01/08/2025
Linn Education Center မှ Mover စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသော သားသားမီးမီးလေးများ၏ပုံရိပ်များဖြစ်ပါတယ်ရှင့်
Every children must be shine.
01/08/2025
Linn Education Center မှ Mover စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသော သားသားမီးမီးလေးများ၏ပုံရိပ်များဖြစ်ပါတယ်ရှင့်
06/04/2025
🌟Linn Education Center ၏ လုပ်အားအလှူ🌟
28/3/2025 တွင် သဘာဝဘေးအန္တရာယ် ငလျင်လှုပ်ခတ်ရာတွင် ကျောင်းသားအားလုံး ဘေးကင်းခဲ့၍ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏
ငလျင် လှုပ်ခတ်မှုကြောင့် အတန်းချိန် အားလုံး ခေတ္တပိတ်ထားခဲ့ရပါသည်။ပြန်လည်ပြင်ဆင်မှုများလည်း ပြုလုပ်နေပြီဖြစ်ပါသောကြောင့် 11/4/2025 တွင်ကျင်းပရန်စီစဉ်ထားသော ကျောင်းသင်္ကြန် ကို ဒီနှစ်မှာတော့ မလုပ်ဖြစ်တော့ဘူးဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်ရှင့်....😔😔😔
အတန်းအားလုံး၏ ပုံမှန် စာသင်ချိန်များကိုလည်း 22/4/2025(အင်္ဂါနေ့) ရက်နေ့တွင် ပုံမှန် အတန်းအချိန်များ အတိုင်းပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်🙏🙏🙏
🌟ငလျင် လှုပ် ခတ်မှုကြောင့် မိဘ များ အလုပ်အကိုင် ခက်ခဲ နေကြသည်ဖြစ်ပါသောကြောင့် ဧပြီလ၏လက်ကျန်ရက်များအတွက် သင်တန်းကြေးများ အားလုံးအား Linn Education Center မှ ❤️ အခမဲ့ ❤️ သင်ကြားပေးသွားမည် ဖြစ်ပါတယ် ရှင့် 🌟
📖📖📖
Linn Education Center၏ တတ်မြောက်မှုစစ်ဆေးခြင်းတွင် ပျော်ရွှင်စွာ ပါဝင် ဖြေဆိုခဲ့ကြသော
Pre KG မှ သားသားမီးမီးလေးများ😍😍😍
07/02/2025
*ကျောင်းအပ်လက်ခံခြင်း*
2025_2026 ပညာသင်နှစ်အတွက် Pre-KG ကျောင်းအပ်လက်ခံခြင်းကို 11/2/2025 မှ စတင်၍
စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်ရှင့်...
LEC Pre Schoolတွင် ECCDနည်းပညာဖြင့် ဖွံ့ဖြိုးမှုကြီး ၅ ရပ် ဖြစ်တဲ့
1.ကာယဖွံ့ဖြိုးမှု
2.ဉာဏဖွံ့ဖြိုးမှု
3.စာရိတ္တဖွံ့ဖြိုးမှု
4.ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု
5.စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုတို့ကို
ဘက်စုံ ဖွံဖြိုး တိုးတတ်စေရန်ရည်ရွယ်၍ စနစ်ကျသော သင်ကြားနည်း ၄နည်း ဖြစ်တဲ့
1.ကစားနည်းဖြင့်သင်ကြားခြင်း
2.လက်မှုနည်းဖြင့်သင်ကြားခြင်း
3.ပုံပြင်နည်းဖြင့်သင်ကြားခြင်း
4.တေးဂီတကဗျာနည်းဖြင့်သင်ကြားခြင်း
တို့ဖြင့်သင်ကြားပေးလျက်ရှိပါတယ်ရှင့်📖📖📖
ဒီနှစ်မှာတော့
3-4 year အတွက် 15 ယောက်
4-5 year အတွက် 15 ယောက်
ဆိုပြီး class ၂ခု ခွဲ လက်ခံ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့်...🙏🙏🙏
07/02/2025
ECCD နည်းပညာဖြင့် ကလေးကို ပြုစုပျိုးထောင်ရာတွင် ဘာသာရပ်တစ်ခုအနေဖြင့်ပါဝင်သော အခြေခံပန်းချီ ဘာသာရပ်မှ လေမှုတ်ပန်းချီ သင်ကြားပေးခြင်းဖြစ်ပါတယ်ရှင့်🎨🖌️🎨🖌️🎨🎨🖌️
😍မှုန်းပန်းချီသင်ကြားခြင်းမှတ်တရ😍
23/01/2025
🎨🎨🎨မှုန်းပန်းချီသင်ကြားခြင်း🖌️🖌️🖌️
ဖွံဖြိုးမှုတွေစုံလင်စွာ
နွေးထွေးလုံခြုံမှာ
တတ်မြောက်မှုတွေ စမ်းစစ်လို့
တီထွင်ဖန်တီး ဖို့
သားသားမီးမီး လွန်ပျော်တာ
Linn Education center 😍😍😍
26/12/2024
မနေ့က Christmas နေ့လေးမှာ သားသားမီးမီးလေးတို့ကို Christmas tree 🌲🌲🌲လေးတွေ လက်ဆောင်ပေးဖြစ်ပါတယ်ရှင့်😍
We wish you a merry Christmas ⛄🎄
Lovely Senta
ဒီတစ်ပတ် Drawing ချိန်လေးမှာတော့ သားသားမီးမီး လေးတို့ကို
ဘိုးဘိုး Senta နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်ရှင့်🎄🌲