11/08/2026
Lesson plan ဆွဲရင် ဘာနဲ့စဖြစ်လဲတီချယ်တို့
"ဒါလေးကိုဘယ်လိုသင်မလဲ" နဲ့ စဖြစ်လား
"ဘာသိသွားအောင်သင်မလဲ" နဲ့စဖြစ်လား- အခြားလား
ကျနော်တို့ တီချာများအနေနဲ့ စာသင်ဖို့ Lesson Plan စဉ်းစားတဲ့အခါ "ဒါလေးကိုဘယ်လိုသင်မလဲ" "ဘာသိသွားအောင်သင်မလဲ" ဒီ ၂ ခုမှာ ဘာလေးနဲ့စဖြစ်ကြလဲနော။ အခုဖတ်ရမယ့်approach လေးက ဘယ်လိုလေးလဲ ဖတ်ကြည့်လိုက်ပါဦိး
အခုကျနော် Share ချင်တာလေးက Backward Design Approach တဲ့။ သမင်လည်ပြန် Lesson plan ဆွဲနည်းလေးပေါ့။ သူက "ဒီသင်ခန်းစာလေးကို ဘယ်လိုသင်မလဲ" နဲ့စတာမဟုတ်ပဲ "(ဒီသင်ခန်းစာမှာ) ဘာလေးသိသွားအောင်သင်မလဲ" နဲ့စတာပါတဲ့
ဟုတ်ပြီဗျ
Backward Design နဲ့ Lesson plan စဉ်းစားရင်
၁၊ သင်တန်းသားက ဘာသိချင်(ဘာသင်ယူဖို့လို)တာလဲ
textbook နဲ့သင်နေရင်လဲ ဒီသင်ခန်းစာလေးနဲ့ ကလေးတွေကို ဘာသိသွားအောင်
ဘာတတ်သွားအောင် သင်ပေးမှာလဲ နဲ့ စပါတယ်တဲ့
ဥပမာ- ကျောင်းသားက Writing ပိုင်းမှာ Unity and Coherance ဖြစ်အောင် ရေးတတ်ချင်တာလား- စသဖြင့်
၂၊ နံပါတ် ၁ စဉ်းစားပြီးရင် ကိုယ်သင်လိုက်တာ ကလေးတွေဘယ်လောက်သိသွား/တတ်သွားလဲကို ဘယ်လိုသိအောင်လုပ်မလဲ/စစ်ဆေးမလဲ (ဘယ်လို assessment လုပ်မလဲ) ဆိုတာ စဉ်းစားပါတယ်တဲ့
ဥပမာ- ဖြန်ကျဲထားတဲ့ စာကြောင်းတွေကို ဖြစ်စဉ်အတိုင်းပြန်စီခိုင်းကြည့်ပြီး စစ်ဆေးကြည့်မလား- စသဖြင့်
၃၊ အဲ့ဒီ ၂ ခုချိန်ပြီးရင် (စဉ်းစားပြီးရင်) သင်ကြားရေးမှာသုံးမယ့် Learning activity တွေ စဉ်းစားရပါတော့မယ်တဲ့
ကိုယ့်သင်ကြားမှုပန်းတိုင် (ရည်ရွယ်ချက်)ဆီရောက်အောင် activity ကို ဘယ်လို ဒီဇိုင်းဆွဲမလဲ။ တဆင့်ပြီးတဆင့် ဘယ်လိုခေါ်သွားမလဲ သေသေချာချာစဉ်းစားရပါတော့မယ်
သင်ကြားရေးမှာ သုံးမယ့် ပစ္စည်းတွေက သင်ယူတတ်မြောက်မှုကို အထောက်အပံ့ဖြစ်ရဲ့လား လိုက်ဖက်ရဲ့လား။ ရည်ရွယ်ချက်နဲ့ကိုက်ညီမှုရှိရဲ့လား ထည့်သွင်းစဉ်းစားရပါမယ်တဲ့
ဒီတော့ Backward Design Approach ကိုသုံးရင်
ကိုယ့်ပစ်မှတ်ကို တည့်တည့်ထိမယ်
ကျောင်းသားသိချင်တာ သိသွားမယ်၊ တတ်သွားမယ်။
သင်ယူတတ်မြောက်မှုကို စစ်ဆေးတဲ့စနစ်ပါတာမို့ ကိုယ့်သင်ကြားရေး ဘယ်လောက်ထိရောက်တယ်၊ ဘယ်နားအားနည်းလို့ ပြန်လုပ်ပေးဖို့လိုမယ် ဆိုတာ ရှင်းရှင်းလင်းလင်းသိသွားမယ်။ Goal နဲ့လိုက်ဖက်တဲ့ သင်ထောက်ကူ၊ activity တွေ ကြိုတင်ပြင်ထားလို့ ထိရောက်တယ်
ခြုံရရင်
-ဘာသိအောင်သင်မလဲ
-ဘယ်လိုစစ်ဆေးမလဲ
-ဘယ်လိုတတ်အောင်သင်မလဲ
သိမှတ်ထားတာလေး ပြန်မျှဝေတာပါ