29/07/2026
မန္တလေးတက္ကသိုလ် Cheerleader အဖွဲ့ (၇) နှစ်ကျော်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ပြန်လည်ပွဲဦးထွက်မည်။
မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယပညာသင်ကာလအတွင်းကျင်းပသော မေဂျာပေါင်းစုံ ဘက်စ်စကတ်ဘော ပြိုင်ပွဲတွင် မန္တလေးတက္ကသိုလ် Cheerleader များဖြစ်ကြသော MASU Cheerleader အဖွဲ့ ကပြဖျော်ဖြေသွားကြမည်ဖြစ်သည်။
ရက်စွဲ - ၃၁.၇.၂၀၂၆ (သောကြာနေ့) ပိတ်ပွဲအခမ်းအနား
အချိန် - နံနက် (၈) နာရီ
နေရာ - open shed
မာဇူးအဖွဲ့အကအလှတွေကို စောင့်မျှော်အားပေးနိုင်ပါပြီ။
#မန္တလေးတက္ကသိုလ်သတင်းလွှာ
#မာဇူး
04/07/2026
မြန်မာ့ပထမဆုံး သမိုင်းမှတ်တမ်းတစ်ခုကို
မန္တလေးတက္ကသိုလ်ရဲ့ ၁၀၁ နှစ်ပြည့်မှာစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။
၄.၇.၂၀၂၆ ခုနှစ်မှာ ကျရောက်တဲ့ မန္တလေးတက္ကသိုလ်ကြီးရဲ့ နှစ်ပေါင်း ၁၀၁ နှစ်ပြည့်မှာဘဲ တက္ကသိုလ်တွင်းက အပင်ကြီးများကို နာမည်ကတ်ပြား ကပ်ခြင်းလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ကတ်ပြားမှာတော့ မြန်မာနာမည် ၊သိပ္ပံနာမည်အပြင် QR System တစ်ခုကိုလည်း မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ Scan ဖတ်လိုက်တာနဲ့ အပင်အကြောင်းအသေးစိတ်ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ရုက္ခဗေဒဌာနကနေ ဦးဆောင်ခဲ့တာဖြစ်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများကလည်း ပါဝင်ကူညီခဲ့ကြပါတယ်။
#မန္တလေးတက္ကသိုလ်သတင်းလွှာ
04/07/2026
မန္တလေး တက္ကသိုလ်ကြီး
နှစ်ပေါင်း ၁၀၁ မှ သည် နှစ်ပေါင်း ထောင်သောင်းချီ
အဒွန့်ရှည်တည်တံ့ပါစေသော်ဝ်။
#မန္တလေးတက္ကသိုလ်သတင်းလွှာ
23/06/2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံပွဲသွားရောက်ယှဥ်ပြိုင်မည့်မန္တလေးတက္ကသိုလ်ကိုယ်စားပြုပိုက်ကျော်ခြင်း အားကစားသမားများ
#မန္တလေးတက္ကသိုလ်သတင်းလွှာ
08/05/2026
မန္တလေးတက္ကသိုလ် အောင်စာရင်းထုတ်ပြန်ချက်
#မန္တလေးတက္ကသိုလ်သတင်းလွှာ
28/03/2026
လွန်ခဲ့တဲ့တစ်နှစ်က ရုတ်တရက်လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ဘေးဟာ လူတို့အားလုံးအတွက်တော့ ရင်နင့်စရာ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ အဲ့အချိန်တုန်းက ငလျင်ဒဏ်ကြောင့် တက္ကသိုလ်အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့ရုံတင်မကဘဲ မီးဘေးပါကြုံခဲ့ရလို့ စာစစ်အဖွဲ့တွေမှာလည်း အဆောက်အအုံတွေကြားက အလုအယက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စိတ်မကောင်းစရာအကောင်းဆုံးကတော့ (၁၂) တန်းအဖြေလွှာတွေ မီးလောင်ကျွမ်းသွားခဲ့လို့ ကျောင်းသားကျောင်းသူတွေခမျာ ပြန်လည်ဖြေဆိုခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေအထိ ရှိခဲ့တာပါ။ ဒါပေမဲ့လည်း အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုတွေကြောင့် ဒဏ်ရာရခဲ့တဲ့ အဓိကမိန်းအဆောက်အအုံကြီးကို မူလလက်ရာမပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ရာပြည့်ပွဲတော်ကြီးအမီ ဝင့်ထည်စွာ ပြန်လည်ပေါ်ထွန်းလာနိုင်ခဲ့တာဟာ တက္ကသိုလ်ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်ပင်မအဆောက်အအုံကြီး ပြိုကျ မီးလောင်ခဲ့ရမှုအပေါ် လက်ရှိကျောင်းသားကျောင်းသူများ၊ ကျောင်းသားကျောင်းသူဟောင်းများအားလုံး အင်မတန်ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။
#မန္တလေးတက္ကသိုလ်သတင်းလွှာ
#မန္တလေးတက္ကသိုလ်
07/03/2026
၂၀၂၆ ခုနှစ် မန္တလေးတက္ကသိုလ်လူရည်ချွန်မောင်မယ်အသစ်များအတွက်များစွာဂုဏ်ယူဝမ်းသာပါသည်။
မောင်မြတ်ထွဋ်ဝင်း ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ
မောင်ထူးနိုင်လင်း နိုင်ငံတကာဆက်ဆံရေးပညာ
#မန္တလေးတက္ကသိုလ်
#မန္တလေးတက္ကသိုလ်သတင်းလွှာ
07/02/2026
ဥပဒေဌာနရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။
#မန္တလေးတက္ကသိုလ်