်တာကြောင့်
AI ရဲ့ စွမ်းဆောင်ရည်ကို ၁၀၀% အပြည့်အဝ အသုံးချနိုင်ဖို့အတွက်
ဒီပညာက မရှိမဖြစ်လိုအပ်လာတာပဲ
ဖြစ်ပါတယ်။
📌 ဘယ်လိုမျိုးနေရာတွေမှာ အသုံးများလဲ?
🔹 Content Writing (ဆောင်းပါးတွေ၊ ကဗျာတွေ၊ Marketing စာသားတွေ ရေးတဲ့နေရာ)
🔹 Programming (Code ရေးခိုင်းတာ
ဒါမှမဟုတ် Error ရှာခိုင်းတဲ့နေရာ)
🔹 Graphic Design (Midjourney လို AI တွေမှာ ပုံလှလှလေးတွေ ထွက်လာအောင် ဖန်တီးတဲ့နေရာ)
🔹 Business (Data တွေကို Analysis လုပ်တာနဲ့ Report တွေ အကျဉ်းချုပ်ခိုင်းတဲ့နေရာ) စတဲ့နေရာတွေမှာ အများဆုံးအသုံးပြုကြပါတယ်။
📌 ဘယ်လိုလူတွေ တတ်မြောက်ထားသင့်လဲ ?
ဒီနေ့ခေတ်မှာ နည်းပညာနဲ့ အလုပ်လုပ်နေရတဲ့သူတိုင်း တတ်ထားသင့်ပါတယ်။
အထူးသဖြင့် ကျောင်းသားတွေ၊ Content Creator တွေ၊ Graphic Designer တွေ၊ Programmer တွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့
မိမိတို့လုပ်ငန်းရဲ့ Productivity ကို (၁၀) ဆမက မြန်ဆန်စေချင်တယ်ဆိုရင်တော့
ဒီပညာရပ်ကို မဖြစ်မနေတတ်ထားသင့်ပါတယ်
📌 ဘယ်အချိန်မှာ စလေ့လာသင့်လဲ ?
အဖြေကတော့ "အခုချက်ချင်း" ပါပဲ။ ခုဒီပိုစ့်ကိုဖတ်ပြီးတဲ့အချိန်ကနေ စလေ့လာလို့ရပါပြီ
AI ခေတ်က အရှိန်အဟုန်နဲ့ သွားနေတာဖြစ်လို့ ကိုယ်တစ်ယောက်ထဲနောက်ကျကျန်မနေခဲ့ဖို့ဆို
အခုကတည်းက လက်တွေ့အသုံးချကြည့်ရင်း စတင်လေ့လာထားသင့်ပါပြီ။
📌 ဘယ်လိုမျိုး စတင်လေ့လာလို့ရမလဲ ?
