AM Training Lab

AM Training Lab

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AM Training Lab, Education, No. 22, Corner of 16th & 63th streets, Aung Myay Thar Zan Township, Mandalay.

Photos from AM Training Lab's post 10/01/2026

👉🏻 Digital Marketing Industry ထဲမှာ Career Development မရှိဘူးလို့ ခံစားနေရသူတွေ
👉🏻 (၂၀၂၆) ရဲ့ Digital Marketing အရွေ့သစ်တစ်ခုမှာ Skill အပြည့်နဲ့ လိုက်ပါစီးမျောချင်သူတွေ
👉🏻 ထင်သလောက်ခရီးမရောက်နေတဲ့ Start-up လုပ်ငန်းရှင်တွေ
👉🏻 ကိုယ့်လုပ်ငန်းကို ရေရှည်တည်မြဲအောင် ဘယ်လိုသွားရမလဲမသိသေးတဲ့ Start-up လုပ်ငန်းရှင်တွေ
👉🏻 လုပ်ငန်းတစ်ခုအစပျိုးဖို့ ဘယ်ကစရမှန်းမသိနေသူတွေ ဝင်ရောက်အဖြေရှာနိုင်မယ့် “Start-up & Stories” Free Seminar တစ်ခုကို AM Marketing Group ကနေ ကြီးမှူးကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။

အခု Seminar မှာ Speaker များဖြစ်ကြတဲ့
👤 ကိုဟိန်းမင်းခန့် (HRM Professional & Business Consultant) ကနေ “Developing a Business” ခေါင်းစဉ်
👤 ကိုဘုန်းပြည့်စုံဦး (Founder & Instructor at The Burmese Content Academy) ကနေ “Digital Screenplay” ခေါင်းစဉ်
👤 ကိုသုတသော် (Head of Content at AM Marketing Group) ကနေ “Contents in Marketing” ခေါင်းစဉ်
👤 ကိုဝဏ္ဏမင်းခင် (Head of Design at AM Marketing Group) ကနေ “Designs in Marketing” ခေါင်းစဉ်တို့နဲ့ အသီးသီးဆွေးနွေးပေးသွားကြမှာဖြစ်လို့

🔺နယ်ပယ်အသီးသီးက Start-up လုပ်ငန်းရှင်တွေ
🔺Start-up လုပ်ငန်းတစ်ခုစဖို့ ရည်ရွယ်ချက်ရှိသူတွေ
🔺 Start-up လုပ်ငန်းကို အချိန်ကြာကြာရပ်တည်နိုင်အောင် ကြိုးစားနေသူတွေ
🔺 Digital Marketing Industry ထဲက Professional တွေ
🔺 အခုမှ Digital Marketing Field ထဲဝင်ဖို့ စီစဉ်ထားသူတွေ မဖြစ်မနေ တက်ရောက်သင့်တဲ့ Free Seminar တစ်ခုလည်းဖြစ်ပါတယ်။

နောက်ပြီး Speaker တစ်ယောက်ချင်းစီက သက်ဆိုင်ရာနယ်ပယ်တွေမှာ အတွေ့အကြုံများစွာနဲ့ ကျွမ်းကျင်သူတွေမို့ ဒီပွဲကနေ တစ်ခုခုရသွားမယ်ဆိုတာ‌ သေချာတာမို့ တက်ရောက်ချင်သူတွေအနေနဲ့ အောက်ပါ Registration Form ကနေတစ်ဆင့် စာရင်းပေးသွင်းထားနိုင်ပါပြီ။

ပွဲကိုတက်ရောက်လာသူတွေအတွက်
(၁) သိန်းတန် Combo Set (၂) Set
(5%) Off Coupon - 5 Cards
(10%) Off Coupon 3 Cards ကိုလည်း မဲဖောက် လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။

စာရင်းပေးသွင်းရန်👇🏻

https://forms.gle/JDK2CzrFNdgdPvv26

ပွဲရက် - (၁၈.၁.၂၀၂၆) ရက်နေ့။
ပွဲအချိန် - နေ့လယ် (၁) နာရီမှ (၄) နာရီအထိ။
ပွဲနေရာ - Meerkat Cafe & Restaurant, NVL Business Tower 9F, (၆၈) လမ်း၊ (၁၀၈) x (၁၀၉) လမ်းကြား၊ မန္တလေးမြို့။





04/06/2025

AM Training Lab ရဲ့ Content Recap Program Episode - 4
AM Training Lab – Content Recap Program
Host – Kyawt Kay Thwe (Class Manager)
Guest Speaker – Thuta (Instructor)
Episode – 4