(၁) ပထမဦးဆုံး အရင်စမ်းသပ်ပါ
AI ကို မေးခွန်းတစ်ခုတည်းကိုပဲ ပုံစံအမျိုးမျိုး ပြောင်းပြီး မေးကြည့်ပါ။
(၂) Framework တွေသုံးပါ
Context (နောက်ခံအကြောင်းအရာ)၊
Task (လုပ်ဆောင်ရမယ့်အလုပ်) နဲ့ Format (ဘယ်လိုပုံစံနဲ့ အဖြေထုတ်ပေးရမလဲ) ဆိုတဲ့ အဆင့်တွေအတိုင်း ရေးပြီးလေ့ကျင့်ပါ။
(၃) အခမဲ့လေ့လာလို့ရနိုင်မယ့် နေရာတွေ
ရှာကြည့်ပါ
YouTube (ဥပမာ - DeepLearning.AI ရဲ့ အခမဲ့သင်တန်းများ)၊ Coursera နဲ့ OpenAI/Google တို့ရဲ့ တရားဝင် Documentation တွေမှာလည်း အခမဲ့လေ့လာနိုင်ပါတယ်။
ဒါကတော့ ကျွန်တော်ကိုယ်တိုင် လေ့လာပြီး လက်တွေ့အသုံးချကြည့်နေတဲ့
Promot Engineering နဲ့ပတ်သက်လို့
တီးမိခေါက်မိရှိထားတာလေးတွေ
ပြန်လည်မျှဝေပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။
Digital Marketing နယ်ပယ်က မိတ်ဆွေများနဲ့ အခုမှစတင်လေ့လာနေတဲ့သူတွေအနေနဲ့လည်း
အကျိုးတစ်စုံတစ်ရာရရှိနိုင်ကြလိမ့်မယ်လို့
ယုံကြည်ပါတယ်ခင်ဗျာ။ 🍀
30/01/2026
Content Writer တွေရဲ့ထမင်းအိုးကို
AI က တကယ်ပဲရိုက်ခွဲပစ်တော့မှာလား ❓
ဒါမှမဟုတ် ထမင်းအိုးထဲကနေ အသင့်ခူးခပ်စားဖို့
ဇွန်းတစ်ချောင်း ဖြစ်လာနိုင်မလားဆိုတာ
တစ်ချက်စဉ်းစားကြည့်လိုက်ကြရအောင် 💭
အခုချိန်အထိ " AI ကိုအသုံးချတဲ့ Writer " နဲ့
" AI ကို ကြောက်နေတဲ့ Writer " ဆိုပြီး
နှစ်ခြမ်းကွဲနေနိုင်ပါသေးတယ်။
မိတ်ဆွေကရော ဘယ်အထဲမှာပါနေပြီလဲ ❓
AI က စက္ကန့်ပိုင်းအတွင်းမှာ အချက်
အလက်တွေကို စုစည်းတင်ပြနိုင်ပေမယ့်
လူတစ်ယောက်ရဲ့ခံစားချက်၊
ဟာသညဏ်နဲ့ အတွေ့အကြုံတွေကနေ
တစ်ဆင့်ထွက်ပေါ်လာတဲ့
အရေးအသားမျိုးကိုတော့ တော်ရုံနဲ့
လိုက်မှီနိုင်ဦးမှာမဟုတ်ပါဘူး။ ‼️
📌 AI ကသာ ခဲတံတစ်ချောင်းဖြစ်မယ်ဆိုရင်
Writer ဟာ ပန်းချီဆရာပါပဲ။
🔹 AI က မြန်တယ်၊ Data စုံတယ်၊ Grammer မှန်တယ် စတဲ့အားသာချက်တွေကို
🔹 Content Writer တစ်ယောက်ရဲ့
ခံစားနိုင်စွမ်း၊ Creative Flow နဲ့
Tone of Voice ကိုပေါင်းစပ်လိုက်ခြင်းဟာ
မိတ်ဆွေရဲ့ Work Flow ကိုပိုမြန်အောင်
ကူညီပေးနိုင်ပါလိမ့်မယ်။ 💯
တကယ်တမ်းမိတ်ဆွေတို့ရဲ့ ထမင်းအိုးကို
ရိုက်ခွဲနိုင်တာက AI မဟုတ်ပါဘူး ‼️
AI ကိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်တဲ့
Content Writer တွေကသာ
ကျွမ်းကျင်စွာ အသုံးမချနိုင်တဲ့ Content Writer တွေရဲ့ ထမင်းအိုးကို
ရိုက်ခွဲကောင်း ရိုက်ခွဲလာနိုင်ပါတယ်။
ဒါကြောင့် မိတ်ဆွေက Content Writer
တစ်ယောက်ဖြစ်မယ်ဆိုရင်
AI ကကြောက်ရမယ့်အရာ မဟုတ်ပါဘူး
AI ကို ကိုယ့်ရဲ့လက်ထောက်အဖြစ်
အသုံးမချနိုင်မှာကိုသာ ကြောက်သင့်ပါတယ်။
ဒါဆိုရင် Content Writer တွေအနေနဲ့ ဘယ်လိုမျိုး
Survive ဖြစ်အောင်နေမလဲ?
📌 (၁) AI ကို ကိုယ့်ရဲ့ Junior Writer
တစ်ယောက်အဖြစ်အသုံးချပါ
ဥပမာ: Headline ကူစဉ်းစားခိုင်းတာ၊
အချက်အလက်ရှာခိုင်းတာမျိုးတွေမှာ
AI ကို အသုံးချပြီး အချိန်ကုန်သက်သာအောင်လုပ်ပါ။
📌 (၂) Storytelling များများလုပ်ပါ
AI ဆန်တဲ့ စာသားတွေထက် လူတွေရဲ့ရင်ထဲကိုရောက်စေနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို
ပိုအသားပေးပြီးဖန်တီးရေးသားပါ။
📌 (၃) Prompt Engineering ပညာရပ်ကို
စနစ်တကျသင်ယူပါ
ဒီနေ့ခေတ်မှာ AI ကို Prompt ကောင်းကောင်းပေးတတ်တဲ့ Skill ကလည်း
အနည်းနဲ့အများ စကားပြောလာပါတယ်။
AI ဆီကနေ အကောင်းဆုံးအဖြေတစ်ခု
ထွက်လာအောင်
ဘယ်လိုမျိုးခိုင်းရမလဲသိထားခြင်းက
မိတ်ဆွေတို့ကို High-level Content Writer တစ်ယောက်ဖြစ်လာစေဖို့
အကူညီပေးနိုင်မှာ အသေအချာပါပဲ။ ✍🏻
အားလုံးပဲအကျိုးတစ်စုံတစ်ရာ ရရှိနိုင်ကြပါစေ။ 🫰🏻🍀
29/01/2026
Content ရေးနည်းစာအုပ်တွေ၊ အများစုက
E-Book လိုမျိုးတွေ ဝယ်ဖတ်ဖြစ်ကြတယ်
ဒါမှမဟုတ် သင်တန်းတစ်ခုခု Join လိုက်တယ်
အခြေခံလောက်သိသွားပြီးရင်
တကယ်ပဲ ကိုယ့်ကိုကိုယ် Content Writer
တစ်ယောက်ဖြစ်ပြီလို့ထင်ပါသလား ❓
စာအုပ်တွေ၊ သင်တန်းတွေက
ကိုယ့်ရဲ့ Career လမ်းကြောင်းပေါ်ကို
စတင်လျှောက်လမ်းရမယ့် တံခါးချပ်ကို
ဖွင့်ပေးနိုင်မယ့်
သော့တစ်ချောင်း သက်သက်ပဲဖြစ်ပါတယ်။
Content Writer အစစ်ဖြစ်ဖို့ဆိုရင်
Writer ဆိုတဲ့အတိုင်း လက်တွေ့မှာ
အရင်ဦးဆုံး စာများများရေးဖို့လိုအပ်ပါတယ်
ရေးနိုင်သလောက် ရေးပါ၊
နယ်ပယ်စုံအောင် စမ်းရေးကြည့်ပါ ✍🏻
ရေးပါများလာမှ အတွေ့အကြုံရမယ်
အတွေ့အကြုံများလာမှ အဆိုးအကောင်းနဲ့
ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကို
တွေ့ရမှာဖြစ်ပါတယ်။ 💯
ဒါမှလည်း ကိုယ့်ရဲ့ Specialize သွားရမယ့်
လမ်းကြောင်းကို ရှာတွေ့ပြီး
ပိုကောင်းတဲ့ Quality Content တွေကို
ဖန်တီးလာနိုင်မှာပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် အမှန်တကယ် Content Writer
တစ်ယောက်ပါလို့ခံယူနိုင်ဖို့အတွက်ရင်
ယေဘုယျအားဖြင့် ကိုယ့်ကိုကိုယ်
မေးခွန်း (၃) ခုမေးကြည့်ဖို့လိုပါတယ်။
ဒါကတော့ ကျွန်တော်တစ်ဦးတည်းရဲ့အမြင်ပါ
လူတစ်ယောက်နဲ့တစ်ယောက်တော့ တူနိုင်မှာ
မဟုတ်ကြောင်း ကြိုတင်အသိပေးပါရစေ
(၁) စာရေးရတာတင်မကဘဲ စာဖတ်ရတာကိုပါ
တကယ်ဝါသနာပါရဲ့လား ?