28/05/2025

AM Training Lab ရဲ့ Content Recap Program Episode - 3

AM Training Lab – Content Recap Program
Host – Kyawt Kay Thwe (Class Manager)
Guest Speaker – Thuta (Instructor)
Episode – 3





24/05/2025

ဒီတစ်ပတ် Instructor’s Choice Assignments Program အတွက် တင်ဆက်ပေးချင်တာကတော့ Batch - 3 က သင်တန်းသူတစ်ယောက်ရဲ့ Content လေးတစ်ပုဒ်ပါ။

********************************************************

ရေးသားသူ - Ma No No Htun (Batch - 3)

“ကိုယ်မှန်တယ်ထင်နေတာတွေက တကယ်မှန်ရဲ့လား”

Mandela effect ဆိုတာက မှားနေတဲ့ဖြစ်ရပ်တစ်ခုခု၊အချက်အလက် ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို ဦးနှောက်ကအစစ်မှန်လို့ ပြန်လည်ထင်မှတ်နေတဲ့အဖြစ်အပျက်မျိုးကိုခေါ်ပါတယ်။

Mandela Effect ဘယ်ကနေစဖြစ်လာခဲ့လဲဆိုတာကတော့ (၁၉၈၀) ပြည့်နှစ်တွေမှာ Nelson Mandela သေဆုံးခဲ့တယ်ဆိုပြီး လူတွေယုံကြည်ကြတဲ့အဖြစ်အပျက်ကနေ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ တကယ်ကတော့ Mandela ဟာ (၂၀၁၃) ခုနှစ်မှာမှ သေဆုံးခဲ့တာဖြစ်ပါတယ်။

အမှားတွေကို အမှန်လို့ ဘာကြောင့်ထင်လာရတာလဲ?

ပထမဆုံးအနေနဲ့ လူတွေရဲ့မှတ်ဉာဏ်က တိကျသေချာနေတဲ့မှတ်ဉာဏ်မျိုး မဟုတ်နေပါဘူး။ ဒါကိုမှ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်တွေကိုပြန်လည်ခြုံငုံပြီး တည်ဆောက်သွားတတ်ပါတယ်။ ဒါကြောင့်မို့ အချက်အလက်တချို့က သေချာပေါင်းစပ်သွားပြီး အမှားကိုအမှန်အဖြစ် မှတ်မိနေတာမျိုးဖြစ်သွားတတ်တယ်။

နောက်ပြီး တစ်ခါတလေကျ စိတ်ထဲမှာ ကိုယ်တိုင်အမှန်တရားလို့ထင်ပြီးဖန်တီးတာတွေက တကယ်ကြုံတွေ့ခဲ့ရတာလားမသေချာဘဲနဲ့ မှတ်ဉာဏ်အမှားတွေတည်ဆောက်သွားတတ်တယ်။

နောက်တစ်ခုကတော့ လူတစ်ဦးဦးက မှားနေတဲ့အကြောင်းအရာတွေမျှဝေတာကို လူအများက
အကုန်တူတူလက်ခံသွားတဲ့အခါမျိုးမှာလည်း ကိုယ်တိုင်ကမှန်နေပေမဲ့ ထပ်ခါထပ်ခါနားထောင်မိရာကနေ အမှားကိုအမှန်လားဆိုပြီး ထင်သွားတတ်ကြပါတယ်။

ဥပမာအားဖြင့်…
Snow White ရုပ်ရှင်ထဲမှာဆိုရင် စုန်းမကြီးက “Mirror, Mirror on the wall…”ဆိုပြီး ပြောတယ်လို့ထင်နေကြပါတယ်။ အမှန်ကတော့ “Magic mirror on the wall..”ဆိုပြီး ပြောတာဖြစ်ပါတယ်။ နောက်ပြီး ပီကာချူးရဲ့အမြီးလေးမှာ အမဲပါတယ်လို့ ထင်နေပေမဲ့ အမှန်တကယ်မှာတော့ မပါပါဘူး။

ဒါတွေကလဲ Mandela effect ရဲ့ပြစရာဥပမာလေးတွေထဲကတစ်ခုပေါ့...