Content Writer တစ်ယောက်ဖြစ်ဖို့
စာရေးတတ်ရုံနဲ့တစ်ခုနဲ့ မရပါဘူး၊
စာဖတ်ရတာ ဝါသနာပါဖို့နဲ့ Research အားကောင်းဖို့လည်း လိုအပ်ပါသေးတယ်။
(၂) ကိုယ်ရေးလိုက်တဲ့စာတွေက ဘယ်သူတွေအတွက်လဲ ?
Content တစ်ပုဒ်ဖန်တီးလိုက်တိုင်းမှာ
Target Audience လို့သိကြတဲ့
ဘယ်သူတွေကိုရည်ရွယ်ပြီး ရေးလည်းဆိုတဲ့
ဦးတည်ချက်အမြဲပါရှိဖို့လိုပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့
(၃) ကိုယ့်ရဲ့ Unique Voice လို့ခေါ်တဲ့
ကိုယ်ပိုင်စာရေးဟန်ရော ရှိထားပြီလား ?
ကိုယ်ရဲ့စာရေးဟန်ကို သူများတွေနဲ့မတူအောင်
ဘယ်လိုမျိုးရေးသားတင်ပြမလဲ
အတည်အတံ့လား၊
ဟာသလေးနှောပြီး ရေးမလား?
အကြံပေးတဲ့သဘောမျိုး၊ Sharing လုပ်တဲ့
သဘောမျိုးပဲရေးမလား စသဖြင့်ပေါ့။
ယေဘုယျအားဖြင့် ဒီအချက်တွေ
ကိုယ့်စီမှာရှိနေပြီဆိုရင်တော့
ဒါဟာ မိတ်ဆွေအနေနဲ့
Content Writing Career ထဲကို
ရဲရဲဝံ့ဝံ့ရှေ့ဆက်လှမ်းဖို့အတွက်
တစ်ခါးတစ်ချပ်ပွင့်လာသလိုပဲမို့
ရှေ့ဆက်ပြီး ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ယုံကြည်မှုအပြည့်နဲ့
လျှောက်လှမ်းပါလို့ တိုက်တွန်းပြောကြားရင်းနဲ့ပဲ
နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးပဲအကျိုးတစ်စုံတစ်ရာ ရရှိနိုင်ကြပါစေ။ 🫰🏻🍀
#သင်တန်း
09/12/2025
Content တွေ ရေးလာတာကြာရင်
Idea Block ဖြစ်မလာနိုင်ဘူးလား ❓
ဟုတ်ကဲ့...အခိုက်အတန့်အားဖြင့်တော့
ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
ဘယ်အချိန်တွေမှာ အဖြစ်များလည်းဆိုတော့
Junior Level မှာ အချိန်တစ်ခုအထိ
ရပ်တည်လာပြီးတဲ့အခါနဲ့
Content Writing ကို ဂဃနဏမသိခင်
စပ်ကြားမှာ ဖြစ်ကြတာများပါတယ်။
ဒါပေမယ့် Content Writing ဆိုတဲ့
ပညာရပ်ကလည်း
လုပ်ငန်းတွေထဲက တစ်ခုပဲဖြစ်လို့ 💯
စာရေးတာကြာလာတဲ့အခါ အိုင်ဒီယာတွေ
ခမ်းခြောက်လာမယ်ထင်နေရင်တော့
အပြည့်အဝ မှန်နိုင်မှာမဟုတ်ပါဘူး။
လိမ္မာရာ ကျွမ်းကျင်ဆိုသလို
အိုင်ဒီယာမခမ်းတော့ဘဲ၊
တင်စားပြီးပြောရရင် ဖောက်ထွက်ရမယ့် လမ်းကြောင်းတွေရှာတတ်သွားတယ် ပြောရပါမယ်။
ရေးပါများလာလေ ဘယ်လိုမျိုးမတူအောင်၊ Creative ဖြစ်အောင် ရေးလို့ရမလဲဆိုတာကို
အဖြေရှာတတ်သွားပါလိမ့်မယ်။
ဒါဟာ စမ်းတဝါးဝါး ပြောခြင်းမျိုးမဟုတ်ဘဲ
ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံပေါ်မှာ
ခြုံငုံသုံးသပ်ပြီး ရေးသားတင်ပြခဲ့တာပဲ
ဖြစ်ပါတယ်။
ဒါကြောင့် ဂျူနီယာ ဝရိုက်တာများနဲ့
အခုမှ Content လောကထဲကိုစတင်
ဝင်ရောက်မယ့် ညီငယ်၊ ညီမငယ်များအတွက်
သွေးနေတဲ့ပုဆိန်ဟာ ပိုထက်ပါကြောင်း
နိဂုံးချုပ်ပြောကြားရင်းနဲ့
အကျိုးတစ်စုံတစ်ရာ ရရှိကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🫰🏻🍀
Please Like&Follow for more: https://www.facebook.com/profile.php?id=61568228300784&mibextid=LQQJ4d
14/02/2025
တစ်ခါတစ်လေ ကိုယ်ကတော့ ဘောင်ထဲဝင်အောင်ရေးပေးလိုက်ပေမယ့်
Content အကြောင်း နည်းနည်းပါးပါး
တီးမိခေါက်မိဖြစ်တဲ့ Client တစ်ချို့က
Revise လာတတ်ကြတယ်။
ဘယ်လိုမျိုးလဲဆိုတော့ Creative ပိုဖြစ်တာ၊ သူများနဲ့ကွဲပြားတာလိုချင်တာ မျိူးပေါ့။
အဲလိုအချိန်မှာ ကိုယ်က Client အကြိုက်
ပြင်ရေးပေးလိုက်လို့ အဆင်ပြေသွားကောင်း
ပြေသွားမယ်။
ဒါပေမယ့် Content တစ်ပုဒ်ကောင်းတယ်ဆိုတာက ဖတ်လို့ကောင်းယုံ၊ Creative ဖြစ်ယုံနဲ့ မရပြန်ဘူး
Digital Marketing မှာ အဘက်ဘက်က
မြင်နိုင်မှ အဆင်ပြေတယ်။
သူများနဲ့တော့ ကွဲပြားနေပြီး ဖတ်လို့ကောင်းပေမယ့် Keyword တွေ၊ Power Words တွေမပါရင်လည်း ထင်သလောက်မအောင်မြင်ပြန်ပါဘူး။
ဒီလိုလေး ရေးလိုက်မယ်ဆိုရင် ဘယ်လိုမျိုး
ထိခိုက်နိုင်ကြောင်း၊ဘယ်လိုလေးရေးရင် ပိုသင့်တော်ကြောင်း Client ကို
နားလည် သဘောပေါက်အောင်
ရှင်းပြပေးသင့်တယ်။
ဒါမှသာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို Client အတွက်လည်း တကယ်ထိရောက်မယ်၊ ကျွန်တော်တို့အတွက်လည်း Portfolio ကောင်းတွေ အမှန်တကယ် ဖြစ်လာစေမှာပါ။
အကျိုးတစ်စုံတစ်ရာ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Please Like&Follow for more: https://www.facebook.com/profile.php?id=61568228300784&mibextid=LQQJ4d
31/01/2025
𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗲𝗿 အဖြစ်ရပ်တည်ဖို့ ကြိုးစားနေရင် လုပ်ရမယ့် အချက် (၅) ချက်
(၁) 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗧𝗲𝗰𝗵𝗻𝗶𝗰𝘀 တွေကို
လေ့လာပါ။