စာဖတ်သူတွေထဲမှာ Mandela effect ကို ကိုယ်တိုင်ကြုံဖူးတဲ့သူဆိုရင် ဘာတွေများပြိုင်ငြင်းခဲ့ဖူးသေးလဲဆိုတာ ပြောပြပေးခဲ့ပါဦးနော်…





21/05/2025

Content Writer တိုင်း အပတ်စဉ်စောင့်မျှော်ကြည့်ရှုသင့်တဲ့ Content Recap Program ရဲ့ Episode - 2 ကို ရောက်ရှိလာခဲ့ပါပြီ…🤝🏻

ဒီအပတ်မှာရော Content Marketing Class က Instructor ကိုသုတနဲ့ Class Manager မကျော့ကေသွယ်တို့ ဘယ်လို Content တွေကို Recap လုပ်ပေးသွားကြမလဲ…❓

AM Training Lab – Content Recap Program
Host – Kyawt Kay Thwe (Class Manager)
Guest Speaker – Thuta (Instructor)
Episode – 2





20/05/2025

AM Training Lab ရဲ့ Content Marketing Class က Instructor ကိုသုတကို Content Writing Career နဲ့ပတ်သက်ပြီး မေးခွန်းတချို့မေးမြန်းခဲ့ပါတယ်။

Instructor အနေနဲ့ ဘယ်မေးခွန်းတွေကို ဘယ်လိုဖြေသွားမလဲဆိုတာကိုတော့ Video လေးမှာ အစအဆုံး လေ့လာနိုင်ပါပြီနော်…





19/05/2025

Content တွေဆိုတာ Facebook ပေါ်မှာ၊ Social Media တွေပေါ်မှာ၊ Website တွေပေါ်မှာပဲရှိတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က သတိမထားမိတဲ့အရာလေးတွေမှာလည်း Content တွေရှိနေပါတယ်။

နေ့စဉ်မြင်နေရတဲ့ Billboard တွေ၊ Stand-board တွေ၊ Flyer/ Pamphlet တွေ၊ နောက်ဆုံး အိုးဝေနဲ့ Taxi ပေါ်ကကြော်ငြာတွေကစလို့ အကုန်လုံးဟာ Content တွေချည်းပါပဲ…

ဒီ Content တွေကနေမှ သူတို့သုံးထားတဲ့ Tagline လေးတွေကြည့်ပြီး Reference ယူတာမျိုး၊ ဘယ်လိုကြော်ငြာအမျိုးအစားမှာဆိုရင် ဘယ်လို Content Type တွေသုံးလဲဆိုတာ လေ့လာကြည့်တာမျိုး၊ ကြော်ငြာတွေထဲမှာ ဘယ်စကားလုံး၊ ဘယ်အချက်တွေကို အလေးပေးထားတယ်ဆိုတာ သုံးသပ်ကြည့်တာမျိုး စသဖြင့် ပတ်ဝန်းကျင်က Content တွေကနေ ဒီလိုပြန်လေ့လာလို့ရပါသေးတယ်။

နောက်ပြီး ဒီလိုကြော်ငြာတွေထက် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဘယ်ပစ္စည်းအပေါ် ဘယ်လိုထင်မြင်နေကြလဲ၊ သူတို့အတွက် ဘယ်လိုပစ္စည်းတွေက ဘယ်လိုအသုံးဝင်နေလဲ စတာတွေကိုပါ မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာနေမယ်ဆိုရင် Content ဆိုတာ ကိုယ်တွေအတွက် မရှားတော့ပါဘူး။

ဒါကြောင့် Content ဆိုတာ နေရာတိုင်းမှာရှိနေပါတယ်။ ကိုယ်ကနေ ထုတ်ယူတတ်ဖို့ကိုပဲ အမြဲလေ့ကျင့်ပေးကြပါနော်…





17/05/2025

ဒီတစ်ပတ် Instructor’s Choice Assignments Program အတွက် တင်ဆက်ပေးချင်တာကတော့ Batch - 3 က သင်တန်းသူတစ်ယောက်ရဲ့ လူငယ်ဘဝတွေအတွက် အခက်ခဲဆုံးအချိန်ကို အဖြေရှာထားတဲ့ Content လေးတစ်ခုပါ။

********************************************************

ရေးသားသူ - Ma Sane Lae Zaw (Batch - 3)

“အခက်ခဲဆုံးအချိန်ဆိုတာကို ဘယ်လိုသတ်မှတ်ထားကြလဲ”

ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ Teenager လို့ အလွယ်ခေါ်နိုင်တဲ့ ဆယ်ကျော်သက်တွေ အများကြီးရှိကြပါတယ်။ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာရော ဒီလူငယ်တွေကို နိုင်ငံရဲ့အနာဂတ်အဖြစ် မှတ်ယူလေ့ရှိကြတာပေါ့။

အခုလို ဆယ်ကျော်သက်ဆိုတဲ့လူငယ်တွေဟာ ကလေးဆိုတဲ့ ဘောင်အတွင်းကနေ လူကြီးဆိုတဲ့ ဘောင်အတွင်းကို ရောက်ရှိတော့မဲ့ အသက်အရွယ်တစ်ခုရှိ နိုင်ငံ့အသီးအပွင့်တွေသာဖြစ်ပါတယ်။

ဒီအသက်အရွယ်အပိုင်းအခြားက ကျွန်မတို့လူသားတွေအတွက်တော့ အခက်အခဲတွေအများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ အသက်အရွယ် အပိုင်းအခြားတစ်ခုလို့ ထင်မြင်မိပါတယ်။

ကလေးဆိုတဲ့ဘောင်ကနေ ကျော်လွန်လာရုံပဲရှိသေးတဲ့၊ နုနယ်သေးတဲ့အရွယ်မှာတင် ကျွန်မတို့ဟာ လူကြီးဆိုတဲ့ စည်းဘောင်တစ်ခုအတွင်းကို အစိမ်းသက်သက်သာ ဝင်ရောက်ကြရပါတယ်။ ဒီလိုအချိန်ကာလမှာ လူငယ်အများစုက ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ပျောက်ဆုံးနေတတ်ကြစမြဲပဲ…

ငယ်ငယ်က မေမေက ”ကြီးလာရင် ဘာလုပ်မှာလဲ”လို့မေးတဲ့အခါ “ဆရာဝန်ကြီးလုပ်မှာ” လို့ ဖြေရတာဟာ လွယ်သလောက် ဆယ်ကျော်သက်ဆိုတဲ့ အရွယ်မှာတော့ အဲ့မေးခွန်းက အခက်ခဲဆုံးနဲ့ မဖြေချင်ဆုံး မေးခွန်းဖြစ်လာခဲ့ကြပါတယ်။

ဒီလိုအခြေအနေမှာ ဘယ်ဟာကိုလုပ်ရမယ်၊ ဘယ်ကနေစရမယ်ဆိုတာကို မသိဘဲဖြစ်နေရတာမျိုးက အဲ့ဒီလူငယ်အတွက် အဆိုးရွားဆုံး ထိုးနှက်မှုတစ်ခုဖြစ်နေစေမယ်လို့ထင်မိပါတယ်။

နောက်ဆုံးမှာတော့ လူငယ်တွေရဲ့စိတ်ထဲမှာ အိပ်မက်ဆိုတဲ့အရာကို ဖန်တီးရှာဖွေရမဲ့အစား ပိုက်ဆံဆိုတဲ့အရာကိုပဲမြင်လာကြပါတော့တယ်။

ဒီလိုနဲ့အိပ်မက်တွေကို ရှာဖွေနေရမဲ့အစား ပိုက်ဆံရှာရမယ်ဆိုတဲ့ အတွေးပဲရှိတော့တဲ့အခါမှာ လူငယ်တွေရဲ့ဘဝက ပိုပြီးခက်ခဲလာပါတယ်။

ဒါကြောင့် ကျွန်မကတော့ ဆယ်ကျော်သက်အရွယ်ကိုပဲ“တစ်သက်တာမှာ အခက်ခဲဆုံးအချိန်”လို့သာ အဓိပ္ပာယ် သတ်မှတ်ချင်ပါတယ်ရှင်…

ဒီစာကို ဖတ်နေတဲ့သူတွေအတွက်ဆိုရင်ရော အခက်ခဲဆုံးက ဘယ်အချိန်ဖြစ်မလဲဆိုတာလေး ဖြေခဲ့ပေးသွားပါဦးနော်…





14/05/2025

Content Writer တိုင်း အပတ်စဉ်စောင့်မျှော်ကြည့်ရှုသင့်တဲ့ Content Recap Program ကို AM Training Lab ကနေ ယူဆောင်လာခဲ့ပါပြီ…🤝🏻

ဒီ Program လေးမှာဆိုရင် AM Training Lab ရဲ့ Content Marketing Class က Instructor ကိုသုတ ဖန်တီးရေးသားခဲ့တဲ့ Content တွေကို AM Training Lab ရဲ့ Class Manager မကျော့ကေသွယ်တို့နဲ့အတူ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်✔️

ပထမဆုံး Episode အတွက်မှာတော့ ဘယ် Content ကို Recap လုပ်သွားကြမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်…😉