သင်တန်းတက်မှရယ် မဟုတ်ဘူး (တက်နိုင်ရင်တော့ အချိန်ကို 𝗦𝗮𝘃𝗲 လုပ်နိုင်တာပေါ့ဗျာ)၊
လေ့လာလို့ရတဲ့ နေရာမှန်သမျှက ရအောင်လေ့လာပါ။ ( ဥပမာ - 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸, 𝗬𝗼𝘂𝘁𝘂𝗯𝗲, 𝗧𝗶𝗸 𝗧𝗼𝗸 , 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝗶𝗻𝗮𝗿𝘀,...𝗲𝘁𝗰 )
(၂) ကိုယ်အားသာတဲ့ အရာကို သိအောင်လုပ်ပါ။
𝗖𝗼𝗻𝘁𝗲𝗻𝘁 မှာက 𝗧𝗲𝘅𝘁 𝗖𝗼𝗻𝘁𝗲𝗻𝘁, 𝗩𝗶𝗱𝗲𝗼 𝗖𝗼𝗻𝘁𝗲𝗻𝘁,...စသည်ဖြင့် အမျိုးမျိုးရှိတာမို့ ဘယ်လိုမျိုး 𝗖𝗼𝗻𝘁𝗲𝗻𝘁 တွေကို ဖန်တီးရတာ
အားအသာဆုံးလည်း သိအောင်လုပ်ပါ။
အဓိကကတော့ 𝗧𝗲𝘅𝘁 𝗖𝗼𝗻𝘁𝗲𝗻𝘁 တွေကို
ကောင်းကောင်းဖန်တီးနိုင်အောင်
အရင်ကြိုးစားပါ။
(၃) 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 နဲ့ 𝗖𝗼𝗽𝘆𝘄𝗿𝗶𝘁𝗶𝗻𝗴 ကွဲကွဲပြားပြား သိအောင်လေ့လာပါ။
အခုခေတ်မှာက လုပ်ငန်းရှင်တော်တော်များများက 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 အတွက် 𝗖𝗼𝗺𝗺𝗲𝗿𝗰𝗶𝗮𝗹 𝗖𝗼𝗻𝘁𝗲𝗻𝘁 တွေကို ပိုလိုအပ်နေကြတာဖြစ်ပါတယ်။( 𝗖𝗼𝗻𝘁𝗲𝗻𝘁 ရော 𝗖𝗼𝗽𝘆 ရော နှစ်ခုစလုံးကတော့ သူ့နေရာနဲ့သူ အလုပ်ဖြစ်ကြပါတယ်။)
(၄) 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹 တွေကို
နားလည်အောင် လေ့လာထားပါ။
𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဆိုတာ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ရဲ့ အောက်က ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါကြောင့် 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗲𝗿 အဖြစ်ရပ်တည်ချင်တယ်ဆိုရင် 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ကိုပါ
တွဲပြီးလေ့လာထားဖို့လိုအပ်ပါတယ်။
(၅) 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 များများရအောင် စာများများရေးပါ၊ ကိုယ့်ရဲ့ 𝗔𝘂𝗱𝗶𝗲𝗻𝗰𝗲 ကို 𝗩𝗮𝗹𝘂𝗲 များများပေးနိုင်အောင် ကြိုးစားပါ။
ကိုယ်ပိုင် 𝗣𝗮𝗴𝗲 ထောင်ပြီး ရေးမလား၊
𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗔𝗴𝗲𝗻𝗰𝘆 တစ်ခုခုမှာ
𝗝𝗼𝗶𝗻 ပြီး 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗖𝗼𝗻𝘁𝗲𝗻𝘁 တွေ ဖန်တီးနိုင်အောင် သေချာ 𝗧𝗿𝘆 မလား သဘောကျရာကို
ရွေးချယ်နိုင်ပါတယ်။