AM Training Lab – Content Recap Program
Host – Kyawt Kay Thwe (Class Manager)
Guest Speaker – Thuta (Instructor)
Episode – 1





10/05/2025

ဒီတစ်ပတ် Instructor’s Choice Assignments Program အတွက် တင်ဆက်ပေးချင်တာကတော့ Batch - 3 က သင်တန်းတစ်ယောက်ရဲ့ လက်ရာပဲဖြစ်ပါတယ်။

ဒီတော့ သူပြောထားတဲ့ Melancholy ဆိုတာဘာလဲ၊ ခဏခဏ လွမ်းနေမိတာကို Melancholy လို့ ဘာကြောင့်သတ်မှတ်ရတာလဲဆိုတာကို သူ့ရဲ့ Assignment နဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်ပါ။

********************************************************

ရေးသားသူ - Ko Naing Lin Htun (Batch - 3)

“ဘာကိုလွမ်းလို့ လွမ်းမှန်းမသိရင် Melancholy ပါ”

ကိုယ့်လူတို့အနေနဲ့ တစ်ခါတစ်ရံမှာ ဘာကြောင့်မှန်းမသိဘဲ လှိုက်လှိုက်လဲလဲ ၀မ်းနည်းလာတာမျိုး၊ အဆွေး vibe ဘက်ကို ရောက်သွားတာမျိုး ဖြစ်ဖူးကြလောက်မှာပါ။ အခုလိုမျိုး အရာတွေအားလုံးကို Melancholy လို့ ခေါ်ပါတယ်။

အထူးသဖြင့် မိုးရာသီမှာဆိုရင် ပိုပြီးကြုံဖူးပါလိမ့်မယ်။ လွမ်းတာလိုလို၊ ဆွေးတာလိုလိုနဲ့ပေါ့။ ဒီခံစားချက်တွေရဲ့ အဖြေက လှပပြီး အဓိပ္ပါယ်လေးနက်တဲ့ Melancholy ပါပဲ။

နောက်ပြီး အကြောင်းပြချက်မရှိဘဲဖြစ်ပေါ်လာတဲ့ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း စတဲ့ Non reason emotion တွေအားလုံးကိုလည်း Melancholy လို့ခေါ်ပါသေးတယ်။

နောက်ထပ် မြင်သာအောင်ပြောရရင် ကျွန်တော်တို့ ကဗျာ ဖတ်တယ်ပဲထား‌၊ Artist ရဲ့ပိုင်ပိုင်နိုင်နိုင် ဖွဲ့ဆိုထားမှု၊ အဖြစ်အပျက်ချင်းတိုက်ဆိုင်မှု၊ အဓိပ္ပါယ်ရှိမှုတွေကိုကျ Melancholy လို့ ခေါ်လို့မရနိုင်ပါဘူး။

ဘာလို့လဲဆိုတော့ ဒီစာတွေဖတ်ပြီးဖြစ်လာတဲ့ Emotion တွေမှာက Reason ရှိတာကြောင့်ပါ။ ကဗျာထဲမှာပါတဲ့ အကြောင်းအရာက ကိုယ့်အဖြစ်နဲ့တိုက်ဆိုင်သွားလို့၊ စာကြောင်းရဲ့အဓိပ္ပါယ်ထဲမှာ မျောသွားလို့ စသည်ဖြင့် အဖြေကရှိနေပြီးသားဖြစ်နေလို့ပါ။ အခုလိုမျိုး Solution ရှိနေပြီးသား Emotion တွေအတွက်တော့ Melancholy ဆိုတဲ့ စကားလုံးက အသုံးမ၀င်ပါဘူး။

ဒီလောက်ဆိုရင် Melancholy ဆိုတဲ့ အဓိပ္ပါယ်ကို သေချာနားလည်သွားလောက်မယ်လို့ ထင်မိပါတယ်။

နောက်ဆိုရင် မိုးဖွဲကျတိုင်း၊ နွေဦးမှာ ရွက်သစ်ဝေချိန်တိုင်း၊ ဟေမာန် ညနေတွေတိုင်းမှာ အကြောင်းပြချက်မရှိ ၀မ်းနည်းလာပြီဆိုတိုင်း ရည်းစားဟောင်းကြောင့်မဟုတ်ဘဲ Melancholy ကြောင့်ပဲဆိုတာကို ကိုယ့်လူတွေကို သိစေချင်လိုက်တာဗျာ…





Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. 22, Corner Of 16th & 63th Streets, Aung Myay Thar Zan Township
Mandalay
05014