ဒါကတော့ 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗲𝗿 အဖြစ်ရပ်တည်ဖို့ ကြိုးစားနေရင် လုပ်ရမယ့် အချက် (၅) ချက်ကို ယေဘုယျအားဖြင့် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ကို စတင်လေ့လာဖို့
ကြိုးစားနေတဲ့ ဂျူနီယာတွေ၊ လမ်းကြောင်းတူတဲ့ မိတ်ဆွေအတွက် အကျိုးတစ်စုံတစ်ရာရှိဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
𝗣𝗹𝗲𝗮𝘀𝗲 𝗟𝗶𝗸𝗲&𝗙𝗼𝗹𝗹𝗼𝘄 𝗳𝗼𝗿 𝗺𝗼𝗿𝗲: 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗳𝗮𝗰𝗲𝗯𝗼𝗼𝗸.𝗰𝗼𝗺/𝗽𝗿𝗼𝗳𝗶𝗹𝗲.𝗽𝗵𝗽?𝗶𝗱=𝟲𝟭𝟱𝟲𝟴𝟮𝟮𝟴𝟯𝟬𝟬𝟳𝟴𝟰&𝗺𝗶𝗯𝗲𝘅𝘁𝗶𝗱=𝗟𝗤𝗤𝗝𝟰𝗱
31/01/2025
မိတ်ဆွေတို့ရဲ့ Page မှာ အရင်ကထက် Engagement တွေကောင်းပြီး ရောင်းအားတွေ တက်လာစေဖို့အတွက်
Marketing Fundamentals နဲ့ Customer Behaviors တွေကို သိရှိနားလည်ပြီး
Market Research လည်း ကောင်းမွန်ရမယ်။
Client အကြိုက် Brand Name or Product နဲ့လိုက်ဖက်မယ့် Tone of voice ကိုရွေးချယ်တာတွေ၊
Target audience ကို သေချာသတ်မှတ်ကာ
ထိထိမိမိရှိတဲ့ Quality content တွေကို
သင့်တင့်သော ဈေးနှုန်းဖြင့်
Dealline အမှီရေးပေးနေနိုင်တဲ့
Content Marketer တစ်ယောက်ရှာနေတယ်ဆိုရင်တော့
Content Learning Hub နဲ့
လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
လက်ရှိမှာလည်း Project ပေါင်းများစွာကို
ကိုင်တွယ်နေပြီး Client Trust ကိုလည်း
အခိုင်အမာ ရရှိထားပါတယ်။
Portfolios လည်းပြပေးနိုင်တာမို့
လုပ်ငန်း အပ်နှံလို၍ဖြစ်စေ၊ စုံစမ်းလို၍ဖြစ်စေ
Page Chat Box မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Please Like&Follow for more: https://www.facebook.com/profile.php?id=61568228300784&mibextid=LQQJ4d
21/01/2025
✍🏻
Grammer, Spelling & Writing Style +
Marketing Knowledge ( especially Digital Marketing )
14/01/2025
Content Marketing ဆိုတာ
စာလေးဖတ်လို့ကောင်းအောင် ရေးတာထက်
အများကြီး ပိုကျယ်ပြန့်ပါတယ်။ ✍🏻
06/01/2025
ကျွန်တော်တို့ဟာ ပညာရပ်တစ်ခုကို
သင်ယူတတ်ရုံနဲ့ မပြီးသေးပါ။
လက်တွေ့အသုံးချတတ်ဖို့လည်း
လိုအပ်ပါသေးတယ်။
31/12/2024
အားလုံးပဲ Happy New Year ပါခင်ဗျာ။ 🎉🍾
Welcome new year 2025! 🍀🎊